အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 14 March 2014

ဟိုး...အရင်က အဖေနဲ့ ကျွန်တော်


ဟိုး.....အရင်က အဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်
ခက်ခဲမှုဆိုတာတွေကို
နက်နဲမှုထူထည် မေတ္တာတွေခြယ်ပြီး
ချစ်စဖွယ်အပြုံးနဲ့  ကျော်ဖြတ်ခဲ့တယ်...

တနေ့ မှာပေါ့
ဆည်းဆာရောင်ဖျော့ဖျော့ညနေခင်း
အဖေ သီချင်းလေးညည်းပြတယ်..
လူတွေရဲ့သဘော တိမ်တွေလိုမျောရင်း
ခြေချင်းလိမ်နေတဲ့မာယာသမုဒ်
ဟန်လုပ်ပြီး ပြုံးတတ်ကြတယ်..
သားရေ....
လူတွေဘယ်လို အရောင်ဆိုးဆိုး
တန်ဖိုးမလျော့အောင်နေတတ်ရတယ်..
လူရဲ့တန်ဖိုး...အဖေဘယ်လို စံထိုးသလဲ..
ဆင်းရဲနဲ့ ချမ်းသာ ဖန်လာတာ ကံတရား
ပါစပ်မှာဘုရား လက်က အဂတိများသူ
တန်ဖိုးရှိသူမဆိုဘူးသား....

သူသူငါငါ လူတကာပေါ်
ကောက်ကျစ်ကင်းကွာ ရိုးသားစွာနဲ့ 
ဖေးမကူညီ ဖြူသည်စိတ်ထား
ထိုသူအား တန်ဖိုးရှိသူခေါ်တယ်သား...

အဖေဆိုပြဖူးတဲ့သီချင်း
ညနေခင်းတိုင်မှာ ကြားယောင်
ညအမှောင်မှာ ကိုယ်တိုင်ညည်းလို့ 
မျက်ရည်တွေ့  စို့ ခဲ့ရတယ်....

ဟိုး....အရင်က အဖေနဲ့  ကျွန်တော်
လက်တွဲကာ အဖေခေါ်တော့
အဖေ့ကိုမော့လို့ ကြည့်မိတယ်...
အဖေ...ဖြစ်စေချင်တာတွေကို
ပုံပြင်တွေလိုပြော သူမမောခဲ့ရှာဘူး....

အဖေ့မျက်ဝန်းတွေညိုလာတယ်
ညိုရာကတဖြေးဖြေးမဲလို့ ...
အဖေမျက်ရည်တစ်ခါစို့ ခဲ့တယ်..
သူသိနေတယ်တဲ့ ...

သား..အဖေတို့  ဆည်းဆာအတူကြည့်ခဲ့တာ
မှတ်မိသေးလားသား...
အဖေ့စကားအဆုံး..ကျနော် မျက်လုံးလေးမှိတ်
ခေါင်းညိတ်ပြုံးပြခဲ့တယ်....
အဖေးကျေနပ်စွားပြုံးအပြီး
တိမ်မဲကြီးတွေ မြေပေါ်ကျ
အဲဒီညက အဖေနဲ့ ကျွန်တော်
စကားသံတွေ နောက်ဆုံးအနေနဲ့ 
အိပ်ပျော်ခဲ့ကြတယ်...

ဟိုး...အရင်ကအဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်......
ဟိုး.....အရင်က အဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်
ခက်ခဲမှုဆိုတာတွေကို
နက်နဲမှုထူထည် မေတ္တာတွေခြယ်ပြီး
ချစ်စဖွယ်အပြုံးနဲ့  ကျော်ဖြတ်ခဲ့တယ်...

တနေ့ မှာပေါ့
ဆည်းဆာရောင်ဖျော့ဖျော့ညနေခင်း
အဖေ သီချင်းလေးညည်းပြတယ်..
လူတွေရဲ့သဘော တိမ်တွေလိုမျောရင်း
ခြေချင်းလိမ်နေတဲ့မာယာသမုဒ်
ဟန်လုပ်ပြီး ပြုံးတတ်ကြတယ်..
သားရေ....
လူတွေဘယ်လို အရောင်ဆိုးဆိုး
တန်ဖိုးမလျော့အောင်နေတတ်ရတယ်..
လူရဲ့တန်ဖိုး...အဖေဘယ်လို စံထိုးသလဲ..
ဆင်းရဲနဲ့ ချမ်းသာ ဖန်လာတာ ကံတရား
ပါစပ်မှာဘုရား လက်က အဂတိများသူ
တန်ဖိုးရှိသူမဆိုဘူးသား....

သူသူငါငါ လူတကာပေါ်
ကောက်ကျစ်ကင်းကွာ ရိုးသားစွာနဲ့ 
ဖေးမကူညီ ဖြူသည်စိတ်ထား
ထိုသူအား တန်ဖိုးရှိသူခေါ်တယ်သား...

အဖေဆိုပြဖူးတဲ့သီချင်း
ညနေခင်းတိုင်မှာ ကြားယောင်
ညအမှောင်မှာ ကိုယ်တိုင်ညည်းလို့ 
မျက်ရည်တွေ့  စို့ ခဲ့ရတယ်....

ဟိုး....အရင်က အဖေနဲ့  ကျွန်တော်
လက်တွဲကာ အဖေခေါ်တော့
အဖေ့ကိုမော့လို့ ကြည့်မိတယ်...
အဖေ...ဖြစ်စေချင်တာတွေကို
ပုံပြင်တွေလိုပြော သူမမောခဲ့ရှာဘူး....

အဖေ့မျက်ဝန်းတွေညိုလာတယ်
ညိုရာကတဖြေးဖြေးမဲလို့ ...
အဖေမျက်ရည်တစ်ခါစို့ ခဲ့တယ်..
သူသိနေတယ်တဲ့ ...

သား..အဖေတို့  ဆည်းဆာအတူကြည့်ခဲ့တာ
မှတ်မိသေးလားသား...
အဖေ့စကားအဆုံး..ကျနော် မျက်လုံးလေးမှိတ်
ခေါင်းညိတ်ပြုံးပြခဲ့တယ်....
အဖေးကျေနပ်စွားပြုံးအပြီး
တိမ်မဲကြီးတွေ မြေပေါ်ကျ
အဲဒီညက အဖေနဲ့ ကျွန်တော်
စကားသံတွေ နောက်ဆုံးအနေနဲ့ 
အိပ်ပျော်ခဲ့ကြတယ်...

ဟိုး...အရင်ကအဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်......

ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ( လယ်တီဆရာတော် )



-

ငါးအာရုံအင်အစု ခင်မှုနှင့်နေ့ကုန်၊

နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊

ပယ်လေးဝသောကဘုံမှာ မျောရရုံရှိတော့ကမန်း၊

အောက်အဝီစိသောင်းအငူမှာ ခေါင်းမပြူစတမ်း။

-

နှစ်အရှည်နစ်မည့်လမ်းကိုလ နင်မျှော်စမ်းနင့်ကို၊

ဒေသနာထင်အလင်းရယ်နှင့် နင်အဖျင်းပိုထက်သာပို၊

ဒီလောဘစရိုက်အိုကို မလိုက်လိုရှောင်ပစ်လို့၊

နောင်အသစ်တကယ်ပြင်လျှင် ကောင်းဖို့အစဉ်။

-

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာဆဲမှ မခဲချင်လျှင်

အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာတုန်းမှ မရုန်းချင်လျှင်

အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။ ။

-
(လယ်တီဆရာတော်ဘုရားကြီး)
တေးထပ် ကဗျာ။

နွားလှကဗျာ

သံသရာ တစ်လှည့်မှာ

ဖန်လာတယ်ကံကြမ္မာ ရယ်က

ဂေါဏလို့  အမည်တွင်

ကျန်အင်ငယ် စုဖြိုး

အချစ်တိုးစရာ့ သူအသွင်...

သခင်လူ အလိုတော်ကျ

ကာယကို အားကိုး နွံမှာတိုးလို့ 

ထမ်းပိုးကို ပခုံးထက်တင် ယာပြင်လည်းဆင်း

လည်ဆံကိုတင်းလို့ ရယ်

ကာယလုပ်သားကောင်းကြီးပေါ့ကွယ်.....

ကာယလုပ်သားကောင်းကြီးသူ့ နာမည်....

ရက်လရာသီတွေပြောင်း...

ဒူးတွေလည်းမခိုင် ယိုင်နဲ့ နဲ့ ခွန်းအား

ချိနဲ့ ကာသွားတော့ဖြင့်ကွယ်...

မျက်လုံးကလေး ကလည်လည်နဲ့ 

စက်ကြီးကလည်း ဝီဝီခေါ်

ငါ့အဖော်တွေလည်းဝင်ကုန်ပြီ

ဂေါဏမံသံရယ်တော့ ငါဖြစ်တော့မယ်

သြ..သခင်ရယ်

သင့်အတွက်ငါ တာဝန်တွေ ထမ်းချင်သေးသပါ့ဟယ်

နဘဲကြိုးဇီးထမ်းပိုးနဲ့  တစ်နှစ်တစ်မိုးတော့

ရုန်းချင်စမ်ပါ့သခင်ရယ်...

နွားလှနပြာ မျက်ရည်လေးလည်ကာဖြင့်

ကာယလုပ်သားကောင်းကြီးရယ်.....

နွေရွက်ကြွေ



ဆိတ်ငြိမ်တဲ့  နေ့ ရက်
ခက်ခဲမှုတွေကိုတုပြိုင်
မာဏ္ဍိုင်တွေထူလို့ 
ဘဝလှဖို့  အညတြ အမိုးအကာတွေအောက်
တက်မရှိပဲ လက်ထိုးလှော်ခဲ့ရတယ် အမေ....

လောကမှာ လေ
တုံးအောက်ကဖားလို
ဖိလေပြားလေပုံစံတော့
သမီးမနေချင်ဘူး...
နွားခြေရာခွက်ထက်
ပင်လယ်သမုဒ္ဓရာကို ခုံတက်ဖို့ 
ကြိုးစားခဲ့တယ်...
တကယ်တော့...
ပဲ့ကိုင်ဖူးတဲ့ အမေ့လက်တွေကြောင့်
သမီးကူးခတ်နိုင်ခဲ့တာပါ...

အိမ်ဆိုတာပြန်လာနားခို ဖို့ ဆို..
အမေရော ဘယ်တော့ပြန်လာမှာလဲ
တစ်ယောက်ထဲတွေးမိတိုင်း
နွေမှာကြွေတဲ့  ရော်ရွက်ရိုင်းတွေလို
စိတ်တိုင်းကျ ရွက်လွှင့်ချင်မိတယ်...

အိပ်မက်တွေထွန်းညှိဖို့ 
မီးစာကိုရှာတိုင်း
အမေ့စကားသံတွေ လေလှိုင်းထဲက ကြားနေမိတယ်
သမီး သိသိနဲ့  အမှားတွေလုပ်ချင်မိတယ်
အမေ့ရဲ့ ဆုံးမတဲ့လက်တွေ လိုချင်သေးလို့ 

နွေမှာကြွေ တဲ့သစ်ရွက်လေးလို
ရိုးတံ အိုဆီ ပြန်မသွားနိုင်တော့
ကြွေကျ မြေခခြင်း ရလဒ်နဲ့ 
အဆုံးသတ်ခဲ့ရပေါ့....အမေ...

ဝေးခဲ့ကြရလေသောအခါ

 
ကာရံတွေနဲ့ လျှောက်လှမ်း
ငါ့ကဗျာလမ်းကြောင်းမှာ
ခက်ဆစ်တွေဖွင့်ဖို့ မလို
အပိုအစာမသွပ် ခဲ့ပါဘူး

နဂိုအရှိအတိုင်း
မ၇ိုင်းရအောင် ဖွဲ့ ဆိုလို့ 
ဖတ်ရသူအဖို့  ကျေနပ်ရင်
ငါ့ရင်က ကဗျာ ရှင်သန်နေမှာပါ...

ကဗျာရေးသူ
သူသူငါငါတို့ ဟာ
အလှကိုရှာ ဖန်ဆင်းကာပြ
အလှတန်းဖိုး မညှိုးစေချင်
ရင်ခွင်မှာစွဲ ကလောင်ကိုမြဲစေခဲ့တယ်..

နှောင်တွဲမိတဲ့ သံယောဇဉ်
ပြန်ပြောရင် တမ်းတမိ
တသသည့်အတိတ်ဟောင်းကို
စိတ်ပြောင်းလိုတိုင်း ရေးချရင်
ဘယ်ရင်ခွင်မှာပဲပျော်နေပျော်နေ
မျှော်နေသေးတယ် ပန်းသဇင်....

နန်းဝင်သူမို့ 
ခြွေဖို့ မတွေးခဲ့ပါဘူး
ဝေးရမှာ ကြိုးတွေဖူးပေမဲ့
ဝေးခဲ့ကြရလေသောအခါ
ကဗျာပန်းကို ပျိုးမိတယ်...

ကဗျာနဲ့  သဇင်
ဘယ်ယှဉ်ဝံ့ပါ့မလဲ
ညကောင်းကင်ထဲက လနဲ့ ကြယ်လို
အလှတွေရော ဘယ်လိုတူနိုင်မှာလဲ..
လမင်းသာဖို့  လူတွေဆုတောင်းရင်.
လိုချင်တာပြည့်ဖို့  ညကကြယ်တို့ 
ကြွေကျလို့ ပေးရတာ မဆန်းပါဘူး...

ဟုတ်ပါတယ်မဆန်းဘူး
ကဗျာတွေ ကြည်ကြည်နူးနူးစပ်
သဇင် အတွက်ပေးဆပ်နေဦးမှာ
တို့ တွေ....
ဝေးခဲ့ကြရလေသောအခါ........

Followers