အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 3 May 2013

နေရာဟောင်းမှ အလွမ်းရှိုက်သံ

အချိန်တွေပြောင်း၊အတိတ်ကြောင်းတို့ 
မျက်မှောက်တွင်လား၊ဝိုးတဝါးမှ
နိုးထလို့ လာ၊ကြမ္မာမြွေဆိုး
မာန်စွယ်ပျိုးကာ၊မာယာထူပြော
သောကရတက်၊ပေးအပ်ဖို့ ပြင်
အဆိပ်ပင်ကို၊ရေချိုပေးမိ
နေကြတ်တဲ့ နေ့ ၊လမိုက်သောည
ငါ့ရဲ့ဘ၀၊ကန္တာရထဲ
အနေမတတ်၊ဒီရင်ဘတ်ထဲ
အချစ်ကိုခေါ်၊ပျော်မယ်အထင်နဲ့ ပေါ့.......

မှန်းချက်ရယ်က၊နှမ်းထွက်လွဲသို့ 
အလှတရား၊ဗန်းပြထားလို့ 
စကားချိုချို၊မူယာတွေပို
သူမကိုမှ၊ချစ်လှတဲ့ကျုပ်
အဟုတ်ထင်ခဲ့၊ကြာခဲ့လေတော့
အသည်းထပ်ကို၊အပိုမပါ
သူ့ မာယာတော၊မျောခဲ့ရတယ်......

မမှတ်မရှိ၊နှစ်ထပ်ရှိတောင်
ဟော့ဒီကောင်က၊မနေ့ ကလို
မင်းကိုမြတ်နိုး၊ဆတိုးချစ်နေ
နေ့ ရက်တွေသစ်၊ခေတ်တွေကပြောင်း
အတိတ်ကကြောင်း၊မေ့ကောင်းမထင်
ဒီရင်ခွင်က၊ရှိုက်လို့ ငိုကာ
လွမ်းလို့ သာ၊နေပါဦးမယ်.......

2 comments:

စာဂဘ၀င် said...

ကိုကိုရင်ခုန် လာရောက်အားပေးဖတ်ရှု့ သွားပါတယ်

စံပယ်ချို said...

ကဗျာေးလ ခံဖြစ်တယ်စာရင်ရောက်

Followers