အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 26 June 2014

လွတ်လပ်သူတို့ ၏ အတွေးအခေါ်အယူအဆ

ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနိုင်တဲ့ သူဟာ တောင်ပံကျိုးနေတဲ့ ငှက်နဲ့ တူတယ်။ အတောင်ရှိပေမယ့် မပျံနိုင်ဘူး။
တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။ တချို့ ငယ်ငယ်ကတည်းက ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားခွင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ခွင့်မရခဲ့လို့ တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ အဲဒီတောင်ပံက ပြန်ကောင်း မလာတော့ဘူး။ ဒါကြောင့် တစ်သက်လုံး တောင်ပံကျိုးနေတဲ့ ငှက်လို ဘ၀မှာပဲ နေရတော့တယ်။ ပြောသမျှကို ယုံ၊ ခိုင်းသမျှကိုလုပ်၊ ပေးသမျှကို ယူတဲ့သူဖြစ်မယ်။

ပြောသမျှကို ယုံ၊ ခိုင်းသမျှ ကိုလုပ်၊ ပေးသမျှကို ယူတဲ့သူကို တပည့်မွေးချင်တဲ့သူတွေ များတယ်။ “ဟုတ်ရဲ့လား၊ ဘာဖြစ်လို့လုပ်ရမှာလဲ။ လုပ်သင့်ရဲ့လား။ ဒီလိုလုပ်တာ တရားရဲ့လား။ မျှတမှုရှိရဲ့လား။ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး” လို့ ဆိုတဲ့သူကို တပည့်ကောင်းလို့ မယူဆဘူး။ အဲဒီလိုလူဟာ တပည့်မဖြစ်ဘူး။ တပည့်မဖြစ်ရင် ဘာဖြစ်မလဲ။ အဲဒါကို ဆက်ပြီးစဉ်းစားပါ။

အခြေအနေ တင်းမာမှု မရှိခြင်းဆိုတာ အနုတ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှုရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှု မရှိရင် လွတ်လပ်မှု မရှိဘူး။

ဒါကြောင့် တရားမျှတမှုရှိရင် ငြိမ်းချမ်းမှုလည်းရှိတယ်။ လွတ်လပ်မှုလည်း ရှိပါတယ်။ လူတိုင်း တကယ်လိုချင်တာ တရားမျှတမှုပဲ ဖြစ်ပါတယ်။
  
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏ လွတ်လပ်သော စိတ်စာအုပ်မှ

No comments:

Followers