အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 29 October 2012

***ရင်ထဲကဒဏ်ရာ***

ရူးကြောင်ကြောင်ငါ့ရဲ့အတွေးနဲ့

တစ်ခေါက်မှမလျှောက်ဖူးတဲ့လမ်းပေါ်ကို

ယောင်လည်လည်နဲ့ငါလျှောက်ခဲ့မိတယ်

ဘာမသိညာမသိရောက်လို့သွားတာက

မာယာတွေနဲ့ဖုံးလွှမ်းနေတဲ့

မင်းအမုန်းများရဲ့နယ်ပယ်

"ကယ်ပါဦး"လို့တောင်မအော်နိုင်ခဲ့

ယိုင်နဲ့နဲ့နစ်ကျွံနေတာသိရက်

ရုန်းမထွက်နိုင်ခဲ့ဘူးလေ.......။

အဆုံးသတ်မှာငါရတာက

နှလုံးသားရဲ့ဝေဒနာ

ဖြေစရာပင်ဆေးမရှိခဲ့

ဝေမှငါသိလိုက်ရတာကတော့

ကျော့ကျော့လေးထွက်သွားတဲ့မင်းခြေလှမ်း

"နေခဲ့စမ်း"လို့တောင်နှုတ်မဆက်

ရုတ်တရက်ကြီးငါ့အသည်းကို

နင်ခွဲလို့သွားပေမဲ့

စွဲစွဲမြဲမြဲရှိသွားခဲ့တယ်.......။

မင်းရဲ့ရင်ထဲ

မုန်တိုင်းတွေဆဲနှင်းတို့ကွဲပြီး

ယောင်ယမ်းကာသတိရရင်

ငါ့ကိုမမေ့ပါနဲ့

မခုန်တစ်ချက်ခုန်တစ်ချက်ငါ့နှလုံးသား

မင်းအတွက်တခါးဖွင့်ထားမယ်

သိပ်ချစ်လို့ရယ်တော့မထင်နဲ့

နာကျင်ခဲ့တဲ့ငါ့အသည်းက

ကလဲ့စာချေဖို့ဆိုတာမင်းသိထား.......။

လေးစားလျှက်

** *ရင်ခုန်ရသူ* * *

1 comment:

စံပယ်ချို said...

မာယာတွေနဲ့ဖုံးလွှမ်းနေတဲ့
မင်းအမုန်းများရဲ့နယ်ပယ်

"ကယ်ပါဦး"လို့တောင်မအော်နိုင်ခဲ့-----
ဟုတ်ပါ့ တကယ် မအော်နိုင်ခဲ့ဘူး
follower လုပ်ခဲ့တယ် တွေ့ရင်းလည်ရင်း ကဗျာလေးတွေဖတ်ခဲ့တယ်
ခင်မင်နိုင်ပါတယ်
ခင်မင်တဲ့ sis jasmine

Followers