အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 31 October 2013

မော်ဒန်ကဗျာရေးနည်း....

မော်ဒန်ကဗျာရေးချင်တယ်ရေးနည်းလေးပြောပြပါဦး..ဆိုတဲ့သူငယ်ချင်းရေ...
မော်ဒန်မှာတော့ကာရန်ပိုင်းတွေမလိုပါဘူးဗျာ...ဝင်္ကဝုတ္တိအလင်္ကာ(သွယ်ဝိုက်ရေးသားခြင်း)၊ဥပမာအလင်္ကာ
(ဥပမာပေးရေးသားခြင်း) ကိုဦးစားပေးရေး၇တဲ့သဘောပါ။။
။ဆိုလိုချင်တာကို....မြင်သာအောင်မဖော်ပြပဲ...ကဗျာကိုဖတ်တဲ့သူဟာ...
ကဗျာရေးသူဘာကိုဆိုလိုလဲဆိုတာ...ကိုယ်တိုင်တွေးယူရပါတယ်...ကဗျာဖတ်သူ
နားလည်ချင်မှလည်းလည်မယ်တခါတ၇ံမှာ...ဥပမာအနေနဲ့ 
ဒေါက်ဖိနပ်ကိုမစီးတတ်တဲ့ မိန်းကလေးငယ်လို
ငါဟာ ကမ်းပါးတစ်ခုမှာ ပြုတ်ကျခဲ့ရတယ်..အချစ်....
ဘာကိုဆိုလိုလည်းဆိုတော့   အချစ်ကိုနားမလည်ပဲချစ်ခဲ့မိတဲ့အတွက်...
အသည်းကွဲခံစားခဲ့ရတာကိုဆိုလိုတာပါ...
မော်ဒန်မှာ...စာလုံးရေ စာပိုဒ်ရယ်လို့  ကန့်သတ်ထားတာမရှိပါဘူး...
ကိုယ်စိတ်ကူးဥာဏ်ကောင်းသလို ချဲ့ကားသွယ်ဝှက်ရေးနိုင်ပါတယ်...
တချို့ ကလည်း...ရိုးရှင်းစွာရေးသားကြတယ်...
ခုခေတ်မှာက ကဗျာအမျိုးစိတ်တွေကများပြာလှပါတယ်..
ကဗျာဆိုတာကတော့...မိမိခံစားရတဲ့အရာကို..ဖော်ထုတ်ခြင်းတစ်ခုပါပဲ
မြန်မာကဗျာတွေမှာလည်း..ဆိုလိုချင်တာကို...ဒေါသမသက်ပဲ...နုရွလှပအောင်
တန်ဆာဆင်ယင်...ရေးသား ရပါတယ်...
မော်ဒန်မှာကတော့...ဒေါသထွက်နေရင်..အဲတာကိုရေးလို့ ရတယ်..
ပျော်ရင်လည်းတန်းချရေးလို့ ရတယ်...ဒါပေမဲ့မော်ဒန်သဘောကတော့
ဆိုလိုချင်တာကို...ဝင်္ကဝုတ္တိအလင်္ကာ(သွယ်ဝိုက်ရေးသားခြင်း)၊ဥပမာအလင်္ကလာ
(ဥပမာပေးရေးသားခြင်း)တို့ နှင့်ရေးသားရတဲ့သဘောရှိပါတယ်....
စိတ်ကူးကောင်းဖို့ လိုပါတယ်ခင်ဗျာ....
ဒါကလည်းကျနော်နားလည်သလောက်
ပြန်ပြောပြတာပါ...
ဒီလောက်ဆို သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်နော်...
အဆင်ပြေပါစေနော်...အာပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်

လေးစားလျှက်ပါ.....




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Tuesday 29 October 2013

~~~**ရွှင်ပြုံးနှစ်ဖြာ လက်ထပ်မင်္ဂလာ သို့ **~~~(ပိုဒ်စုံရတု)






ငွေရောင်ဖွေးဖွေး၊လရောင်နွေးအောက်
ပြေးလျှောက်တွယ်ယှက်၊နွယ်မျက်ခတ်ဖြာ
ခင်းကဗ္ဗလာလို၊ရည်စိုနှင်းပေါက်
ပြိုးပြောက်ပြောင်လက်၊ရွက်လက်ထက်ဝယ်
ပုလဲနှယ်သို့ ၊ရွဲနှယ်သို့ ...၊

လေဆောင်အေးအေး၊ဆောင်းလေအေးမို့ 
ချမ်းလို့ ခိုက်တုန်၊ရင်လှိုက်ခုန်အောင်
ခြုံစောင်မနွေး၊သူ မ,ဖေးမှ
နွေးရရင်နန်း၊စိတ်ရွှင်လန်းဖွယ်
မခွဲဘယ်သို့ ၊မြဲမယ်ဒို့ .....။

မေမောင်ဆွေးနွေး၊ဆုံကြရေးကို
တွေးဆိုကာဖြင့်၊ရာသင့်ခါပေး
ဆောင်းလအေးမှာ၊ဝါလလည်းကင်း
ဆုံဖက်ခြင်းမှု၊ပြုမင်္ဂလာ
နှစ်ဖြာမိဘ၊ညီလှမောင်ဘွား
ဆွေသားချင်းစုံ၊ချစ်ရိပ်မြုံနန်
လှမ်းစို့ တူပြိုင်၊ရွှင်ချစ်ပြည်နယ်
မြသဲမယ်သို့ ၊ပွဲလယ်မို့ ....။

လေးစားလျှက်
ရင်ခုန်ရသူ




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Saturday 26 October 2013

တလွဲအယူမှားနေခြင်း

 ~~~***တလွဲအယူမှားနေခြင်း***~~~

                စကားတစ်ခုလောက်ပြောပါရစေ၊..အကြောင်းအရာတစ်ခုပေါ့နော်...ကျနော်တို့ လူတွေ

အများစုဟာ အောင်မြင်ကျော်ကြားချင်ကြတဲ့သူတွေများပါတယ်။အောင်ကျော်ကြားချင်တာ

တကယ်တော့မဆန်းပါဘူး...လူတိုင်းအောင်မြင်တိုးတက်ကောင်းမွန်အောင်အားထုတ်ကြိုးစာနေကြ

ရတာဓမ္မတာပါ။ဒါပေမဲ့ဆန်းတယ်လို့  ထင်ရတာလေးတော့၇ှိရှိပါတယ်။ဘာလဲဆိုတော့ ခုခေတ်

မှာမိန်းကလေးအများစုမှာ..ဥပမာ အနုပညာလုပ်နေတဲ့ ကြတဲ့ ညီမလေးတွေ ရှိပါတယ်။အနုပညာ

သွေးပါလာတော့ အောင်မြင်တဲ့အနုပညာသမားတစ်ယောက်ဖြစ်ချင်ကြတယ်။ဒါလည်းကောင်းမွန်တဲ့

စိတ်ထားပါ။မကောင်းတာတစ်ခုက  ဟိုတစ်နေ့ က ကျနော် စမ်းသပ်တဲ့အနေနဲ့  မင်းသမီး သက်မွန်

မြင့် ပုံနှစ်ပုံကို တင်ပေးခဲ့တယ်။သက်မွန်မြင့်က ထိပ်ဆုံးကိုရောက်နေတဲ့မင်းသမီးတော့မဟုတ်ပါဘူး။

ပုံနှစ်ပုံမှာ တစ်ပုံက sexyကျတယ် နောက်တစ်ပုံက ယဉ်တယ်ပေါ့။

               

Thursday 24 October 2013

ညှို့ သူအပြုံး

 
 
 
 
နေညိုညို..ညနေခင်းမှာ..

ရွှေအိုရောင်...ဆည်းဆာအလှနဲ့

ဖားလျားကျနေတဲ့ဆံနွယ်တွေ...

လေမှာမျောလွင့်ရင်း...

ခပ်သင်းသင်းလေးမင်းကိုယ်နံ့ ...

စွဲပျံ့ စေခဲ့ဖူး.....

ညွှတ်နူးသွယ်..နှုတ်ခမ်းပါးလေး...

အပြုံးလေးတွေ...ပုလဲသီလို့ ...

ကို့ အသည်းဆီမှာ..မှတ်ကျောက်တင်ခဲ့တယ်...

ညို့ အားမပြယ်နိုင်တဲ့..အပြုံး

ကို့ ရင်ကမ္ဘာတစ်ခုလုံး..

ဖုံးလွှမ်းလို့ ပေါ့....

မိုးကျရွှေကို..ဆိုချင်ပေမဲ့..

မဟုတ်ခဲ့ဘူး...မျက်ဝန်တွေစူးလို့ ..

ကို့ ကိုရူးလောက်အောင် ...ဖမ်းစား..

နှုတ်ခမ်းပါးက..အပြုံးတွေမို့ ...

ကို့ ကိုဆိုခွင့်ပြုပါ...

ညို့ သူအပြုံး....

ထာဝရ..မမုန်းတမ်း..အမြဲတမ်းသာ..

ရင်မှာသိမ်းရင်း...ချစ်ခြင်းတွေ..ဝေဆာ..

မိုနာလီဇာ...မင်းကိုလက်မြှောက်လို့ ..

အရှုံးတွေ နဲ့  ငိုနေပြီ....။


လေးစားလျှက်
ရင်ခုန်ရသူ
 
 
 
အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Friday 18 October 2013

ဝါလကင်းလွတ် သီတင်းကျွတ်


                                                            
 
အော်....ဘာလိုလိုနဲ့ ...သီတင်းကျွတ် လပြည့်နေ့ တောင်ရောက်လာပြန်ပါပေါ့လား

တွေးရင်းနဲ့  ဖိုးသူတော်ဦးမင်းရဲ့ ကဗျာလေးတောင်အမှတ်ရမိတယ်..

"ဆီမီးရယ်တဲ့ထိန်၊အိုင်မင်းရေကြည်က

ကြာငါးမည် ငုံအာစွင့်တယ်၊ဖူးပွင့်ချိန်ခါ။....။

အဿဝဏီ ယှဉ်ကာချဉ်းပါလို့ ....

လင်းလာတဲ့ငွေတာရိန်ငယ်...ပြာမှိန်လျှက် မြူချေဆိုင်း..။

ဂါရဝေ၊သဒ္ဒါခြွေ ကန်တော့ပွဲကိုလ..

မစဲပေါင် ကုသိုလ်နှိုးကြတယ်၊မျိုးမြန်မာတိုင်း...။"

Tuesday 15 October 2013

ငယ်လေးချစ်တဲ့မောင်

တွေးဖူးတယ်..

ဝေးရဦးမယ် ဆိုတဲ့ အသိ

နှလုံးသားထိအောင်ရိုက်ခတ်တော့...

ဖျော့တော့ခဲ့တဲ့..မေ့မျက်ဝန်း...

မျက်ရည်စ တွေ စွန်းခဲ့တုံးက...

အပြုံး.ကလေးနဲ့ သူ နှစ်သိပ်...

သူ့ ရဲ့ခံစားမှုတွေ မျိုသိပ်လို့ ...

မောင်တို့  ဘဝအတွက်..ခွဲရခက်ခက်..

မခွဲရက်လည်း...တွဲရက်တွေရှည်စေအရေး...

ခဏလေးဝေးရတာပါနော်တဲ့ .....

အဖော်မဲ့တဲ့...လွမ်းရက်တွေမှာ..

မောင်မပါပဲ..ခက်ခဲစွာဖြတ်သန်း...

ငယ်သိပ်ပင်ပန်းလှပြီမောင်....

နေရောင်ခြည်တွေ...မှေးမှိန်..

ကြယ်တွေတိမ်မြုပ်ခဲ့ရသလို...

ငွေလမင်းလည်းတစ်ကိုယ်ထဲပါမောင်...

ညသန်းခေါင်မှာ..ငယ်ယောင်ယောင်အော်မိတယ်...

မောင်ရယ်..အမြန်ပြန်လာပါတော့ကွယ်...

သိပ်လွမ်းတယ်....


လေးစားလျှက်...ရင်ခုန်ရသူ

ဆိုင်သူလေးစနဲ့ ကျနော့ ချစ်သူ

တွေးမိရင်ရယ်စရာ....

မရေရာတာကျနော့အချစ်...

စမ်းစစ်နေစရာမလို....

အပိုပါကွာလို့ ခင်ဗျားတို့ (သူတို့ )ထင်မည်..

ကံကြမ္မာ..မျက်နှာပေးမညီတာ...

ကျနော့မှာသာ....ကံဆိုးမ သွားရာ မိုးလိုက်လို့ ..ရွာနေသလား...

အသည်းကြားထဲမှာ.....ပျိုးခဲ့ဖူးတာမရှိလေပဲ...

မသိ..တကယ်ပဲ...သူပေါ်လာ...

ယုံနိုင်အောင်ပြန်စစ်ဆေး...

သူ့ ကိုပဲတွေးနေမိ...

ရေးနေမိတာသူ့ အတွက်ကဗျာ....

သူလှောင်နေမှာလားကျနော်မသိ...

ရင်မှာရှိတာ..မေတ္တာပန်း...

သူအတွက်ဆို ...အမြဲတမ်း...

လန်းဆန်းလို့ ပေးချင်သူ...

ကလူလေတဲ့ ..မြှားနတ်မောင်...

ငါ့ရင်ကိုမရှောင်မိပဲ..ပွတ်ကာဆွဲလို့ သွားပြီးမှ...

ထိရှသွားခဲ့တာ..တပါးသူ..

ငါ့အသည်းတွေယူပြီး...ပေါ့

သော့သော့လေးရယ်သံပေး...

ဆိုင်သူလေးနဲ့  ကျနော့ချစ်သူ...
 
 
လေးစားလျှက်...ရင်ခုန်ရသူ

Thursday 10 October 2013

Boilsoft Video Splitter v7.02.2 Portable

ဓါလေးကနောက်တစ်မျိုးပါ videosတွေကိုလိုသ လိုဖြတ်တောက်လို့ ရတာလေးပါပဲပေါ့...လိုအပ်တဲ့သူတွေအသုံးပြုလို့  ရအောင်ပြန်လည်မျှယေလိုကါပတယ်နော်....အောက်ကလင့်မှာဒေါင်းလိုက်ပါနော်...
.Download here...



Tuesday 8 October 2013

***နွေး...သိပါစေ***




နွေး....တွေးမိတိုင်းလည်း

ငါမျက်ရည်တွေဝဲနေမိတယ်..

နွေး...အဆွေးကမ္ဘာမှာ

မဖြေသာ...နာကြင်နေဆဲပါ...

နွေး....ဝေးလို့ သွားကြပေမဲ့

ထားခဲ့တဲ့သစ္စာတရားတွေ...အရောင်တောက်နေဆဲပါ...

နွေး.....နှင်းမြူတွေလည်းဖွေးပြ

နင်ထိုးပေးခဲတဲ့ အနီရောင်စွယ်တာလေး...ငါ့ကိုနွေးထွေးစေဆဲပါ..

နွေး.....တို့ အတူပြေးခဲ့တဲ့လမ်းမလေး....

ခရေပန်းတွေမွှေးလို့ နေပြီ...

နွေး.....နင်ပေးခဲ့တဲ့ အနမ်း...

ငါ့ရင်မှာလွှမ်းမိုးနေဆဲပါ...

နွေး....."ငါ့ကိုပဲအမြဲချစ်ပါနော်"လို့  အမူလေးနဲ့ နင့်စကား

ငါ့နားထဲမှာကြားလို့ နေဆဲပါ...

နွေး....ရယ်

နေ့ ရက်တွေကုန်ခမ်း...လောကလမ်းပေါ်မှာ

နင်မပါတဲ့ ငါ့ဘဝ....ခါးသီးလှပါတယ်...

"ငါမရှိလည်း နင်အသက်ရှင်နိုင်ရမယ်နော်"ဆိုတဲ့..

အမှာစကားတစ်ခွန်း...

ငါ့ရင်မှာမျက်ရည်မိုးတွေသွန်းစေခဲ့တယ်...

နွေး..ရယ်

ဘယ်ကမ္ဘာပဲရောက်ရောက်....နင်တစ်ယောက်တည်းသာ

သစ္စာတွေနဲ့ ...မေတ္တာတွေဖွဲ့ လို့ ...

တို့ ချစ်ပါရစေနော်...

နွေး...ရယ်

ဒီနေ့ ဆို...ငါ့ကိုနှုတ်ဆက်ခဲ့တာ...

တစ်နှစ်တောင်ပြည့်ခဲ့ပြီနော်...

အဖြူရောင် အုတ်ဂူလေးပေါ်မှာ...

နင်ကြိုက်တဲ့  နှင်းဆီအဝါလေးနဲ့ ...

ငါရောက်နေခဲ့ ပြီ...လေ..

Saturday 5 October 2013

****ထက်သန်စိတ်ထား မွေးကြည့်ပါ****




                      မိတ်ဆွေ...ကောင်းသောအလုပ်ကိုလုပ်ရန် သင်ဘာကိုတွေးကြောက်နေပါသလဲ...

ကြောက်စိတ်ကိုဖျောက်ပါ...အားငယ်စိတ်ကိုဖျောက်ပါ...

ထိုအလုပ်ကိုစလုပ်တော့မည်ဆိုလျှင် စိတ်ကူးကောင်း..အတွေးခေါ်ကောင်း..တွေနှင့်

စဉ်းစားစုရုံးထားနှင့်ရမည်.။..ဆိုလိုသည်မှာ...အိမ်ရှင်မ တစ်ယောက်သည်...ဟင်းအမယ် တစ်မျိုးကို

ချက်ပြုတ်မည်ဖြစ်ပါက..ထိုဟင်းလျာနှင့်စပ်အပ်လိုက်ဖက်သော...ဆီ၊ဆား၊ငပိ၊ငရုပ်၊.....အစရှိသဖြင့် လိုအပ်သော

အရာများကို...သေချာစဉ်းစားစီစဉ် စုရုံးထာခြင်းသကဲ့သို့ ပေ။

အလုပ်လုပ်ရာတွင် အာရုံစူးစိုက် စိတ်ဝင်စားမှုရှိပါစေ....

မိမိကိုယ်ကို ယုံကြည်ပါ.... တစ်စုံတစ်ခုကို ဖြစ်မြောက်အောင်ဆောင်ရွက်မည်ဟူသော

ရည်မှန်းချက်ရှိရပါမည်...မိမိတွင် ထိုအရာကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်သော

အစွမ်းအစရှိသည်ဟု ယုံကြည်မည်ဆိုလျှင် မိမိစိတ်သည် ထက်သန်နိုးကြွ လာပေမည်။

သင်ကြောက်၍ မလုပ်လျှင် ထိုအရာသည် အဘယ်မှာဖြစ်လာမည်နည်း...

သင်ဟာ"လောကကြီးထဲမှာ ကိုယ့်အားကို ကိုးပြီး ရပ်တည်နိုင်လောက်အောင် ကျနော်ဘာမှသိပ်မသိသေးဘူးထင်တာပဲ"

မသိသေးတဲ့ဟာတွေအတွက် လုံးဝစိုးရိမ်ကြောင့်ကြ ဖြစ်မနေပါနှင့်၊ကိုယ်တကယ်သေချာပေါက်သိထားတဲ့

အရာတွေတောင်မှ လက်တွေ့ မှာ ကိုယ်ထင်တာနဲ့  တခြားစီဖြစ်နေတဲ့အခါမှ တကယ်

ဒုက္ခေ၇ာက်တာ....

                 စိတ်ပညာဆရာကြီး ဝီလျံဂျိမ်းစ် ကဆိုထားတာလေးပြောပြချင်ပါတယ်..

Friday 4 October 2013

****ပုံတူတိမ်ရိပ်***




ကောင်းကင်မိုးယံ တိမ်တွေပျံဝဲ

တိမ်မဲတိမ်ပြာ တိမ်ဝါတိမ်နီ

တိမ်ရီတိမ်ရွှေ တိမ်တွေအုံ့ ဆိုင်း

အသိုင်းအဝိုင်းနှင့်။.....။


တိမ်ပြာကအော် ငါသိပ်ပျော်တယ်..

တိမ်ဝါကတွေး ငါသိပ်ဆွေးတယ်...

တိမ်နီကပြော သိပ်မောလှပြီ...

တိမ်ရွှေကညှင်း ငွေတေးချင်းနဲ့ 

တိမ်ရီကမှိုင် ငုတ်တုတ်ထိုင်ရင်း..

တိမ်မဲကဆို ငိုချင်လှပြီ...

တိမ်တွေစီတန်း တိမ်လမ်းမပေါ်

ပျော်သူကပျော် အော်သူကအော်

ငိုင်သူကငိုင် ငေးသူကငေး

တွေးကြည့်နေဆဲ ပျက်ပြယ်တိမ်အုတ်

လေတွေသုတ်ချီလို့ ။...။



ဖြစ်တည်ကာပျက် တိမ်စက်တွေလည်း

မပျက်ဆဲခင် ကောင်ကင်ယံကို

အလှပိုအောင် သူတို့ ဆောင်ရွက်

တစ်လက်စီခြယ် အာကာလယ်တခွင်

ရှုမြင်တိုင်းဆန်း အာရုံလန်းဖို့ 

သူတို့ တာဝန် ကျေပွန်လို့ ပေါ့။...။


တိမ်တွေနဲ့ တူ ရည်တူစိတ်ထား

သိ၊ကြားဆောင်က လှပမည်သာ....





လေးစားလျှက်

ရင်ခုန်ရသူ

Followers