အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday, 15 May 2013

နှလုံးသားစာစီစာကုံး

ငါ့နှလုံးသားရဲ့နိဒါန်းမှာ

ငါမင်းကိုတမ်းတမ်းစွဲချစ်ခဲ့တယ်

အရမ်းလည်းမြတ်နိုးခဲ့မိတယ်

ငါ့အသိမှာမင်းအမြဲစိုးမိုးခဲ့တယ်။


ငါ့နှလုံးသားပန်းခြံထဲမှာ

အရောင်သွေးစုံတဲ့ပန်းအလှတွေ

မင်းတယုတယစိုက်ခဲ့လို့

ငါရေလောင်းပေါင်းသင်ခဲ့တယ်

နှစ်ဦးကြည်နူးစွာနဲ့ပေါ့။



ဒီလိုငါ့နှလုံးသားစာကိုယ်မှာ

မင်းနဲ့ပျော်မြူးခဲ့ရတယ်.....


ငါ့နှလုံးသားပန်းခြံမှာ

ပန်းမျိုးစုံပွင့်လန်းလာခဲ့တော့မှ

ပန်းတွေအားလုံးကို

မင်းလက်နဲ့ဆွတ်ခူးပြီး

တစ်ပါးသူကိုနမ်းရှိုက်စေခဲ့တယ်။


ငါ့နှလုံးသားနိဂုံးမှာ

အရှုံးတွေနဲ့ငါကျန်ခဲ့တယ်

ရက်စက်လိုက်တာချစ်သူရယ်.....။


လေးစားလျှက်

No comments:

Followers