ရနံသင်းပျံ့ ၊လျှံ့ လျှံ့ ကြည်မွှေး
မြင်သူငေးကာ၊ရူပါတင့်ဆန်း
ခိုင်လုံးလန်းလှိုင်၊မြိုင်ထွေးဝါရွှေ
ဆည်ဆာနေထက်၊လိုက်ဖက်လှစွာ
ပန်းမာလာနွယ်......
ပန်းမာလာနွယ်၊အလှကြွယ်မှု
မြနှယ်စုလော၊သူ့ သဘောကို
ပန်းပျိုငယ်က၊မသိလေလား
ဆည်းဆာခမ်းရင်၊ညခွင်ကိုရောက်
ရွှေရောင်လည်းပျောက်၊နွမ်းကာခြောက်မည်
နွမ်းမခြောက်ခင်၊ပန်းတော်ဝင်ရေ
လန်းပါလျင်၍၊ဂုဏ်မတွေ့ နှင့်
ကြွေလွင့်ခမြဲ၊မြေပေါ်ကျဲ၏
နွမ်းပါလျှင်မူ၊မငြူစူနှင့်
လန်းစဉ်အခါ၊သင့်ဝန်တာမှု
ရှူမိသင်းကြိုင်၊ဝမ်းတွင်ခိုင်လော့
ဆည်းဆာထက်တွင်၊ပန်းတော်ဝင်ငယ်
သင်ဘယ်သို့ နွမ်းမည်နည်း..........
လေးစားလျှက်
ရင်ခုန်ရသူ (၂၆.၂.၂၀၁၄)
နေညိုရီ ဆည်းဆာချမ်း
ရေဆိပ်လမ်းကို သူကလာ
ရေသာကြည်အေး သောက်လို့ ငေး...
အတွေးစက ရေးရေးထင်
ရေပြင်ပေါ်တွင်သူမြင်ရ
ပန်းခက်ပန်းလက်နှယ်လှပါတဲ့ ဦးချိုရယ်
ချီးမွမ်းတလည်လည်.......
အကြည့်စလွယ်အောက်ကိုရောက်
ခြေထောက်ကိုငေး..
ရွှံ့ နွံတွေက ဖွေးဖွေးဖြူ ခြေထောက်ကို သူငြူစူ..
ရွှေသမင်လှ ရေသောက်စဉ်
မုဆိုးကျော်ကိုသူမမြင်
ပစ်ခွင်ကောင်းကိုစောင့်လို့ ငေး.....
မုဆိုးဒူးတုတ်တွေး.....
နေ့ ရေးနဲ့ ညစာ ဒီတစ်ခါ
မြိန်ရချည်သေး......
ဆိုရေးက အခွင့်သာ ပစ်လိုက်ပါပေါ့တစ်ခါ..
လစ်ဟာကာမြှားချက်ဝေး
သမင်အလှ သုတ်ခြေပြေး....
ပြေးလွှားလိုက်ရာ သမင်ဟာ
နွယ်ခက်လက်ကြားမှာ
ရုန်းကာဆန်ကာ အားသွန်ပြေး
လွတ်ရေးက ခွင့်မသာ...
ထိုအခါသမင်လှ နောင်တတွေရ.....
လှပါတယ်ဆိုတဲ့ ဦးချိုးနှယ်
ဘယ်မှာ အသက်ကယ်.....
နွယ်ပင်မှာသာချိတ်လို့ ငြိ ကယ်ဖို့ သူမသိ...
အဟုန်ချီကာ အတွင်ပြေး
ရုပ်ဆိုးကလေးခြေထောက်မှာ..
လွတ်ရေးကိုသူရှာ....
အော်ငါ့နှယ်မိုက်ပါ့ ငိုချင်းချ
မျက်ရည်စနှင့် သမင်မ
နောင်တ ကမ္ဘာတွင်းတွင်မှ......
လေးစားလျှက်
ရင်ခုန်ရသူ