အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday, 15 May 2013

အိပ်မက်ချစ်သူ

စက္ကန့် သံလေး၊တရေးရေးတက်

တချပ်ချပ်မြည်၊နာရီအိုမှ

အတွေးစလည်း၊လေထဲမှာလွင့်

နားစွင့်နေတာ၊ညင်သာစွာလှမ်း

မင်းခြေလှမ်းများ၊ငါကြားနေရ။


သန်းခေါင်နတ်ဆိုး၊တိတ်တခိုးနဲ့

ငါ့ရဲ့အသိ၊မင်းရှိနေအောင်

ခေါ်ဆောင်သည်လား၊အာရုံကြားမှာ

ရယ်ကာရွှင်မြူး၊ကူးလူးဆော့ပြေး

ကလေးပမာ၊သံသာသာနှင့်။



မနက်မိုးသောက်၊အလင်းရောက်လျှင်

စိတ်မှာထင်ကျန်၊မင်းရဲ့ဟန်လေး

အိပ်မက်လေးက၊နိုးထချိန်ပေါ့။

ငါ့အိပ်မက်ထဲ၊အမြဲဝင်ရောက်

နှောက်ယှက်နေတာ၊ကဗျာဆန်ဆန်

မင်းပုံစံလေး၊တွေးတွေးမိတိုင်း

အသည်းရိုင်းက၊ကြည်နူးရသည်။



No comments:

Followers