အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Friday 26 July 2013
ဆေးလိပ်တို နဲ့ တောင်ဝှေးအို
သူလာရာရှာလို့ ကြည့်
မီးရဲကျိကျိ ရှိလို့ နေ အဖေအိုရှိုက်လို့ ခဲ
ဆေးလိပ်တို ကမီးရဲရဲ.....
နေကညိုရီ နောက်ယွန်းပြီ...မကြာခင်မှောင်တော့မည်
ခရီးတစ်ထောက် နားလိုပြီ
တောင်ဝှေးတုတ်ကောက် လမ်းကိုလျှောက်ရင်း
ကျောခင်းအိပ်ယာ ရှာတော့သည်။
ဇရပ်ပျက်အို မိုးကယို အဖေအို နဲ့ ဆုံရပြီ..
ညဥ့်သုံးယံဖြတ် လင်းမနက်မှာ
ဆေးတိုလိပ်ဖွာ သူခေါ်ရာ
ပါးတော်အမြဲ အနားရွဲ လက်စွဲတောင်ဝှေး အိုအိုလေး
သူရဲ့ဘေးမှာခ,စားကာ သူကားမထပြီ..........
သူမနိုးသောရွာ သွားနေခါလည်း
စောင့်နေမြဲသေး ဆေးလိပ်လေးရယ်
သစ္စာနယ်ကနှိုင်းမရ
ခရီးတွေအတူ သွားခဲ့သူ  တောင်ဝှေးလေးက မေတ္တာဖြူ
ဆေးလိပ်တို့ နဲ့  အဖေအို
အဖေအိုနဲ့ တောင်ဝှေးအို
အော်....လောကကို လက်ဆောင်ပျို တစ်ခု
ပေးဆပ်လို့ ပြုခဲ့ ပြီ။..........။
                                လေးစားလျှက်
                                              ရင်ခုန်ရသူ
Monday 22 July 2013
ဆရာထံရွယ်
အနန္တငါးအင်ဂုဏ်အရှင်တို့အား
ဝတ်တွားရိုကျိုးဦးတင်ရှိခိုလိုက်ပါ၏
အာစရိယဂုဏေါအနန္တောပါမြတ်ဆရာ
ပီတိကိုစားအားရှိပါတဲထိုဆရာ
စေတနာ/ဝါသနာ/အနစ်နာ(၃)နာအရင်းခံဆရာမှန်တို့သည်
ပန်းကလေများပင်ယံထက်မှာ
တင့်တယ်ရှုမောလှပစေဖို့
ဥယျာဉ်မှူးများပမာ
နေရောင်ခြည်ပေး
ရေစင်အေးတို့ဖျန်းပက်လို့ရယ်
ပေါင်းတွေလည်းသင်ပိုးလည်းစင်၍
မြေသြဇာကျွေးလိုရာပေးခဲ့
မိုးဒဏ်လေဒဏ်ကြံ့ကြံ့ခံဖို့
ကာကွယ်လို့ရယ်
ပြုစုခဲ့လေတယ်
အချိန်တန်လို့အရွယ်ရောက့်
စင်မြင့်ပေါ်မှာလှပကျော့ရှင်းစွာကနေပြန်တော့
့ပရိတ်သတ်လို
သြဘာလက်ခုပ်တီးကာအားပေးနေတတ်တာ
တို့ဆရာများကို
မမေ့စေလို၍
ခွန်းခြွေစကား
ပါးလိုက်ပါ၏။
(ဆရာများကိုသတိရစေလို၍)
ရင်ခုန်ရသူ
Tuesday 9 July 2013
မဟူရာညထဲ မိန်းကလေးသို့ 
ပြိုကွဲခြင်းတွေ၊ပေါက်ပြဲခြင်းတွေ
ကွာဟခြင်းတွေ၊မညီညွှတ်ခြင်း
မာနတွေနဲ့  တို့ နှစ်ယောက်အချစ်
ကမ္ဘာစစ်ဖြစ်သလိုနဲ့ 
တစ်စစီပျက်ယွင်း၊ တောင်စွယ်နေကွယ်မှာ
သုတ်သင်ခြင်းခံလိုက်ရသလို
ကိုနဲ့ မင်းရဲ့အိမ်မက်က ဇရပ်ပျက်တစ်လုံး
အမုန်းတရားကိုဦးတင်
ကဝေပျိုတစ်ကောင်းရဲ့အကြည့်
 တောနက်ထဲကငှက်ဆိုးတစ်ကောင်လို
မင်းမျက်လုံးတွေကအရောင်လက်
ဒေါက်ဖိနပ်ကို မစီးတတ်တဲ့မိန်ကလေးလို
ကမ်းပါးတစ်ခုမှာကိုပြုတ်ကျခဲ့ပြီ။
အကြင်နာမဲ့ညနေတွေမှာ
ခေါ်သံတွေကိုလေးညှင်းကလည်း မသယ်ဆောင်တော့
ကမ်းစပ်ကလှိုင်းကြက်ခွပ်တွေ
မာန်ဟုန်တွေတင်းလို့ 
နေမင်းက ခုနှစ်စင်ထက်ပူပြင်း
ညမှာလကလည်းမလင်းတော့
ကို့ ကမ္ဘာတစ်ခုလုံး အမှောင်တွေဖုံးသွားခဲ့ရပေါ့၊
လမ်းတဝက်မှာ လှမ်းတက်ဖို့ ခွန်အားကို
ရေမရှိပဲ ထမင်းခဲစားခဲ့သလိုမျိုး
ရင်ထဲမှာတနင့်တပိုးနဲ့ 
ဝေဝါးတဲ့အနာဂါတ်မျက်ခင်းစိမ်းဆီကို
ကိုအားတင်းကာလျှောက်ခဲ့ရတယ် ။
ပကာသနနဲ့ ဂုဏ်ဒြပ်
မင်းမက်တဲ့အရာတွေ ကိုပိုင်ဆိုင်ခဲ့ပြီ
ဒါပေမဲ့ ကိုလိုချင်တာက 
အဖြူရောင်စာရွက်ပေါ်က အပြာရောင်စာသားတွေကို
မင်းရဲ့ပန်းနုရောနှုတ်ခမ်းပါးရဲ့အနမ်းတစ်ပွင့်
မင်းပေးနိုင်တာက
 ငွေရောင်စက္ကူပေါ်က ရွှေဝါရောင်တေးသွားတွေကို
နီရဲတဲ့နှုတ်ခမ်းနဲ့ အနမ်း...
အချစ်ရေ...ရှိပါစေတော့...
မင်းပေးနိုင်တဲ့ အနမ်း...မင်းလမ်းမှာပဲရှာလိုက်ပါ
အကြင်နာတွေသိုသိပ် မင်းအတွက် ကို့ အချစ်
ဒီဘဝတရေးအိပ်လိုက်တော့မယ်.......
                         လေးစားလျှက်
                                                      ရ/င်ခုန်ရသူ
Followers