အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday 9 July 2013

မဟူရာညထဲ မိန်းကလေးသို့ 

ပြိုကွဲခြင်းတွေ၊ပေါက်ပြဲခြင်းတွေ
ကွာဟခြင်းတွေ၊မညီညွှတ်ခြင်း
မာနတွေနဲ့  တို့ နှစ်ယောက်အချစ်
ကမ္ဘာစစ်ဖြစ်သလိုနဲ့ 
တစ်စစီပျက်ယွင်း၊ တောင်စွယ်နေကွယ်မှာ
သုတ်သင်ခြင်းခံလိုက်ရသလို
ကိုနဲ့ မင်းရဲ့အိမ်မက်က ဇရပ်ပျက်တစ်လုံး
အမုန်းတရားကိုဦးတင်
ကဝေပျိုတစ်ကောင်းရဲ့အကြည့်
 တောနက်ထဲကငှက်ဆိုးတစ်ကောင်လို
မင်းမျက်လုံးတွေကအရောင်လက်
ဒေါက်ဖိနပ်ကို မစီးတတ်တဲ့မိန်ကလေးလို
ကမ်းပါးတစ်ခုမှာကိုပြုတ်ကျခဲ့ပြီ။

အကြင်နာမဲ့ညနေတွေမှာ
ခေါ်သံတွေကိုလေးညှင်းကလည်း မသယ်ဆောင်တော့
ကမ်းစပ်ကလှိုင်းကြက်ခွပ်တွေ
မာန်ဟုန်တွေတင်းလို့ 
နေမင်းက ခုနှစ်စင်ထက်ပူပြင်း
ညမှာလကလည်းမလင်းတော့
ကို့ ကမ္ဘာတစ်ခုလုံး အမှောင်တွေဖုံးသွားခဲ့ရပေါ့၊

လမ်းတဝက်မှာ လှမ်းတက်ဖို့ ခွန်အားကို
ရေမရှိပဲ ထမင်းခဲစားခဲ့သလိုမျိုး
ရင်ထဲမှာတနင့်တပိုးနဲ့ 
ဝေဝါးတဲ့အနာဂါတ်မျက်ခင်းစိမ်းဆီကို
ကိုအားတင်းကာလျှောက်ခဲ့ရတယ် ။

ပကာသနနဲ့ ဂုဏ်ဒြပ်
မင်းမက်တဲ့အရာတွေ ကိုပိုင်ဆိုင်ခဲ့ပြီ
ဒါပေမဲ့ ကိုလိုချင်တာက 
အဖြူရောင်စာရွက်ပေါ်က အပြာရောင်စာသားတွေကို
မင်းရဲ့ပန်းနုရောနှုတ်ခမ်းပါးရဲ့အနမ်းတစ်ပွင့်
မင်းပေးနိုင်တာက
 ငွေရောင်စက္ကူပေါ်က ရွှေဝါရောင်တေးသွားတွေကို
နီရဲတဲ့နှုတ်ခမ်းနဲ့ အနမ်း...

အချစ်ရေ...ရှိပါစေတော့...
မင်းပေးနိုင်တဲ့ အနမ်း...မင်းလမ်းမှာပဲရှာလိုက်ပါ
အကြင်နာတွေသိုသိပ် မင်းအတွက် ကို့ အချစ်
ဒီဘဝတရေးအိပ်လိုက်တော့မယ်.......


                         လေးစားလျှက်
                                                      ရ/င်ခုန်ရသူ
 

 
 
 
 

1 comment:

စံပယ်ချို said...

ခံစားချက်ရသအဲပည့်နဲ့ကဗျာလေးကို ခံစားဖတ်ရင်း ရောက်နေတယ်နော်

Followers