အတိတ်ည
အိပ်မရ
စိတ်ကတွေး
ချစ်ရေးမြူ
ပူကာကြွေး
ဆွေးရပြန်......။....။
သူ့ ထံကွယ်
ရွယ်ကာစူး
ဖူးပေလွှာ
စာသီတေး
ရေးမိပြန်.....။....။
တူနှစ်ကိုယ်
ဟိုစဉ်က
ချစ်ကြရာ
စိတ်မှာပျော်
မော်မဆုံး
ပြုံးလို့ ရွှင်
ကိုယ့်ရင်ခွင်
သူခိုမှေး
တေးခွန်းချွေ
အိပ်စေခဲ့....။......။
ပျော်မဆုံး
ပြုံးတုံးမှာ
ချစ်ရာမြေ
တို့ တွေရေ
သွေခွာဝေး
ရှေ့ ရေးမူ
ကိုယ့်ချစ်သူ
မူမူနွဲ့ 
ခွဲခဲ့ ရ....။......။
အလွမ်းစ
သသတမ်း
မှန်းကာမျှော်
နှစ်ကိုယ်စိတ်
ရိပ်မြုံနန်း
ချစ်ပန်းဝေ
ချစ်ရေစမ်း
ချစ်နမ်းဖြာ
တို့ ကမ္ဘာ
သာယာအေး
နွေးထွေးစေ.......။......။
ကိုယ့်သဲညှာ
ရင်မှာတမ်း
လွမ်းလို့ သီ
စီတဲ့စာ
ဖတ်ကာဖြင့်
နေ့ နှင့်ည
ရွေ့ ကြရင်း
ဒီနှင်းစဲ
တို့ အသဲ
ချစ်ပွဲဝင်
ချစ်ချင်ပါ့
လွမ်းရသူ.........။.....။
No comments:
Post a Comment