အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday, 5 December 2012

နယ်ဝေးအလွမ်း

နွေမှာဆော့ကျူး၊လေးရူးတို့ပွေ

ရွက်ခြောက်ကြွေလို့၊ဥဩတို့တွန်

ဂိမာန်နွံမှာ၊ဝေဒနာလွမ်း

အသည်းကျွမ်းလု၊နွမ်းခုခန္ဓာ

မဖြေသာသည်၊တစ်နယ်စီဝေး

လွမ်းတေးတို့ဆို၊ရင်မှာငိုရင်း

ချစ်ခြင်းသင်္ချေ၊ဆွေးစေခဲ့ပြီ

မိုးစက်တစ်သင်း၊မြေတလင်းသို့

တိုးလို့ပစ်ပေါက်၊ရင်ကိုနှောက်ကာ

ပမာလေပွေ၊ရစ်ခွေဆင်တယ်

အချစ်ရယ်လေ၊လွမ်းနေသူဖို့

ပိုလို့သာလွမ်း၊အချစ်ပန်းလေး

လန်းကာမွှေးချိန်၊ခပ်မှိန်မှိန်မှာ

တွေးလို့သာလွမ်း......

လေးစားလျှက်

ရင်ခုန်ရသူ

No comments:

Followers