အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 30 June 2014

ဖားနှင့်နွား (The Frog And The Ox)

တစ်ခါတုံးကပေါ့.....
နေ့ လည်ခင်းတစ်ခုမှာ ရေကန် အနီးက စားတစ်ခုမှာ လှပထွားကျိုင်းပြီး စိတ်ဝင်စားစရာကောင်းအောင်
လှတဲ့  နွားတစ်ကောင် ရှိပါတယ်။အဲဒီနွားက ရေကန်စပ်မှာရှိနေတဲ့  ရိုင်းရိုင်းပြပြ ဖားတစ်ကောင်ကို သတိပြု
မိလိုက်သတဲ့။ထိုဖားကလေးကလည်းပဲ နွားရဲ့အလှအပ ထွားကျိုင်းမှုကို သတိပြုမိပါတယ်။သတိပြုမိလိုက်တော့ သဘောကျသွားတယ်။အဲလို သဘောကျ တဲ့အချက်ကနေ မနာလို
ဝန်တိုစရာဖြစ်ခဲ့ပါတော့တယ်။

           ထိုအချိန် ဖားကလေးက " ဟော..ကြည့်ကြစမ်း..သိပ်လှတဲ့ နွားကြီးပဲ" လို့  သူ့ ရဲ့သူငယ်ချင်း
တွေကို အောင်ပြောလိုက်တယ်။နောက်ထပ် ဖားကလေးကပြောလိုက်ပါသေးတယ်။ "သူက ထွားကျိုင်းကြီးမာ လှပတာ မှန်ပါတယ်..တကယ်လို့ ငါသာကြီးအောင် ထွားအောင် လုပ်လိုက်မယ်ဆို
သူ ငါ့လောက်မကြီးနိုင် မထွားနိုင်ပါဘူး"တဲ့။

       ပြောပြီးချိန်မှာ ဖားကလေးက လေကိုရှူသွင်းပြီး သူ့ ခန္ဓာကိုယ် ကြီးလာအောင်လုပ်လိုက်တယ်...
ပြီးတော့ သူ့ သူငယ်ချင်းတွေ ကို မေးလိုက်တယ်။ "ဘယ်လိုလဲ ငါသူ့ လောက် ကြီးလာပြီမဟုတ်လား"တဲ့
သူငယ်ချင်းတွေက ပြန်ပြောလိုက်ပါတယ်.."မကြီးပါဘူးကွာ"တဲ့

         ဒါကြောင့် ဖားကလေးက လေးတွေ သွင်းရှူပြီး ကိုယ် ကို ဖောင်းအောင် ကားအောင်လုပ်တယ်..
လုပ်ပြီးတော့ သူ့ လောက် ငါကြီးပြီးလားမေးပါတယ်။သူငယ်ချင်းတွေကလည်း မရပါဘူး မကြီးပါဘူး...နောက်ထပ် ဆက်မလုပ်ပါနဲ့ လို့ ပြောပါတယ်။ ဒါပေမဲ့ ဖားလေးက ဆက်ပြီးကြီးအောင် ထွားအောင်လုပ်ပါတယ်။

          နောက်ဆုံးမှာတော့ ဖားကလေးရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲသွားပါသတဲ့။

     ပုံပြင်လေးကတော့ ဒါပါပဲကွယ် ။။ပုံ ပြင်ထဲကဖားကလေးလို သူငယ်ချင်းတို့ ဘဝမှာ ကိုယ်နဲ့  မသင့်တော့ မလိုက်ဖက် မတန်အပ်သော အရာတွေ ဖန်တီးခြင်းကို ဆင်ဖြင်နိုင်ပါစေ..မဆင်ခြင်နိုင်လျှင် ဖားကလေးလို ဘဝဆုံးသည်အထိပေးဆပ်ရတတ်ပါတယ်။ မဖြစ်နိုင်ဘူးဟု ဘယ်ခါမရှိဆိုသော
 စကားလည်းရှိပါ၏ သို့ သော်ညားလည်း ထိုစကားသည် ကြိုးစားခြင်းဆန္ဒကို လှုံဆော် အားပေးသော စကားဖြစ်လေ၏။
ထမင်းအိုးပူထဲ လက်ထည့်ရင် ပူတတ်ပါတယ်။ပူမှန်းသိရက်နဲ့ ထည့်ရင်တော့ ဒါကိုကြိုးစားတယ်လို့ မခေါ်ထိုက်ပါဘူး။

              အားလုံးပျော်ရွှင်ပါစေးးးးးးးးးးး ရင်ခုန်ရသူ

ဘာအရင်ပြင်မလဲ.....မောင်ရွှေသီး


ရွှေသီးရေ . . . ပြီးခဲ့တဲ့ ရက် သတ္တပတ်က ထွက်ခဲ့တဲ့ အပြာ ဆန်ဆန်ဝတ္ထုစာအုပ်အကြောင်း ကို ပြောရင်း ‘‘ဒီလိုအချိုးမျိုးတွေနဲ့ ဒီမိုကရေစီနဲ့တော့ ဝေးပါပြီ ဦးလေးရာ။ လူတွေက လွတ်လပ်ခွင့်လေးနည်းနည်းရတာနဲ့ စည်းမဲ့ ကမ်းမဲ့ပရမ်းပတာတွေဖြစ်ကုန်၊ လုပ်ကုန်ကြတာ။ ဒါကြောင့် တချို့က ပြည်သူတွေ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုတာမျိုးတွေ ပြောကြတာ’’လို့ မင်းကပြော တော့ မင်းနဲ့ ငါငြင်းရခုံရဦးမှာပေါ့။အဲဒီစာအုပ်အကြောင်းကိုတော့ မငြင်းဘူးနော်ရွှေသီး။ တစ်ခါတလေ ဝေဖန်ရေးလုပ်တယ် ဆိုတာလည်း ကြည့်ကျက်လုပ်ရတယ်ဟ။ ဝေဖန်လိုက်ခါမှ လူတွေက မရမကလိုက်ရှာကြလို့ ပိုတောင်ပေါက်သွားတတ်သေး။
ခုမင်းနဲ့ငါ လူနဲ့ စနစ် အ ကြောင်းငြင်းကြရအောင်။ ငါ့အ မြင်အရတော့ ဘယ်တော့မဆို စနစ်ဆိုတာက လူတွေရဲ့ နောက် ကပေါ့ကွာ။ ကမ္ဘာ့သမိုင်းမှာ လူ ဆိုတာပေါ်ပေါက်လာပြီး ပဝေ သဏီကြာမှ စနစ်ဆိုတာမျိုးက ပေါ်လာတာကိုး။ ပြောရရင် လူ့အဖွဲ့အစည်းကို ထိမိရှမိတာတွေ ဖြစ်လာတဲ့ အခါမျိုးမှာ အဲဒီထိ အောင်၊ ရှအောင်လုပ်တဲ့ သူတွေကိုထိန်းဖို့၊ သိမ်းဖို့စနစ်တွေ ပြဋ္ဌာန်းကြတယ်။ အဲဒီစနစ်အောက်မှာပဲ လူတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကြောင့် စနစ်ဟာ အားနည်းချက်ရှိလာရင် ပြန်သုံးသပ်ကြ၊ထပ်ဆင့်ပြုပြင်ကြ၊ လုပ်ကြ ပြန်တယ်။ လူဆိုတာကလည်း တဏှာ၊မာန၊ ဒိဋ္ဌိဆိုတာတွေ အစဉ်ရောပြွမ်းနေတဲ့အတွက်လူ့အဖွဲ့အစည်းကို ကိုယ့်ရဲ့အတ္တကြီးရင်ကြီးသလောက် ထိ အောင် ခိုက်အောင် လုပ်မိကြတာ ကိုး။ အဲဒီလိုလူတွေကို ထိန်းချုပ် နိုင်အောင်ပဲ စနစ်တွေကို ကောင်း သထက်ကောင်းပြုလုပ်လာကြရ တာပေါ့။
ဥပမာလွယ်လွယ်ပေးရရင် သံဃာ့အဖွဲ့အစည်းရဲ့ အစမှာ ၀ိနည်းဆိုတာ မရှိသေးဘူး။ သံ ဃာ့အဖွဲ့အစည်းထဲက သံဃာ တွေကပဲ ၀ိနည်းတွေ ပညတ်လာ အောင် ဖန်တီးခဲ့ကြတယ်လို့ ပြော ရမယ်။ တခြားသူတွေ ကဲ့ရဲ့ပြစ် တင်ခြင်းကလွတ်နိုင်ဖို့၊ ပစ္စုပ္ပန် သံသရာအကျိုး ပိတ်ပင်သွားမှာ စိုးလို့ ၀ိနည်းတွေကို ပညတ်ရ တယ်။ ဒါတောင်မှ ၀ိနည်းအားလုံးကို တစ်ပြိုင်နက်ပြဋ္ဌာန်းခဲ့တာ မဟုတ်ဘူး။ ၀ိနည်းတစ်ခုချင်းကို ပညတ်ခဲ့တာ။ ၀ိနည်းတစ်ခုကို ပြဋ္ဌာန်းလိုက် ကျူးကျော်ဖောက် ဖျက်သူက ၀ိနည်းနဲ့ လွတ်အောင် အခြားအရာတွေကို ကျူးလွန် လိုက်။ ပြောရရင် ခုခေတ်စကားနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ် တာပေါ့ကွာ။ အဲဒီလိုအခါမှာ ကျူးလွန်သူရဲ့ အခြေအနေကိုကြည့် ပြီးထပ်ခါထပ်ခါပညတ်ရတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ပြီး ပြည့်စုံတဲ့ ဘုရားဥပဒေတော်ကြီး ဖြစ်လာတယ်။
 မောင်ဖြူဆိုတဲ့ လူတစ် ယောက် ရဟန်းဝတ်တယ်ဆိုပါ တော့။ အဲဒီရဟန်းပြုပြုချင်းမှာပဲ သူက ၀ိနည်းစည်းကမ်းအောက် ကို ရောက်သွားတယ်။ အဲဒီအခါ မှာ သူရဲ့ မောင်ဖြူဘ၀က ပြုမူ ပြောဆိုတာတွေကို ခ၀ါချပစ် လိုက်ရပြီး ၀ိနည်းတော်နဲ့အညီ နေထိုင်ရတော့မယ်။ အနည်းဆုံး နေ့လွဲညစာ စားခွင့်မရှိတော့ဘူး။ အရက်သေစာမသောက်စားရ တော့ဘူး။ ရွှေငွေကိုင်တွယ်သုံးစွဲ ခွင့်မရှိတော့ဘူး။ ဒါဟာ မောင်ဖြူရဲ့ ရုပ်ခန္ဓာ ကပြောင်းလဲသွားတာ မဟုတ်ဘူး။ ဒီလူအပေါ်မှာ လွှမ်းမိုးသွားတဲ့ စနစ်က ပြောင်းလဲသွားတာ။ ပြောချင်တာကတော့ လူတွေကို စနစ်ကပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။
အင်း . . .ကြုံတုန်း မင်းကို ရှက်ရှက်နဲ့ တစ်ခုပြောရဦးမယ်။ ကြာခဲ့ပါပြီ၊ လွန်ခဲ့တဲ့ ခုနစ်နှစ် လောက်တုန်းကပေါ့။ တို့ရဲ့ နယ် စပ် မူဆယ်မြို့လေးဆီကနေ တရုတ်ပြည်ရွှေလီမြို့ကို ရောက်သွားခဲ့တယ်။ ငါ့ရဲ့ လက်ထဲမှာ လည်း ကွမ်းယာထုပ်ကြီးနဲ့ပေါ့။ ကြယ်ခေါင်ကနေ ရွှေလီကို ရောက်ရင်ပဲ ငါ့မှာ ဒုက္ခလှလှတွေ့ရတော့တာ ပါပဲ။ ပါးစပ်ထဲမှာ စားထားတဲ့ ကွမ်းဘယ်ကို ထွေးထုတ်ရမှန်းကိုမသိတာ။ ဘယ်သူကမှလမ်းမပေါ် ကွမ်းတံတွေးမထွေးရလို့ ရေးထားတာမျိုးမရှိဘူး။ ဒါပေမဲ့သန့်ရှင်းလွန်းလှပြီး ပြောင်လက် နေတဲ့ကားလမ်းမကြီးရယ်၊ ကြွေပြားတွေကပ်ထားတဲ့ ပလက်ဖောင်းတွေရယ်က ငါ့ပါးစပ်ကကွမ်းတံထွေးကို ထွေးခွင့်မပြု တော့တာပါပဲ။ ရန်ကုန်လို နိုင်ငံ တစ်နိုင်ငံရဲ့ မြို့တော်ကြီးမှာ တွေ့ကရာနေရာ ကွမ်းတံတွေးတွေ  တပျစ်ပျစ်ထွေးနေတဲ့ ငါ့မှာတရုတ်နယ်စပ်မြို့လေးတစ်မြို့မှာထွေးဖို့နေရာမရှိခဲ့ဘူး။ ဘယ်သူကမှ မတားပေမယ့်  ငါ့ရဲ့သိစိတ်ထဲမှာတံတွေးထွေးလိုက်ဖို့ ရှက်ခြင်း၊ ကြောက်ခြင်းတွေ နဲ့ပေါ့။ အဲဒါလည်း လမ်းရဲ့ မြို့ရဲ့စနစ်တစ်ခု အောက်ကို ငါဝင်သွားခဲ့လို့ပေါ့။
ရွှေသီးရေ . . . လူတွေဟာ မွေးဖွားလာစဉ် တုန်းကတော့ အဖြူထည်သက်သက်ကိုး၊ ကြီး ပြင်းလာချိန်မှာတော့ စနစ်တစ်ခု ရဲ့ ထိန်းချုပ်မှုမဖြစ်မနေလိုအပ် လာရော။ ဥပဒေဆိုတာ စနစ်ပေါ့။ကျင့်ဝတ်ဆိုတာစနစ်ပေါ့။ တာဝန်ဆိုတာ စနစ်ပေါ့။ အဲဒီစနစ်တွေ နဲ့ လူ့အဖွဲ့အစည်းကို ကောင်းကျိုး ပြုသူတွေ တိုးပွားလာအောင်၊ လူ့ အဖွဲ့အစည်းကို ဒုက္ခပေးမယ့် လူ
တွေကို နှိမ်းနင်းရအောင် ပြုကြ၊ ပြင်ကြ၊ ပြဋ္ဌာန်းသတ်မှတ်ကြ တယ်။
ဒီနေရာမှာ မင်းပြောခဲ့တဲ့ လူတွေစည်းကမ်းမဲ့လွန်းလို့ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမို ကရေစီစနစ်နဲ့  မတန်ဘူးဆိုတာ ကို တို့ပြန်စဉ်းစားရမယ်။ စစ် အုပ်ချုပ်ရေးဆိုတာ ဆူပူလှုပ်ရှား သူတွေကို ငြိမ်ဝပ်ပိပြားအောင်၊ စည်းကမ်းတွေ ပြည့်ဝသွားအောင်လုပ်တယ်ဆိုတာမျိုးလို့မှိုင်းတိုက်ခံထားရတာ မဟုတ်လား။ တကယ်တော့ စစ်အုပ်ချုပ်ရေးအားလုံးဟာ လူ့ အဖွဲ့အစည်းကို ကာကွယ်ဖို့ထက် အုပ်ချုပ်သူလူတန်းစားကို ကာကွယ်ဖို့လုပ်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေပဲ။ ဥပဒေစည်းမျဉ်းဆိုတာမျိုးနဲ့ထိန်းချုပ်တာက တစ်ပိုင်း၊ခုန ရွှေလီမှာ ကွမ်းတံတွေးမထွေးခဲ့ရသလို မိမိကိုယ်တိုင်က ရှက်ဖို့၊ကြောက်ဖို့ကို ပတ်ဝန်းကျင် အခြေအနေဖန်တီးပေးထားတာ၊ ရှိနေတာမျိုးကမှ လူရဲ့ ကိုယ်တိုင် လိုက်နာချင်တဲ့ ဆန္ဒမျိုးကို ဖော်ထုတ်တာပေါ့။
သူတစ်ပါးကို ကြောက်နေရ ပြီး သူတစ်ပါးခိုင်းတဲ့ အတိုင်းလုပ်၊ခိုင်းတဲ့အတိုင်းလိုက်နာဆိုတဲ့ အ ကြောက်တရားမျိုးနဲ့ ငြိမ်ဝပ်ပိပြား နေရတဲ့ အခါမျိုးကနေ မထင်မှတ် တဲ့ လွတ်လပ်ခွင့်လေးတစ်ခု ပေး လိုက်ချိန်မှာတော့ အနှစ်နှစ်ကာ လထိန်းချုပ်ထားတဲ့ စည်းကမ်းမဲ့ မှုတွေ၊ ပရမ်းပတာဖြစ်မှုတွေက ပေါက်ကွဲပြီး မင်းခုနပြောတဲ့ စိတ် ပျက်စရာ ကိစ္စတွေ ပေါ်လာတော့ တာပဲ။
တကယ်လို့ လူ့နှလုံးသားမှာ ရှိအပ်တဲ့ ကျင့်ဝတ်တွေ၊ တာဝန် ၀တ္တရားတွေကို ကိုယ်တိုင်ကိုယ် ကျနှစ်ခြိုက်ပြီး လိုက်နာတာမျိုး ကျတော့ လူ့အ၀န်းအ၀ိုင်းတစ်ခု လုံး အတွက်တန်ဖိုးဖြစ်လာတော့ တာပေါ့။  အဲဒီလိုအမူအကျင့်မျိုး ကို ဒီမိုကရေစီစနစ်မျိုးကသာ ပေးနိုင်တယ်။ မွေးထုတ်နိုင်တယ်။ မိမိကိုယ်ကိုယ် တာဝန်ယူရတဲ့ စနစ်မျိုးပေါ့။ ဒါကြောင့်လည်း နိုင်ငံရေးလှုပ်ရှားသူတွေဟာ စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းစေဖို့ အသက်တွေ စတေး၊ ဘ၀တွေ အပျက်ခံပြီး ကြိုးစားခဲ့ကြတာပေါ့။
ငြိမ်ဝပ်ပိပြားနေတာနဲ့ တာ ၀န်သိသိစည်းကမ်းလိုက်နာတာနဲ့ က အနှစ်သာရချင်းတခြားစီပါ ရွှေသီး။
ငါတစ်ခုတော့ ရဲရဲဝံ့ဝံ့ကြီး အာမခံနိုင်တယ် ရွှေသီ။ မင်းမြင် နေရတဲ့ စည်းပျက်၊ ကမ်းပျက် ပရမ်းပတာဖြစ်စဉ်တွေ အား လုံးကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး ယောင်လို့တောင်မှ စစ်အုပ်ချုပ် ရေးဆိုတာကို မတွေးမိစေနဲ့။ အဲ ဒီစနစ်ရဲ့ အုပ်ချုပ်မှု နှစ်ပေါင်း ၅၀ ကျော်ကပဲ အဲဒါတွေကို မွေးထုတ် ပေးလိုက်တာ။ မင်းလိုချင်တဲ့ ဒီမို ကရေစီအတွက် အစွမ်းကုန်ကြိုး စားပါ။ အဲဒီစနစ်ကပဲ လူတွေရဲ့ စိတ်အခြေအနေမြင့်မားမှုကိုပေး နိုင်လိမ့်မယ်ရွှေသီး။ အဲဒီစိတ် ဓာတ်မြင့်မားမှုကပဲ တာဝန်ယူမှုနဲ့ ဆက်နွှယ်နေတဲ့ စည်းကမ်းတွေ ကို ပုံဖော်သွားပါလိမ့်မယ်။
မင်းဘာမှ စိတ်မပျက်နဲ့ စစ်အုပ်ချုပ်ရေးကို သဘောကျတဲ့လူတွေ လက်ညှိုးထိုးထိုးနေတဲ့ အ မေရိကန်နိုင်ငံမှာ သမ္မတကလင်တန် ဖောက်ပြန်တာကိုလက်မခံသလို၊ ရီဟားနားရဲ့ရေမွှေးကြော်ငြာကိုလည်း ဆန့်ကျင်ကြပါတယ်ကွာ။ ကဲ စနစ်နဲ့ လူ၊မင်းဘယ်ဟာကို အရင်ပြင်မလဲ။။

                                                        by;;;မောင်နံ့ သာ

မြန်မာ့ပညာရေးကျဆင်းရခြင်းနှင့် အနာဂါတ်အလားအလာ

တစ်ချိန်က အာရှ၏ အဆင့်ထိပ်တန်းတွင် ပါဝင်ခဲ့သော မြန်မာ့ပညာရေးသည် နှစ် ၅၀ ခရီးကိုကျော်ဖြတ်ပြီးသည်နှင့် အာရှ၏အောက်ဆုံး အဆင့်သို့လျှောကျခဲ့ရ၏။ ထိုသို့ ဖြစ်ရသောအကြောင်းရင်းများစွာရှိသည့် အနက် အထင်ရှားဆုံးနှင့် အသိသာဆုံးမှာ အာဏာရှင်စနစ်ပင်ဖြစ်သည်။
မြန်မာ့ပညာရေးသည် လွတ်လပ်မှုမရှိဘဲ အာဏာရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။ အကျဉ်းစံဖြစ်ခဲ့ရသည်။ ပညာရှင် တို့အပေါ် အာဏာရှင်တို့လွှမ်း မိုးခဲ့သည်။
 ဘာသာရပ်တစ်ခု၏တိုး တက်မြင့်မားမှုသည် ပညာရှင်တို့ ၏လက်ထဲ၌သာရှိသင့်သည်။ ထို ပညာရှင်တို့၏လေ့လာတွေ့ရှိ ချက်များ၊ အကြံဉာဏ်များကို လွတ်လပ်စွာဖော်ထုတ်တင်ပြခွင့် ရှိရန်လိုသည်။ သို့မှသာ ရှင်သန် သောပညာရေးဖြစ်မည်။
ယခုမူ စနစ်ကျသောလွှမ်းမိုး မှုများဖြင့် ပညာရှင်များကိုချုပ် ကိုင်ခဲ့သည်။ ကြီးစိုးခဲ့သည်။ လမ်းညွှန်အမိန့်များပေးခဲ့သည်။ လိုက် နာမှုမရှိသည့်ပညာရှင်များအား ဒဏ်ပေးခြင်း၊ ထုတ်ပယ်ခြင်းများ ပြုခဲ့သည်။ ဤသို့ဖြင့် ပညာရှင် အမြောက်အမြားမှာ မထင်မရှား ဖြစ်ခဲ့ကြသည်။ အချို့မှာမူ ပြည်ပ နိုင်ငံများသို့သွားရောက်အခြေချ နေထိုင်ခဲ့ကြသည်။ မြန်မာ့မြေ ပေါ်၌ပညာရှင်များဆိတ်သုဉ်းခဲ့ရ သည်။ အာဏာရှင်များ၏စိတ် ကြိုက်အကောင်အထည်ဖော်ပေး မည့်အကြောင်းတော်သိ၊ ဗောင်း တော်ညိတ်များဖြင့်သာ မြန်မာ့ ပညာရေးက ခရီးဆက်ခဲ့ရသည်။
ထို့အပြင် မြန်မာ့ပညာရေး ပျက်စီးသွားရခြင်း၏ ဒုတိယ အချက်မှာ လုံလောက်သောငွေ ကြေးမရရှိခြင်းကြောင့်လည်းပါ သည်။
တစ်ချိန်က မြန်မာ့ပညာရေး ဝန်ထမ်းတစ်ဦး၏အနိမ့်ဆုံးလစာ သည် ၁၂၅ ကျပ်မျှလောက်သာ ဖြစ်သော်လည်း စားဝတ်နေရေး အတွက် လုံလောက်ရုံသာမက အနာဂတ်ကျန်းမာရေးအတွက် ပင် စုဆောင်းထားနိုင်ခဲ့သည်။ ဘဝဝမ်းစာဖူလုံသည်။ ထိုအခါ အလုပ်၌ပျော်ရွှင်ခြင်းကိုရသည်။ သို့ဖြစ်၍ စိတ်ပါလက်ပါသင်ကြား နိုင်သည်။  ထိုအခါ ပညာရေး သည်အောင်မြင်၏။
သို့သော် အာဏာရှင်စနစ် ဦးတည်လိုက်သည်နှင့် ကုန်ဈေး နှုန်းများ  မြင့်တက်သွားသည်။ ဆရာ၊ ဆရာမတို့၏လုပ်ခလ စာများ မလောက်မငဖြစ်သည်။ ပညာရေးဝန်ထမ်းများ၏ဘဝ သည် ဝမ်းမဝ၊ ခါးမလှဖြစ်ခဲ့ရ သည်။ လုပ်ငန်းခွင်သည် ယခင် လိုပျော်စရာမဟုတ်တော့။ လွမ်း ရေးထက်ဝမ်းရေးခက်လာသည်။ ထိုအခါကျူရှင်ယဉ်ကျေးမှုပေါက်ဖွားလာသည်။
မြန်မာ့ပညာရေးက အုတ် ရောရော၊ ကျောက်ရောရောဖြစ် လာသည်။ ထို့ကြောင့် သန့်စင် သည့် ဥပဒေများထုတ်ပြီး ‘ဝန် ထမ်းဆရာများ ကျူရှင်မသင်ရ’ ဟုကန့်သတ်ခဲ့ပြန်သည်။ ၎င်း သည် ရောဂါအရင်းအမြစ်ကိုမရှာ ဖွေဘဲ ဆေးမြီးတိုနှင့်ကုခြင်းတစ် မျိုးဖြစ်ခဲ့၏။ ပညာရေးဝန်ထမ်း များ၏ ဘဝဖူလုံရေးကိုမဖြည့် ဆည်းဘဲ ကန့်သတ်ချက်ထုတ် လိုက်သဖြင့် တော်၍ထူးချွန်သောဆရာများ ပညာရေးနှင့်ဝေးခဲ့ရပြန်သည်။ ဆရာဘဝကိုမြတ်နိုးပြီး ငတ်ပြတ်ဆင်းရဲခံကာ ရပ် တည်ခဲ့သူများမှာလည်း အများ၏ ရှေ့တွင် သိမ်ငယ်စရာ၊ မျက်နှာ မလှဖြစ်ခဲ့ရသည်။ အဖြူ၊ အစိမ်း ဝတ်ရမှာမဝံ့မရဲ။ ဆရာအမည်ခံ ရမှာမဝံ့မရဲ။ ထိုမျှအထိ မြန်မာ့ ပညာရေးက နိမ့်ကျခဲ့ရသည်။
ထို့အပြင် ကျောင်းသုံးစာ အုပ်များမလုံလောက်ခြင်း၊ အရည်အသွေးညံ့ခြင်း၊ ကျောင်းပရိဘော ဂများမပြည့်စုံခြင်း၊ ကျောင်းအ ဆောက်အအုံများချည့်နဲ့ခြင်း၊ ကျောင်းသားဆရာအချိုးမမျှခြင်း၊ စသည်တို့ကြောင့်လည်း မြန်မာ့ ပညာရေးက ထိုးဆင်းခဲ့ရသည်။
လူငယ်များသည် တစ်ပွဲတိုး စမ်းသပ်ခံဘဝဖြင့် စနစ်၏သား ကောင်များဖြစ်ခဲ့ရသည်။ ဘွဲ့ရ လူငယ်များအား အလုပ်အကိုင် ရရှိရန် မဖန်တီးပေးနိုင်ခဲ့ပေ။ အလုပ်တစ်ခုရဖို့အရေး အိပ်မက်ဆိုးများမက်ခဲ့ရသည်။ မြန်မာဘွဲ့သည် ဧည့်ခန်း၌ချိတ်ဆွဲပြသရာ ဓာတ်ပုံတစ်ခုထက်မပို။ ထိုမျှ အထိ မြန်မာ့ပညာရေးမှာနိမ့်ကျ ခဲ့ရသည်။
သို့သော် ယခုအစိုးရတာဝန် ယူပြီးသည်မှစ၍ ပညာရေးပြုပြင် ပြောင်းလဲမှုများပြု၍လာသည်။ ဝန်ထမ်းဆရာများအား လုပ်ခလ စာတိုးပေးခြင်း၊ကျောင်းအဆောက်အအုံများ ပြုပြင်တည်ဆောက် ပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်များ လုံလောက်စွာ ထုတ်ပေးခြင်း၊ ကျောင်းသား၊ ဆရာအချိုးညှိပေး ခြင်း စသည်တို့ကိုပြု၍လာခဲ့သည်။ ၎င်းသည် မြန်မာ့ပညာရေးလော ကအတွက် မျှော်လင့်အားထားရာ များဖြစ်၏။ သို့သော် ခေါက်ရိုး ကျိုးနေသော မြန်မာ့ပညာရေး၌ ဆရာများ၏လမ်းဟောင်းကကန့် ၍ဆီးနေပြန်သည်။ ထိုဆရာများ သည် ကလေးများ၏အတွေး၊ အရေးကိုလမ်းဖွင့်ပေးခြင်းမရှိဘဲ ယနေ့အချိန်ထိ ကြက်တူရွေးစာ အံနည်းဖြင့်အလွယ်သုံးနေကြဆဲ ဖြစ်သည်။ ၎င်းသည်လည်း ပညာ ရေး၏ ကျဆုံးမှုတစ်ရပ်ပင်ဖြစ် သည်။
ထို့အပြင် သင်ရိုးညွှန်းတမ်း အချို့မှာလည်း ဟောင်းမြည့်နေ ဆဲဖြစ်သည်။ ဥပမာပြောရလျှင် ကမ္ဘာ့လူဦးရေသည် မြန်မာ့သင် ရိုး၌ ယနေ့အချိန်ထိ သန်း ၆၀၀၀ သာရှိနေသေးသည်။ ထို့ကြောင့် သင်ရိုးများကိုလည်း ခေတ်မီစွာ ပြုပြင်ထားရန်လိုသည်။
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာ့ပညာရေးတိုးတက်မြင့်မား လာစေရန် ပညာရှင်များအား လွတ်လပ်စွာကြံဆတွေးတောခွင့် နှင့် စနစ်ကျသောသုတေသနများ ကိုအားပေးရန်လိုသည်။
ကျောင်းအဆောက်အအုံ များကောင်းမွန်စေရန် ဆရာ၊ ဆရာမများအား လုံလောက်သည့်လစာငွေများပေးရန်၊ ကျောင်းသား ဆရာအချိုးမျှတမှုရှိရန်နှင့် ဆရာမများအား အဆက်မပြတ်သင်တန်းများပေးနေရန် စသည် တို့ကိုပြုလုပ်ပေးမည် ဆိုပါက မြန်မာ့ပညာရေးသည် လာမည့် ဆယ်စုနှစ်နှစ်ခုအကျော်၌ ပြန်၍ ဦးမော့လာမည်ဟုယုံကြည် မျှော် လင့်မိပါသည်။။

                                                               by= နော်ဇင်ထက်

Sunday 29 June 2014

မြန်မာ့ပညာရေး အမှန်တရားနှင် မဝေးစေချင်

တစ်ခုခုတော့ လွဲနေပြီထင်ပါတယ်။ ဇွန်လ ၂၄ ရက်ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ ပါဝင် တဲ့ ‘‘အဝေးသင်တက္ကသိုလ်တွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ကြားပေးနိုင်ရန် ဆောင်ရွက်မည်’’ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်ရသဖြင့် ယင်းသတင်းပါအကြောင်းအရာ ကြောင့် ဤဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။ ယင်းသတင်းပါအ ကြောင်းအရာတွင် ရန်ကုန်အဝေး သင်တက္ကသိုလ်၏ တာဝန်အရှိ ဆုံးပုဂ္ဂိုလ်တစ်ဦးက ‘‘အဝေးသင် ပညာရေးသည် နိုင်ငံတကာနှင့် ယှဉ်ကြည့်မယ်ဆိုလျှင် မဆိုး ကြောင်း၊ သူတို့နှင့် တန်းတူ သဘောမျိုးဖြစ်ကြောင်း၊ နှိုင်းယှဉ် မည်ဆိုရင် နှိုင်းယှဉ်လို့ရသည့်အနေအထားတွင် ရှိကြောင်း’’ ပြောဆိုထားသည်ကို ဖတ်ရသဖြင့်လွန်စွာ အံ့အားသင့်မိပါသည်။
နိုင်ငံတကာနှင့် နှိုင်းယှဉ်လို့ ရတယ်ဟု ဆိုထားခြင်းမှာ အဝေး သင်ပညာရေး၏ သင်ရိုးညွှန်း တမ်းများကို ဆိုလိုတာလား၊ အဝေးသင်ပညာရေးမှ ထွက်ပေါ် လာသော ဘွဲ့ရကျောင်းသားများ ၏ အရည်အသွေးကို ဆိုလိုတာ လား၊ ဒါမှမဟုတ် ဘွဲ့နှင်းသဘင် ခန်းမမှ နှစ်စဉ်ပုံမှန်ထွက်ပေါ်လာ သည့် မြောက်မြားစွာသော ဘွဲ့ရ ကျောင်းသားများ၏ အရေအ တွက်ကို ဆိုလိုတာလားဆိုတာ တော့ ရှင်းရှင်းလင်းလင်းမသိရ ပါ။ မြန်မာနိုင်ငံ၏ လက်ရှိပညာ ရေးစနစ်ကိုကြည့်လျှင် နိုင်ငံတ ကာကို နှိုင်းယှဉ်ဖို့ဝေးစွ အာဆီယံနိုင်ငံများအတွင်းပင် အလယ် အလတ် အဆင့်မရောက်သေး သည်ကို အထွေအထူးပြောစရာ  လိုမည်မထင်ပါ။ ပညာရေး အသိုင်းအ၀န်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများနှင့် ဘွဲ့ရပညာတတ်ပုဂ္ဂိုလ်များအားလုံးသိရှိလက်ခံထားပြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံကို ၀ိဇ္ဇာ၊ သိပံ္ပဘာသာရပ်များအတွက် လာရောက်ပညာတော်သင်ယူကြသော နိုင်ငံခြားသားဟူ၍ မရှိပါ။ မြန်မာနိုင်ငံကပဲ နိုင်ငံတကာသို့ ပညာတော်သင်များထွက်သွားမစဲ တသဲသဲ ဖြစ်နေသည်မှာ လက်ရှိမြန်မာ့ပညာ ရေးအဆင့်အတန်းကို သက်သေ ခံနေသည်မဟုတ်ပါလား။ မြန်မာ စာနှင့် ဗုဒ္ဓဘာသာစာပေများအ တွက် မြန်မာနိုင်ငံကို လာရောက် ပညာသင်ယူကြသော နိုင်ငံခြား သားများတော့ရှိကြပါသည်။
မြန်မာ့ပညာရေးအဆင့် အတန်းကိုကြည့်လျှင် ဘာသာရပ် ဆိုင်ရာ သင်ရိုးညွှန်းတမ်းများက တော့ ယခင်စစ်အစိုးရလက်ထက် ကတည်းကပင် နိုင်ငံတကာအ ဆင့်မီသည်ဟုပြောရပါမည်။ သို့ သော်လည်း ပညာရေးစနစ်ကို အဓိက စီမံခန့်ခွဲသူများနှင့် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်သူများ၏ အားနည်း ချက်များကြောင့် အရည်အချင်း ပြည့်မီသော နိုင်ငံတကာစံချိန်မီ ဘွဲ့ရကျောင်းသား၊ ကျောင်းသူ များနှင့် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များ လွန်စွာရှားပါး ခဲ့ရပါသည်။ ပညာရေးစနစ်တစ်  ခုမည်မျှ ကောင်းမွန်သည်ကို ပြောဆိုနိုင်ရန် အဓိကအခြေခံအချက်များစွာ ရှိပါသည်။ အရေးကြီးသော အချက်များမှ အချို့ကိုပြောဆိုရလျှင်  (က) မှန်ကန်သော ပညာရေးစီမံခန့်ခွဲမှုစနစ်၊ (ခ)စစ်မှန်သော ပညာရှင်များ၏ဦးဆောင်မှုနှင့် မှန်ကန်သော ဆုံးဖြတ်နိုင်မှုစွမ်းအား၊ (ဂ) ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ (ဃ) ပညာရေးစနစ်ကို လက်တွေ့အကောင်အထည်ဖော်ကြရမည့် ဆရာ၊ ဆရာမများ၏အရည်အ သွေးပြည့်ဝမှုနှင့် အရည်အသွေးကို အပြည့်အ၀အသုံးချနိုင်မှု၊ (င) ပညာရေးဆိုင်ရာဘတ်ဂျက် သုံးစွဲနိုင်မှု၊ (စ) ပညာရေးနှင့် ဆက်နွှယ်သော လက်တွေ့အသုံးချသုတေသနဖွံ့ဖြိုးမှု၊ (ဆ) အရည်အသွေးအာမခံနိုင်မှု (Quality Assurance)၊ (ဇ) စက်မှုလက်မှု ကဏ္ဍများ၊ သိပံ္ပနှင့် နည်းပညာ ကဏ္ဍများနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများစသည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ပညာရေးမှ နည်းပညာ အထောက်အပံ့ပေးစွမ်းနိုင်မှုစသည့် အထက်ပါ အခြေခံအချက်များ ကောင်းမွန်နေပြီဆိုလျှင် ယင်းပညာရေးစနစ်သည်စံချိန်မီပညာရေးစနစ်၊ နိုင်ငံတကာအဆင့်မီပညာရေးစနစ်ဟုဆိုနိုင်ပေမည်။ နိုင်ငံတကာနှင့် တန်းတူညီသော ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများရှိရုံဖြင့် နိုင်ငံ တကာအဆင့်မီပညာရေးစနစ်ဟု ပြောလျှင်ဖြင့် လူရယ်စရာပင်ဖြစ်ပေလိမ့်မည်။
ပညာရေးစနစ်ကောင်းမွန် စေရန် မူဝါဒများကို မည်သို့ပင် ချမှတ်စေကာမူ လက်တွေ့အ ကောင်အထည် ဖော်နိုင်မှုအား နည်းနေလျှင် အေင်မြင်နိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ လက် ရှိပညာရေးစနစ်သည် ၁၉၇၃ ခုနှစ် ပညာရေးဥပဒေများကို အ ခြေခံထားသော ပညာရေးစနစ် ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက် ပိုင်း စစ်အစိုးရတက်လာပြီး နောက် ၁၉၇၃ ခုနှစ် ပညာရေး ဥပဒေများကို ပြင်ဆင်မွှမ်းမံခဲ့ သော်လည်း စီမံခန့်ခွဲမှုနှင့် လက် တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းသောကြောင့် အောင် မြင်မှုမရရှိခဲ့ပေ။ ပညာရေးတွင် ပညာရှင်များ၏ လွတ်လပ်စွာ စီမံ ဆောင်ရွက်ခွင့်မရှိခြင်း၊ ပက တိအခြေအနေမှန်နှင့် လိုက်လျောညီထွေမရှိခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းတို့သည် ပညာရေးဖွံ့ ဖြုးတိုးတက်ရေးအတွက် အဓိက အတားအဆီးများဖြစ်ခဲ့သည်။ ဗဟိုချုပ်ကိုင်မှုစနစ်တွင် ပညာ ရေးကို အဓိကဦးဆောင်သူသည် ပညာရေးကိုနားလည်တတ်ကျွမ်း သူ မဟုတ်ပါက ယင်းပညာရေး အဆင့်အတန်းသည် အောက်ဆုံး အထိ ကျဆင်းသွားမည်မှာ မလွဲ ဧကန်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိတက္က သိုလ်ပညာရေးကို ကြည့်လျှင် သင်ကြားရေးနှင့် သုတေသနပိုင်း ဆိုင်ရာများတွင် အားနည်းချက် လွန်စွာကြီးမားလျက် ရှိဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ တက္က သိုလ်၊ ဒီဂရီကောလိပ်နှင့် ကော လိပ်စုစုပေါင်း ၁၆၈ ခုအနက် အချို့ဝန်ကြီးဌာနများအောက်ရှိ အသက်မွေးဝမ်းကျောင်းတက္က သိုလ်ကောလိပ်အနည်းငယ်မှလွဲ ၍ ကျန်တက္ကသိုလ်ကောလိပ် အများစုတွင် သင်ထောက်ကူဆိုင် ရာပစ္စည်းများမပြည့်စုံခြင်း၊ ကျွမ်း ကျင်သော အရည်အသွေးမြင့် ဆရာ၊ ဆရာမများ နည်းပါးနေ ခြင်းတို့က ပညာရေးအတွက် အဓိကအရေးတကြီးလိုအပ်ချက်များပင်ဖြစ်သည်။
  ၁၉၈၈ ခုနှစ်နောက်ပိုင်း ဘွဲ့ရလူငယ်အမြောက်အမြား ထွက်ပေါ်လာခဲ့သော်လည်း အ ရည်အသွေးနှင့် အဆင့်အတန်း အာမခံနိုင်မှု (Quality Assuance) မရှိခြင်းက ဘွဲ့ရလူငယ်များအ တွက် အနာဂတ်ကို မရေမရာဖြစ် စေခဲ့ပါသည်။ လက်ရှိအဝေးသင် တက္ကသိုလ်မဆိုထားနှင့်၊ ကျန် တက္ကသိုလ်ဒီဂရီကောလိပ်များ သည်ပင်လျှင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအ နေရောက်အောင် နှစ်အတော်အ တန်လျှောက်လှမ်းရဦးမည်ဖြစ် သည်။
 လက်ရှိ အဝေးသင်တက္က သိုလ်ကျောင်းသားများသည် ဆရာ၊ ဆရာမများနှင့် ထိတွေ့ သင် ယူမှုအလွန်နည်းပါးခြင်း၊ ၎င်းတို့ကိုယ်တိုင် အဝေးသင်ပညာ ရေးကို ယုံကြည်မှုမရှိခြင်း၊ ဘွဲ့ တစ်ခုရရှိရေးအတွက် ကျူရှင်ကိုသာအဓိကအားထားနေကြ ရ ခြင်း၊ ရုပ်မြင်သံကြားသင်ခန်းစာ ပို့ချချက်များကို ကြည့်ရှုသင်ယူမှု မရှိသလောက်နည်းပါးခြင်း၊ ဗီစီ ဒီသင်ခန်းစာပို့ချချက်မှတစ်ဆင့် လေ့လာသင်ယူမှုနည်းပါးနေ သေးခြင်း၊ အဝေးသင်စာစဉ် (Assignments) များကို ကိုယ် တိုင်ဖြေဆိုမှုနည်းပါးပြီး အသင့် ဖြေဆိုပြီးသား စာစဉ်အဖြေစုံများ မှ ၀ယ်ယူကူးချခြင်းနှင့် တစ်ပွဲထိုး အလွတ်ကျက်စနစ်ကို သုံးပြီး စာ မေးပွဲဖြေဆိုနေကြခြင်းတို့သည် ယနေ့အဝေးသင်ကျောင်းသား များ၏ ဘွဲ့တစ်ခုရရှိရေးအတွက် လက်တွေ့ပြုမူဆောင်ရွက်နေပုံ များပင်ဖြစ်သည်။ ထို့အပြင် အ ဝေးသင်တက္ကသိုလ်သည် သင် ကြားရေးနှင့် လက်တွေ့ဘာသာ ရပ်များအတွက် ကိုယ်ပိုင်ဆရာ၊ ဆရာမများမရှိဘဲ အခြားတက္က သိုလ်များမှ ဆရာ၊ ဆရာမများ ၏ အကူအညီကို ယူနေကြရခြင်း က အဝေးသင်တက္ကသိုလ်၏ အား နည်းချက်ဖြစ်သည်။ ဤအခြေအ နေတွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကိုပါ သင်ကြားဦး မည်ဆိုလျှင်တော့ ဟုတ်ပါ့မလား ဟုပင် မေးခွန်းထုတ်စရာဖြစ်နေပါ သည်။
 အဆောက်အအုံ တစ်ခု ဆောက်မည်ဆိုလျှင် အခြေခံ အုတ်မြစ်ခိုင်မာဖို့တော့ လိုပါမည်။ သို့မဟုတ်ပါက အဆောက်အအုံတစ်ခုလုံးပြိုကျပျက်စီးလိမ့်မည်ဖြစ်သည်။ ပညာရေးစနစ်ကောင်း တစ်ခုတည်ဆောက်မည် ဆိုလျှင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။
  အောက်ခြေအထိ ဆင်းပြီး ပကတိအခြေအနေအမှန် ကို ဦးစွာမြင်အောင် ကြည့်ရပါမည်။ ထိုသို့မဟုတ်ဘဲ ပညာရေး နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ် ခြင်း၊ မူဝါဒများချမှတ်ခြင်း၊ ဥပ ဒေများရေးဆွဲခြင်းစသည်တို့ကို ပြုလုပ်နေရုံမျှဖြင့် မြန်မာ့ပညာ ရေးအဆင့်အတန်း မြင့်မားလာ နိုင်မည်မဟုတ်ပေ။
နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် အောက်ခြေအထိ ဆင်း သည်ဆိုရာတွင်လည်း အဓိပ္ပာယ် ရှိရန်လိုအပ်ပါသည်။ ယနေ့ဌာနဆိုင်ရာ အတော်များများသည် အထက်လူကြီးများကို အလွန် ကြောက်ရွံ့တတ်ကြသော ကြောင့် အမှန်တရားကို မခြွင်းမ ချန်ရဲရဲဝံ့ဝံ့တင်ပြရဲသော စိတ် ဓာတ်များ ပျောက်ဆုံးလျက်ရှိ သည်။ အထက်မှ လူကြီးလာစစ် မည်ဟု ကြိုသိထားလျှင် လူကြီး စိတ်ကျေနပ်အောင် ကြိုတင် ပြင်ဆင်ထားတတ်သည့် အလေ့ အထများထွန်းကားဆဲပင်ဖြစ် သည်။ ကြိုတင်ပြင်ဆင်သည်ဆို ရာဝယ် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်းတင်ပြ မည့်အချက်အလက်စာရင်း ဇ ယားများကို မဆိုလိုပါ။ ပကတိ အခြေအနေအမှန်ကို ပြောင်းလဲ ထားခြင်းများ၊ အမှားကို ဖုံးကွယ် ထားခြင်းများ၊ လူကြီးနှင့် အဆင် မပြေနိုင်သည်ဟု ယူဆရသည့် လူပုဂ္ဂိုလ်များကို ရှင်းထုတ်ဖယ် ရှားထားခြင်းများ၊ လူကြီးနှင့် ဆက်ဆံရေးအဆင်ပြေမည့်သူ များကို စုစည်းကြိုဆိုခြင်းများ စသည်တို့ကို ဆိုလိုပါသည်။ ထို့ အပြင်အရေးကြီးသည်မှာ ဗိုလ် ချုပ်လူထွက်များထက် အမှန်တ ကယ်တတ်ကျွမ်းသော ပညာရှင် များကို နေရာပေးပြီး တက္ကသိုလ် ကောလိပ်များကို လွတ်လပ်စွာ စီမံလုပ်ကိုင်ခွင့်ပြုရန်ဖြစ်သည်။ ဗဟိုကသာ ချုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ပညာရေး အနာဂတ် မ ကောင်းနိုင်ပါ။
နိုင်ငံတော်အကြီးအကဲများ မှအစ အထက်ဟုခေါ်အပ်သော လူကြီးမင်းအားလုံးသည် ပကတိ အမှန်တရားကို သိလိုလျှင် မလို အပ်ဘဲ ကြိုတင်အကြောင်းမကြား ဘဲနှင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများကို မကြာခဏ ပြုလုပ်ပါဟု လေးစားစွာ အကြံ ပြုလိုပါသည်။ ကြိုတင်အကြောင်းကြားလျှင်ဖြင့် အမှန်တရားကို ဖုံးကွယ်တင်ပြခြင်းများရှိလာနိုင်သည့်အပြင် လူကြီးစိတ်ကျေနပ်မှုရရှိစေရေးအတွက် မည်မျှပင် ဌာနဆိုင်ရာငွေကြေး၊ အသုံးစရိတ်မပြည့်စုံစေကာမူ လူကြီးမင်းတို့အား ဧည့်ဝတ်ကျေပွန်စွာ တခမ်းတနား ကြိုဆိုကြမည်သာဖြစ် သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ဌာနဆိုင်ရာလူကြီးမင်းများဧည့်ခံစရိတ်သည် ကျပ်သန်းပေါင်းများစွာရှိပါသည်။ ယင်းငွေများဖြင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ လမ်းတံတားများတည်ဆောက်လျှင် နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည်ဖြစ် သည်။
မည်သို့ပင်ဆိုစေ၊ တာဝန်ရှိ သူအသီးသီးသည် အောက်ခြေအ ထိ မဖြစ်မနေဆင်းကြည့်ရန် လို အပ်ပေသည်။ သို့မှသာ ပကတိ အခြေအနေမှန်ကို မြင်နိုင်ပြီး လက်တွေ့ကျသည့် စီမံဆောင် ရွက်မှုများပြုလုပ်နိုင်မည်။ သို့မ ဟုတ်ပါက အောက်ခြေမှ တင်ပြ ချက်များကို စားပွဲပေါ်တွင်သာ ထိုင်ဖတ်နေမည်ဆိုပါက ပကတိ အမှန်တရားနှင့် ဝေးနေဦးမည် ဖြစ်သည်။ ထို့ပြင် အထက်လူကြီး ကို ကြောက်ရွံ့သည့်အလေ့အထ မရှိစေရေးအတွက် မိမိ၏ လက် အောက်ဝန်ထမ်းများကို ခြိမ်း ခြောက်ဆူပူပြောဆိုခြင်းထက် အပြုသဘောဆောင်သည့် ပဲ့ပြင် ဆုံးမပြောဆိုခြင်းက အကြီးအကဲ နာယကဂုဏ်နှင့် ညီညွတ်ပေ မည်။
 အပြန်အလှန် ရိုသေလေး စားသည့် အမူအကျင့်များ မထွန်း ကားဘဲ ကြောက်ရွံ့တတ်သည့် အလေ့အထများဖြစ်ထွန်းနေသ ရွေ့အမှန်တရားနှင့် ဝေးနေဦး မည်ဖြစ်သည်။ ရိုသေလေးစား ခြင်းနှင့် ကြောက်ရွံ့ခြင်းသည် မတူပါ။ ကြောက်ရွံ့ခြင်းသည် အာဏာရှင်၏ စရိုက်လက္ခဏာ ဖြစ်သည်။ အာဏာရှင်ယဉ်ကျေး မှုမပျောက်သမျှ ကာလပတ်လုံး မည်သည့်ကဏ္ဍအတွက် မည် သည့်မူဝါဒများ ချမှတ်ဆောင် ရွက်စေကာမူ မည်သို့မျှ အောင် မြင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် မြန်မာ့ပညာရေး အဆင့်အတန်းကို စိတ်ရင်းအမှန် ဖြင့် တိုးတက်စေချင်လျှင် အ ထက်အောက်အပြန်အလှန်လေး စားခြင်း၊ အပြန်အလှန်နား ထောင်တတ်ခြင်း၊ အောက်ခြေ အထိ ဆင်းပြီး ပကတိအခြေအနေ မှန်ကို မြင်အောင် ကြည့်တတ် ခြင်း၊ အောက်ခြေမှ အထက်သို့ မှန်မှန်ကန်ကန် တင်ပြရဲခြင်း စသည့် ယဉ်ကျေးမှုဖြစ်ထွန်းရန် မဖြစ်မနေ လိုအပ်ပါကြောင်း စေတနာအမှန်ဖြင့် ရေးသားလိုက်ရပါသည်။

                                                                  By--မောင်ချို

အစွယ်နဲ့အကောင်လား အဆိပ်နဲ့ အကောင်လား

(တစ်)
ဗက်ဂျီးတေးရီးယန်းစ်ပွဲတော်တဲ့ခင်ဗျ။ ခင်ဗျားတို့ သိပါတယ်။ အင်္ဂလိပ်လိုရေးရင် Vegetarians ဆိုတာပေါ့။ ဗက်ဂျီးတေဘယ်လ် (vegetable) ဆိုတဲ့ စကားကနေ လာတာ။ မြန်မာလို ဘာသာပြန်လိုက်တော့ သက်သတ်လွတ်စားသူများပေါ့။ သူတစ်ပါးအသက် မစားသူများပေါ့။ မဟုတ်ဘူးလား။လူ့လောကထဲမှာ အဲသည့်စကားလုံးအတော်ကလေးခေတ်စားပါတယ်။

တချို့တချို့သော လူတွေ ကကုန်းသတ္တ၀ါ မစားဘူးလို့ဆိုပြီး ကျင့်ကြံတာကို တွေ့ဖူးပါတယ်။ ၀က်၊ ကြက်၊ အမဲ၊ ဘဲ၊ အဲ .. ဘဲဥ၊ ကြက်ဥကအစ မစားတာပါတဲ့ ခင်ဗျ။ တချို့ကကျတော့ သား ကြီး၊ ငါးကြီး မစားဘူးဆိုတဲ့ သူ တွေ။ တစ်နည်းပြောရရင် ကိုယ် ၀န်ဆောင်ပြီး နို့တိုက်မွေးရတဲ့ သတ္တ၀ါကို မစားတာတဲ့ခင်ဗျ။ အ မဲသားပေါ့။ ၀က်သားပေါ့။ ဆိတ် သားပေါ့။ ဆတ်သားပေါ့။ ချေသားပေါ့။ တချို့ကကျတော့ သက်သတ်လွတ်တဲ့။ သူတစ်ပါး အ သက်ပါရင် ဘဇာကိုမှ မစားတာ။ ပြောရရင် ငံပြာရည်ကိုတောင်မှ အသက်နဲ့ နည်းနည်းကလေး ငြိ စွန်းနေတာမို့ ဆားကိုသာ စားကြ ပါလေသတဲ့။ ထား။ အသေးစိတ် တွေကို ဘေးချိတ်ထားလိုက်ကြ ရအောင်။
အကြမ်းပြောရရင် ဗက်ဂျီး တေးရီးယန်းစ် (Vegetarians) ပဲပေါ့။ သက်သတ်လွတ် စားတဲ့ သူတွေ ရပ်ထဲရွာထဲမှာ ရှိတတ် ကြပါတယ်။
အခု အရပ်ထဲက သူတစ်ပါး အသားမစားသူတွေဟာ စုံနံ့သာ မြိုင်တောထဲက အသီးအရွက်ပဲ စားတဲ့ တိရစ္ဆာန်လေးတွေနဲ့ ချိတ် ဆက်မိကြသတဲ့ဗျ။ မူလအစ ပထမစပြီး ချိတ်မိတာက ယုန်က လေးတစ်ကောင်ပါ။
(နှစ်)
တိရစ္ဆာန်ချစ်တတ်သူ လူ တစ်ယောက်က မြို့ကိုသွားရင်းနဲ့ ဈေးထောင့်မှာ ရောင်းနေတဲ့ ယုန် သည်ကလေးဆီကနေ ယုန်က လေးတစ်ကောင်ကို လှောင်အိမ် လေးနဲ့တကွ ၀ယ်ခဲ့သဗျ။ ရွာ ရောက်တော့ ပထမပိုင်း နည်း နည်းကလေး စိမ်းတိမ်းတိမ်းရှိတာ နဲ့ သည်လိုပဲ လှောင်အိမ်ကလေး နဲ့ ထားတာပေါ့။ နောက်မှ ယုန်က လေးက လိမ္မာတာနဲ့ အိမ်ထဲမှာ လွှတ်ပြီး ထားလိုက်တာ။ ယုန်က လေးကလည်း ထွက်မပြေးပါဘူး။ ဟိုနားလှုပ်လှုပ်၊ သည်နားလှုပ် လှုပ်။ ကန်စွန်းရွက်ကလေးစား လိုက်၊ မုန်လာဥလေးစားလိုက်။ နောက်တော့ တိရစ္ဆာန်ချစ်သူလူ သား ဘယ်လိုမှ မနေနိုင်တော့ပါ ဘူး။ လွတ်လွတ်လပ်လပ်နေပါ စေတော့ဆိုပြီး စိတ်ပေါက်လာ ခဲ့ကာ မလှမ်းမကမ်းမှာရှိတဲ့ စုံနံ့ သာမြိုင်တောကြီးထဲ သွားလွှတ် ပေးခဲ့လိုက်တာပါ။
‘‘ပျင်းရင် မကြာမကြာ လာ လည်လှည့်’’
အဲသည့်လိုလည်း ဖိတ်မန္တ က ပြုခဲ့သေးတာပါ။ ယုန်ကလေး ကလည်း ဟုတ်ကဲ့တဲ့။ လူစကား တတ်သွားခဲ့ပြီကိုး။
အဲဒါဟာ စုံနံ့သာမြိုင်တော ကြီးထဲက ဗက်ဂျီးတေးရီးယန်းစ် ပွဲတော်ရဲ့အစပါပဲ စာရှုသူ။
(သုံး)
လာလည်လှည့်လို့ ဖိတ်မန္တ ကပြုခဲ့တဲ့အတိုင်း တစ်ခါတစ်ခါ ကနေ မကြာမကြာလို့ ဆိုရလောက်တဲ့အထိ ရောက်ရောက်လာခဲ့သူက ယုန်ကလေးပါ။ ဘယ်တစ်ကောင်တည်း ဟုတ်မလဲ။ အဖော်တွေပါ ပါလာကြတာပေါ့။ သိုးကလေးတွေ၊ ဆတ်ကလေးတွေ၊ ဂျီကလေးတွေ၊ သမင်ကလေးတွေ။နည်းနည်းအကောင်ကြီးတဲ့ ကျွဲတို့၊ နွားတို့၊ ဆင်တို့ကတော့ ခရီးလှမ်းလို့တဲ့ လိုက်မလာကြဘူး။
လူသားက ဧည့်ဝတ်ကျေရှာ ပါတယ်။ စပါး၊ ပြောင်း၊ နှမ်း၊ ပဲ၊ မြက်မရှိ ရှိတာနဲ့ တည်ခင်းဧည့်ခံ တာပါ။ ပြီးတော့ သူတစ်ပါး အ သားမစားတဲ့ တိရစ္ဆာန်လေးတွေ ကို ချစ်လည်းချစ် သနားလည်း သနားပေါ့။
‘‘သူတစ်ပါးအသား မစားတဲ့ တိရစ္ဆာန်များဆိုပြီး အဖွဲ့တစ်ဖွဲ့  စုံနံ့သာမြိုင်မှာ ဖွဲ့ပါလား။ သက် သတ်လွတ်စားတဲ့ လူတွေက လို အပ်သမျှ ၀ိုင်းကူမှာပေါ့’’
အဲသည်မှာ ယုန်ကစလို့ သူ့ လိုသတ္တ၀ါလေးတွေ အကုန်လုံး ၀ုန်းဆို မျက်လုံးကလေးတွေ ၀င်း လက်သွားကြတာပါ။
‘‘သောက်ဖို့ ရေကန်တူးပေး မယ်။  ကောက်ပဲသီးနှံလိုရင် ကောက်ပဲသီးနှံ ထောက်ပံ့ပေး မယ်’’
အတိုင်းထက်အလွန် တံခွန် နဲ့ ကုက္ကားပေပ။ စုံနံ့သာမြိုင်မှာ သူတစ်ပါးအသက်မစားသူများ အဖွဲ့ ဖွဲ့မယ်။ သက်သတ်လွတ် ပွဲတော်ကြီးကိုလည်း ကျင်းပမယ်။ တစ်ခါတည်း ဆုံးဖြတ်ချက် ချ လိုက်ကြတာပါ။
‘‘ဒေါင်းမကလေးကိုပဲ ခေါင်း ဆောင်ခိုင်းရမပေါ့ဗျာ’’ တဲ့။
 ဒရယ်ကြီးတစ်ကောင်က ဆုံးဖြတ်ချက် ချလိုက်တာပါ။
(လေး)
စုံနံ့သာမြိုင်ရဲ့ ထုံးစံအတိုင်း ပေါ့ခင်ဗျာ။ ခေါ်အညှိမှာ အဖော် အသိအဖြစ်နဲ့ ကျွန်ုပ်ဆရာကြီး ဂျက် ပါဝင်လာရပြန်တာပါ။ တောရဲ့ဦးသျှောင် မြေခွေးမောင်က လှမ်းခေါ်ခဲ့တာကိုး။
‘‘သူတစ်ပါးအသက် မစား တဲ့ တိရစ္ဆာန်များဆိုပြီး အဖွဲ့ဖွဲ့ မယ်။ အဲသည့် တိရစ္ဆာန်ကလေး တွေက ပွဲတော်တစ်ခုလည်း ကျင်းပဦးမယ်။ လူတွေက ၀ိုင်းကူ ညီမယ်ဆိုတော့ကာ တောဟာ စည်းလုံးမှု ပျက်မှာပေါ့ ဆရာကြီးဂျက်ရဲ့’’
‘‘အဲသည်အထဲမှာ အဆွေ တို့ထဲက အကောင်ဆင်ကြီးပါနေ တယ် မဟုတ်လား’’
‘‘ဆင်တစ်ကောင်တည်းနဲ့ ဘယ့်နှာအလုပ်ဖြစ်မှာတုံး ဂျက် ဆရာရဲ့။ သူတို့အဖွဲ့ထဲမှာရော၊ သူတို့လုပ်မယ့် ပွဲမှာရော တိရစ္ဆာန် အစုအစုကလေးကိုယ်စီကနေ တစ်ကောင်စ နှစ်ကောင်စ အချိုး ကျပါမှ ကြည့်လို့လှမှာပေါ့။ သူ တို့ကို ကျုပ်မတားဘူးနော်။ လုပ်။ အနို့သော်  တောရဲ့ရှေ့ရေးအ တွက် ကျန်တဲ့အကောင်တွေကို လည်း အချိုးကျတော့ ထည့်ပြီး လုပ်ပေါ့။ ဟုတ်ဘူးလား’’
ထုံးစံအတိုင်းပါပဲ။ တိရစ္ဆာန် ခေါင်းဆောင်ကို ဂျက်က ဘယ့် နှာလုပ် နားချလို့ ရပါ့မလဲ။ အ စွယ်နဲ့ အဆိပ်နဲ့ ဥစ္စာ။
  မြေခွေးအစုထဲကလည်း နည်းနည်းထည့်တဲ့။ ခြင်္သေ့အစု ထဲကလည်း နည်းနည်းထည့်တဲ့။ ကျားအစုထဲကလည်း နည်းနည်း ထည့်တဲ့။ ၀ံပုလွေအစုထဲကလည်း နည်းနည်းထည့်တဲ့။ မိကျောင်းအစုထဲကလည်း နည်းနည်းထည့်တဲ့။ အသားမစားတဲ့ သတ္တ၀ါကလေးတွေ ခေါင်းညိတ်လိုက်ကြရရှာလေသဗျ။ ဒေါင်းမကလေးဘယ်လိုလုပ် မျက်နှာကောင်းနိုင်ပါတော့မလဲ။
(ငါး)
ဗက်ဂျီးတေးရီးယန်းစ်အဖွဲ့ ကြီး စုံနံ့သာမြိုင်မှာ စတင်ဖွဲ့စည်း တဲ့ အထိမ်းအမှတ်နဲ့အတူ ဗက်ဂျီး တေးရီးယန်းစ်ပွဲတော်ကြီးကို လည်းခြိမ့်ခြိမ့်သဲသဲကို ကျင်းပခဲ့တာပါ။ အရပ်ရပ်အရွာရွာက လူတွေလည်းလာကြသပေါ့။ ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဒူးရင်းသီး၊ သြဇာသီး၊ စတော်ဘယ်ရီ၊ သရက်သီး၊ ပြောင်း၊ လူး၊ ဆတ်၊ စပါး အကုန်အ၀စားပါပဲ။
စုံနံ့သာမြိုင် သက်သတ်လွတ် တိရစ္ဆာန်ကလေးများဗဟိုကော်မ တီက စင်ပေါ်မှာ တန်းစီရပ်လို့။ ဓာတ်ပုံအရိုက်ခံနေကြတာ။
ခြင်္သေ့ရယ်၊ ကျားရယ်၊ ကျားသစ်ရယ်၊ မြေခွေးရယ်၊ ၀ံပုလွေရယ်၊ ဆင်ရယ်၊ ဒေါင်းရယ်၊ သိုးရယ်၊  သမင်ရယ်၊  ယုန်ရယ်။ တိရစ္ဆာန်အုပ်စုအစုံ အချိုးကျ ကိုယ်စားပြုပြီး ပါဝင်ထားကြတာ။
အဲသည့်ပွဲကို သတင်းလာ ယူတဲ့လူ သတင်းထောက်တစ် ယောက်က ဓာတ်ပုံရိုက်ရင်းကနေ ကောက်ချက်တစ်ခု ချသဗျ။
‘‘ကိုက်မယ့်အကောင်တွေနဲ့ အကိုက်ခံရမယ့်အကောင်က လေးတွေ တစ်ဖွဲ့တည်းတွဲနေတော့ ကိုက်ရတာ ပိုလွယ်သွားတာပေါ့’’ တဲ့။
မြတ်စွာဘုရား......။       ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်။)

Angry Bird Rio skin pack(30 MB)






သူငယ်ချင်းတွေ အတွက် ဝင်းဒို၇ ဝင်းဒိုး၈တွေမှာ အလန်းလွန် အလွန်လန်းဖို့  skin pack ကလေးတွေနဲ့ အလှဆင်ကြတယ် Icon pack ကလေးတွေနဲ့  အလှဆင်ကြတယ်။ ဒီတော့ အလန်းခေးတစ်ခုဖြစ်တဲ့ angry bird rio skin pack ကလေးနဲ့  မိတ်ဆက်လိုက်ပါတယ်။အတော်များများလည်း သိထားပြီးသားဖြစ်မှာပါ။ ဘာပဲဖြစ် မရှိတော့လို့  ပြန်လိုချင်သည် ဖြစ်စေ မရှိသေးလို့  လိုချင်သည်ဖြစ်စေ မျှယေပေးလိုက်ပါတယ်။ လိုချင်တဲ့သူငယ်ချင်းတွေ က အောက်က ကျနော် ပေးထားတဲ့ linksတွေမှာ ဒေါင်းလိုက်ပါ..installလုပ်နည်း နဲ့ ဘယ်လိုလန်းတယ်ဆို တာကို ဗီဒီယိုင် ဖိုင်မှာ ကြည့်လိုက်ရင် သိပါလိမ့်..တကယ့် ဖလမ်းဖလမ်းလေးမို့ 
ဆွဲထားလိုက်တော့နော်.......
သတိ။။။။ ဒီကောင်လေးက ဝင်းဒိုး ၇ မှာပဲ support..လုပ်ပါတယ်...
            ဒီကောင်လေးကို install လုပ်တော့မယ်ဆိုရင် ကို အရင် မှာ skin pack အဟောင်းသုံးထားရင်
            အဟောင်းကို uninstallလုပ်ဖို့ လိုအပ်ပါတယ် အဟောင်းကို ထုတ်ပြီးမှ ဒီကောင်းလေးကို installချပါ။
ဝင်ဒိုး ၇ သမားတွေ လန်းလိုက်ပေါ့နော် ။။၈ သမားတွေ အတွက် နောက်ထပ် အလန်းလေးတွေ ရှာဖွေ တင်ဆက်ပေးသွားပါဦးမယ်....

Transform Windows 7 to Angry Birds Game
Download online installer with auto fix bugs: (recommended)
X64: Download
X86: Download Download offline installer:
X64: Download
X86: Download
Download from Skin Pack:
X64: Download
X86: Download

Friday 27 June 2014

windows-8-sweet-dream-edition-x64-bit


အလန်းလေးတွေကြိုက်သူများ အတွက် Windows 8 Sweet Dream Edition x64-Bit ကို
တင်ပေးလိုက်ပါတယ်။Themes,Wallpapers,Icon အားလုံးအလန်းလေးတွေချည့်ပါဘဲ။
Activated လုပ်ပြီးသားဆိုပေမဲ့တချို့သက်တွေမှာ Activate မဖြစ်ရင် Microsoft Toolkit
ဖြင့် Activate လုပ်ယူနိုင်ဘို့ Microsoft Toolkit ပါပူးတွဲတင်ထားပေးပါတယ်။

               Password - www.linthit.com

Part 1      Part 2      Part 3

Part 4      Part 5      Part 6

Microsoft Toolkit






မင်းအတွက် ငါ့ရဲ့တေးကဗျာ

မနက်တိုင်းမှာ နေသာ
 ဝေဒနာကို အဖြေရှာရင်း
ဒီမနက်ခင်း မင်းအတွက် ငါ
ကဗျာတေးတစ်ခင်း
ငါရေးရင်းပေါ့...

အကြင်နာတွေ ထုနဲ့ ထေး(ဒေး)
ပုံကာပေးလို့ ချစ်
နှလုံးသား ကန္တာရ အလယ်က
အိုအေစစ်
အားကစားမှာ အလေးထားရတဲ့
အိုလမ်ပစ်
ငါ့ဘဝရဲ့ အရာအားလုံးမှာ
မင်းက နံပါတ်တစ်


မင်းနဲ့ ငါ ရဲ့ချစ်ခြင်း
မြစ်အစင်းတစ်ရာ
ဆီးကာ လေထားဦး
နှလုံးသားနဲ့  ဦးနှောက်
မင်းရင်ခွင် တံခါးပေါက်
ငါအရောက်လာခဲ့မယ်....

လူသားတိုင်းမှာရှိတဲ့
ဘဝရဲ့အလှအပ
နှလုံးသားတစ်ဒေသမှာ
အချစ်ဆိုတာပါလေမှဖြင့်
ရင်နင့်အောင်ချစ်တဲ့ငါ
အပြစ်မဆိုပါနဲ့ ဟာ...

ငါရေးတဲ့ ဒီကဗျာ
ကာရံတွေ မကြွယ်သော်လည်း
ငါ့အချစ် ဖော်မပြပဲ
မင်းရင်ထဲ စွဲမြဲနိုင်စေ..

Thursday 26 June 2014

ဘာကို တန်ဖိုးထားရမလဲ


ကိုယ့်ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေဟာ ကိုယ့်ကို ဘယ်လိုလူဖြစ်လာမလဲဆိုတာကို ပုံဖော်နေတာပဲ။ ဖန်တီးနေတာပဲ။ ဆုံးဖြတ်ချက်တွေဟာ အုတ်ချပ်နဲ့တူတယ်။ အဲဒီ အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး ဆောက်သွားတဲ့ အခါမှာ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ အဲဒီ ဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ လူတစ်ယောက်ဖြစ်လာတယ်။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချတဲ့အခါမှာ လွတ်လပ်တဲ့သူ၊ တာဝန်သိတဲ့သူ ဖြစ်လာတယ်။
တကယ် လွတ်လပ်တဲ့ လူသားတစ်ယောက်၊ တကယ်လူပီသတဲ့ လူသားတစ်ယောက်၊ တကယ်လူဖြစ်ရကျိုးနပ်တဲ့ လူသားတစ် ယောက်၊ ကိုယ့်ဘ၀ကို ကိုယ် တကယ်ကျေကျေနပ်နပ်နေတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့၊ တကယ်မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် အချိန်တိုင်း၊ အချိန်တိုင်းမှာ ချနေတဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ပြီးတော့ ကိုယ်ဦးတည်ထားတဲ့ ဦးတည်ချက် ကို အထောက်အကူပေးမယ့် ဆုံး ဖြတ်ချက်မျိုးကိုချရမယ်။ ကိုယ် ဖြစ်လာရမယ်လို့ မှန်းထားတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့အရေးကို ထိခိုက်သွားစေမယ့် ဆုံးဖြတ်ချက်မျိုးကို ချမယ်ဆိုရင် သတ္တိမရှိရာ ကျမယ်။ သစ္စာမရှိရာကျမယ်။

ပစ္စည်းဥစ္စာရဖို့ မသင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချနေမယ်ဆိုရင် သတ္တိမရှိတဲ့လူလို့ ဆိုရမယ်။ နောက် တစ်နည်းအားဖြင့်ဆိုရင်လည်း ကိုယ့်ဘ၀ကို အမြစ်ကနေ တူးဖြိုနေတဲ့သူလို့ ဆိုရမယ်။
တချို့က တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရဲတာ၊ ထိုးရဲတာ၊ ကျိတ်ရဲတာ၊ ပစ်ရဲတာ၊ ခတ်ရဲတာ၊ ခန္ဓာကိုယ်
မှာ နာသွားမှ သွေးထွက်သံယိုဖြစ်သွားမှာကို မကြောက်တာ၊ အဲဒီလို မိုက်မဲတာကိုပဲ သတ္တိရှိတာလို့ အဓိပ္ပာယ်
ကောက်မှားတတ်တယ်။ အမှန်တော့ သတ္တိဆိုတာ အတွင်းစိတ်ဓာတ်ရဲ့ အရည်အသွေးတစ်မျိုးဖြစ်တယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

လွတ်လပ်သူတို့ ၏ အတွေးအခေါ်အယူအဆ

ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနိုင်တဲ့ သူဟာ တောင်ပံကျိုးနေတဲ့ ငှက်နဲ့ တူတယ်။ အတောင်ရှိပေမယ့် မပျံနိုင်ဘူး။
တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။ တချို့ ငယ်ငယ်ကတည်းက ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားခွင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ခွင့်မရခဲ့လို့ တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ အဲဒီတောင်ပံက ပြန်ကောင်း မလာတော့ဘူး။ ဒါကြောင့် တစ်သက်လုံး တောင်ပံကျိုးနေတဲ့ ငှက်လို ဘ၀မှာပဲ နေရတော့တယ်။ ပြောသမျှကို ယုံ၊ ခိုင်းသမျှကိုလုပ်၊ ပေးသမျှကို ယူတဲ့သူဖြစ်မယ်။

ပြောသမျှကို ယုံ၊ ခိုင်းသမျှ ကိုလုပ်၊ ပေးသမျှကို ယူတဲ့သူကို တပည့်မွေးချင်တဲ့သူတွေ များတယ်။ “ဟုတ်ရဲ့လား၊ ဘာဖြစ်လို့လုပ်ရမှာလဲ။ လုပ်သင့်ရဲ့လား။ ဒီလိုလုပ်တာ တရားရဲ့လား။ မျှတမှုရှိရဲ့လား။ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး” လို့ ဆိုတဲ့သူကို တပည့်ကောင်းလို့ မယူဆဘူး။ အဲဒီလိုလူဟာ တပည့်မဖြစ်ဘူး။ တပည့်မဖြစ်ရင် ဘာဖြစ်မလဲ။ အဲဒါကို ဆက်ပြီးစဉ်းစားပါ။

အခြေအနေ တင်းမာမှု မရှိခြင်းဆိုတာ အနုတ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှုရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှု မရှိရင် လွတ်လပ်မှု မရှိဘူး။

ဒါကြောင့် တရားမျှတမှုရှိရင် ငြိမ်းချမ်းမှုလည်းရှိတယ်။ လွတ်လပ်မှုလည်း ရှိပါတယ်။ လူတိုင်း တကယ်လိုချင်တာ တရားမျှတမှုပဲ ဖြစ်ပါတယ်။
  
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏ လွတ်လပ်သော စိတ်စာအုပ်မှ

Tuesday 24 June 2014

သစ္စာတွေ မေတ္တာတွေ ချစ်သဒ္ဒါတွေ ဝေနေတဲ့ ပညာရေး


 မောင်သာချို
 (တစ်)

စာရေးဆရာမနုနုရည်(အင်းဝ) မြန်မာစာပေလောကထဲသို့ စတင်ဝင်ရောက်လာစဉ်က တော်တော်ကလေး ဂယက်ထသည့် ၀တ္ထုတိုတစ်ပုဒ်ကို ရေးသားတင်ဆက်ခဲ့ဖူးပါသည်။ ‘‘နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်’’ ဟူသော ၀တ္ထု။ ခေတ်ပြိုင်ဝေဒနာကိုဖွဲ့သည့် ၀တ္ထုတိုတစ်ပုဒ်။

ဝတ္ထုဇာတ်လမ်းက အယူအကောက်ရှေးရိုးဆန်လွန်းသော စာဖတ်သူတို့ကြားထဲမှာ မကြားဝံ့မနာသာ အကြောင်းအရာတစ်ရပ် ဖြစ်သွားပုံရပါသည်။ အပြင်းထန်ဝေဖန်တုံ့ပြန်လိုက်ကြပုံတွေများ။
ဝတ္ထုထဲရှိ အဓိကဇာတ်ဆောင်က တက္ကသိုလ်ကျောင်းသူတစ်ဦး။ သူ့မှာ ချစ်သူရှိပါသည်။ သူ့လိုပဲ တက္ကသိုလ်ကျောင်းတော်သားတစ်ယောက်။ ဘွဲ့ရပြီးလျှင် ဘ၀တစ်ခုကို ထူထောင်တည်ဆောက်ကြဖို့အထိ ရည်မှန်းထားသည့်ချစ်သူ။ သို့သော် ကျောင်းသူမိန်းမပျိုက ဘ၀အခြေခံမခိုင်မာ။ မိဘများက စီးပွားရေးယိမ်းယိုင်ပြိုလဲနေသည့်သူများ။

သည်လိုနှင့် တစ်ရက်မှာ ကျောင်းသူမ၏ ဦးလေးဆိုသူ ပေါ်လာပါသည်။ ဦးလေးက တူမဖြစ်သူ အဆောင်၌ စားဝတ်နေမှု ဖွယ်ဖွယ်ရာရာမရှိမှာကို စိုးရိမ်ပူပန်ကြောင်း ကျောင်းသူမကိုယ်တိုင်က သတင်းထုတ်ပြန်လာပါသည်။ ထို့ကြောင့် သောကြာနေ့ညနေတွင် ဦးလေးက အဆောင်သို့လာကာ ကားဖြင့်အိမ်သို့ခေါ်သွား။ ဦးလေး၏ အိမ်မှာလိုက်နေ။ တနင်္လာနေ့ ကျောင်းပြန်ဖွင့်တော့မှ ဦးလေးကိုယ်တိုင် အဆောင်သို့ ကားဖြင့်ပြန်ပို့။

စာရေးဆရာမက ၀တ္ထုတိုကိုရေးသောအခါ တက္ကသိုလ်ကျောင်းသူ၏နေရာမှ ၀င်ရေးခြင်းဖြစ်ပါသည်။ ဦးလေးက တကယ့်ဦးလေးမဟုတ်။ ကျောင်းဆက်တက်ဖို့ရာ အထောက်အပံ့ပေးသည့် ဟန်ဆောင်ဦးလေး။ ကျောင်းသူနှင့် တစ်ပတ်တစ်ခါ အတူတူနေသည့် ဦးလေး။ ဦးလေးက အဆောင်သို့ ကားဖြင့် လာခေါ်စဉ် ဦးလေးမြင်မည်ကိုစိုး၍ သစ်ပင်ကိုကွယ်ကာ နှုတ်ဆက်နေသည့် ချစ်သူတက္ကသိုလ်ကျောင်းသား။ ဘွဲ့ရသည်အထိတော့ စောင့်ပါဦးဟု တိတ်တဆိတ် တောင်းပန်နေသည့် တက္ကသိုလ်ကျောင်းသူ။ ကားပေါ်မှာ မျက်ရည်စတွေနဲ့။
သည်ဝတ္ထုကို ဝေဖန်ကြ၊ တုံ့ပြန်ကြသည့်အသံတွေက စာပေလောက အ၀န်းအ၀ိုင်းကလေးထဲမှာ တစ်ခါက ကျွက်ကျွက်ညံနေခဲ့ဖူးပါသည်။

နောင်တက္ကသိုလ်ဘ၀ကို လက်တွေ့ဖြတ်သန်းရလေသောအခါ သည်လိုမျိုးဆန်ဆန် အဖြစ်အပျက်တွေက တစ်ကွေ့တစ်ခါများဆီ၌ တိုးမိတိုက်မိကလေးတွေ ရှိလာရပါသည်။ အဆောင်တွင်နေကာ အမျိုးသားတစ်ယောက်နှင့် လက်ထပ်ထား၊ ကိုယ့်ခင်ပွန်းဖြစ်ကြောင်းလည်း ပတ်ဝန်းကျင်ကို မိတ်ဆက်၊ ကျောင်းပိတ်ရက်များမှာ ထိုခင်ပွန်းဆိုသူနှင့် လိုက်ပါသွား၊ ဘွဲ့ရပြီးတော့ ကွာရှင်းပြတ်စဲ၊ ပြီးတော့မှ အခြားသောသူနှင့် လက်ဆက်ကာ ဘ၀ကိုတည်ငြိမ်စွာ တည်ဆောက်သွားကြသည့် သူတို့ကို သိရှိထိတွေ့လာရလေသောအခါ စာရေးဆရာမနုနုရည်(အင်းဝ)၏ ၀တ္ထုတိုကို မအံ့သြပါလေတော့။

(နှစ်)

အံ့သြစရာတက္ကသိုလ် ဆရာမတစ်ဦးကို တွေ့ဖူးပါသည်။
သူက ပြည်ပသို့ထွက်ကာ ပညာသင်ကြားလိုစိတ်ရှိသူ။ သို့သော် ထွက်ခွာသွားဖို့ရာက လွယ်လွယ်နှင့် အဆင်မပြေ။ သည်မှာတွင် သူက နိုင်ငံခြားသားသံရုံးဝန်ထမ်းတစ်ဦးကို လက်ထပ်ပစ်လိုက်ပါသည်။ ထိုသူ၏ ဇနီးမယားဘ၀ကို ခံယူကာ ပြည်ပသို့ အလွယ်တကူ လိုက်ပါသွားခဲ့နိုင်ပါသည်။ သူအလိုရှိရာနိုင်ငံသို့ အရောက်တွင်ကား ထိုသူနှင့် ကွာရှင်းပြတ်စဲပစ်လိုက်ကာ သူ့လမ်းကိုသူ ဖြောင့်တန်းစွာ လျှောက်ပစ်လိုက်ပါလေတော့သည်။
ဆန်းလိုက်တာ။

(သုံး)

တစ်ခါက  အလျင်စလို ဒရောသောပါးကြီးဆိုသလို မိန်းမယူပစ်လိုက်သည့် တက္ကသိုလ်ဆရာတစ်ဦးနှင့် ဆုံဖူးပါသည်။ သူ့ကိုကြည့်ရသည်မှာ ဆယ်ကျော်သက် လူငယ်ကလေးတစ်ယောက်ပမာ ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့၊ ဆွေးလှချည်ရဲ့ လွမ်းလှချည်ရဲ့ဟူသော ပုံစံမျိုးဖြင့် မခွဲနိုင်၊ မခွာရက်သဖြင့် လက်ထပ်သွားခြင်းမျိုး မဟုတ်သောကြောင့် ထူးဆန်းသည်ထင်၍ မေးကြည့်မိပါသည်။
‘‘ထရန်စဖာလေဗျာ ထရန်စဖာကို ရှောင်ဖို့ပညာ’’တဲ့။
အံ့သြဖို့ကောင်းလိုက်တာ။ သမီးရည်းစားရယ်၊ ဘာရယ်လည်း ပီပီပြင်ပြင် မဟုတ်သေးပါဘဲ နည်းနည်းချိတ်တိတ်တိတ်ကလေးဖြစ်ရုံနှင့် လက်ထပ်ဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြသည်မှာ စရန်စဖာကြောင့်တဲ့။ သြော် ...Transfer ။

တက္ကသိုလ်လောကမှာက လင်မယားနှစ်ယောက်အနက် တစ်ယောက်က နယ်တွင်ရှိနေသမျှကာလပတ်လုံး ကျန်တစ်ယောက်သည် ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ တက္ကသိုလ်များကနေ မည်သည့်အရပ်ကိုမှ ရွှေ့ပြောင်းစရာမလိုကြ။ သည်စည်းမျဉ်းကို သိထားသူ မိတ်ဆွေက ပြောင်းရွှေ့ဖို့ရာ နီးလာသည်နှင့် လက်ထပ်ပွဲကို ဆင်နွှဲပစ်လိုက်ခြင်း ဖြစ်ပါသည်။ ထို့နောက် ဇနီးသည်ကို ရန်ကုန်နှင့် အနီးဆုံးဖြစ်သော ပဲခူး၊ မအူပင်၊ ဟင်္သာတ၊ ပုသိမ်၊ တောင်ငူ၊ ပြည် စသော မြို့များသို့ လျှောက်ခိုင်းလိုက်ပါသည်။ ကိုယ့်သဘောနှင့်ကိုယ် နယ်ကို ဆန္ဒပြုသည်ဆိုတော့လည်း လွယ်လွယ်ကလေးနှင့်ပဲ ရသည်ပေါ့။ ဤတွင် နယ်ရောက်သူ ဇနီးသည်က မည်သည့်အရပ်သို့မှ မရွှေ့ပြောင်းတော့ဘဲ ထိုနယ်၌ အထိုင်ချထားလိုက်ပါသည်။ ခင်ပွန်းဖြစ်သူကား ရန်ကုန်လို မြို့ကြီးပေါ်ကနေ တစ်ဖ၀ါးဆို တစ်ဖ၀ါးမှ ခွဲခွာစရာမလိုတော့ဘဲ မြို့ကြီးပေါ်၌ အရည်အချင်းရှိလျှင်ရှိသလို တစ်လဆယ်သိန်း၊ ဆယ့်ငါးသိန်း အေးအေးဆေးဆေး စုပေတော့။ တစ်ခါတစ်ခါ ကိုယ်က ဇနီးရှိရာဆီသို့ လိုက်သွား။ တစ်ခါတစ်ခါ ဇနီးသည်က ကိုယ့်ဆီလာ။ သုံးလေးငါးနှစ်ဆို တိုက်ခန်းကလေး၊ ကားကလေးတောင် ဖြစ်သွားနိုင်ပါရဲ့။
နယ်တက္ကသိုလ် တစ်ခုခုဆီသို့ ရောက်မသွားရလေအောင် ဟိုးအဝေးကြီးဆီသို့ လွင့်မသွားရလေအောင် မင်းနဲ့ကိုယ်နဲ့ လက်ထပ်ရအောင်ဆိုလား။

(လေး)

လူတွေ ဘာကြောင့်လက်ထပ်ကြသလဲ။ ဖိုနဲ့မ ဘာကြောင့်အတူတူနေဖို့ ကြိုးစားကြသလဲဆိုသည့် ကိစ္စများမှာ ဟိုတုန်းကတော့ တော်တော့ကိုပဲ ရိုးစင်းပါသည်။ ချစ်လို့၊ ကြိုက်လို့၊ မြတ်နိုးလို့၊ တွယ်တာလို့၊ သနားလို့၊ အားကိုးလို့၊ တပ်မက်လို့၊ အထင်ကြီးလို့ စသည်စသည်ဖြင့် ခေါင်းစဉ်ကွဲတွေက တစ်ခုခုတော့ ဖြစ်နိုင်ပါသည်။
အခု လူ့အဖွဲ့အစည်း ယန္တရားကြီးက ဆန်းပြားလာလိုက်တာ။ ဘွဲ့ရသည်အထိ အထောက်အပံ့ဖြစ်ဖို့ ပေါင်းသင်းကြတဲ့ အချိန်ပိုင်းအိမ်ထောင်တဲ့။ ယာယီအိမ်ထောင်တဲ့။ နှစ်ချုပ်အိမ်ထောင်တဲ့။ နိုင်ငံခြားထွက်ပြီး ပညာသင်နိုင်ဖို့ ပေါင်းဖက်တဲ့ ဟန်ဆောင်အိမ်ထောင်တဲ့။ နယ်ပြောင်းရမှာကိုကြောက်လို့ ကပျာကသီ တည်ဆောက်တဲ့ ဒရောသောပါး အိမ်ထောင်တဲ့။

‘‘ဃရာဝါသ၊ သမ္ဗာဓဟု ဒုက္ခဖွဲ့နှောင်၊ လူတို့ဘောင်ဝယ် အိမ်ထောင်သားမွေး၊ ခြနယ်မြှေး’’တဲ့ ။
ကိုးခန်းပျို့ဆရာ ရှင်မဟာရဋ္ဌသာရက အိမ်ထောင်ရေးဟာ ရှုပ်ထွေးပါတယ်တဲ့။ အိမ်ထောင်ရေးကမှ ရှုပ်ထွေးတာမဟုတ်။ အိမ်ထောင်ပြုပုံပြုနည်းကလည်း ရှုပ်ထွေးလိုက်တာ။ အခုဆို ပညာရေးနဲ့တောင်မှ ကြင်ရာအရေးက ထွေးယှက်လို့။ သြော် .. ဆန်းပြားတဲ့ ယန္တရားကြီးပါကလား။          ။

တပည့်ကောင်းကောင်း ရောင်းရန်ရှိသည်။

 
  မောင်သာချို
 
(တစ်)
ဘဝ၏အချိုးအကွေ့တစ်ခုအဖြစ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းပါးပေါ်က ဟင်္သာတဆိုသော မြို့ကြီးတစ်မြို့မှာ ဆယ့်လေးနှစ်တိတိ ခိုနားကျင်လည်ခဲ့ရဖူးပါသည်။ စာပေကိုအခြေခံကာ မြို့ခံများနှင့် အထူးတလည် ခင်မင်ရင်းနှီးမိကြရာက ခင်ရာမင်ရာများ မကင်းရာမကင်းကြောင်းများ၏ သားသမီးများကို စာသင်ပေးခဲ့ရဖူးပါသည်။ ဆယ်တန်းကျောင်းသူ၊ ကျောင်းသားကလေးတွေပဲပေါ့။ တစ်ယောက်ချင်း နှစ်ယောက်ချင်း သင်ပေးရသည်က ပိုများပါသည်။ ကိုယ်သင်ပေးသည်ကပဲ အစပ်အဟပ်တည့်သွားလို့လား၊ ကလေးတွေကိုယ်တိုင်ကပဲ ထူးချွန်ထက်မြက်ကြလို့လားမသိ။ မြန်မာစာဂုဏ်ထူးရှင် တော်တော်များများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
တစ်နှစ်၊ ဆယ်တန်းအောင်စာရင်းများ ထွက်ရှိပြီးနောက် ကျောင်းဖွင့်စရက်များနှင့် အချိန်ကိုက်ဆိုသလို မြန်မာစာသင်ရိုးကုန် အထူးထုတ်စာအုပ်တစ်အုပ်လည်း ထွက်ရှိ၍လာပါသည်။ နာမည်ကတော့ ထားလိုက်ပါတော့။ ယခုအခါ နာမည်ကျော်ဆရာတွေထဲက တစ်ယောက်ဟုဆိုလျှင် လုံလောက်ပါပြီ။
ကျွန်တော် စာအုပ်ကို ကောက်လှန်လိုက်တော့ စာအုပ်၏ရှေ့ပိုင်းစာမျက်နှာများတွင် ထုတ်ပြန်ပြီးခါစ စာမေးပွဲအောင်စာရင်းမှ ဟင်္သာတမြို့သား တပည့်ကလေး၏နာမည်နှင့် ခုံနံပါတ်ကိုပါ တွေ့လိုက်ရပါသည်။ မြန်မာစာအပါအဝင် ဘာသာစုံဂုဏ်ထူးရှင် တပည့်များ၏စာရင်းတဲ့။ ကျွန်တော် တော်တော့ကိုပဲ အံ့သြသွားပါသည်။ ဟင်္သာတတွင်နေ ဟင်္သာတတွင်ဖြေသော ကျွန်တော့်တပည့်က ဘယ့်နှယ်လုပ်ပြီး ရန်ကုန်ရှိ ထိုကျူရှင်ဆရာ၏ တပည့်ထူးစာရင်းထဲတွင် ဝင်သွားရပါလိမ့်။ သို့ဖြင့် လမ်းကြုံသောတစ်နေ့ တပည့်အိမ်ရောက်ခိုက် သည်အကြောင်းပြောဖြစ်တော့ တပည့်က ပြုံးနေပါသည်။ သူလည်း သိနှင့်ပြီးသားကိစ္စ။
ဆန်းတယ်ဆရာ...တဲ့။ ဘာတွေကများ ဆန်းနေရပြန်သည်မသိ။
(နှစ်)
သို့ဖြင့် ရန်ကုန်မြို့၌ကျင်လည်ရစဉ် တစ်ရက် ကျောင်းသူမကလေးတစ်ဦး၏ အိမ်သို့ရောက်သွားပါသည်။ စာသင်ဖို့မဟုတ်ပါ။ မိဘများနှင့် ခင်မင်ရင်းနှီးစွဲရှိကြပြီး လူမှုရေးကိစ္စ ပြောကြမြဲ၊ ဆိုကြမြဲ၊ တိုင်ပင်ကြမြဲ ပြုကြလေ့ရှိသဖြင့် ရောက်သွားခဲ့ခြင်း ဖြစ်ပါသည်။ ထုံးစံအတိုင်း ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်ပြီးစကာလ။
ထိုသမီးငယ်ကလေးက ပညာထူးချွန်ပါသည်။ မြန်မာစာအပါအဝင် ဂုဏ်ထူးတွေက ပုလဲသဖွယ်စီသွယ်၍နေပါသည်။ မိဘနှစ်ပါးက သာမန်ဝန်ထမ်းများ။ တိုင်းတိုင်းတိတိသုံးစွဲ၊ ကျစ်ကျစ်လျစ်လျစ် ရှင်သန်ကြရသည့်အနေအထား။
တစ်ရက် သူတို့၏အိမ်သို့ လူတစ်ယောက်ရောက်လာပါသည်။ နေထိုင်ရာလိပ်စာကို အဆင့်ဆင့် စုံစမ်းမေးမြန်းပြီးနောက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ နာမည်အထင်အရှားရှိသူ မြန်မာစာကျူရှင်ဆရာတစ်ယောက်က လွှတ်လိုက်ခြင်းဖြစ်ပါသည်။ ထိုဆရာ၏ကျူရှင်က ဝန်ထမ်းတဲ့။
လာရင်းကိစ္စက စကားကိုခံသာအောင် တန်ဆာမဆင်ဘဲ လွှတ်ပြီးပြောချရသော် လူလာဝယ်ခြင်း။ ဟုတ်ပါသည်။ လူလာဝယ်ခြင်းပါ။ သမီးငယ်ကလေး၏ကျောင်းက နာမည်ကြီးကျောင်းဖြစ်၍ ယင်းမှတစ်ဆင့် ခြေရာခံကာ သမီးတို့ထံ ရောက်ရှိလာခဲ့ရခြင်းဖြစ်ကြောင်း၊ ဂုဏ်ထူးများစွာရရှိ၍ ဝမ်းသာကြောင်း၊ အထူးသဖြင့် မြန်မာစာဘာသာရပ်ကို ထွက်အောင်ဖြေနိုင်၍ ချီးကျူးကြောင်း၊ သမီးကို ဆရာကြီးက သူ၏တပည့်အဖြစ် စာနယ်ဇင်းပေါင်းစုံ၌ ကြော်ငြာရာတွင် ထည့်သွင်းကြော်ငြာလိုကြောင်း၊ ဆုချီးမြှင့်ပွဲလုပ်လျှင်လည်း တက်ရောက်စေလိုကြောင်း၊ ယင်းကိုလက်ခံလျှင် ငွေတစ်သိန်းပေးလိုပါကြောင်း၊ လက်ခံ၊ မခံ အမြန်ဆုံး အကြောင်းပြန်စေလိုကြောင်း စသည်စသည် စသည်။
‘‘ကျွန်မတို့က သူ့ကို တကယ်သင်ပေးတဲ့ ဆရာမကို အားနာတာပါ။ ဆရာမဆီသွားပြီးတော့ ရှင်းပြခွင့်ပန်ရတယ် ဆရာရယ်’’
မိခင်ဖြစ်သူက ကျွန်တော့်ကို သည်အတိုင်းပဲ ရင်ဖွင့်ပါသည်။ မျက်နှာမကောင်းပါ။ ကျွန်တော်က ဆရာမ မည်ကဲ့သို့ဆုံးဖြတ်သလဲ မေးရပါသည်။
‘‘ဆရာမက ကျွန်မတို့မိသားစု ကျပ်တည်းတာကို သိတယ်။ နားလည်တယ်။ ခြောက်ဘာသာလုံး နာမည်ခံပေးလို့ ခြောက်သိန်းရရင် ခံပေါ့ သမီးရဲ့တဲ့။ တစ်နှစ်စာ ကျောင်းစရိတ်ရရင် နည်းသလားတဲ့’’
 သြော်...တကယ်မသင်တဲ့လူက ထူးချွန်တဲ့တပည့်ကို ငွေတစ်သိန်းပေးပြီး ဒါကိုယ့်တပည့်ပေါ့ဟလို့လုပ်သော ဈေးကွက်။ တော်တော့ကို မျက်နှာပြောင်တိုက်ရသည့် စီးပွားရေး။
(သုံး)
ဈေးကွက်စီးပွားရေးခေတ်ကြီးထဲ၌ လူတွေဘာရောင်းရင်ကောင်းမလဲဟု တွက်ချက်ချိန်ဆကြရသောနေ့ရက်များအတွင်း ဝယ်ရောင်းစရာမရှိသူတချို့က ဂုဏ်သိက္ခာကို ချရောင်းကြသည်များ ရှိနေခဲ့ပြီဖြစ်ပါသည်။
စာဖတ်သူမှာ သားတို့၊ သမီးတို့များ ရှိနေလေသလား မပြောတတ်။ ထိုကလေးတွေက ပညာရေးမှာများ ထူးထူးချွန်ချွန်ရှိကြလေသလားမဆိုတတ်။ ရှိခဲ့သော် အလုပ်ဖြစ်နိုင်ပါသည်။ အခု ဘယ်ဈေးတွေပေါက်နေလေသလဲ မပြောတတ်။ ဝယ်မည့်သူကိုသာ ချိတ်ဆက်မိအောင် နားစွင့်ထားပေတော့။ ဒါမှမဟုတ်လည်း ခေါင်းရွက်ဗျပ်ထိုးပမာ လမ်းပေါ်ထွက်အော်ကြတာပေါ့။

တပည့်ကောင်းတွေ ရောင်းဖို့ပါတယ် ယူကြဦးမလား။       ။

ကျန်းမာအောင်မြင်သော ဘဝရရှိစေရန်


ကျန်းမာအောင်မြင် တဲ့ဘဝကို ရရှိစေဖို့ လွယ်ကူတဲ့ နည်းတချို ဖော်ပြလိုက် ပါတယ်။

တစ်နေ့တာ အစီအစဉ်ကို လိုက်နာပါ 

အိပ်ရာထတဲ့အချိန် ကနေ အိပ်ရာဝင်တဲ့အချိန် အထိ တစ်နေ့တာ ဘာအလုပ် တွေ လုပ်မယ်ဆိုတာကို အ စီအစဉ် ရေးဆွဲပြီး လုပ် ဆောင်ပါ။ အရာရာတိုင်း ကို နီးကပ်မှ လုပ်မယ်ဆိုတဲ့ စိတ်ကို မထားပါနဲ့။ အစီ အစဉ် တကျဆောင်ရွက်ရင် အရာရာတိုင်း အချိန်မီပြီး မြောက်ပါလိမ့်မယ်။

မိတ်ဆွေစစ်ကို ရွေးချယ်ပေါင်းသင်းပါ

တွေ့တဲ့လူတိုင်းကို မိတ်ဆွေလို ခင်မင်သင့်ပေမယ့် တကယ့် မိတ်ဆွေရင်းချာလို ပေါင်းသင်းမယ်ဆိုရင်တော့ အလွန်ဂရုစိုက် ပြီး ပေါင်းသင်းသင့်ပါတယ်။ အကြောင်းကတော့ မိတ်ဆွေစစ် ဟာ သင့်ဘဝနေထိုင်မှုပုံစံရော အပြုအမူကိုပါ ပြု ပြင်ပြောင်းလဲ ပေးနိုင်တာကြောင့်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စား သောက်မှုပုံစံ ရရှိအောင် မိတ်ဆွေစစ်က ကူညီနိုင်ပါတယ်။

အားနည်းချက်ကို တိုးတက်အောင်လုပ်ပါ 

လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်တွေ ဒွန်တွဲနေ တတ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ အားနည်းချက်တွေအတွက် မထိတ်လန့်ပါနဲ့။ အားနည်းချက်တွေကို ရင်ဆိုင်ပြီး ဖြေရှင်း နိုင်မယ့် နည်းတွေကို ရှာပါ။ သင့်မှာ အရည်အချင်းသစ်နဲ့ စွမ်းဆောင်နိုင်မှုအသစ်တွေ ရရှိလာပါလိမ့်မယ်။

Good Health

Friday 20 June 2014

သူ့ အတွက်သာဆိုလျှင်



ပျားကလေးတွေ အတွက်

ပန်းဝတ်ရည်စက်တွေဟာ

ဝေဝေဆာဆာ ပွင့်လွှာတွေယှက်လို့ 

အခက် ခက်တို့  ပွင့်ကြတယ်......

ညကမ္ဘာမှာ

အလှကဗျာတွေသီဖို့ 

ကြယ်တာယာတို့ ဝန်းရံရင်း

လမင်းကြီးလည်း

အမြဲထိန်လင်းဖို့ ကြိုးစားတယ်........

နံနက်ခင်းဆိုတာကို

သာယာခြင်း အတိ ပိုမိုဖို့ 

ကျေးငှက်တို့  တေးစပ်လို့ ဆို

သူရိန်ပျို ရောင်ခြည်ဦးက

ဖေးမ လို့ မြဲစေတယ်...

ခင်ရယ်

ဘယ်အခါဝယ် တောင်းတစမ်း

မောင့်အနမ်း တစ်ခက်

ကမ်းဆက်လို့ ပေးပါ့မယ်....

အန္တရာယ်တွေကြုံခဲ့ရင်

စစ်ဘုရင်တစ်ပါးလို

အကြင်နာပို မဖုရားလေးအတွက်

အသွေးအသက်ကို လက်နက်ထား

တစ်ဖဝါး မခွာနေပါ့မယ်...

နေ့ သစ်ရဲ့ ရောင်ခြည်ဦးမှာ

အစဉ်သာကြည်နူးစေချင်

ခင့်လိုအင် မှန်လေသမျှ

ကျေပါ့မယ်ချစ်ဝန်တာ

မချစ်သလို တမာခါး

အပြစ်ဆို ငြူစူသွားပါနဲ့ 

မုသားမပါတဲ့ အက္ခရာ

အသဲထက်မှာ ကဗျည်းတင်

"သူ့ အတွက်သာဆိုလျှင်"

လှိုင်းထန်တဲ့ ပင်လယ်ပြင်

မီးလျံပင် ဘယ်လိုဆိုး

ချစ်စိတ်တန်ခိုးနဲ့ 

မြတ်နိုးမှုတွေကာရံ

တွန်းလှန်ကာကျော်ဖြတ် ပါ့မယ်...

ချစ်တဲ့သူရယ်..................

Followers