အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday 29 September 2013

မောင်သိစေလို

မောင်...

 တွယ်တာခဲ့ပေမယ့် 

 ကွယ်ရာကနေလွမ်းနေမယ် 

ကျွန်မရင်ခွင်ကနေ... 

တစ်လှမ်းချင်းနဲ့ ထွက်ခွာသွားမယ်ဆိုရင်တောင်

 ကျွန်မလွမ်းရင်းနဲ့ပဲ မောင့်ကိုမျှော်နေမယ် 

ကျွန်မရဲ့အဝေးမှာ မောင်ပျော်နေမယ်ဆိုလဲ

 မငိုပဲနဲ့ကျွန်မအသဲကို စတေးခံမယ် 

တစ်ခါတစ်ရံ နာကြင်ပေမယ့် 

ကြင်နာတဲ့မောင့် အပြုံးတစ်ချက်ကြောင့် 

မမုန်းရက်ခဲ့တာကို 

အဝေးကမောင်တော့ သိစေလို......


                        create by  July sabai

Tuesday 24 September 2013

မနေတတ်သရွေ့ 

 
တွေဝေနေ...အဖြေခက်တွေ့ 
ကြွေမျက်ရည်စက်တွေလည်း...မိုးတွေသည်းလို့  လွင့်ကာစီး...
တစ်ရက်ပြီးတစ်ရက်...
အလွမ်းပြဇတ်တွေ......ငိုချင်းရှည်တစ်ပုဒ်လား......။

မယာမများတတ်တဲ့ အသည်း...
အခါခါခွဲတော့လည်း...မနာပဲရှိနိုင်ပါဘူး....
အဆိပ်တွေ စူးနင့်လို့ ...မေ့နိုင်ဖို့ အတိတ်က....အရိပ်တစ္ဆေလို..
.ကြိတ်ခါဖြေလည်း...မျက်ရည်ဝဲနေ..
ငှက်တွေတောင်...လှောင်ရယ်နေပြီ...
မညီညာတဲ့ လောကမျက်နှာစာရယ်....
ပျက်ရယ်ပြုရက်လေအား.......။

ခပ်သွယ်သွယ်နှုတ်ခမ်းပါးထက်...
တက်မက်မူးတဲ့ပျားရည်စက်တွေက...
ငါ့အသိစိတ်ကိုမွှေနှောက်ခဲ့တယ်...
ပျောက်ရှနေတဲ့  အနာဂါတ်တွေ...သယ်ဆောင်လာပေးခဲ့ပြီး..
အဝေးကြီးကိုနင်ထွက်ပြေး....တစ်စက်ကလေးနင်လှည့်မကြည့်..
ရက်စက်တဲ့နင်ရယ်....
လက်တွေချိုးရေတွက်ရင်း...မနက်ခင်းတိုင်းမှာ...
မင်းအသံမပါရင်မနေတတ်လို့ ...ငါ့ရင်မှာအဖြေခက်နေဆဲ....
လွမ်းနေမြဲ...ငါမနေတတ်သရွေ့ ပေါ့ကွယ်....


လေးစားလျှက်
                                                           ရင်ခုန်ရသူ


Sunday 22 September 2013

ရွှေစက်တောသွားတောလား(ရှင်မဟာရဌသာရ)

 
 
 
 
 
(ပ) အောင်ဇေယျတု၊ ကျမ်းဂန်ရှု၍၊ ဂမုဓာတ်ရ၊ ဓာတွတ္ထဖြင့်၊ ဂမနသဒ္ဒါ၊ ကြောင်းချင်းရာကို၊ လင်္ကာကုံးသီ၊ လမ်းစဉ်စီအံ့၊ ရောင်ညီလေးဦး၊ ဖြစ်ခဲ့ထူးတွင်၊ တောင်ကျူးလက်ျာ၊ ဒက္ခိဏာဟု၊ ဒီပါကျွန်းမြတ်၊ မိုးနတ်ဣန္ဒာ၊ မြောက်မှာကျွန်းသူ၊ မတူကြငြား၊ ဘုရားမြတ်စွာ၊ စကြာစိုးရ၊ သည်ကဖြစ်ပေ၊ သန္ဓေတည်ကြည်၊ ကောင်းညွန့်စည်လျက်၊ နတ်ပြည်နိဗ္ဗာန်၊ ကူးဆိပ်မှန်ဟု၊ ဘုန်းသန်သကျ၊ မုနိန္ဒလျင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူကျွန်းမြတ်၊ ဘုန်းထွတ်သီရိ၊ တမ္ပဒိထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါးမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု၊ နမ္မဒါနား၊ ရာ့တစ်ပါးနှင့်၊ တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောက်ပြိုးပြက်သည်။ ။ဖိုလ်မဂ်နိဗ္ဗာန် စူးစူးတည်း



(ဒု) စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွာ့၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ၊ လွမ်းစေဟူသို့၊ လျံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေ၀ပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောသူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျှာမလျော့၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ မြိုင်တောကျီးလည်း၊ သံကြီးအာအာ၊ ခါကတုတ်တုတ်၊ ရှဉ်စုတ်စုတ်နှင့်၊ ဘုတ်ကငြိမ့်ငြိမ့်၊ တအိမ့်အိမ့်လျှင်၊ သိမ့်သိမ့်တောလုံး၊ သံပေါင်းရုံး၍၊ ပတ်ကုံးမြိုင်နက်၊ အုတ်ကျက်ကျက်သည်။ တောကြက်တွန်သံ မြူးမြူးတည်း။


(တ) တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မခေါ်လျက်၊ တောက်ကျော်တွန်သွား၊ ငှက်ငနွားလည်း၊ တောဖျားမြိုင်ချောက်၊ ပင်ရိပ်အောက်တွင်၊ သေသောက်ကြူးငှက်၊ သေသောလျက်တည့်၊ တောင်ထက်ကျူးမြည်၊ ၀န်တင်သည်လည်း၊ ထိုးမည်စောင်စောင်၊ တောကောင်ပျော်မွေ့၊ ဓလေ့ဖိုးခေါင်၊ ခေါ်ယောင်ဖန်များ၊ တောလုံးကြားအောင်၊ ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျူတ်ပြေးလွှား၊ ကြောင်ပါးပြေးခုန်၊ ဆွေ့ဟုန်ပြေးသန်း၊ နွယ်တန်းကိုင်လျှောက်၊ သစ်တောက်ငှက်တော်၊ သံကျော်ဆက်ရက်၊ မြီးဆက်ဖားဖား၊ ခွေးကျားခွေးရွှေ၊ ၀ံပုလွေနှင့်၊ ချေကလည်းဟောက်၊ တောက်သည့်သမင်၊ တောဝန်းကျင်၌၊ ဆင်ကကျိုးကျည်၊ ပျော်ဘွယ်စည်သည်။ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း



(စ) ပျံ့ပျူးလေပြည်၊ အလွမ်းစည်လျက်၊ လမ်းစည်ဆက်သော်၊ ချိုးငှက်လည်ပြောက်၊ ကျွမ်းဘော်ပျောက်သို့၊ နားထောက်ကွန့်မြူး၊ သံပြိုင်ကျူးလျက်၊ တစ်ဦးတိုက်က၊ တစ်ဦးချ၍၊ ဖိုမလင်းပြာ၊ တွန်သံသာနှင့်၊ ဆပ်ပြာစမ်းတွင်၊ တွေ့ကြိမ်မြင်သော်၊ စုံလင်ဖိုမ၊ နိမိတ်ပြ၏၊ ဉာဏက၀ိ၊ ပဏ္ဍိတစစ်၊ ငါတည်းဖြစ်မူ၊ အနှစ်သာရ၊ သုံးဘုံမျှ၏၊ အစအလယ်၊ အဆုံးဝယ်၌၊ ဓိပ္ပါယ်ကျွမ်းသိ၊ မှတ်သားမိလျက်၊ ဇာတိလိုက်လျော်၊ ချိုးနှစ်ဖော်မူ၊ ရွှင်ပျော်အမြဲ၊ လည်ချင်းတွဲ၍၊ မကွဲတူကွ၊ နေသည်ဆသော်၊ ကာမလူ့ဘောင်၊ မရှောင်နိုင်ချေ၊ ညာကြေကျော်စော၊ သဘောစင်စစ်၊ ရှင်၏ဖြစ်မှ၊ တဆစ်လူ့ခွင်၊ ၀င်လ-ဦးမည်၊ ချစ်ကြည်မျိုးနွယ်၊ ဥစ္စာကြွယ်သည်၊ လူဝယ်လူကောင်း၊ အကြောင်းရုံးစည်း၊ ဖြစ်မည်တည်းဟု၊ စနည်းနိမိတ်၊ ချိုး၏ဟိတ်ကို၊ တိတ်တိတ်မှတ်ယူ၊ နှလုံးမူလျက်၊ မပူမဆာ၊ ရေသီတာသို့၊ မျက်နှာရွှင်လန်း၊ မပန်းမညှိုး၊ အင်အားကြိုးလျက်၊ အကျိုးရှိမည်၊ မကြည်စိတ်မှုန်း၊ တစ်ကုန်းဆင်းသက်၊ တစ်ကုန်းတက်၍၊ မြိုင်နက်သာမော၊ စုံတကြော၌၊ တစ်တောထွက်ဝင်၊ တစ်တောမြင်နှင့်၊ တစ်ပင်ရိပ်နား၊ တစ်ပင်သွားသော်၊ တောဖျားမြိုင်နက်၊ လမ်းချက်စူးစမ်း၊ ရိပ်ဖမ်းဆွေးနွေး၊ ဘထွေးတစ်ယောက်၊ ရဲခေါင်မြောက်နှင့်၊ ချစ်ရောက်လည်သီး၊ ဦးရည်းတလည်၊ ချစ်ကြည်မြတ်လေး၊ လုပ်ကျွေးမ-စ၊ ညွှန်ပြလမ်းရိုး၊ တောင်နှယ်ကိုး၍၊ ချုပ်မိုးရီည၊ သွားကုန်ကြသည်။ စိတ်ကရောက်ချင် ရူးရူးတည်း

မှတ်ချက်။ ။ မြန်မာသက္ကရာဇ် (၁၃၂၉)၊ သာသနာနှစ် (၂၅၁၁)၊ ခရစ်နှစ် (၁၉၆၇)ခု၊ ရန်ကုန်မြို့၊ ဟံသာဝတီပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော “ရှင်ဥတ္တကျော်၊ ရှင်မဟာရဋ္ဌသာရ တောလားများနှင့် အခြားတေားလား၊ ရေလားများ” စာအုပ်မှ ကူးယူဝေငှ ဖေါ်ပြအပ်ပါကြောင်း။

Friday 20 September 2013

***ရင်ထဲက ဖွင့်ဟချက်***

သူငယ်ချင်းတွေတချို့ ပြောနေကြတယ်...
မိန်ကလေးတွေကို...အတို အပြတ်...အဖော် အဟိုက်တွေ...ဝတ်လို့ အပစ်တွေပြောကြတာတွေ တွေ့ တယ်...
ခုကျနော်လည်းမြန်မာလူမျိုး ဗုဒ္ဓဘာတစ်ယောက်ပါ.....

ဒါကကောင်းစေချင်လို့  ပြောတယ်ဆို တာ ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းသိပါတယ်..
ကျနော်တို့ လူငယ်တွေ က တစ်ခုရှိတယ်ဗျ...မှန်တယ်ထင်ရင်.
.မစဉ်းစားပဲ...ကမူးရှူးထိုး...ပြောတတ်လုပ်တတ်ကြတယ်...
မစဥင်္းစားတတ်ကြဘူး...များသောအာြး
ဖင့်ပေါ့နော်...
တကယ်တော့ ကျနောတို့  မြန်မာစကားပုံလိုပဲ....သားသမီးမ
ကောင်းမိဘခေါင်းပေါ့ဗျာ...
ဒီစကားကလည်း....ဟုတ်လို့ ဆိုခဲ့တာပဲဗျ...ရှေးလူကြီးသူမေ
တွ...အားအားယားယားပြောခဲ့ကြတာမှမဟုတ်မတာ...သူငယ်ချင်းတို့ ပဲတွေးကြည့်...မြင်သာအောင် ကျနော်ဥပမာအနေနဲ့ တစ်ခုပြောပြမယ်.....
ကောင်မလေး..ငယ်ငယ်လေး..ကလေးလေး.
.ပေါ့.....သူ့ ကိုဗျာ...မိဘတွေက...ငယ်စဉ်တုံးမို့ ...ကလေးမို့ ...လှအောင်ပအောင်...အများသူငါထက်သာအောင်...ဆိုပြီး...ဝတ်စားဆင်ယင်ပေးတယ်ဗျာ....အင်း..တချို့ မိဘတွေ..(မိဘတော်တော်များများပေါ့နော်)အတွေးတွေလွန်ကဲနေကြတယ်...
ကျနော်မိဘ အားလုံးကို မပြောပါဘူး လိမ္မာပါးနပ်တဲ့  မိဘတွေလဲ ဒုနဲ့ ဒေးပါ...
အဲ့အထဲကမှ...ပေါ့....သူတို့ ကလည်း..သားသမီးကို ချစ်တဲ့ စိတ်ကြောင့်...ပါ...
စကားပြန်ဆက်၇အောင်ဗျာ...ဘယ်လိုေ
တွ အတွေးလွန်ကြလဲဆိုတော့...
ခေတ်ဆိုတဲ့ စကားကိုနားမလည်ပဲ.....သားသမီးေ
တွ ကို ခေတ်ဆန်အောင်..ပြုစုပေးကြတယ်...
တခုပြောလိုက်ဦးမယ်ကြုံးတုံးမို
့...ကျနော်သူငယ်ချင်း...အင်္ဂလိပ်စာ သင်ကျောင်းမှာ အင်္ဂလိပ်စာသင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်...အဲနေ့ ကလည်းကျနော်က..သူငယ်ချင်းဆီမရောက်တာကြာလို့ အလည်သွားတဲ့နေ့ ပေါ့...ကလေးတစ်ယောက်ရဲ့မိဘက ကျောင်းရောက်လာတယ်...အဲအချိန်မှာ...ဆရာမတစ်ယောက်က...ကလေးတွေကို..မြန်မာစာသင်ပြနေတယ်...မြန်မာသမိုင်းကြောင်းတွေပြောပြနေတယ်...အဲဒီကလေးရဲ့မိဘက...ဘာပြောတယ်မှတ်လဲ....ငါ့ကလေးကိုဘာတွေသင်နေတာလဲတဲ့...
ဆရာမကလည်း...မြန်မာစာသင်တယ်ပေါ့
...မသင်နဲ့ တဲ့ အလကားပေါက်လွတ်ပဲစား စာတွေတဲ့  ဘာမှသုံးစားလို့ မရဘူးတဲ့ ဗျာ...အဲဒီမိဘ...ဘယ်ပြည်ကမွေးပြီး...ဘယ်စာတွေသင်ပြီး...ဘယ်လိုကြီးလာတာလဲ...ကျနော်တို့ မြန်မာစာ...မြန်မာစကားက...အလကားပေါက်လွတ်ပဲစားတဲ့ လား....
အဲလိုမိဘတွေ က အတွေးအမြင်တွေလွဲနေသမျှတော့...က
ျနော်တို့ လူငယ်တွေမှာ..အာနည်းနေမှာပဲ...

စောစောကစကားကိုမဆက်ရသေးဘူး...ခု
ဆက်မယ်ဗျာ...အဲလိုခေတ်ဆန်အောင်ထားချင်တယ်...သူတို့ တွေအမြင်မှာတော့..သူတို့ သားသမီးတွေဟာ...ဘယ်တော့ကြီးမလာတဲ့ ကလေးလေးတွေပဲ...ဒါပေမဲ့ ...သဘာဝဆိုတာတားဆီးထားလို့ မှ မရတာ....ပတ်ဝန်းကျင်ကသိနေတယ်...ဒါကို..တချို့  မိဘတွေလက်မခံဘူး...အဲလိုတွေ မမြင်ကြတော့...ငါ့သမီးက ငယ်သေးတာပဲဝတ်ပါစေ...ကလေးပဲ...ဘာမှဖြစ်ပါဘူး....
တချို့ မိဘတွေရှိသေးတယ်....ငါ့ရှိလို့  ငါသမီးငါဆင်တာ...ဘယ်သူ့ အပူပါလဲ...
ဘယ်သူ့ အပူမှပါပါဘူး...ဦးဦးတို့ ဒေါ်ဒေါ်တို့ ပဲပူရမှာ...ကျနော်..ဒီအွန်လိုင
်းပေါ်မှာညီမငယ်လေးတချို့ ကိုမေးကြည့်ဖူးတယ်....သရဏဂုဏ်(၃)ပါးရဲ့ အဓိပ္ပာယ်သိလားဆိုတော့...ဘာတွေလာမေးနေတာလည်းစိတ်မဝင်စားဘူး...ဘာတွေလာပြောနေမှန်မသိဘူး...အူကြောင်ကြောင်နဲ့ တဲ့ ..ကျနော်သက်ပြင်းချမိတယ်...ကျနော်တို့ ငယ်ငယ်တုန်းကဆို..ကျနော်တို့ မိဘတွေက...ရဟန်သံဃာတွေ့ ရင်....သားလေးဘုန်းဘုန်းကို...ဦးတော်ချလိုက်ပါဦး...သမီးလေး..ဘုန်းဘုန်းကို ဦးတော်ချလိုက်ပါဦး...အဲဒီလိုကစလို့ ...သွန်သင်ပြသပေးတာ...ခု.အခါတွေ့ ရတဲ့ ကလေးများမှာတော့....ရဟန်သံဃာဆီကတောင်ပြန်စွန့် ဖို့  ကြံနေကြတာ....ရဟန်းသံဃာကို ပြောရင်လည်း....သူငယ်ချင်း..အချင်းချင်းပြောနေလားမှတ်ရတယ်ဗျ...ဒါတွေဟာ....အလိုလိုက်တတ်တဲ့ ...မိဘတချို့ တွေကြောင့်ပါ....ချစ်တော့ချစ်ပါ...မနှစ်မိကြပါစေနဲ့ ဗျာ....ကျနော်တို့ လူငယ်တွေဆိုတာ...စွန်းထင်းလွယ်တဲ့  ...စာရွက်အဖြူလေးတွေပါ....စာရွက်အဖြူလေးတွေကို...သေသပ်လှပတဲ့..အရောင်သွေးတောက်ပြော င်တဲ့ ....မြန်မာ့အလှပန်းချီကားလေးဖြစ်အောင်လုပ်ဖို့ က....မိဘတွေဖြစ်တဲ့...လူကြီးတွေပါပဲ....ကလေးဆိုတာကတော့....လူကြီးလောက်အသိဥာဏ်မရှိပါ...အတွေ့ ကြုံနည်းပါတယ်...
အဖြူရောင်ပန်းချီကားပေါ်...စုတ်ခ
ျက်တွေကို.....မညီမညာရေးခြစ်နေသမျှတော့...
လှပတဲ့ ပန်းချီကားတွေနည်း နေဦးမှာပါပဲ....လူကြီးတွေပဲလား
ဆိုတော့..မဟုတ်ပါဘူး...
ဘယ်သူမပြု မိမိမှု တဲ့ ...လူငယ်တွေမှာလည်းထိုက်လျောက်
တဲ့...အတွေးခေါ်တွေ အသိဥာဏ်တွေရှိပါ.တယ်..သေရှာ စဉ်းစားရွေးချယ်တတ်ဖို့ လို ပါတယ်....လူဆိုတာခေတ်ဆန်ဖို့ မလိုပါဘူး...ခေတ်မှီဖို့ ပဲလိုတာပါ...ခေတ်နောက်မကျပဲ...ခေတ်မှီတယ်ဆိုရင်...ခေတ်ကိုရင်ဘောင်တန်းပြီးလိုက်နိုင်ပါတယ်...

ကျနော်ပြောချင်တာကဗျာ...လူကြီးေ
တွကလည်းချစ်တတ်စေချင်တယ်...ချစ်လွန်းလို့ နှစ်သလိုဖြစ်တတ်တာတွေ တွေးထားစေချင်တယ်...ကျနော်တို့ မြန်မာလူမျိုးတွေက..ပေါက်လွတ်ပဲစားတွေမဟုတ်ပါဘူး...မြန်မာပီသတယ်....မြန်မာဆန်ပါတယ်...မြန်မာလိုလှပါတယ်...မြန်မာလိုတွေးနေသမျှပေါ့.....လူငယ်တွေလည်း....ကောင်တာလှတာလေးတွေပဲယူကြပါ...တိုးတက်နေတဲ့..ခေိတ်ကြီးမှာ..ဆင်တူယိုးမှာတွေ..ပေါလာပါတယ်...သွေးဆောင်ဖြားယောင်းခြင်းတွေထပ်လာထပ်လာတယ်.....မြန်မာဆိုတာကိုမမေ့လိုက်ပါနဲ့ ....နဂိုစိတ်ပျောက်လို့ ...ဗိုလ်စိတ်ပေါက်ရင်တော့....ဟိုတစဒီတစ နဲ့  ဘဝတွေလိုက်ကောက်ရလိမ့်မယ်.....ဒေါင်းကလှနေလျှက်နဲ့  ကျီးတောင်တွေ...မဆင်ချင်ပါနဲ့ ...ဒေါင်းယောင်ဆောင်တဲ့ကျီပဲရှိပါတယ်.....ကျီးယောင်ဆောင်တဲ့ ဒေါင်းတွေမဖြစ်စေချင်းဘူး.......

ဒါက...ကျနော် အညတြ..တစ်ယောက်ရဲ့အမြင်ပါ......
ဆော်ကားစေချင်စိတ် တစ်ပြားသားမှ...မပါရှိပါဘူး.....မကျေနပ်လို့ ဝေဖန်မယ်ဆိုလည်း...ဝေဖန်ခံဖို့ အသင့်ပါ.....

အားလုံးသောမြန်မာမျိုးတွေကို ချစ်ခင်လေးစားလျှက်....

Thursday 19 September 2013

လွမ်း

အချစ်...အလွမ်းတစ်စက်

ပန်းတစ်ခတ်သာဖြစ်မယ်ဆိုရင်..

အလွမ်းဇတ်ကိုဖြုတ်....ပန်းတွေနဲ့ တည်တဲ့ ..

တောအုပ်ကြီးတစ်ခု..ငါ့ရင်ထဲမှာဖြစ်လို့ နေပြီ.....


မျက်ရည်တစ်စက်....

ကောင်းကင်ပျံတက်မယ်ဆိုရင်....

ဒီကမ္ဘာ ပေါ်ကိုရွာသွန်းနေတာ...

မင်းကိုလွမ်းလို့ ကျတဲ့  ကို့ မျက်ရည်တွေများလား....


အဆင်မပြေမှုတွေများလို့ ....

စိတ်ဓါတ်တွေ..ငရဲထိကျနေချိန်တိုင်း....

အားပေးဖူးတဲ့ မင်းအသံလေး.......

အခုထိ ကို့ ကို နွေးထွေးမှုတွေ...ပေးနေဆဲပဲ.....


အကြောင်းတွေရှာ စိတ်ကောက်တော့...

ချော့ခဲ့တဲ့အချိန်များ....စကားလေးများကြားနေဆဲ....

ချစ်လို့ ချွဲတာပါကိုရယ်တဲ့....

အတူတွဲပြီးလျှောက်လည်ဖူးတဲ့....

ရည်စူးထားခဲ့...စိန္တေမြထံ...

ကိုတို့ ရဲ့ ဗိမာန်ဘုံလေး...တည်ဆောက်ဖို့ အရေး...

တို့ တွေဝေးလို့ နေရပေမဲ့ ...

အတိုင်းအဆမဲ့ လွမ်းလှပါတယ်ကွယ်....

Friday 13 September 2013

လောကသာရပျို့ 

၁။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစေချင်
ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား
မိဘဆရာ၊ စကားနာ၍
ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။

၂။ မိခင်ဖခင်၊ ကျေးဇူးရှင်ကို
ချစ်ခင်မြတ်နိုး
ဂူပုထိုးသို့၊ ရှိခိုးဦးတင်
ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍
လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်
ကြီးထသက်အို၊ မျိုးဆွေကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုတ်သိမ်း၍
မယိမ်းစင်းလျင်း ငြိမ်းစေမင်း။

၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံလလျက်
တုပ်ကွပုဆစ်၊ ဆရာစစ်၌
ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်
စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်
ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌
သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး
မှတ်သားလေလေ၊ ၀မ်းထဲခွေ၍
အထွေအထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင် ကြွယ်စေမင်း။

ရခိုင်သူမြတ်

ခက်ဆစ်အဖွင့်

ပဲ့ပြင်= ဆုံးမသည်။ သွန်သင်သည်။ ဖြောင့်မှန်ကောင်းမွန်အောင်လုပ်သည်။
နိစ္စ= အမြဲ။
ကွပ်= ဆုံးမပဲ့ပြင်သည်။ လိမ္မာအောင်လုပ်သည်။
ပေါ်လွင်= ပေါ့ဆသည်။ ဘာကိုမျှ ဂရုမစိုက်။
ကြိုး= ကြိုးစားသည်။
ဂူ= လိုဏ်ခေါင်းခံ၍ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်အပ်သော ဘုရား။
ပုထိုး= ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာ၍ အုတ်ကျောက်စသည်ဖြင့် တည်ထားသော မုခ်ပေါက် သို့မဟုတ် မုခ်ယောင်ပါရှိသော စေတီ။
သိမ်းမြန်း= ထိန်းသိမ်းစောင့်ရှောက်သည်။
တုပ်ကွ= ရိုသေလေးစားသည်။ ညွှတ်တွားခယသည်။
ပိုက်ထုပ်= ထိန်းသိမ်းသည်။
စင်းလျင်း= အမြဲ၊ မပြတ်မလပ်။
ထုံးတီး= ရှေးထုံးဟောင်း။
ချောင်းချောင်း= အမြဲမပြတ် အရိပ်အခြေကြည့်၍။
ခြိမ်းမောင်း= ဆူပူကြိမ်းမောင်းသည်။
ဝမ်းထဲခွေ= ၀မ်းထဲ၌ မှတ်သားနှလုံးသွင်းသည်။

တေးထပ် ကဗျာရေးစပ်နည်း

တေးထပ် စပ်နည်း (၁)

တေးထပ်ဆိုသည်ကား ၀ါကျကာရန် အသွားအလာ အထပ်များစွာပါ၍ ပဋ္ဌမအပိုဒ်- ၆-ပိုဒ် ၊ ဒုတိယအပိုဒ်- ၆-ပိုဒ်နှင့် တတိယအပိုဒ်-၆-ပိုဒ်ပါရှိသည်။

ပထဋ္ဌမအပိုဒ် ၆-ပိုဒ်တွင် ...

အခံ လေးပိုဒ်နှင့် အအုပ် နှစ်ပိုဒ်

ဒုတိယအပိုဒ် ၆-ပိုဒ်တွင် ...

အတက် နှစ်ပိုဒ်၊ အခံ နှစ်ပိုဒ်၊ အအုပ် နှစ်ပိုဒ်

တတိယအပိုဒ် ၆-ပိုဒ်တွင် ...

အခံ လေးပိုဒ်၊ အအုပ် နှစ်ပိုဒ် ထားပြီ နောက်ကာရန် ၀ါကျ အဓိပ္ပါယ် ပြေပြစ်ချောမောစွာ (၁၈)ပိုဒ်တိတိ အထပ်များစွာ ထား၍ စပ်သွားသော တေးသီချင်းမျိုးကို ဆိုလိုသည်။

တေးထပ်စပ်နည်း ဥပဒေ

၁) အစလေးပိုဒ် (လေးပါဒ) အခံထား၍ နောက် နှစ်ပိုဒ် (နှစ်ပါဒ) အုပ်ရသည်။

၂) အလယ်နှစ်ပိုဒ် (နှစ်ပါဒ)မှာ တက်၍ နှစ်ပိုဒ်ခံ နှစ်ပိုဒ်အုပ်နှင့် အုပ်ရလေသည်။

၃) အဆုံးမှာလည်း အစကဲ့သို့ပင် လေးပိုဒ်ခံ၍ နှစ်ပိုဒ်နှင့်ပင် အုပ်ရလေသည်။

အာဒိ ၀စနံ လေးပိုဒ်ခံ၊ အမှန် နှစ်ပိုဒ်အုပ်( ၆-ပိုဒ်)

နှစ်ပိုဒ် တက်ပြန် နစ်ပိုဒ်ခံ အမှန် နှစ်ပိုဒ် အုပ် (၆-ပိုဒ်)

အာဒိဝစနံ ရှေးနည်းပြန် အမှန် နှစ်ပိုဒ်အုပ် (၆-ပိုဒ်)

စုစုပေါင်း ၆x၃= ၁၈- ဖြစ်လေသည်။

အပိုဒ်ရေ (၁၈)ခုရှိရာတွင် နား၏တန်ဆာ  ၀ါစာသိလိဋ္ဌဖြစ်စေဖို့ငှာ အောက်တွင် ဘော်ပြသည့် အတိုင်း အက္ခရာအလုံးရေကို ပိုင်းခြားပြထားသည်။

၁-အပိုဒ်၌ အက္ခရာ ၅-လုံး ၆-လုံးထားသည်။
၂-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၃-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၎-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၅-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၆-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၇-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၈-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၉-အပိုဒ်၌ အက္ခရာ ၈-လုံးထားသည်။
၁၀-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၁၁-အပိုဒ်၌ အက္ခရာ ၈-လုံးထားသည်။
၁၂-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၁၃-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၁၄-အပိုဒ်၌ အက္ခရာ ၆-လုံး ၇-လုံးထားသည်။
၁၅-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၁၆-အပိုဒ်၌ အက္ခရာ ၄-လုံးထားသည်။
၁၇-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၁၈-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။ စသည်ဖြင့်လိုရာ အဓိပ္ပါယ်သို့ရောက်အောင် ရေးစပ်ရလေသည်။ ထို့ကဲ့သို့စပ်ဆိုရာ၌ ၀မ်းတွင်းကာရန်များကို အလုံးကောင်းနှင့် မိအောင် ထပ်နိုင် ဟပ်နိုင်ပါက တေးထပ်   ကောင်းဟု ခေါ်ဆိုပေသည်။ 


တေးထပ်စပ်နည်း (၂)

တေးထပ် ရိုးရိုး စပ်နည်းများကို  နည်းနာများကို ဆက်လေ့လာပါ။

၁) စလေဆရာကြီး ဦးပုည ရေးသား စီမံအပ်သော ရိုးရိုးတေးထပ်စပ်နည်း

ပဋ္ဌမအခံ အအုပ် -၆-ပိုဒ် ....

၁= တေးထပ်စာ “ဥာဏ်ဆ“လို့၊

၂= “ကြံကြ “ တော့ စပ် “ပုံ“

၃= ဆယ့်ရှစ်ပိုဒ်တွေ့ “ကြုံ“လျှင်၊

၎= အားလုံး “စုံ“ ပြီ (မြဲ)။  (အာဒိဝစနံ ၄-ပိုဒ်ခံခြင်း)



၅= အစက“ခြောက်လုံးတယ်“ကွယ်၊

၆= “နောက်ဆုံးဝယ်“ ခုနှစ်နှင့် (ဘဲ)။  (အမှန်-၂-ပိုဒ်ခံခြင်း)

ဒုတိယ အခံ အအုပ် -၆-ပိုဒ် ....

၇= အ-အာနှင့် “ဤသဒ္ဒါ“ကို၊

၈= “တည်ရာမှာ“ မှတ် “စွဲ“၊ (အမှန် နှစ်ပိုဒ် တက်ခြင်း)

၉= အဓိပ္ပါယ်ဘယ် မ “လွဲ“ စေနှင့်။

၁၀= ဥာဏ်ခဲလို့ စပ် (ပါ)။ (နှစ်ပိုဒ် ခံခြင်း)

၁၁= စကားပို- “လွန်မထပ်“ စေနှင့်၊

၁၂= “ပြန်ဂဟပ်“ ကောင်းမြတ်နှင့် (သာ)။ (အမှန် ၂-ပိုဒ် အုပ်ခြင်း)


တတိယ အခံအအုပ် ၆- ပိုဒ် .....

၁၃= တော်သုံးတဲံ “ထိုကဗျာ“၊

၁၄= “လိုတာ“ “ချန်မချွင်း“ စေနှင့်၊

၁၅= “ဥာဏ်သွင်း၍ “အဖြာဖြာ“

၁၆= နှိုင်းဆ “ခါ (ခါ)“။ (အာဒိဝစနံ -၄-ပိုဒ်ခံခြင်း)

၁၇= တေးတက “မြတ်ကြောင်းဖြာ“သည်၊

၁၈= “တတ်ကောင်း (စွာ)“ သင် စမ်းကွဲ့လေး။ (အမှန်-၂ပိုဒ် အုပ်ခြင်း။

အထပ်ပါ တေးထပ်၏ ကာရန်များနှင့် အခံ+အအုပ်များကို  သိသာစေရန် ဖော်ပြပေး ထား၍ သေချာလေလာကြည့် ကျက်မှတ်ကြပါ။

သို့သော အထက်ဖော်ပြပါအတိုင်း မချွတ်မယွင်း မူသေမူရင်းကြီးထားပြီး နောက်ဆုံး လှေနံဓားထစ် ဆိုဘိသကဲ့သို့ အမြဲအစွဲ တထစ်ကျ မမှတ်သားအပ်ပေသေးချေ။ မိမိး ဥာဏ်စွမ်းရှိသမျှ အလုံးကောင်း အလုံးယဉ်စသည်များတို့နှင့် ထပ်နိုင် ဟပ်နိုင်သမျှ စပ်ထပ်၍ ရေးသွားပါက ထိုပ်ထပ်ပင် ပြေပြစ်ချောမော ပြီးလျှင် သာလွန်ပိုမို ကဲမောက်၍ ကောင်းပေလိမ့်မည်။

ဆရာကြီးဦးပုည၏ မျှောက်ပင့် တေးထပ်ကို ကြည့်ပါ။

၁= ကြက်သရေ တက်နေလင့်၊

၂=  စက်ငွေပွင့် သော်တာ၊

၃= မျက်ရွှေပွင့် နှော်ဇာလို၊

၎= မော်တကာ ခေါင်ဆုံး၊

၅= မန်းနဂရ-နန်းမြလယ်မှာ၊

၆= စန်းလနှယ် နှိုင်းထောက်တဲ့ ဘုန်း။



တေးထပ်စပ်နည်း (၃)

ဆရာဥိးပုည၏ တေးထပ်စပ်နည်း

၁) တေးထပ်တေးထပ်နှင့်၊ ရေးစပ်ကြ သူငှာ၊ တွေးကပ်လှ နမူနာမှာ၊ အချူအချာ လွန်ပေါ။ ယခုခေတ်-ပြုသစ်စာမှာ၊ ရှုချပ်စရာ ရွေးမျှ မနှော။ သို့မို့ကြောင့် ကျွန်ုပ် ညီငယ်၊ မဟုတ်သည် နယော။
နှုတ်ဝသီ သဘောမှာ အဟောသိ ပယ်ပါ။ သပြေမှာ စလေနည်းကိုလှ၊ ဆွေမှီလို့ ပြုသင့်သည်သာ။ စပ်မှုန်း ရေးလိုပါလျှင်၊ တေးကိုသာရအောင် ကျက်ပါတော့၊ ခက်လှဘူး မျိုးသိင်္ဂါ၊ စိုးရိမ်နှင့်ဗျာ။ ဖြိုထိန်းတဲံ ကိုစိန်လွှာငယ်၊ မိုးထိန်ဝါ တောက်ပါလိမ့်လေလး။

အချုပ်တန်း ဆရာဘေ၏ တေးထပ်စပ်နည်း

၂) တေးထပ်ကို ဥာဏ်ဆလို့၊ ကြံကြတော့ လုံးစုံ၊ စံရဘို့ ကုံးခြုံမယ်၊ နှုတ်ငုံလို့ မှတ်စွဲ။ စ-ဆဋ္ဌ- ပဉ္စာ၊ ဆုံးအုပ်မှာ ခုနှစ်နှင့်ဘဲ။ ဒွေး-တိ-ပဉ္စ၊ လေးနှစ်ဖြာ၊ တေးထပ်မှာရမြဲ၊ ရေးစပ်ခါ ဥာဏ်မနဲစေနဲ့၊ အန်ခဲလို့ ကြံပါ။ သည်-နှင့် ကိုသဒ္ဒါနည်းသာပ၊ ကွာမလှည်း ပုဒ်ဗျည်းသာ။ ဆုံးလေးက ဆယ့်ရှစ်ဖြာ၊ ရော့ မသာ ညီတိမှ၊ လူက၀ိပညာရှင်၊ နားသူတို့ဝင်၊ ခက်နိုင်မျှ တေးစပ်အင်ကို၊ ရေးမှတ်လျှင်- ရကြစေလေး။

ဦးကျော့၏ တေးထပ်စပ်နည်း

၃) တေးထပ်ကို ဥာဏ်ဆလို့၊ ကြံကြတော့ စပ်ပုံ။ ဆယ့်ရှစ်ပိုဒ် တွေ့ကြုံလျှင်၊ အလုံးစုံ ပြည့်မြဲ၊ အစက ခြောက်လုံးချီ ဆုံးလေပြီး ခုနှစ်နှင့်ဘဲ။ ၍-ဤ-သည်-ကို မှာ၊ သဒ္ဒါကို မှတ်စွဲ၊ အဓိပ္ပါယ် ဘယ်မလွဲစေနှင့်၊ ကြံခဲ၍ စပ်ပါ။ သတ်ခြောက်ထွေ စပ်ခြောက်ပါး၊ မမှားအောင် ကြည့်ကြလေပါ။
 ပေါရာဏကထာကို၊ အခါခါ ဥာဏ်ရှု့လို့၊ ဧချင်းစု လင်္ကာတွေ၊ ကြွမ်းကျတော့လေလ။ တေးထပ်ရိုး-သူ့အနေမှာ၊ စပ်ကြလေ ဥာဏ်သွားနှင့်လေး။

ဤကဲ့သို့ တေးထပ်ရိုးရိုးမှတပါး စာရေးဆရာကြိးများတို့၏ ဥာဏ်ကစားသည်အလျောက်၊ တေးထပ်ရိုးရိုး ကိုပင် ချဲ့ထွင် အညွှန့်အဖူး စိတ်ရှိတိုင်း ကွန်မြူး၍ ကာရန် အထပ်ထပ် ပြန်ဂဟပ် နေဘ အလုံးတွေပေါ
ပေါနှင့် စပ်သွားသော တေးထပ်များလည်း ရှိသေး၏။ အချိုးစားမှာမူ တေးထပ်ရိုးရိုးကဲ့သို့ပင် ဖြစ်ချေ၏။
ရှစ်ဆယ်ပေါ်တေးထပ်၊ တေးထပ်ကြီး၊ တေးထပ်ဆန်းသုံးချက်ညီတေးထပ်ဟူ၍ အများပြားရှိသေး၏။ ၄င်းတေးထပ်များကိုလည်း မှတ်သား နည်းယူဘို့ရန် အောက်တွင် ထည့်သွင်း ဖော်ပြရေးသားပါဦးအံ့။

စလေ ဆရာကြီး ဦးပုည၏ မျှောက်ပင့် ရှစ်ဆယ်ပေါ် တေးထပ်

နန်းရံ တရာ- ပဏာခ၊ မန်းမန္တလ ဘွေရိပ်စံ၊ စန်းစန္ဒရ ငွေဗိမာန်လို၊ ပင်ရွှေထိပ်ပန်းယာဉ်မျာ့ပန်း။
ဂုဏ်ထူး ကေလျော့- တကြော့မှန်ငယ်၊ မဟော့သက်နှံ- တော်လေး အမရငြမ်း။ ကပို့ကရို့ သူ့အမူငယ်၊ ဇမ္ဗူ့ မတူ-ပြိုင် သူလျှမ်း၊ အမူ့အယူ-လှိုင်ကြူပန်းသို့၊ ဆန်းဆိုသမျှ ခေါင်ထက်ခေါင်၊ ရှု့လေ ယဉ်လေ သူငေး၊ ခင်လေးခင်ခင့်-ယဉ်လေးယဉ်ယဥ့်- ယဉ်ထက်ပါတဲ့နှောင်၊ ပန်းချီရှုံးတဲ့ ဘုန်းခေါင်ငယ်၊ တကြော့ထုံးနှောင်- ကေသီကျော့နှင့်။ သုံးတောင်ထွာကြော့ ရော့ကေခိုင်၊ ပိတုံးမင်း ညွန့်ဆိုင်၊ စံပုံရှားတဲ့ သိကြားမှိုင်ငယ်၊ သနားပိုင်ပိုင် ခံစမ်းချင်လှလေး။


ရေးသားသူ--ကိုလင်္ကာ

အချုပ်တန်းဆရာဖေ၏ ကဗျာ

မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက် ဖြစ်ပြီ၊

 မှီးငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီ လူမျိုး၊

မိပစ်လို့ ဖရှောင်သွေသည်၊ ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး။

မြန်မာချင်း ကြွားကြချင်၊ ဓားပြသွင် လူဆိုး၊

ကုလားမြင် သူ့အမေရိုးတော့မလို့၊

ခုမြေလျှိုး ပုန်းအောင်းရှောင်၊ မိုးမနော် ပြူမဟေးရယ်လို့၊

သူ့ပထွေး ခွေးသို့ မဟောင်၊ ပြောရောဟဲ့ ရာဇ၀င်ပြောင်အောင်၊

စာဇင် (တပ်ကြပ်ကြီး၊ ရဲကြပ်ကြီး)တောင် ဦးချလို့၊

ပလူးရ ပြေးကျို့ ခါခါ၊ ခွေးသို့ပမာ။

တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်ပေါ့လေ။

ရှင်မဟာရဌသာရ ဆုံးမစာ

၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

                                     ရှင်မဟာရဋ္ဌသာရ


ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။

ရှင်မဟာသီလဝံသ ဆုံးမစာ

၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

၂။ အချိန်တန်၍၊ စာအံဆိုလျှင်
မရွှင်မျက်နှာ၊ မသာမချို
ထိုထိုအကြံ၊ ကြီးစွာဖန်၍
မအံတခါ၊ အံတခါနှင့်
မျက်နှာတပါး၊ စာတခြားလည်း
စကားပြောဟော၊ တသောသောသည်
ရယ်မော၍လည်း မနေနဲ့။

၃။ မပြတ်အသံ၊ တညံညံသည်
စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ
သည်လည်း ညသတ်၊ ပြတ်ပြတ်သားသား
စကားဆိုထွေ ပီလှစေ။

၎။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ
ရေးသောခါလည်း
အက္ခရာကို၊ သေချာလှစေ
စာလုံးကိုလည်း လှလှစေ။

                                  ရှင်မဟာသီလဝံသ

ခက်ဆစ်အဖွင့်--
၁။ ဂါထာ=ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။
၂။ လျင်လျင်=မြန်မြန်။
၃။ စာအံ=စာကို နှုတ်တက်ရအောင် အခေါက်ခေါက် ဆိုသည်။
၎။ သောသော=ဆူဆူညံညံ။
၅။ ကြပ်ကြပ်=မြဲမြံစွာ၊ အမြဲအစွဲ၊ အခိုင်အမာ။
၆။ သင်ပုန်း=စာရေးနိုင်အောင် ပျဉ်ပြားကို ဆေးသုတ်၍ဖြစ်စေ၊ အနက်ရောင် ကျောက်ချပ် (အသွင်ပြောင်း ကျောက်တမျိုး) ကို ဖြစ်စေ ပြုလုပ်ထားသော အချပ်။
၇။ ထန်းရွက်=စာ သို့မဟုတ်-အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ထန်းပင်၏ အရွက်။
၈။ ပေရွက်=စာ သို့မဟုတ် အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ပေပင်၏ အရွက်။

Thursday 12 September 2013

တို့ တောရွာ

တို့ တောရွာ....
ထနောင်ပင်ကဖြာ..ရွာအဝင် ကန်တော်ဆိပ်..
အေးစိမ့်လို့ ကြည်သာ..ကြာရှင်ပြာဗေဒါကတန်း
ရွာလမ်းသာဖြောင့်ကာဖြူး...ရောက်ဖူးစေချင်..
ချစ်ခင်လို့ ပျူငှာ...ကညာတွေအလွန်ပေါပါဘိ....
အများသိပေမို့ ..တို့ ဓလေ့ရိုးရာ...
အပိုမပါ ...ခါးဝတ်သာဆင်ပါခဲ့...
ဝင်ပါကွဲ့ ကြိုက်ရာအိမ်....ထမင်မြိန်မြိန်ကြွေး
နှုတ်ရေးကချိုသာ ...ပလီပလာမတတ်ပါဘူး..
ရောက်ဖူးလျှင်..ပြန်ချင်ပေါင်...
အမောင်တော်..ကုတ်နှင့်ကော်လျှင် မထွက်သလို ပါ့လေး.....

တို့ တောရွာ
သာသနာထင်လင်းသာပါ့...စေတီလှရယ်ရွှေရည်ဝင်း...
နံနက်ခင်းသံသာ..အုန်းမောင်းဝေဝေဆာလို့ ..
မေတ္တာပို့ လို့  အမျှပေး...လွတ်ရေးသံသရာ..
ဘုန်းတေရှင်..မြတ်ဘုရား နှုတ်တော်ထား
ဓမ္မတရားကို မိန့် မြွက်လို့ ကြား..
ဘိုးဘွားတတွေ..ဆိတ်ငြိမ်စေလိုကြောင်း..
စုပေါင်းလို့ တည်...ဓမ္မာရုံမဟီတိုက်..
အာရုံစိုက်..ဘာဝနာ...ချမ်းမြေ့စေရာ
တို့ တောရွာ...လှမ်းခဲ့ပါ့လေး.........

တို့ တောရွာ
ပညာရေး  နောက်မနှေးရအောင်...ဦးဆောင်လို့ ပေး..
ရှေ့ ရေးကိုမျှော်...မင်းမဟော်တို့ တိုးစေကြောင်း..
ပေါင်းစုလို့ ညီညာ..ပညာရေးတိုက်ဆောင်..
ရွာဂုဏ်ရောင်..ကျောင်းတော်ကြီးနှင့်..
အားဖြည့်လို့ ကူညီ...ပညာပါရမီဖြည့်လို့ ..
တို့ ရွာသူ(သား) ဆရာအင်အားဖြည့်လို့ ထား
လိမ္မာအောင်သင်ကြားပေး...ကလေးတို့ ပျော်...
ရွာကလေးတို့ ကျောင်းတော်မှာ....မြင်သာပါ့လေး.....

တို့ တောရွာ
သီးနှံစုံစွာ..စိုက်လို့ သာပါ့....ရောင်းကြရသူသူငါ..
လယ်ပြင်ကတသွယ်...ထွက်ပါတယ် ဆန်ရေစပါး..
ကျွဲနွားကခြံရံ....ပေါပြည့်လျှံတယ်..
တန်ဆောင်မုန်းမယ်..ဘုန်းမောင်တွေမယ်ကညာတို့ ..
နီးကြဖို့  အရေး...မင်္ဂလားတေးသံ ဝေဆာပေးလို့ ရယ်..
ပျော်ရွှင်ဖွယ်..ရွာကလေးမို့ ..
ပြေးလို့ သာ အရောက်လှမ်း..လာလမ်းကကြိုးပါ့မယ်...
မြန်းကြွခဲ့စမ်း....................

လေးစားလျှက်
                           ရင်ခုန်ရသူ



 

Wednesday 11 September 2013

(စလေဦးပုည)ရေးသားသောအလှဘွဲ့ 

ထိတ်စရာလိပ်ပြာလှုပ်
ပြိတ္တာရုပ်သဖွယ်
မဲချက်ကကဲထက်ကြွယ်သည်
ကျွဲနက်ဝယ်မခြား။
ဂျီးသူဌေးမီးသွေးငိုသည်
ကျီးမွှေးကိုရှုံ့းရတကား။
ညစ်ထေးလို့ ပြစ်ထွေးမှောင်သည်
သစ်စေးရောင် အလား။
အနက်တွင် မက်လင်သားပါပဲ
မျက်မြင်အား အမှန်။
အမူတွင် ငါးခူရှုံးရ
လဒူမုန့် ကျွမ်းသည့်သဏ္ဍာန်။
သပိတ်နှင့် ငချိတ်ဆန်လို
မနိပ်ဟန် ဆင်ကွဲပါ့
မင်ခဲနှင့် ပုလင်းဖင်လို မဲမှောင်လို့ညို။
မီးလောင်သည့် တုံးငုတ်တိုမှာ
ပုံးစုတ်ကို စွပ်ထားသို့လေး။
( စလေ ဦးပုည )

Monday 9 September 2013

ချစ်တေးလင်္ကာ

ဆောင်းနှင်းမှုန်ငွေ၊ဆင်းကာဝေဦး
လေရူးဝှေ့ လည်၊ရဂုံငယ်ထဲ
ဖော်ကွာဆဲမို့ ၊ဆွေးလို့ ငေးမော
ရင်ဝယ်ဇောက၊ထိန်းမရနိုင်
သည်းဆိုင်လှိုက်အူ၊ပူပြင်းလောင်မြိုက်
ရှိုက်ငိုမိဖူး၊ဟေမာန်ဦး။....။


နွေကိုဆင့်ကဲ၊ဥသြသဲကြ
ဖေးမမကူ၊ရွှေချိုး(ဂျိုး)ဖြူလည်း
တစ်ကိုယ်တည်းရယ်၊ညလယ်ငှက်ဆိုး
ဘယ်ငြိုးကစေ၊ရေစင်အေးအေး
တောင်းတငေးသလို၊တေးကိုသီကျူး
နွေလေမြူးထဲ၊ဝေ့ကာဝဲကာ
လွမ်းစွာငေးငိုင်၊ဖြေမနိုင်။......။

ပန်းလေး ခရေ၊မြေမှာပြန့် ကျဲ
ရနံ့ သဲသဲ၊မိုးသည်းထဲမှာ
စီးကာလိုက်မျော၊ရေယဉ်ကြောထက်
မှေးစက်ရင်းသာ၊သစ်ရိပ်ကျဲကျဲ
ရွက်ဖျင်တဲအောက်၊အတွေးစောက်ချ
တမ်းတမိဖူး၊တူကြည်နူးခဲ့
နေ့ ရဲ့အစဉ်၊ရင်မှာပိုက်ရင်း
သီချင်းတစ်ပိုဒ်၊နှုတ်တိုက်ရေရွတ်
လွမ်းဆွတ်သူ့ ထံ၊မြိုင်တောယံမှ
မှတ်ဆခြင်းဖြင့်၊အလွမ်းဆင့်။.....။


      လေးစားလျှက်
                                    ရင်ခုန်ရသူ

Tuesday 3 September 2013

ဇွတ်ချစ်မယ့်သူ

ယဉ်တယ်လေ သူ့ အလှ
မြင်ရသူဘဝင် စွဲထင်ကျန်ရစ်
ရင့်နင့်အောင်ချစ်ခဲ့မိတာ
ပြစ်မြင်ပါနဲ့  ကြင်နာပါ..

ချိုပါတယ် သူ့ အသံ
ကြားရသူနား  ဆည်းလည်းလားထင်
ကြည်လင်ရွှင်အေး အပြုံးလေးဆင့်
တင့်တယ်မူယာ ကြည်ဖြူပါ...

လမင်းတစ်ရာ သာခဲ့ခါလည်း
သူသာမြဲလှ ရှုမဝနိုင်
ယုယပိုင်လို စိတ်ညှို့ သူမို့ 
ဆတိုးတရစ် ဇွတ်ချစ်မိသူ
မောင့်ချစ်သူ..
 
အရွယ်ငယ်သူ မောင့်လိုလူကို
ကလေးကလား အရေးမထား
နေပါနဲ့ နော် 
နှစ်သိမ့်စကား မပေးကားလည်း
ဆထက်တိုးတိုး ပိုတိုးချစ်မယ်
ဇွတ်ချစ်မယ်...
 
လေးစားလျှက်
                                                ရင်ခုန်ရသူ


Monday 2 September 2013

ချစ်သက်လက်ဆောင်

နေရောင်လင်းလက်   မိုးမနက်ခင်း
အကြင်နာလမ်း   တူးလျှောက်လှမ်းမယ်
ရည်ရွယ်စိတ်ကူး   ပျော်ကြည်နူးမိ
ချစ်သည့်မေ့အား ကို့ နှလုံးသားငယ်
ပုံကာအပ်နှင်း
ခြေတော်ရင်း...................။

သော်တာလမင်း ကြယ်စုံခင်းလို့ 
မိုးမြင့်ကောင်းကင်  ရှုမညင်တယ်
မြောက်ပြန်လေရူး သော်ကာဖြူးဝှေ့ 
စွေ့ စွေ့ ခုန်တဲ့ ယုန်သူငယ်
ဆန်ဖွတ်တဲ့ အဘိုးအိုးရယ်..
ညအလယ် တင့်တယ်စွာအေး
ချစ်တေးခွန်းသီ ဆောင်းညပန်းချီ
 ဆေးရာင်ခြယ်သန်း.. ချစ်သူနန်းကြာ
ဖူးရောက်ကာ ဖြင့်  ချစ်ခွင့်စကား
သူကြားသိစေ    
ညွှန်းစာခြွေ ....

နေလကင်းမိုက် သန်းခေါင်လှိုက်မော
တောက်တဲ့ကအော် ဇီးကွက်ပျော်၍
ညမွှေပန်းလည်း လန်းနေဆဲမို့ 
ဆောင်တော်အရှေ့  ပြေးတွေ့ ခါခါ
ချစ်သက်ညာထံ ချစ်ခွင့်ပန်ရင်း
ချစ်ခြင်းအရောင် ချစ်လက်ဆောင်လေး
မောင်ပေးပါရစေ  ချစ်တဲ့မေ.......

လေးစားလျှက်
                         ရင်ခုန်ရသူ

Followers