ကိုးလတွင်လွယ်၊ဆယ်လဝယ်ဖွား
သန္ဓေသားငယ်၊အုဝဲရယ်လို့
ငိုလို့သက်ဆင်း၊လောကတွင်းဝယ်
မျက်နှာငယ်နဲ့၊ရောက်ခဲ့ရပြီ။
လေပြေမသမ်း၊ခရောင်းလမ်းပေါ်
အဖော်မပါ၊တစ်ကိုယ်သာလျှင်
လောကရင်ပြင်၊ခြေလျှင်ငါလျှောက်
ဖဝါးပေါက်လည်း၊တရွတ်ဆွဲလို့
လျှောက်မြဲလျှောက်မည်၊ပန်းတိုင်ဆီ။
ရှေ့ကကာဆီး၊ဒုက္ခမီးလည်း
မမှုပဲပေါ့၊ခေါင်းမော့ရင်ကော့
သော့သော့လေးနှင်၊အားအင်မာန်ပျိုး
ဇွဲဆင့်တိုးကာ၊လှမ်းကာသွားမည်။
ဘဝရေဆန်၊လှိုင်းလေထန်လို့
ယိမ်းလို့တိမ်းကာ၊ပမာလှေငယ်
မှောက်ပုံနှယ်လည်း၊အားခဲယှဉ်ပ
ဇနက္ကထုံး၊နှလုံးမူကာ
ကူးခတ်သွားမည်၊ကမ်းသို့ဆီ။
ရင်ခုန်ရသူ
No comments:
Post a Comment