အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 31 December 2012

***၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့ အမှတ်တရ

           

နှစ်စဉ် januaryလ 4ရက်နေ့ကိုရောက်လို့ လာခဲ့ပြန်ပါပြီ။ကျွန်ုပ်တို့ နိုင်ငံရဲ့နေ့ကြီးနေ့မြတ်ကို စိတ်ထဲမှာအမြဲသတိတရရှိနေသင့်ပေသည်။ ကလေးဘဝတုန်းကဆို "လွတ်လပ်ရေးနေ့ရောက်ပြီဟေ့"အရမ်းပျော်ရွှင်မိပါသည်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ "ကျွန်ုပ်တို့နိုင်ငံရဲ့လွတ်လပ် ရေးဆိုတာဘာလဲ?"ပေါ့လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအချိန်ထိ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားပိုင်ခွင့်၊စာနယ်ဇင်းလွတ်လပ်ခွင့် အစရှိသဖြင့် တော်တော်များများပိတ်ဆို့ခံခဲ့ရပါတယ်။ အဲဒီလိုအချိန်တွေမှာ ကျွန်ုပ်တို့ပြည်သူပြည်သားတွေ ဒီလိုနေ့မျိုးကိုသတိမှ ရကြရဲ့လား။ဘာပဲဖြစ်ဖြစ် ယနေ့၆၅နှစ်မြောက် ကျရောက်လာတဲ့ လွတ်လပ်ရေးနေ့ကိုတော့ ကျွန်ုပ်တို့ပြည်သူပြည်သားတွေအားလုံး အမှတ်တရရှိနေကြပေလိမ့်မည်။1948ခု Ianuaryလ 4ရက် နံနက်4နာရီ မိနစ်20တွင်မြန့်မာ့လွတ်လပ်ရေးေ န့ကိုပြုလုပ်မှတ်သားခဲ့သည်။1995/1996ခုနှစ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ လွတ်လပ်ရေး အခန်းအနားများစတင် ကျင်းပပြုလုပ်ခဲ့ပေသည်။

လွတ်လပ်ရေးနေ့ဘာကြောင့်ကျင်းပရသလဲ ဆိုတဲ့ရည်ရွယ်ချက်က လွတ်လပ်ရေးဆိုတာ နိုင်ငံသူနိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါသည်။ဒါကြောင့် အဖွဲ့အစည်းအားလုံး ဒီလွတ်လပ်ရေးနေ့ကို အသိမှတ်ပြုပိုင်ခွင့်ရှိသလို အသိမှတ်ပြုလည်းပြုသင့်သည်ဟူသော ယုံကြည်ချက်ဖြင့် ကျွန်ုပ်တို့ ဒီလွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။ကျွန်ုပ်အနေနဲ့ လွတ်လပ်ရေးအကြောင်းလေးကိုနဲနဲ ပြောချင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေး ခေါင်းဆောငီကြီးများသည် လွတ်လပ်ရေးကို ရအောင်ယူခဲ့ရခြင်းရဲ့နောက်မှာ ဘာတွေရှိသလဲဆိုတော့ အင်မတန်မှခိုင်မာသောယုံကြည်ချက်နဲ့ လေးနက်တဲ့သံဒိဌာန်တွေရှိပါတယ်။ယုံကြည်ချက်ဆိုတာ ဘာလဲဆိုရင် လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနှင့်ထိုက်တန်သည်ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။သံဒိဌာန်ကဘာလဲဆိုရင် လူတိုင်းနှင့်ထိုက်တန်တဲ့လွတ်လပ်မှုကိုကမ္ဘာကသိအောင် ပြနိုင်မည်ဟူသော သံဒိဌာန်ဖြစ်သည်။

လူတိုင်းလွတ်လပ်ခွင့်ရှိတဲ့နေရာမှာ သူတပါးအကျိုးကိုထိခိုက်တဲ့လွတ်လပ်ခြင်းမျိုးကိုမဆိုပါ။ ဒီနေရာမှာ လွတ်လပ်ရေးဖခင်ကြီးတစ်ဦးဖြစ်တဲ့ " အဖဗိုလ်ချုပ်အောငီဆန်းပြောတဲ့ လွတ်လပ်ရေး"ဆိုတာလေးကိုတင်ပြချင်ပါတယ်။ ** *လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကိုကျွန်တော်ပြောပါ ဦးမယ်။လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင်မြေကမပေါက်နိုင်ဘူးဆိုတာကို ခင်ဗျားတို့ကို ကျနော်ရှင်းခဲ့ချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့စိတ်ထဲမှာ ပဒေသာပင်ကြီဲ ချက်ချင်းနေ့ချင်းညချင်း ပေါက်လာတော့မလို ခင်ဗျားတို့ထင်ကြတဲ့သူတွေ များကြတယ်။ တချို့တွေကလည်း လွတ်လပ်ရေးရပြီဆိုပြီးတော့ ဘာတွေလုပ်ချင်သလဲဆိုတော့ ကျွန်တော်အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။ ဂျပန်ခေတ်တုန်းက-ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေးတုန်းက ဟင်္သာတဘက်မှာကျွန်တွေ့ခဲ့တယ်။ဘာတွေ့ခဲ့လဲဆိုတော့ လမ်းမပေါ်မှာဆေးလှန်းတယ်။ဟာ---လွတ်လပ်ရေးရပြီကွ ဆိုပြီးတော့ လူတကာသွားလာတဲ့ လမ်းမကြီးပေါ်မှာ ထွက်ပြီးဆေးတွေလှန်းကြတယ်။ဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေအတွက် အတော်လေးခွ(ဂွ)ကျတယ်။အဲဒါလွတ် လပ်ရေးမဟုတ်ဘူး။

"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ်ကဘာလဲ?"လွတ်လပ်ရေးဆိုတာ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးသားလုံး ကောင်းစားဖို့ဖြစီစေ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့အကျိုးကို မထိခိုက်စေဘဲ၊ အခြားလူတွေရဲ့အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတီလပ်လပ် ကိုယ့်တိုးတက်ရေးအတွက် လုပ်နိုင်တာ လွတ်လပ်ရေးပဲတဲ့"။

။ပဒေသာပင်ပေါက်အောင်ဆို ကျွန်တော်တို့အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့နားလည်ထားကြစေချင်တယ်။

အဲတော့လွတ်လပ်ရေးပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့တာဝန်တွေကို မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရထားတဲ့လွတ်လပ်ရေးဟာ ဒီနေရပြီးမနက်ဖြန် သူများလက်ထဲပြန်ပါသွားမှာပဲ။စကားခပ်ရိုင်းရိုင်းပြောရရင် အတော့ကိုကြိုးစားနိုင်မှ၊လုပ်နိုင်မှ အတော့ကိုကုန်းနိုင်၊ ရုန်းနိုင်မှ အနှစ်၂၀လောက်ရှိတဲ့အခါမှာ တော်ကာကျမယ်။ ဒီတော့ကျွန်တော်တို့တကယ် သုညကစပြီး၊ အကုန်လုံးအုတ်မြစ်ပြန်ချပြီး အလုပ်လုပ်ရမှာဆိုတော့ တခြားနိုင်ငံကခြေတစ်လှမ်းလှမ်းရင် တခြားလွတ်လပ်ပြီးနိုစ်တွေက ခြေတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ငါးလှမ်းဆယ်လှမ်းလိုက်နိုင်မှ---ဒီလိုလုပ်နိုင်ကာမှ နောင်၁၀နှစ်၊နှစ်၂၀တန်သည်အားဖြင့် ညီတူတန်းတူဖြစ်သွားမယ်။တန်းတူညီတူမဖြစ် သမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ်ဆိုပေမဲ့ ဟိုလူမြင်မျက်နှာချိုသွေးရ၊သည် လူမြင်ရင်မျက်နှာချိုသွေးရနဲ့ ဖာသည်လိုနိုင်ငံမျိုးဖြစ်နေဦးမှာပဲဆိုတာ ခငဗျားတို့အတိအလင်း နားလည်ထားစေချင်တယ်။* * *

    အဖဗိုလ်ချုပ်ပြောခဲ့သော ဆယ်နှစ်၊နှစ် နှစ်တန်သည်ထက် ယနေ့၆၅နှစ်တန်ခဲ့ပါလေပြီ။တန်းတူညီတူ မရောက်နိုင်သေးပါ။သို့သောရပီ၍မနေပါ၊လှမ်းနေကြဆဲမို့ တိုးတက်သောနိုင်ငံများကို အမှီလိုက်ကြပါစို့လို့တိုက်တွန်းရင်း ကျနော်ရဲ့လွတ်လပ်ရေးဖခင်တို့အား ဂုဏ်ပြုကဗျာလေးနဲ့ နိဂုံးချုပ်လိုက်ပါသည်။

1948ခု ရတုရယ်မှန်ရာသီ

ဇန်နဝါရီ4ရက် နံနက်4နာရီ

20မိနစ် ထွန်းသစ်ခဲ့လေပြီ

လွတ်လပ်တဲ့ စံဌာနည်

ထွဋ်မြတ်တဲ့မြန်မာပြည် တို့မြန်မာပြည်

အသက်သွေးချွေး စတေးခဲ့ရအလီလီ

အာဇာနည်တို့ဖခင်တွေ သူ့ကျွန်မြေမှ

သယ်မလို့ချီ လွတ်လပ်ခြင်းဆီ

စနစ်တွေဘယ်လိုပြောင်း အဖြစ်ဟောင်းကိုတော့

လွမ်းတသသ မျက်ရည်စတွေ

မြေခလေခဲ့ပြီ။

ရွှေရင်ဆူကဲ ကြေကွဲဝမ်းနည်းရပုံတွေ

ယနေ့ထက်တိုင် မမေ့ရကိနုင်ပါပေ

မြန်မာ့သားကောင်းဇာနည်တွေ

ကောင်းရာသုဂတိ ရောက်ရှိပါစေ

တေးကဗျာချွေထု အလေးပြုပါသည်လေ.....်

Sunday 30 December 2012

ဟော့ရှော့လေးတွေလျှော့

မော်ဒယ်မမ၊မမလှတို့

ရှေးကစာဆို၊ဆိုချေဖူးခဲ့

ခြေတစ်လှမ်းရယ်၊ကုဋေတစ်သန်း

ခါသေးရင်ချီ၊ပဒုမ္မနီ

ယဉ်သည်နှုတ်ထွက်၊သကာသက်၏

ပိတုန်းရောင်ဆင်း၊ကြော့ရှင်းကေသာ

နံ့သာလူးပြန်၊မာလာပန်ဆင်

အပြုံးနုရွှင်၊ဘဝင်ဝယ်လန်း။

တစ်ခေတ်ဆန်းတယ်၊ကမ္ဘာလယ်မှာ

ယှဉ်ကာပြချင်၊နှမခင်များ

ရင်ဖုံးအင်္ကျီ၊ချိတ်ထဘီနှင့်

တင့်လှမြန်မာ၊ရိုးရာဆင်တာ

ဝတ်ကာသာဖြင့်၊ရှုချင့်မဆုံး။

ဓလေ့ထုံးတမ်း၊ထိမ်းသိမ်းမြန်းပါ

ခေတ်တော့ခေတ်ပေါ့၊ဟော့ရှော့လေးတွေ

လျှော့ပါစေချင်၊ခေတ်မှီဆင်တာ

မဆိုပါမေ၊ခေတ်ဆန်လေနဲ့

လူကဲ့ရဲ့မယ်၊မြန်မာမယ်တို့

ပြုဖန်ကဗျာ၊စေတနာချည်း

ယုတ်စေမရည်၊ကောင်းဖို့သည်ပင်

ချစ်ခင်ကြင်နာ၊ဆွေသဟာတို့...,

လေးစားလျှက်

ရင်ခုန်ရသူ

Friday 28 December 2012

နတ်သျှင်နောင် စစ်ချီအလွမ်းရတု သက္ကရာဇ်(972)ခုနှစ်

“တိမ်စွန်လေလျှင်ဖူးရောက်ချင်”
ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည် ပျော်ရမည်ဟု၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
ငှက်သွင်ပျံကြွ မတတ်သောဝ်……………..။

မျှော်ချေကလျှင် ကာလအလျှောက်၊
ပိတောက်လျှံခဲ ပုလဲသွယ်ငုံသွယ်၊
အလှယ်လှယ်တိ စပယ်ဖြူမွှေး စကားသေးကို၊
မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့်၊
ရွေးလျက်ရွရွ မဆင်ရတည့်၊
ကာလသို့အောင် ရည်စောင်ပန်းမာလ်၊
မမီလွန်က ချိန်တန်သို့တည်၊
ပြန်မည်လေသာ မရောက်လှာဟု၊
ကြံကာခွေ၍ နေလိမ့်မည်ကို၊
ရှိသည်မှု့ရန် မင်းရေးဝန်ကြောင့်၊
လျှောက်ပန်စေ့ရေ မချေရသော်၊
ပြိုက်ကျသွယ်ဖြည်း နှင်းလက်သည်း၍၊
ဝမ်းနည်းလျှက်ပင် ပျောင်းလိမ့်ထင်သည်၊
ညက်စင်စံမြ အထွတ်သောဝ်………………….။

ဖျော်ဖြေမှလျှင် ယုယသံချို ၊
ပြေလိုစိမ့်သား ကျူးပိုက်ဖြား၍၊
ချီသွား မူးမူး ရှေ့ရက်ဦးက၊
မကျုးထင်ထင် ကဆုန်တွင်ကို၊
ကျိုင်းစင်မြခဲ စစ်ပွဲရန်နှည်၊
နှုတ်ခြည်ပေါ်သာ ဆိုလေရှာကြောင့်၊
မလ္လာရနံ့ ထုံပျံ့ပန်းသက်၊
ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ်၊
ပင်ရုံးရွရွ လက်သင်မ၍
သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို၊
စီစစ်မိမိ သတိချုပ်ဆည်၊
ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့ ၊
ရေးရေးဖူးချင် မယ်သို့လျင်သည်၊
စက်ရှင်လျှံမျှ ရဟတ်သောဝ်…………………။

ဝန်ကြီးပဒေဿရာဇာ၏ တျာချင်းများ

ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများ
***
ထန်းတက်သမားဖွဲ့

နွေဦးကာလ၊ မြူထသောခါ။
ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ။
ထားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့၊ တက်-သည်နှင့်လေး။ … ။

ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေေ၀။
စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ။
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း။
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ … ။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ။
ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ။
ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ။
ငုံး, ကြက်ကယ် ဖွတ်, မြွေ၊ ၀ံပုလွေ၊
မနေ ထွက်လာကြ-သည်တည့်လေး။ … ။

ဝမ်းသာအားရ၊ မယားကတသွယ်။
ဟင်းရွက် ဆိုးကောင်း၊ သောင်းပြောင်း ရော၍လွယ်။
လင်က တသွယ်၊ ယုန်ငယ်က-စ။
တောသတ္တ၀ါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာ ယူ၍ချ-သည်နှင့်လေး။ … ။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်။
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်။
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး။
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော် ငရုတ်သီး-ငယ်နှင့်လေး။ … ။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ။
သမီးနှင့်သား၊ များလို့ မ၀င်သာ။
ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်။
သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
စပေသာလှ အုန်းခွက်-ကယ်နှင့်လေး။ … ။

ငုံ့လျက် ကိုယ်စီသာ၊
ဆုပ်ကာလွေးတော့သည်။
ပြီးလျှင် ရေမရှာ၊
ခွေးသာကျွေးတော့သည်။ … ။
***

လယ်သမားဖွဲ့

ဝသန်ကာလ၊ မိုးကျတည့်လျှင်။
ပျော်ပျော်ပါးပါး၊ မယားနှင့် ဆွေငယ်လင်။
လက်တွဲငယ် ခြေငင်၊ ကိုယ်တွင် အ၀တ်။
ပုဆိုးအင်္ကျီ၊ စုတ်ပြဲပြီ၊
ချည်နီဗောင်း တွတ်တွတ်-ကယ်နှင့်လေး။ … ။

မိုးရေစွတ်လို့၊ အ၀တ်ကယ်မပါ။
သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ။
ဆေးတံတထွာ၊ ကိုက်ကာထွန်ရင်း။
လယ်ကွက်တခွင်၊ ထွန်ရေးငင်၊
ရေ၀င် ပုစွန်တွင်း-ငယ်နှင့်လေး။ … ။

ဖားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်။
ခရု ပီလော၊ ရောနှော၍သာလွယ်။
ဟင်းရွက်ကယ် နုနယ်၊ တသွယ် ကန်စွန်း။
ဆူးပုပ်ကယ် ကင်းပုံ၊ အလုံးစုံ၊
ဖူးငုံသာ ရော၍ပြွမ်း-သည်နှင့်လေး။ … ။

ချိုလည်း ချိုလွန်း၊ ရည်ရွှန်းများစွာ၊
ကြံဟင်း ကြွက်နားပေါင်း၊ သောင်းပြောင်းရော၍သာ။
အိမ်သို့ရောက်ခါ၊ လျင်စွာ ချက်ပြုတ်။
ထမင်းကပူ၊ ဟင်းကပူ၊
ရှူရှူသာ ရှမ်းငရုတ်-ကယ်နှင့်လေး။ … ။

အလုပ်ကယ် ဧရာသာ၊
ငုံ့ကာလွေးတော့သည်။
သားမြေးငယ် မာချာ၊
ဘယ်ညာ ထွေးတော့သည်။
***

တောဆင်ဖမ်းဖွဲ့

(၁)
ဝသန်ကာလ၊ ၀ါလကျွတ်ခါ။
အောက်မားတို့တမ်း၊ ရွှင်ဝမ်း ဓမ္မတာ။
ဆင်ပေါင်းများစွာ၊ ညီညာ ဆော်နှိုး။
မှူးကဲစီမံ၊ ရိပ်ခြည်သံ၊
မြဲမြံရွှင်အား ကြိုး-ပါလို့လေး။ … ။

တိမ်ညင်ငယ်တင့်နိုး၊ ကျင့်ရိုးငယ် စုံစီ။
တရော် ကင်ပွန်း၊ ပျံ့မွှန်းမွှေးလှိုင်ညီ။
ဗြဟ္မာငယ် သံချီ၊ အောင်ပြီလေ ဆော်ကြွေး။
ကိုးတွင်း ကိုးကန်၊ ရေသန့်ပြွန်၊
မန္တန် မန်းမှုတ် ဆေး-ပါလို့လေး။ … ။

နတ်စာ ပြုရေး၊ သန္တေးငယ် ဂြိုဟ်စာ။
အုန်း ကြံ ငှက်ပျော၊ မုံ့ရော ပျားသကာ။
ကြက် ၀က်ကယ် ဟင်းလျာ၊ သေစာ ဖိုမ။
ပရမေ သူရိန်၊ နတ်ဥတိန်၊
တင်ချိန် ပူဇော် သ-ပါလို့လေး။ … ။

ကြပ်မကြီးသူ။
တောင်ဝင်စခန်း၊ ဆော်မြန်းနှုတ်သံကြူ၊
မြင်းတော်သည်လူ၊ အတူငယ်မခြား။
တသင်းစေ့ကာ၊ တယောက်ကယ်ပါ၊
မှန်စွာ အပ်ကာထား-ပါလို့လေး။ … ။

စုံပြားရဂုံတွင်၊
ဝင်ချိန်နီးတော့သည်။
ဆောင်ဆုမြွက်ကာပန်၊
အောင်သံခြီးတော့သည်။

(၂)
တောဝင်ပါမြဲ၊ ချွန်းစွဲငယ် ထား,လှံ။
ဘယားအိတ်ဗူး၊ မီးကူးမှို့ ဆေးတံ။
နှစ်ဦးငယ် တောယံ၊ စိတ်ကြံ ပယ်ခင်း။
ဟိုင်းဆင် တည်ဆင်၊ တွေ့ပြန်လျှင်၊
ရှောင်အင်လွတ်ရာ ကွင်းရလေး။ … ။

စွယ်မုန်ဟန်ခင်း၊ လျှံဝင်း မာတင်။
တွေ့လျှင် ဆွတ်မူး၊ ပျံ့ပျူးစိတ်ရွှင်။
မယားငယ် အိမ်ရှင်၊ ဆံပင်ဖားလျား။
မချအပ်စွာ၊ မင်္ဂလာ၊
ရှောင်ရာ လက်ထပ်များ-ကိုတည့်လေး။ … ။

ပုန်းရည်တောင်းစား၊ သွားလားအိမ်ရာ။
လော်လည်တခန်း၊ ကူးသန်းမကျင့်ရာ။
ဆွေရင်းငယ်သူငါ၊ ဘာသာလက်ဆွဲ။
ကျွမ်းဝင်ကျီစယ်၊ ပြုရာဘွယ်၊
ပစ်ပယ် ရှောင်ကြဉ်မြဲ-ကိုတည့်လေး။ … ။

ထား,လှံ ကိုင်စွဲ၊ ထီးလဲ ဆောင်းကာ။
မြင်း, ဆင် စီးနင်း၊ ရွာတွင်း မ၀င်ရာ။
မင်းစေ ငင်ကာ၊ ပူဆာလောင်ပြင်း။
ကြွေးမြီအပ်နှံ၊ မတောင်းခံ၊
ရှောင်ရန် အခင်း-ကိုတည့်လေး။ … ။

ကြောင်းချင်း သိသာအောင်၊
ပုံဆောင်ခင်းတော့သည်။
ဘေးပေါင်း အန္တရာယ်၊
ပယ်ရှောင် ကွင်းတော့သည်။

(၃)
ဆိုရာ ဆိုမျှ၊ ကြောင်းစကုန်စင်။
လင်္ကာတထူး၊ ပျံ့ပျူးဆွဲကာစင်။
မှူးကဲစီရင်၊ ရှောင်အင် ပြစ်ကင်း။
ကျားကိုက်ကယ်သာ၊ မစားရာ၊
ဆူးပါ ကင်ပိမ့်ဟင်း-ကိုတည့်လေး။ … ။

စုံခြေမြိုင်တွင်း၊ ကြိုင်သင်းဘွယ်သာ။
ထွက်ဝင်ရှာသွား၊ ညာဖျား တောကန္တာ။
ရှေ့သွားနောက်သာ၊ ခြေရာမှတ်ထား။
သစ်ခက်ကယ်ချဟန်၊ ပြမြဲမှန်၊
စိတ်သန်လွန်ကြိုးစား-သည်နှင့်လေး။ … ။

လှည့်ပတ်ကယ် သွားလား၊ တွေ့ညားသာကြည်။
မှုကဲထံရင်း၊ မကြွင်းပြန်ရာသည်။
မေးမြန်းဖွေနှည်၊ တည်တည်အောက်မား။
နံနက်ကယ် လင်းရောင်၊
သန်မိုက်ကယ်လှောင်၊
ချည်နှောင်တွဲခံ-ပါလို့လေး။

ဆင်စိမ်းပြောငြား၊ တောပြားစုံခွင်။
ပဟိုရ်သံ-မှီး၊ ရိုက်တီး သုံးချက်တွင်။
ရွာနီးငယ်တပြင်၊ တင်ရန် မုံ့ငါး။
ပွဲနှီး နတ်ရကာ၊ စုံစွာ ပေးရငြား-သည်နှင့်လေး။

မမှားပ-သကာ၊
ဣန္ဒာကိုးတော့သည်။
အောင်ဆု တိုင်လျှောက်ပုံ၊
ရှိစုံမိုးတော့သည်။
***

မှတ်ချက်။  ။မေဓာဝီဘလော့မှ ကူးယူတင်ပြသည်။

Thursday 27 December 2012

မြန်မာနှစ်၁၀၀ပြက္ခဒိန် လေးယူမယ်

မြန်မာနှစ်တစ်ရာ ပြက္ခဒိန်လေး လိုအပ်တဲ့သူရှိပါက ယူထားလိုက်ပါနော်
အောက်ကလင့်မှာယူလိုက်ပါ
http://www.mediafire.com/?qixj0ebinindmg9

android ဖုန်းများအတွက် app store မှဒေါင်းယူရန်
အောက်ကလင့်မှယူပါ
အဆင်ပြေကြပါစေဗျာ

Check out "MmYear 100"

ဘယ်သူဖန်တီထားလဲအတိကျမသိ၍ ဖော်မပြမိပါ။

စာဆိုတော်နေ့နတ်တော်လဂုဏ်ပြုလွှာ

နတ်တော်လသည် မြန်မာလများတွင် နဝမမြောက်လဖြစ်သည်ပြီး မိုးအကုန်ဆောင်းအကူးကာလလည်းဖြစ်သည်။ ရာဥတုသာယာသောကာလဖြစ်သဖြင့် မြန်မာတို့၏ ရိုးရာပွဲ၊နတ်ပွဲများ အလွန်စည်ကားသောကာလလည်းဖြစ်သည်။ အင်္ဂလိပ်ပြက္ခဒိန်တွင် နိုဝင်ဘာ၊ဒီဇင်ဘာလများတွင် ကျရောက်လေ့ရှိသည်။ ရာသီအားဖြင့် ဓနုရာသီ၊စန်းယဉ်သောနက္ခမှာ မိဂသီနက္ခဖြစ်သည်။ ရာသီပန်းများမှာ သဇင်ပန်း၊ဂမုန်းပန်းတို့ဖြစ်သည်။ နတ်တော်လဟူသော ဝေါဟာရတွင် 'နတ်'ဟူသည် နာတပုဒ်မှ ဆင်းသက်လာသော ပါဋ္ဌိသက်ဝေါဟာရဖြစ်သည်။ အဓိပ္ပါယ်ကား ကိုးကွယ်ရာဟု ဆိုလိုသည်။'တော်'ဟူသည်ကား ပေါရာဏ စကားဖြစ်ပြီး အရှင်သခင်၊ကြီးကဲသူ၊ မြင့်မြတ်သူဟု အဓိပ္ပါယ်ရသည်။ မြန်မာစာပေတွင် ရတနာသုံးပါးနှင့်သော်လည်းကောင်း၊ မင်း၊မိဖုရားတို့နှင့်ပတ်သတ်၍သော်လည်းကောင်း သုံးစွဲသောအခါ'တော်'ကိုသုံးစွဲလေ့ရှိကြသည်။

နတ်တော်လဟူသည် နတ်မင်းများကို ပူဇော်သောကာလဖြစ်သည်။ မဟာဂီရိနတ်မောင်နှမကို ပူဇော်သောပွဲများ ရှေးအခါကပြုခဲ့ကြသည်။ ရှေးအခါကနတ်တော်လမှာ နတ်ပူဇော်သောပွဲဖြစ်သည်။မြန်မာသက္ကရာဇ် ၁၂၄၇ (1885)ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်။ ထိုအချိန်မှစ၍ နတ်ပူဇော်သည့်ရာသီပွဲများ ဆိတ်သုဉ်းခဲ့သည်မှာ ၁၃၀၅ခုနှစ်တိုင်အောင်ဖြစ်သည်။ ၁၃၀၆ခုနှစ်သို့ရောက်သောအခါနတ်တော်လအတွက် ရာသီပွဲတစ်ခုထူးခြားစွာ ထွက်ပေါ်လာခဲ့သည်။ ယင်းပွဲတော်မှာ မျက်မှောက်ကာလတွင် ကျင်းပနေသော "စာဆိုတော်ပွဲ"ပင်ဖြစ်သည်။

စာဆိုပွဲတော်ဆိုသည်မှာ ဘုရင်ခေတ်က ထီးသုံးနန်းသုံးဝေါဟာရတစ်ခုဖြစ်သည်။ စာဆိုတော်ပွဲမဖြစ်ထွန်းမီ မြန်မာစာပေနှင့်ပတ်သတ်၍ အထိမ်းမှတ်နေ့တစ်နေ့ရှိခဲ့သည်။ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် အလွန်ထင်ရှားသော စာဆိုတော်ကြီးဦးပုညကို ချီးကျူးဂုဏ်ပြူသော ဦးပုညနေ့ပင်ဖြစ်သည်။ စာဆိုတော်နေ့ပွဲတော်သည် ဦးပုညနေ့နှင့် ဆက်စပ်ဖြစ်ပေါ်လာသည်။ ဦးပုညနေ့ကို မြစ်ဖျားခံလာသည်ဟု ဆိုနိုင်သည်။ ပထမအကြိမ် စာဆိုတော်ပွဲကို 1944ခုနှစ်တွင်စတင်ကျင်းပခဲ့သည်။ ၁၃၀၆ခုနတ်တော်လဆန်း(၁)ရက်နေ့ကို စာဆိုတော်နေ့အဖြစ်သတ်မှတ်ခဲ့သည်။ စာပေအနုပညာအားလုံး ကိန်းဝပ်သည်သာမက ယဉ်ကျေးမှု၏အသက်သွေးဖြစ်ခဲ့သည်။ အလိမ္မာစာမှာရှိဆိုတဲ့စကားအတိုင်း အသိပညာ ဥာဏ်ပညာထွန်းကရေး၊ဘဝတိုးတက်ရေးတို့အတွက် အဓိကကျသည်။ စာပေနှင့်လူမျိုးခွဲခြား၍မရနိုင် ၊ စာပေပျောက်လျှင်လူမျိုးပျောက်ပေမည်။ ရှေးရှေးသောကျန်းပြုစာဆိုအကျော်အမော်များ၊ ရဟန်းပညာရှိ လူပညာရှိများက ယဉ်ကျေးမှုအမွေနှစ်များကို ရေးသား၍မြှပ်နှံခဲ့ကြပေသည်။

ရှေးအခါကထင်ရှားသော စာဆိုများမှာ

သူတည်းတယောက်ကောင်းဘို့ရောက်မူ ” အစချီအမျက်ဖြေလင်္ကကိုရေးသားခဲ့

သော ပုဂံစာဆိုတော်ကြီး အန္တသူရိယအမတ်ကြီးမှအစချီ၍ ------

ပုဂံ ပင်းယ တောင်ငူ အင်းဝကုန်းဘောင် ခောတ်အဆက်ဆက်တို့တွင်ထင်ရှားခဲ့သော

အချစ်ရေး၊အိမ်ထောင်ရေး၊စီးပွါးရေး၊ ပေါင်းသင်းဆက်ဆံရေး၊ပညာရေး၊အုပ်ချုပ်ရေး၊

သာသနာရေး၊စသည်တို့ကိုအချက်ကျကျ လမ်းညွှန်ပြသခဲ့သောလောကနိတိကျမ်းများ၊ကိုရေး

သားခဲ့သည့်ပင်းယခေတ်တွင်ထင်းရှားကျော်ကြားခဲ့သောစတုင်္ရဂဗလအမတ်ကြီး---

ဟတ္တိပါလာပျို့၊ စတ္တုဓမ္မသာရပျို့၊ကိုးခန်းပျို့၊ကဗျာ၊ လင်္ကကာ၊မော်ကွန်း၊ရတုနှင့်ဆုံးမစာများကို

ဂုဏ်ယူဝမ်းမြောက်ဘွယ်ရေးဘွဲ့ခဲ့သည့် အင်းဝခေတ်စာဆိုတော်များဖြစ်ကြသည့်ပေလေးပင်

ရှင်လေးပါးတွင်အပါအ၀င်ရှင်မဟာရဌသာရနှင့် ရှင်ဟာသီလ၀ံသတို့အား၎င်း ---

တောင်ငူ ခောတ်စာဆိုတော် နတ်ရှင်နောင် လှိုင်ထိပ်ခေါင်တင် ၊ရဝေရှင်ထွေး

န၀ဒေး ၊ မြ၀တီမင်းကြီးဦးစ ။ ၀န်ကြီးပဒေသရာဇာ ။ လက်ဝဲသုန္ဒရအမတ်ကြီး

ဗုဒ္ဓဘာသာဝင်များသီလခံယူဆောက်တည် ရာတွင်ရွတ်ဆိုလျက်ရှိသော ”အဟံဘန္တေ ”

အစချီသီလတောင်းစာချိုးကိုရေးသားပေးခဲ့တော်မူခဲ့သည့် - တောင်ဖီလာဆရာတော်

ပါဠိ နိဿယ၊ စကာပြေ ၊ ကဗျာ ၊ သတ်ပုံကျမ်းအမျိုးမျိုးတို့ကိုရေးသားတော်မူခဲ့သည့်

( ဗုဓ် အစ၊ ဗုဓ်အလယ် ၊ ဗုဓ်အဆုံး ) ဟုခေါ်စမှတ်ပြုလောက်အောင် စာပေတွင်အတော်ဆုံး

အတက်ဆုံး အသိဆုံးဟု ကျော်ကြားခဲ့သည် ကုန်းဘောင်ခေတ်စာဆိုတော်ကြီး ဆရာတော်

ဦးဗုဓ်

ကုန်းဘောင်ခောတ်စာဆိုတော်များဖြစ်ကြသော ဦးပုည ၊ ဦးကြီး ၊ ဦးကြော့ ။မယ်ခွေ

ဖိုးသူတာ်ဦးမင်း လူဦးမင်း ၊စသည်များ

ခလေးလူကြီး ၊ယောက်ျားမိန်းမ ရဟန်းရှင်လူတို့၏နှုတ်ဇျားတွင်အလွတ်ရနေစေသည့်

လွယ်သူသောကဗျာကလေးများဖြင့် သီကုးစပ်ဆိုထာသော သိင်္ဂါလောဝါဒ ဆုံးမစာများကိုရေး

သားတော်မူခဲ့သည့် သင်္ဂဇာဆရာတော်

ပိဋကတ်စာပေကျမ်းဂန်များကို ဘာသာမျိုးစုံကိုပါရရူမြောက်အောင်တက်မြောက်ပြီး

အရေး အဟော အကျင့် ဘတ်စုံထူးချွန်၍ ကျမ်းစာပေါင်း ၆၀ ကျော် ဘုရားရှစ်ခိုး ၁၁ မျိုး ၊

မောင်းထောင်းတေး ၊ အံတော်သီချင်း ၊ ဒွေးချိုး ၊ လေးချိုး ၊ တေးထပ် ၊ ရတုသံချို၊ ဘုန်းကြီးပျံ

ငိုချင်းမှအစ ၊ ကဗျာမျိုးစုံ ၊ နက္ခကျမ်း ၊ ဆေးကျမ်း ၊ အဂ္ဂရကျမ်းများနှင့် စာပေ၀ါဒနာပါသူတိုင်း

လက်ကိုင်ထားရသည့် မဟာသုတကာရီ ၊ မဃဒေ၀လင်္ကာတို့ကိုရေးသားပြုစုတော်မူခဲ့သည်

ကိုလိုနီခောတ်စာဆို မန်လည်ဆရာတော် -ဒီပနီကျမ်းစာအမျိုးမျိုး ၊ မေတ္တာစာအမျိုးမျိုး၊ဆုံးမ

စာအမျိုးမျိုး ၊တို့ကိုရေးသားပြုစုခဲ့သော လယ်တီဆရာတော် -

အနာဂတ်သာသနာရေး ၊ ဘာသာသွေး ၊ ရတနာ့ဂုဏ်ရည် ၊ ကိုယ်ကျင့်အဘိဓမ္မာ ၊

စသည့်ကျမ်းစာအမျိုးမျိုးတို့ကိုရေးသားခဲ့ပြီး ။ ဘာသာ ၊ သာသနာ ကိုအခြေခံမှစ၍မြင့်တင်ပေး

ခဲ့သော မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၊ တိပိဋကဓရ ဆရာတော်

ဦးဝိစိတ္တသာရာဘိဝံသ မှ သည် ခောတ်စမ်းမြန်မာစာပေကိုစတင်ခဲ့သော သိပ္ပံမောင်ဝ ၊ ဆရာ

ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ၂၀ ရာစု စာရေးဆရာများ အားလုံးကို မြန်မာမှု မြန်မာ့အမွေအနှစ်

များကိုရင်းနှီးမြုပ်နှံပေးကြသူ များအဖြစ်သဇင်သင်း၍နှင်းတွေဝေေ သာစာဆိုတော်နတ်တော်လ

တွင်ဂုဏ်ပြုမှတ်တမ်းတင်ရင်းနှင့် ကဗျာဆရာ ထီယု ၏ ကဗျာ လေးဖြင့်နိဂုံချုပ်လိုက်ပါသည်

ပန်းလှသဇင် ပြည်တခွင်၌

ဝေလွင်ပြည့်သိပ် အလှဖိတ်၍

ဆောင်းရိပ်စံမြန်း သင်းထုံလွမ်းသည်

လန်ဆန်းပါသည့် နတ်တော်လ

ဤသည်ချိန်ခါဒို့ပြည်မှာကွယ်

စဉ်လာကျင်းပစာဆိုလဟု

စကားရည်ပွဲ ၊ ကျပမ်းပွဲနှင့်

ပြိုင်ပွဲစာပေ ၊ ကျင်းပလေ၏

ရှေးကစာဆို ထူးကြည်ညို၍

စာဆိုသီရာ တေးကဗျာကို

ရွေးကာသီဆိုကြပါ၏

စာပေရေးရာစုံလင်စွာပင်

ဟောကာပြောကြ ဆွေးနွေးကြနှင့်

သုတထွေထွေရပါ၏

သက်ကြီးစာဆိုဂုဏ်ပြုကြိုလျက်

စာဆိုနေ့မှာသိုက်မျြိုက်စွာပင်

ကျန်းမာစေကြောင်းဆုမွန်တောင်းကာ

စုပေါင်းကန်တော့ကြပါ၏

စာပေဆုဝင် ကလောင်ရှင်ကို

ဂုဏ်တင်ထွန်းလင်း ချီးမြှင့်ခြင်းဖြင့်

ဆုနှင်းသဘင်ကျင်းပပါ၏

သြော် --- ပြည်လူထုအကျိုးပြုသည့်

ရှေးရှုစာပေအထွေထွေကို -ခောတ်တွေဆက်ဆက်ရေးသားလျက်ဖြင့်

ထမ်းရွက်စဉ်လာ - ထိန်းသိမ်းလာသော ရှင်လူများကို

စာဆိုတော်နေ့ ရက်မြတ်နေ့ဝယ်

ဦးညွှတ်ကော်ရော် ကန်တော့ပါသည်

မြန်မာ နှင့် စာပေအဒွန့်ရှည်စေသော်

Followers