အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday 30 September 2012

ပျော်ပါစေချစ်သူ

အဝေးကနေ
 တောင်းဆုခြွေရင်း
 မင်းသတင်းလေး
 ရေးရေးကြားရ
 နားဝမှာဖြင့်
 မယုံချင်ပါ။
 ဝေဟင်လယ်မှာ
 ပျံသန်းရှာတဲ့
ငှက်ရဲ့မာန်မျိုး
ဟိုး...အဝေးဆီ
 ကမ်းမကြည်တယ်
 လမ်းရယ်မညီ
 လေနီကကြမ်း
 မင်းအားနွမ်းကာ
 အတောင်ကျိုးမှာ
 သိကာနေလည်း
 ငါ့ရင်ထဲမှ ပြောဟချင်သေး
 ငှက်ကလေးရေ
 ပျော်ပါစေနော်။
 လေးစားလျှက်

 ရင်ခုန်ရသူ

ချစ်တိုက်ပွဲ

တုတ်လေးကိုကောက် လမ်းလျှောက်ကာသွား
 မာယာများသော လောကအလယ်
 အသည်းငယ်သူ ချစ်သူရှာမိ
 မထိတထိ ကလိလိုက်ရာ
 ပမာမြွေမျိုး မုန်းစွယ်ငြိုးရယ်
 အန္တရာယ်ပြု ငါမမှုခဲ့။
 ရေပြင်ကျယ်ကျယ် ကမ်းရယ်မမြင်
 လေနှင်ရာလွင့် လေလွင့်ငှက်လို
အချစ်ကိုရှာ ဝေဒနာကြား
 ခါးသက်သက်မို့။
 အလပ္ပါယ်လို
မြွေကိုစေသွင်းပချုပ်တွင်းသို့
 တေးညှင်းနဲ့ပေါ့။
 လေဆန်ကိုတု မာန်ကိုပြုမည်
 ကမ်းဆီမရောက် လမ်းပျောက်ခဲ့လည်း
 အချစ်ပွဲတော့ နွှဲရပေါ့ကွယ်
 တိုက်ပွဲသဖွယ်။ လေးစားလျှက်
 ရင်ခုန်ရသူ

အချစ်သရဲမ

အနားကိုကပ်၊တစ်ချက်လောက်ခေါက်
 တခါးပေါက်ကို၊မြှူချိုအသံ
 ခေါ်ပြန်ပါပေါ့၊ခပ်သော့သော့လေး
 ချစ်သောမောင်ရေတဲ့။
 နှလုံးသားရဲ့၊တခါးရွက်က
 အသာယာပွင့်၊အသံလာရာ
 နားစွင့်ကာပေါ့။
 မြင်ရသည်က
 အပြုံးတစ်ပွင့်၊အမုန်းဆင့်ကာ
သုဘဒ္ဒါလို၊ငြိုးမာန်တွေပျိုး
 နတ်ဆိုးတစ်ကောင်၊ကျီစယ်သယောင်
 ပါးယောင်ထွားထွား၊နားကားကားနဲ့
 အချစ်ရဲ့တစ္ဆေမ။
 မင်းတခါးဝက
 ထွက်သွားပါတော့၊တောင်းပန်ပါတယ်
 ငါတကယ်ကြောက်မိ
 မင်းရဲ့ကလိမှုတွေ။
 အချစ်သရဲမရေ။
 လေးစားလျှက်

 ရင်ခုန်ရသူ

ဒေါင်းမလေးသိစေဖို့ 

ဒေါင်းမကလေး၊ကဟန်ရေးကြွယ်
လှသွေးရယ်စုံပေါင်းဖော်စုံဆွေတစ်သင်းနဲ့ ရဂုံတွင်မွေ့လျော်၊သူပျော်ပျော်နေ
 တေးညင်းကသာ၊အတောင်ရယ်ဖြန့်ကာဖြူး
 ဘယ်ညာကွန့်လူးလို့၊မြူးဖို့သာမြင်
 အိုးဝေသံလေး၊ဖိုမ,သံပေး
 ချိုရေးတွန်ကာ၊တီတာတာဖြင့်
 တလွင့်လွင့်သူ့ဂုဏ်မာန်
 မုတ်သုန်ပြန်လေရူးနှယ်
 အသွယ်သွယ်သူဖြတ်သန်း
 အံ့မခန်းပါပေ့။
 ရွေ့ဒေါင်းငယ်လေး
 သတိပေးပါရစေ
 အလှရဲ့မာနတခဏသာ
 မတည်မြဲရာမို့၊မင်းဘဝဖို့
 တွေးလိုဆင်ခြင်စေ
 ဒေါင်းပျိုမရေ။
 လေးစားလျှက်

 ရင်ခုန်ရသူ

လှေပြိုင်ပွဲနွှဲစို့ ကွယ်

တော်သလင်းမယ်၊လှေးသင်းငယ်စုံ
 ရေဟုန်ကိုလှော်၊ဇွဲနဲ့မျှော်ကာ
 ဇလ္လာရေပြင်၊ကြည်လင်စင်ပ
 ဟေမာန်ရာသီ၊အစချီတဲ့
 ဒီတစ်လှည့်မှာ၊မောင်တကာကို
 မယ်ပျိုတို့များ၊အားပေးသွားရန်
 ဖုံလျှံအဆွေ၊အထွေထွေပေါ့
 မောင်တို့အားမာန်၊မိုးသို့ထန်တယ်
 တိမ်ပန်းရယ်စုံ၊အဖြူရုံထွေး
 အပြာလေးနှော၊နီဝါလည်းရော
 အလှပေါတဲ့၊ဆည်းဆာသဲ့မှာ
 တေးသံသာသာ၊ရေရဂုံမှာ
 လှော်ကာသွက်လက်၊တက်အထပ်ထပ်
က်ယက်ပုံသွင်၊မြင်လျှင်ဘဝင်
ရွှင်ပြစေပါ့၊နှမခင်ရယ်
 ပန်းအဝင်မှာ၊ကမ်းလင့်ပါလက်
 ချစ်သက်ပျိုမေ၊မောင်ဖေအတွက်
 ပန်းခက်ဖြာဖြင့်၊ဝင့်ဝင့်ယမ်း၍
 ပျော်မွေ့ဖွယ်ပေါ့။
 လေးစားလျှက်

 ရင်ခုန်ရသူ

Friday 21 September 2012

သူ့ အလှလေး ဖွဲ့ နွဲ့ သီ

ဝါဝါဝင်းဝင်း၊သူ့ အဆင်းလှ
မြင်ရသည်တွင်၊စိတ်ကြည်ရွှင်၍
ဘဝင်နှလုံး၊ပီတိဖုံးကာ
မြသက်လျာအား၊ကြည်ဖြူမလား
သောကပွား၍၊မှိုင်၍ငေး၏
ဆွေးလေ၏။

သာယာရွှင်းရွှင်း၊စိတ်အလင်းနဲ့ 
ပြုံးတဲ့မျက်နှာ၊လင်းလက်စွာဖြင့်
ရင့်ရင့်ကြူးကြူး၊ပျော်လို့ မြူးကာ
ညင်သာညက်ညော၊သူ့ အပြောသို့ 
တိုးလို့ ခွေယိုင်၊စိတ်မခိုင်ခဲ့
ခပ်ရဲ့ရဲ့မို့ ၊ထိုင်လို့ တွေး၏
တွေးလေ၏။

သာသာရှင်းရှင်း၊သူ့ သတင်းက
မိုးကျရွှေကို၊လှသက်ပျိုလား
ထင်မှားစရာ၊ဖြစ်ကာလာတော့
ငွေကျော့မျက်နှာ၊လင်းလက်စွာလေး
ရေးရေးလေးပြုံး၊ရှုမဆုံးပါ
အသည်းချာတွင်၊ပိုင်လို့ စိုး၏
စိုးလေ၏။
လေးစားလျှက်
****ရင်ခုန်ရသူ****

ဇွဲမာန်နှင့်လူ

ကိုးလတွင်လွယ်၊ဆယ်လဝယ်ဖွား
သန္ဓေသားငယ်၊အုဝဲရယ်လို့
ငိုလို့သက်ဆင်း၊လောကတွင်းဝယ်
မျက်နှာငယ်နဲ့၊ရောက်ခဲ့ရပြီ။

လေပြေမသမ်း၊ခရောင်းလမ်းပေါ်
အဖော်မပါ၊တစ်ကိုယ်သာလျှင်
လောကရင်ပြင်၊ခြေလျှင်ငါလျှောက်
ဖဝါးပေါက်လည်း၊တရွတ်ဆွဲလို့
လျှောက်မြဲလျှောက်မည်၊ပန်းတိုင်ဆီ။

ရှေ့ကကာဆီး၊ဒုက္ခမီးလည်း
မမှုပဲပေါ့၊ခေါင်းမော့ရင်ကော့
 သော့သော့လေးနှင်၊အားအင်မာန်ပျိုး
 ဇွဲဆင့်တိုးကာ၊လှမ်းကာသွားမည်။
ဘဝရေဆန်၊လှိုင်းလေထန်လို့
ယိမ်းလို့တိမ်းကာ၊ပမာလှေငယ်
မှောက်ပုံနှယ်လည်း၊အားခဲယှဉ်ပ
 ဇနက္ကထုံး၊နှလုံးမူကာ
ကူးခတ်သွားမည်၊ကမ်းသို့ဆီ။

ရင်ခုန်ရသူ

ရဂုံတွင်းက အလွမ်းည

ရဂုံသာမော၊လွန်ကျယ်ပြောလှ
 လွမ်းရဘဝင်၊စိတ်မရွှင်သာ
မျှော်ကာရယ်ဆွေး၊ငှက်ကျေးရယ်မြူး
 တေးသံကြူးကြ၊တမ်းတစိတ်ကို
 ပိုမိုလွန်ကဲ၊အတွေးထဲမှာ
ပမာလေရူး၊တိုက်ခတ်မြူးလို့။
နေမင်းတောင်ဆွယ်၊ပုံးကွယ်ဝင်ပြေး
တဖြေးဖြေနက်၊သန်းခေါင်ထက်မယ်
ကျီစယ်ငှက်ဆိုး၊တိမ်မည်းမိုးရိပ်
ပိတ်ပိတ်ရယ်ဖုံး၊ကွယ်ပြုန်းလရောင်
အမှောင်ရယ်စိုး၊ညနက်မျိုးကို
ဘယ်လိုဖြတ်သန်း၊ယောင်ရမ်းရမ်းနဲ့။
စီးနှင်းထွေထွေ၊သွေသွေရယ်ဆင်း
လေညှင်းငယ်ဖြူး၊လူးလူးလွန့်တုန်
ဆောင်းအဟုန်ပြင်း၊ဒီရင်တွင်းတိုး
လွှမ်းမိုးလို့သာ၊ဝေဒနာက
ဖြေမရနိုင်၊တွေမှိုင်ရယ်ငေး
 နယ်ဝေးသူလွမ်း၊အသည်းကျွမ်းလု
ပူမှုရယ်စုံ၊အဖုံဖုံသာ။

ရင်ခုန်ရသူ

အလင်းရောင်စစ်ဆီသို့ 

အလင်းရောင်အစစ်ဆီသို့ 

နှင်းစက်ထွေးထွေး၊မြူဖွေးဖွေးရယ်
ကြယ်ရောင်မလင်း၊လမင်းမသာ
ကမ်းယံကပြို၊တောင်ကညိုနဲ့
အမှောင်ကတိုး၊ဒီညဆိုးမှာ
လမ်းကိုငါလျှောက်၊နက်စောက်ချိုင့်ဝှမ်း
ခရီးကပန်း၊လူလည်းနွမ်းပြီ။
ငါသည်ခရီး၊ဆက်ပြီးသွားက
ဒုက္ခထွေထွေ၊တဏှာပွေမြဲ
သေသော်လည်းမှ၊ငရဲကျမည်
သံသရာစက်၊ဝဲဂယကဲထဲ
ရစ်ဝဲနေလိမ့်မည်။
အမှောင်ကိုခွင်း၊အလင်းရောင်ရှိ
နေ့သစ်သို့ဆီ၊အားမာန်ချီကာ
ဇွဲသန်စွာနဲ့၊ကွန်ယက်ရဲ့နွံ
နစ်မကျွံအောင်၊ငါစွမ်းဆောင်မည်
ရောင်ခြည်ဖြာလျမ်း၊နိမ္ဗာနန်းမှာ
သူသူငါငါ၊လူတကာတွက်
ဖွင့်လျှက်ထားသည်၊သွားနိုင်သည်။


                                        ရင်ခုန်ရသူ

Followers