အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday 29 April 2014

သိပ်လည်း ဘ၀င်မြင့်မနေနဲ့....

သိပ်လည်း ဘ၀င်မြင့်မနေနဲ့....
***********************
စင်္ကာပူမှာရောက်နေတဲ့ မြန်မာပြည်သားတယောက်က သူ့ဖေ့စ်ဘုတ်မှာ ရေးထားတဲ့အကြောင်းအရာတခုကတော့ - အမြင်ကျယ်ကြပါ တဲ့။
သူ့ရေးသားချက်ကို စနေနေ့မှာ တင်လိုက်တော့ အခုဆိုရင် အွန်လိုင်းမှာ အနည်းဆုံး အကြိမ် တထောင်ကျော် လက်ဆင့်ကမ်း ဖတ်ရှုနေကြပါပြီ။
"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့" လို့ အမည်ပေးထားတဲ့ သူ့ရေးသားချက်တွေထဲမှာ မြန်မာပြည်ရဲ့ အခြေအနေ၊ မြန်မာပြည်သား အများအပြားရဲ့ စိတ်နေစိတ်ထား၊ သတိမပြုမိကြတဲ့ အရေးကြီးအကြောင်းအရာ များစွာ ပါဝင်နေပါတယ်။
မဖတ်ရသေးသူများအတွက် မူရင်းအတိုင်း ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
..........................................................................
"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့"
(By Kogyimind Mind)

ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများကဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။
လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။
တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေထုံနေတဲ့ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ကိုယ်ကျိုးမဖက်ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။
Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘ၀င်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းက ချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။

စံပြပုဂ္ဂိုလ်





“စံပြပုဂ်္ဂိုလ်”

Q. လူငယ်တွေအနေနဲ့ လေးစားစံပြုတဲ့ပုဂ်္ဂိုလ် အရွေးမမှားဖို့အတွက် ဘယ်လိုလုပ်သင့်ပါသလဲဆရာ။
A. လူငယ်တွေမှာ အရွယ်နဲ့အမျှ စံပြပုဂ်္ဂိုလ်ကတော့ ပြောင်းနေမှာပဲ။ စံပြပုဂ်္ဂိုလ်က ပုံသေမရှိဘူး။ သူ့အရွယ်နဲ့သူ စံပြပုဂ်္ဂိုလ်တွေ ရှိတတ်ကြတယ်။ သူထားတဲ့ စံပြပုဂ်္ဂိုလ်က သူ့ရဲ့ပန်းတိုင်၊ သူ့ရဲ့ဘ၀ပဲ။ ဒီကလေးဟာ ဘယ်သူ့ကိုအားကျသလဲ၊ စာသင်ခန်းထဲမှာ ဒီကလေးက ဘယ်သူနဲ့ပေါင်း သလဲဆိုတာကိုကြည့်ပြီး ဒီကလေးရဲ့ မနက်ဖြန်နဲ့ အနာဂတ်ကို ပြောလို့ ရတယ်။
ရည်းစားထားနေတဲ့မိန်းကလေးနဲ့ ပေါင်းတဲ့မိန်းကလေးဟာ မကြာခင် ရည်းစားထားမှာပဲ။ ဆေးလိပ်သောက်တဲ့သူနဲ့ ပေါင်းတဲ့ ကလေးဟာလည်း မကြာခင် ဆေးလိပ်သောက်တတ်သွားမှာပဲ။

ဒါကြောင့်မို့လို့ ကျောင်းသင်ရိုးတွေမှာ တကယ့်စံပြုထိုက်တဲ့ ပုဂ်္ဂိုလ်တွေ အကြောင်းကို ထည့်သင့်တယ်။ ဥပမာ မာသာထရီဇာ အကြောင်းကို ထည့်သင့်တယ်။ မာသာထရီဇာဆိုတာ အိန်္ဒိယနိုင်ငံသူ မဟုတ်ဘူး။ ယူဂိုဆလားဗီးယားနိုင်ငံသူ။ ခရစ်ယာန်ဘာသာဝင်။ ဒါပေမဲ့ အိန်္ဒိယနိုင်ငံမှာ လူတွေ ဆင်းရဲဒုက္ခရောက်နေတာကို သူ ကယ်တင်ခဲ့တယ်။ သူ့အကြောင်း ကို မသင်သင့်ဘူးလား။

ကျနော့ရဲ့ချစ်ဇနီး

(ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ၊ ရင်ထဲကို ခံစားမှုတစ်ခုခု ပေးလိမ့်မယ် )

အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။...


ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။

ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…

တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။

သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။

နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”


အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်




*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။*

ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့ကိုရေးထားတာတွေကို အဟုတ်တွေမှတ်နေကြတဲ့ မြန်မာမိန်းကလေးတွေ ။ ပညာတွေ သင်ထားတာ အလကားမှ မဟုတ်တာဘဲ ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိတယ် ။ပြောတိုင်းယုံနေရအောင် ကျွန်မတို့ကို မိဘမွေးထဲက ဦးနှောက်ဆိုတာ ထည့်ပေးထားတယ် ။ ဒါအလကားထားဖို့မှ မဟုတ်တာ ။ ယောကျာင်္းတစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

၁.ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
၂.မိမိချစ်သူအပေါ် စာနာထောက်ထားတတ်မှု ၊
၃. မိမိချစ်သူအပေါ် သစ္စာရှိမှု ၊
၎. မိမိအပေါ် ဦးဆောင် တတမှု ၊
၅.နှမချင်းစာနာစိတ်ရှိခြင်း
၆.ဘာသာတူညီခြင်း၊
၇.ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း

ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။ ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မယ် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ ပိုအရေးကြီးပါတယ် ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိန်းကလေးတွေရယ်။ မဟုတ်တဲ့ဆိုဒ်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါဘဲ ။ သေချာဘာမှ မသိတဲ့ ယောကျာင်္းတွေ အပေါ် ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါစေနဲ့ကွယ်။ လူုဖြစ်ရတဲ့ ဘ၀လေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါတယ် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိတယ် ။ အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ပါဘဲ ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ ရွေးချယ်တတ်ဖို့တော့ လိုတယ် ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး တာနဲ့ ပုံတွေတင်ကြတော့တာလည်း ခေတ်စားလာသလိုဘဲ ။စကား စပ်မိတုန်းလေး ပြောချင်သေးတယ် ။ မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် လုပ်ပေမယ့် တကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားတာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တယ် ။ ဟုတ်ပြီ password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီလေ ။

ချိုးငှက်ဟူသည်.......: ( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစ...

 ‎ "(၃/၄) မိနစ်လောက် အချိန်ပေးပြီး ဖတ်လိုက်ပါ။"
==========================

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက် ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝ သရုပ်ဖေါ် ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ် ။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့ အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ် ။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ် ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာ ခွဲတမ်း လည်း ကုန်သလောက် ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ် ရောက် နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန် ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ် ။

သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာ ထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက

Note2(N7100)ကို official firmware 4.4.2တင်ပြီး root မယ် မြန်မာဖောင့်သွင်းမယ်

သူငယ်ချင်းအားလုံးမင်္ဂလာပါ...အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..
Note2သမားတွေအတွက် official firmware 4.4.2 လေးထွက်ရှိလာတာ အတော်များများလည်းသိပြီးလောက်ပါပြီ။ဒါပေမဲ့ မသိသေးတဲ့သူတွေလည်းရှိဦးမှာပဲလေ..
ဒီတော့ကာ လိုချင်တဲ့သူငယ်ချင်းတွေအတွက်...ပြန်လည်မျှဝေပေးလိုက်ပါတယ်...
ကဲဒေါင်းလိုက်အောင်ဗျာ....                          
                                                       ဒီနေရာမှာ4.4.2ကိုဒေါင်းပါ



ဒေါင်းပြီးရင်တော့ 4.4.2တင်ကြမယ်ပေါ့ဗျာ...တင်မယ်ဆိုတော့..အရင်ဆုံးမိမိတို့ ကွန်ပျူတာမှာ
samsung USB driver ကိုinstallလုပ်ထားရပါမယ်...နောက်ပြီးရင်...Firmware တင်ဖို့  Odin_v3.09 လည်းလိုပါတယ်....ဒါတွေတော့ရှိပြီးသားဖြစ်ကြမှာပါ...အဲတာတွေရှိထားပြီးရင် odin ဖိုင်ကိုဖွင့်
APဆိုတဲ့နေရာမှာ ဒေါင်းထားတဲ့ 4.4.2Firmware tar ဖိုင်ကိုထည့်...ဖုန်းကိုပါဝါပိတ်လိုက်..
ပြီး Volume down+power+home  button တွဲနှိပ်ပြီး odin moodထဲဝင်...PCနဲ့ ဖုန်းကိုUSB ကြိုးနဲ့
ချိတ် ဖုန်းကို ကံန်ပျူတာကodinမှာ သိပြီဆိုရင် startကိုနှိပ်...ပြီးရင်တက်ဖုန်းက bootတက်လာမယ်
ကွန်ပျူတာကodinမှာ passဆိုတဲ့ အစီမ်းရောင်ပြမှUSBကြိုကိုဖြုတ်...ဒါဆိုFirmware 4.4.2တင်ပြီးပြီ။

တင်တာပြီးတော့ rootလုပ်မယ်...ဒီကောင်လည်း odin နဲ့ လုပ်မှာပဲ...ဒေါင်းလုဒ်ထဲမှာပါတယ်..
အဲကောင်နဲ့ လုပ်....လုပ်နည်းက firmware တင်သလိုပဲ PAနေရာ PDAဖြစ်သွားတယ်...PDAမှာ
အောက်ကဒေါင်းရမည့် ဖိုင်ကိုထည့်ရုံပဲ...
                                                           
                                                                 CF root ဒေါင်းရန်      


အဲတာပြီးရင်(http://www.mediafire.com/download/c3lyp40j6ch2c4g/Superuser.apk)
ဒီလင့်မှာ super user.apk ကိုဒေါင်း...installလုပ်...မရသေးရင် play store မှာ update လုပ်လိုက်
ဒါဆို root လုပ်တာအောင်မြင်စွားပြီးဆုံးပြီ။

နောက်  မြန်မာဖောင့်ထည့်မယ်...ဒီကောင်က android version 1.6ကနေ 4.4အထိ မှန်ကန်အောင်လုပ်ထားပေးထားတာလေး....ဒီကနေမဒေါင်းချင်လည်း play store ကဒေါင်းလို့ ရတယ်
အောက်ကလင့်မှာဒေါင်း                     
                                                                   ဒီမှာဒေါင်း            

ကဲအားလုံးအဆင်ပြေပါစေဗျာ......ဖလမ်းဖလမ်း ထနိုင်ပြီ...

                                                     

                                                

Saturday 26 April 2014

အထက်တန်းကျောင်းသူကျောင်းသားများအတွက်(Mathematic Formulas)

ဒီတစ်ခါတင်ပေးချင်တာကတော့..
ခေတ်စနစ်တွေပြောင်းလဲလာတော့...ခုဆိုရင်..ကျောင်းသူကျောင်းသား
လေးတွေရဲ့ လက်ထဲမှာ...စမတ်ဖုန်းလေးတွေ ကိုယ်စီကိုယ်စီကိုင်ဆောင်
လို့ နေတတ်ကြပြီလေ...
ဒီလို အင်တာနက်ခေတ်ကြီးထဲမှာ...ညီးလေးညီးမလေးတွေအတွက်
အကျိုးရှိရှိအသုံးချတတ်လျှင် အင်တာနက်ဆိုတာ ဗဟုသုတဟင်းပေါင်းအိုးကြီးပါ...
စာအုပ်တွေ ကိုင်ရတာ စိတ်မပါတော့ရင်...ဖုန်းလေးကွန်ပျူတာလေးထဲကနေ စာလေ့
လာနိုင်ဖို့  သင်္ချာဖော်မြူလာ လေးတွေ ပေးလိုက်ပါတယ်......

ကွန်ပျူတာသမားတွေအတွက်..PDFလေးပေးလိုက်ပါတယ်နော်....
                                                     
                                                           ဒီမှာသွားယူလိုက်



 ဖုန်းအတွက်တော့apkလေး ပေးလိုက်ပါတယ်...
                                                           
                                                  ဒီနေရာဖုန်းအတွက်ယူပါ

ဒေါင်းလုဒ်ယူနည်းမသိရင် ဒီနေရာမှာကြည့်ပါ

Friday 25 April 2014

Driver Pack Solution DRP14.iso(7.18GB)


ဝင်းဒိုးတင်လိုက်တိုင်း Drivers တွေမပြည့်စုံလို့ အခက်အခဲ ဖြစ်နေသူများအတွက် လိုအပ်နေတဲ့
Drivers တွေကို တခုချင်းစီ ခက်ရာခက်ဆစ် လိုက်ရှာစရာမလိုဘဲ ဆော့ဝဲတခုထဲနဲ့ All Windows
အတွက် All Drivers တွေကို Offline ဖြင့် အင်စတော လုပ်ယူနိုင်တဲ့ 12/03/2014 နေ့ထွက်
Driver Pack Solution DRP14 R410.iso ကို တင်ပေးလိုက်ပါတယ်။

ဖိုင်ဆိုဒ်က အရမ်းကြီးနေတဲ့ အတွက် RAR (၁၃)ဖိုင်ခွဲပြီး တင်ထားပေးပါတယ်။
ဒီ Version မှာ ဆော့ဝဲပေါင်း (၃ဝ) ကျော်လဲပါဝင်ပါတယ်။မလိုချင်တဲ့ဆော့ဝဲတွေကို ပြန်ထုတ်ပစ်လို့
ရပါတယ်။
RAR Password - www.linthit.com
အင်စတောလုပ်နည်း...
-ISO ဖိုင်ကို USB (8 Gb) or DVD-RW မှာ Bootable Image အဖြစ် Burn ပြီး Autorun ဖြင့်
  အင်စတော လုပ်နိုင်သလို....
 (သို့မဟုတ်)
-ISO ဖိုင်ကို WinRAR ဖြင့် Extarct လုပ်ပြီး DriverPackSolution.exe ကို Run as Administrator
 ဖြင့် Run ပြီး အင်စတောလုပ်နိုင်ပါတယ်။
-Offline Installer ဖြစ်လို့ အင်တာနက်မရှိလဲ အင်စတောလုပ်နိုင်ပါတယ်။
Windows All



credit by......new light morning..

Part 01(600 Mb)    Download
Part 02(600 Mb)    Download
Part 03(600 Mb)    Download
Part 04(600 Mb)    Download
Part 05(600 Mb)    Download
Part 06(600 Mb)    Download
Part 07(600 Mb)    Download
Part 08(600 Mb)    Download
Part 09(600 Mb)    Download
Part 10(600 Mb)    Download
Part 11(600 Mb)    Download
Part 12(600 Mb)    Download
Part 13(28.94 Mb)  Download

Thursday 24 April 2014

Windows 7 Ultimate (64-Bit) Black Platinum Edition with IE-11 Updated 2013 (Activated) All Drivers + All Softwares (8 Gb)


ဒီဇိုင်း အလန်းလေးနဲ့ Drivers များ၊Softwares များအားလုံးပါဝင်ပြီး 2013 December အထိ
Updated လုပ်ထားပေးတဲ့ Windows 7 ultimate (64bit) Black Platinum Edition ကိုတင်ပေး
လိုက်ပါပြီ။Genuine အဖြစ် Activated လုပ်ထားပေးပြီး ဖြစ်ပါတယ်။ဒေါင်းလုပ်လင့်တွေ မသေချာလို့
တနေ့ကတင်ပြီးမှ ခေတ္တပြန်ဖျက်ထားလိုက်ရတာပါ။အခု ဒေါင်းလုပ်လင့်တွေ အိုကေပြီမို့ ပြန်တင်
ပေးလိုက်ပါပြီ။
ဖိုင်ဆိုဒ်က (8-Gb) ရှိတဲ့အတွက် RAR ဖိုင် (၁၄) ဖိုင်ခွဲပြီး တင်ထားပါတယ်။ဖိုင်တခုခြင်းစီ ကိုသေချာ
ဒေါင်းလုပ်ယူပါ။ပြီးမှ Extract လုပ်ပြီး ရလာတဲ့ ISO ဖိုင်ကို USB (16-Gb) မှာ Bootable Image အဖြစ်
Burn ပြီး Windows တင်ပါ။

Windows Shine Edition Windows 7 Ultimate (x64) (4.22 Gb)

Windows အလန်းလေးများကို ကြိုက်သူများ အတွက် Windows 7 အလန်းလေးတခုဖြစ်တဲ့

Windows 7 Shine Edition (x64) ISO ကို တင်ပေးလိုက်ပါတယ်။ဒီ Edition လေးက
2013 နှစ်ဦးပိုင်းကထွက် ခဲ့တာပါ။အကြောင်းအမျိုးမျိုးကြောင့် အခုမှ တင်ပေးဖြစ်ပါတယ်။
RAR ဖိုင် (၇)ဖိုင်ခွဲ ပြီး တင်ထားပေးပါတယ်။တဖိုင်ချင်းစီကို သေချာဒေါင်းယူပါ။

Internet Connection က တက်လိုက်ကျလိုက်နဲ့ဒေါင်းရင်တော့ ဒေါင်းလုပ်ပြီးပေမဲ့ ဖိုင်က
မပြည့်စုံးပါ။ဖိုင်တဖိုင်စီမှာ File Items ပေါင်း (၂၀)ကျော် ပါပါတယ်။ပော်နက်ရှင်းမကောင်းရင်
အဲဒီ Items တွေထဲကတခုခု မပြည့်စုံဘဲ ဒေါင်းလုပ်ပြီးသွားပါမယ်။ဒါဆို Extract လုပ်တဲ့အခါ
Error တက်ပါလိမ့်မယ်။

Friday 18 April 2014

(face lock screen) Luxand Blink!pro

 ကဲသူငယ်ချင်းတို့ ရေ...နေကောင်းလား...သာယာသောနေ့ လေးဖြစ်ပါစေနော်
ဒီတစ်ခါလက်ဆောင်ပေးချင်တာကတော့...(old software)အဟောင်းလေးတစ်ခုပါ...သိပြီးသားသူတွေ...လည်းရှိပါလိမ့်မယ်..မသိသေးတဲ့သူတွေလည်းပါ ပါလိမ့်မယ်..ဒီတော့ လိုအပ်တဲ့သူတွေ အတွက် မျှဝေလိုက်ပါတယ်....

မိမိတို့ ကွန်ပျူတာကို...မိမိမျက်နှာဖြင့်လော့ပိတ်ပြီး..မိမိမျက်နှာဖြင့်သာလော့ ဖွင့်နိုင်တဲ့ ဆော့ဝဲလေးပါ....ဆော့ဝဲနာမည်ကတော့ (face lock screen)Luxand Blink! pro ပါ။
pro ဆိုပေမဲ့ full ဖြစ်ဖို့  activation key ပါထည့်ပေးထားပါတယ်...
ဆိုတော့ကာလိုချင်ရင်တော့ အောက်ကလင့်မှာသွားယူလိုက်ပါ

                                                     ဒီမှာသွားယူ 

                                            

                    Activation Key;  Name: bidrohi
                                          Serial: D5F7-84BC-C4CD


  အားလုံးအဆင်ပြေမှာပါ သုံးနည်းကလည်းလွယ်ပါတယ်...ရှင်းမပြတော့ဘူးနော်
ကိုယ်တိုင်လုပ်ကြည့်လိုက်...မသုံးချင်တော့ရင်လည်း Disable ပြန်လုပ်ထားပြီး သုံးချင်တဲ့ အချိန် Enable ပြန်လုပ်လိုက်ရုံပါပဲ......
အာလုံးကိုကျေးဇူးတင်ပါတယ်...
အပန်းမကြီးဘူးဆိုလျှင် Facbook page လေးကို Likeခြင်းအားပေးပေးပါ......

Friday 11 April 2014

Driver Magician Lite 4.21 + Crack/Serial Full Version

ကဲသူငယ်ချင်းတွေကို...ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့...သူငယ်ချင်းတို့ ရဲ့ကွန်ပျူတာထဲမှာရှိတဲ့
driversတွေကိုပြန်backupလုပ်ပြီး သိမ်းထားနိုင်တဲ့ Driver Magician lite လေးနဲ့ဖြစ်ပါတယ်..
Driver ဆိုတာ ကွန်ပျူတာအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ... ကွန်ပျူတာ ဝယ်ကတည်းက ဝင်းဒိုးအခွေမပါရင် (မရှိရင်) သူငယ်ချင်းတို့  ကွန်ပျူတာဝင်းဒိုး ပြန်တင်တဲ့အခါ drivers တွေ မစုံတော့ပါဘူး...ဝင်းဒိုးတင်ပြီးရင် Driversတွေ လိုက်ရှာပီး ပြန်းဒေါင်းမနေရအောင် ဒီကောင်လေးနဲ့ backupလုပ်ပီးသိမ်းထားလိုက် ။Size သေးသေးလေးမို့  ကွန်မကောင်းလည်း ဒေါင်းလို့ ရနိုင်ပါတယ်KB
sizeလေးပါ...သုံးနည်းကလည်းလွယ်လွယ်လေးမို့  ရှင်းမပြတော့ဘူးနော်..လိုချင်တယ်ဆိုရင်
ဒီနေရာမှာဒေါင်းလိုက်ပါ....

ဒေါင်းလုဒ်ယူနည်း====ဒေါင်းလုဒ်linkကိုကလစ်ပါ။
                               ၅ စက္ကန့် စောင့်
                               (Skip AD)ကိုနှိပ်ပြီးဒေါင်းပါ။

အားလုံးအဆင်ပြေပါစေ......

Wednesday 9 April 2014

Green Alienware Skin Pack

ကဲ..သူငယ်ချင်းတို့ ရေ အားလုံးပဲ..မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျာ...
ဝင်ဒိုးကို အလှဆင်ဖို့  စိတ်ဝင်စားတဲ့သူတွေ အတွက် အစိမ်းရောင် Alienware skin packလေး
နဲ့  မိတ်ဆက်ပေးပါ့မယ်...ဒီကောင်လေးကတော့ window 8 နဲ့  window 7သမားတွေအတွက်ပဲ
အလုပ်လုပ်ပါတယ်...ဒီကောင်လေးကို သုံးမယ်ဆိုရင် မိမိစက်ထဲမှာ ပါတဲ့ skin packကို uninsallလုပ်ရပါ
မယ် မိမိစက်ထဲမှာမပါရင်တော့ လုပ်စရာမလို ပါဘူး ..ပြီးရင် တခြားဖွင့်ထား ဖိုင်တွေ ပရိုဂရမ်တွေ လည်း ပိတ်ထားလိုက် ။ခုတင်ပေးမှာက offline insallerလေးဖြစ်လို့  အင်တာနက်လိုင်းရှိဖို့ မလိုပါဘူး....
အင်တာနက်လိုင်းချိတ်ထားလည်းရပါတယ် ။ပြီးရင် အင်စတော လုပ်လိုက်ပါ နောက်ဆုံး finishကိုရောက်
ရင် roboot now နဲ့ reboot later မှာ reboot now ဆိုပြီး finish လုပ်ပါ...ဝင်းဒိုးပြန်တက်လာရင်
ဘယ်လိုလေးလန်းတယ်ဆိုတာကိုတော့ အောက်မှာလေ့လာ ကြည့်ပါ...

စိတ်ဝင်စားလို့ လိုချင်တယ် လုပ်ချင်တယ်ဆိုရင်...

window 7 သမားတွေက ဒီနေရာမှာဒေါင်းလုဒ်ယူပါ
window 8 သမားတွေက ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ

ကဲသူငယ်ချင်းတို့  အဆင်ပြေမယ်လို့  မျှော် လင့်ပါတယ်...see uနော်...

My Christmas Skin pack

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ....အားလုံးနေကောင်းကြတယ်မဟုတ်လား..
သူငယ်ချင်းတို့ အတွက် လက်ဆောင်လေးတစ်ခုယူလာတယ်...အားလုံးစိတ်ဝင်စားမယ်လို့ 
ထင်ပါတယ်...သူငယ်ချင်းတို့ ရဲ့ ကွန်ပျူတာလေးတွေကို လှလှလေး ဖြစ်အောင်ဖန်တီးဖို့ 
My Christmas Skin Pack လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်....
 ဒီကောင်လေးကwindow 7နဲ့ window 8 တွေမှာ အလုပ်လုပ်ပါတယ်
ဒီကောင်လေးကိုသုံးမယ်...ဆိုရင်...အရင်မိမိစက်ထဲမှာရှိတဲ့(ရှိခဲ့ရင်)skin packကို uninstall လုပ်လိုက်ပါ။
တခြား ဖွင့်ထားတဲ့ ပရိုဂရမ်တွေ ပိတ်လိုက်ပါ။ပြီးရင် install လုပ်ပါ...reboot လုပ်ခိုင်းရင် လုပ်လိုက်ပါ...
ဝင်းဒိုးပြန်တက်လာရင် ဝင်းဒိုးမှာအောက်ကပုံ အတိုင်း လန်းနေတာကိုတွေ့ ရပါလိမ့်မယ်...
လုံးဝ ဖလမ်းဖလမ်းပဲ...
                         
ကဲ..စိတ်ဝင်စားလို့  လုပ်ချင်တယ် လိုချင်တယ်ဆိုရင်  အောက်ကလင့်မှာ ဒေါင်းလုဒ်ယူပါ။

window 7အတွက် ဒီနေရာမှာဒေါင်းပါ
window 8အတွက် ဒီနေရာမှာဒေါင်းပါ

အားလုံးအဆင်ပြေမယ်လို့ မျော်လင့်ပါတယ်...နောက်ထပ်အလန်းလေးတွေ လိုချင်ရင် တင်ပေးပါဦးမယ်..
ကျနော်စုထားမိသလောက်လေးပေါ့...

Followers