အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 4 October 2013

****ပုံတူတိမ်ရိပ်***




ကောင်းကင်မိုးယံ တိမ်တွေပျံဝဲ

တိမ်မဲတိမ်ပြာ တိမ်ဝါတိမ်နီ

တိမ်ရီတိမ်ရွှေ တိမ်တွေအုံ့ ဆိုင်း

အသိုင်းအဝိုင်းနှင့်။.....။


တိမ်ပြာကအော် ငါသိပ်ပျော်တယ်..

တိမ်ဝါကတွေး ငါသိပ်ဆွေးတယ်...

တိမ်နီကပြော သိပ်မောလှပြီ...

တိမ်ရွှေကညှင်း ငွေတေးချင်းနဲ့ 

တိမ်ရီကမှိုင် ငုတ်တုတ်ထိုင်ရင်း..

တိမ်မဲကဆို ငိုချင်လှပြီ...

တိမ်တွေစီတန်း တိမ်လမ်းမပေါ်

ပျော်သူကပျော် အော်သူကအော်

ငိုင်သူကငိုင် ငေးသူကငေး

တွေးကြည့်နေဆဲ ပျက်ပြယ်တိမ်အုတ်

လေတွေသုတ်ချီလို့ ။...။



ဖြစ်တည်ကာပျက် တိမ်စက်တွေလည်း

မပျက်ဆဲခင် ကောင်ကင်ယံကို

အလှပိုအောင် သူတို့ ဆောင်ရွက်

တစ်လက်စီခြယ် အာကာလယ်တခွင်

ရှုမြင်တိုင်းဆန်း အာရုံလန်းဖို့ 

သူတို့ တာဝန် ကျေပွန်လို့ ပေါ့။...။


တိမ်တွေနဲ့ တူ ရည်တူစိတ်ထား

သိ၊ကြားဆောင်က လှပမည်သာ....





လေးစားလျှက်

ရင်ခုန်ရသူ

1 comment:

စံပယ်ချို said...

ကောင်းကင်အလှကိုအမြဲမြတ်နိုးသူ
စံပယ်ချို

Followers