အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 31 May 2014

Bruce Lee ပြောတဲ့ မှတ်သားဖွယ်ရာ စကားများ

(၁) အသိအပညာ ဗဟုသုတဆိုတာ သင့်ဘဝအတွက် အကောင်းဆုံး လက်နက်တွေပါပဲ။ အဲဒီဗဟုသုတတွေကို လေးစားလိုက်နာဖို့တော့ လိုတယ်။

(၂) သင့်ဘဝကို ချစ်တယ်ဆိုရင် အချိန်တွေကို မဖြုန်းမိပါစေနဲ့။ ဘာလို့ဆိုတော့ အချိန်နဲ့ ဘဝဆိုတာ လေးကို တည်ဆောက်ထားလို့ပါ။

(၃) အခွင့်အရေးရပြီ ဆိုတာနဲ့ အသုံးချတတ်အောင် ကြိုးစားပါ။ ဘာလို့ဆိုတော့ အခွင့်အရေးဆိုတာ ခဏခဏမရလို့ပါ။

(၄) ခက်ထန်မာကြောနေတဲ့ မာန်မာနတွေကို လျော့ချလိုက်ပါ။ ဥပမာ - ဝါးပင်တွေ အရမ်း အပင်မြင့်သောလည်း လေယူရာကို တိမ်းပြီး ယိမ်းနွဲ့လိုက်ပါ တတ်ကြပါတယ်။ လေကြောင့် ကျိုးကြသွားတယ်ဆိုတာ မရှိပါဘူး။

(၅) အနာဂတ်မှ ဘာလုပ်ရမလဲဆိုတာ အမြဲတွေးထားပါ။

ကျော်လင်းနိုင် (ရိုးရာလေး)


သေနတ်တစ်လက်ကိုင်ပြီး လူထုဘက်ကရပ်သတဲ့

(တစ်)
အရှေ့တောင်အာရှမှာ ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကိုတက်သွားကြတဲ့ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်ဟာ တော်တော်ကလေး စောသဗျ။ တေးထားမှတ်ထားတဲ့ စာရွက်ကလေးတွေ ပြန်ကြည့်တော့ အခုလိုတွေ့ပါတယ်။
ဖိလစ်ပိုင် (၁၉၈၆)
တောင်ကိုရီးယား (၁၉၈၇)
တိုင်ပေ (၁၉၈၇)
မွန်ဂိုလီးယား (၁၉၉၀)
ကမ္ဘောဒီးယား (၁၉၉၁)
ထိုင်း (၁၉၉၂)
အင်ဒိုနီးရှား (၁၉၉၉) တဲ့။
ဒီအမှတ်အသားအတိုင်းဆို ရင်ဖြင့် ဖိလစ်ပိုင်ဟာ တော်တော် စောတဲ့ နိုင်ငံတစ်ခုပဲပေါ့။
ဖိလစ်ပိုင်ကိုကြည့်တဲ့အခါ အနှစ် ၂၀ လောက်ဟာ အမှောင် ကြီးပါ။ ၁၉၆၅ ကနေ ၁၉၈၆ အထိ။ အုပ်စိုးသူ အာဏာရှင်က ဖာဒီနန်မားကို့စ် (Ferdinand Marcos)။ အမေရိကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာတယ်ဆိုတဲ့ မား  ကို့စ်။ ဇနီးသည် အီမယ်ဒါမားကို့စ် ဆီမှာ လေဒီရှူးအရန် ၂,၇၀၀ ရှိ တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံသုံးသောင်းကျော်ကို သတ် ပစ်တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံခေါင်းဆောင်တစ်ယောက် ဖြစ်သူ ဘီနင်နိုအကွီနို (Benigno Aquino)ကို ၁၉၇၂ ကနေ ၁၉၈၀ အထိ ထောင်ထဲထည့်ထားရုံသာ မက အမေရိကန်ကနေ ဆေးကု ပြီးပြန်အလာ မနီလာလေဆိပ်မှာ တွင် ပစ်သတ်စေခဲ့တဲ့ မားကို့စ် (၂၁-၈-၈၃)။ မတတ်သာလို့ ၁၉၈၆ ဖေဖော်ဝါရီ ၇ မှာ ရွေး ကောက်ပွဲလုပ်ပေးလိုက်တဲ့အခါ သူသတ်ပစ်ခဲ့သူရဲ့ဇနီး ကိုရာဇန် အကွီနို (Corazan Aquino) အနိုင်ရတာကို လက်မခံဘဲ သူသာရရှိကြောင်း ဇွတ်ကြေညာခဲ့သူမားကို့စ်။
အဲသည့်အချိန်မှာ အကြီး ကျယ်ဆုံးတိုက်ပွဲနဲ့ တိုးခဲ့ရသူက စစ်တပ်အကြီးအကဲ ရာမို့စ် (Ramos) ပါ။
(နှစ်)
ရာမို့စ်ဟာ အာဏာရှင် မားကို့စ်ခေတ်ရဲ့ လက်နက်ကိုင် တပ်များ အကြီးအကဲပါ။ ရှင်း ရှင်းပြောရရင် ကာကွယ်ရေးဦးစီး ချုပ်လို့ပဲ ဆိုကြပါစို့။
သူမနိုင်ဘဲနဲ့ ရွေးကောက်ပွဲ မှာ အနိုင်ရတာဟာ သူပါပဲလို့ အာဏာရှင်မားကို့စ်က ကြေညာ ချလိုက်တဲ့အခါ ထုံးစံအတိုင်း လူ ထုက လမ်းပေါ်ထွက်ချလာတော့ တာပါပဲ။ မနီလာမြို့တော်မှာ လူ ငါးသိန်းတဲ့ခင်ဗျ။ အာဏာရှင် စနစ်အလိုမရှိ။ ဒီမိုကရေစီရရှိရေး ဒို့အရေး။ လက်နက်ကိုင်ဝါဒကျ ဆုံးပါစေ စသည်စသည်။
ရာမို့စ်အကြီးကျယ်ဆုံးတိုက် ပွဲနဲ့ ကြုံရပါပြီ။ အဇ္ဈတ္တတိုက်ပွဲ။ ဘယ်ဘက်က ရပ်မလဲဆိုတဲ့ ပြဿနာ။ နိုင်ငံတော်ရဲ့ သယံဇာတ၊ ဓနဥစ္စာစည်းစိမ်ချမ်းသာတွေကို သူနဲ့ သူ့လူတစ်စုတို့အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေတဲ့ အာဏာရှင်မားကို့စ်ဘက်က ရပ်တည်မလား၊ ကျောက်စရစ် တောခေါင်ခေါင်မှာ အတောင် ကျွတ်တဲ့ကြိုးကြာ ရေရှာမရသလို ဖြစ်နေတဲ့ ပြည်သူလူထုဘက်က ရပ်တည်မလား။ အဲသည့်တိုက်ပွဲပါ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြော်အမြင်နဲ့ဆိုင်တဲ့ တိုက်ပွဲ။ လက်နက်ကိုင် တစ်ယောက်ရဲ့ ဉာဏ်ခံဘယ်လောက် ကြီး၊ မကြီးဆုံးဖြတ်ရတဲ့တိုက်ပွဲ။
တစ်ကမ္ဘာလုံးအံ့ဩသွားခဲ့ရ တယ်ခင်ဗျ။ အာဏာရှင်နိုင်ငံရဲ့ စစ်တပ်အကြီးအကဲက လူထု ဘက်ကနေ ရပ်တည်လိုက်ပါလေ သတဲ့။ ဖီဒယ်လ်ရာမို့စ် (Fidel Valdez Ramos)။
(သုံး)
ရာမို့စ်က United States Military Academy ကနေ ကျောင်းဆင်းတဲ့သူပါ။ အမေရိ ကန် စစ်ကျောင်းဆင်းလို့ဆိုပါ တော့။ မြို့ပြဆိုင်ရာ အင်ဂျင်နီ ယာ မဟာဘွဲ့ကိုရတာကလည်း အမေရိကန်ကပါပဲ။ University of illinois တက္ကသိုလ်တဲ့။
အမျိုးသား ကာကွယ်ရေး စီမံခန့်ခွဲမှုဘွဲ့ကိုတော့ ဖိလစ်ပိုင် ကနေပဲ ယူပါတယ်။ National Defense College of the Phili-ppines တဲ့။ MBA ဘွဲ့ကိုတော့ Manila University ကနေပဲ ယူပါ တယ်။ ဖိလစ်ပိုင်တက္ကသိုလ်ပါပဲ။
စစ်မှုထမ်းရာမို့စ်ဟာ အာ ဏာရှင် မားကို့စ်လက်ထက်မှာ လက်နက်ကိုင်တပ်များရဲ့ အကြီး အကဲဖြစ်နေပါပြီ။ Chief of Staff of the Armed Forces of the Philippines တဲ့။
လူထုနဲ့ အာဏာရှင်သမ္မတ ရင်ဆိုင်တိုက်ပွဲမှာ ဘယ်ဘက်က ဝင်ပါမလဲလို့ ဆုံးဖြတ်ခဲ့ရသူဟာ အဲသည့်ရာမို့စ်ပါ။
အများသိတော်မူပြီးကြတဲ့ အတိုင်း ပြည်သူ့တပ်မတော်ဟာ ပြည်သူကိုပဲ ကာကွယ်ရမယ်လို့ ရာမို့စ်ဆုံးဖြတ်လိုက်တာကအစ ၁၉၈၆ မှာ ဖိလစ်ပိုင်နိုင်ငံဟာ ဒီမိုကရေစီလမ်းမပေါ် ခပ်စော စော ခြေချနိုင်ခဲ့တာပဲမဟုတ်ဘူး လား။
(လေး)
ရှေ့နားမှာ ပြောထားခဲ့သလို ဖိလစ်ပိုင်ဟာ အလင်းကိုရောက် ရှိတာစောပါတယ်။ အဲသလို စော ဖို့အတွက် သူ့စိတ်တွင်းတိုက်ပွဲကို ရာမို့စ်တစ်ယောက် ခက်ခက်ခဲခဲ ဆင်နွှဲခဲ့ရတာပါ။
သေနတ်တစ်လက်၊ ကျည် ဆန်တစ်တောင့်နဲ့ တိုက်ပွဲတစ်ပွဲ ကို ဆင်နွှဲတဲ့အခါ ရန်သူ့စခန်းတစ် ခု၊ တောင်ကုန်းတစ်လုံး၊ မြို့ပျက် ရွာပျက်ကြီးတစ်နေရာရာကို သိမ်း ပိုက်ရကောင်း သိမ်းပိုက်ရနိုင်ပါ တယ်။
အမှားအမှန်ဘယ်ဘက်က ရပ်မလဲဆိုတဲ့ စိတ်တိုက်ပွဲမှာ ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် အနိုင်ရလိုက်ပုံက ပြည်သူလူထု တစ်ရပ်လုံး၊ သမိုင်းမှတ်တမ်း တစ်ခုလုံး၊ ဓမ္မကိုမြတ်နိုးသူ ကမ္ဘာ သူ၊ ကမ္ဘာသားတို့ရဲ့ နှလုံးသား ကမ္ပည်းမော်ကွန်းတစ်ခုလုံး။   ။

မောင်သာချို
ကျွန်မတော်တော်စိတ်ဆင်း ရဲပါတယ်။ ဒီတာဝန်ကို အလွယ်တကူခေါင်းညိတ်လိုက်မိတာကိုက ကျွန်မရဲ့အမှား။ ဒီလောက်ခက်ခဲမယ်မှန်းမှ မသိခဲ့ဘဲ။ အခုတော့ ရုပ်ပျက်ဆင်းပျက် ဣနြေ္ဒမဲ့။ ကျွန်မ ထဘီစကိုမလွှတ်တမ်း ကျစ်ကျစ်ပါအောင်ဆွဲထားပြီး မျက်ရည်တွေနှပ်တွေနဲ့ ငိုယိုနေတဲ့ကျွန်မတူလေး။
‘‘ကြီးကြီး သားကိုမထားခဲ့နဲ့။ ပြန်လိုက်မယ်။ မူကြိုထဲမှာ သား ကိုမထားခဲ့နဲ့’’စိတ်ညစ်လိုက်တာ။ ဆရာမတွေကို အားနာလို့အတင်း အဓမ္မထားခဲ့ပြီး ကျောင်းပြင်ရောက် ခဲ့ပေမယ့် မြင်ကွင်းတွေကမျက်စိ ထဲကမထွက်။ တူတော်မောင်ငို နေသလို အရင်ရောက်နှင့်နေတဲ့ ကလေးတွေ အတော်များများ လည်း အငိုမျက်နှာတွေနဲ့။ မနေ့ကသူ့အမေလာပို့တုန်းကလည်း အဲဒီ လိုငိုလို့ ကြီးတော်ဆိုရင်ကြောက် တော့ ငိုရဲမှာမဟုတ်ဘူးဆိုပြီး ကျွန်မလက်အပ်လိုက်တာ။ မထူး ပါဘူး။ ကလေးမှမပျော်ဘဲ။ သူမှ မသွားချင်ဘဲ။
တကယ်တော့ ဒီကလေးသုံး နှစ်ပြည့်တာ တစ်ပတ်ပဲရှိသေး တယ်။ မိဘနဲ့ခွဲပြီး နေရာအသစ် မှာ လူစိမ်းတွေနဲ့ ဘယ်နေချင်ပါ့ မလဲ။ အိမ်မှာက အိပ်ချင်တဲ့အချိန် အိပ်၊ ဆော့ချင်သလိုဆော့၊ စား ချင်တာပူဆာ။ ကျောင်းဆိုတာက အချိန်နဲ့ကျွေး။ အချိန်တန်အိပ်။ ဆော့ရမယ့်အချိန်ဆော့ အချိန် ဇယားနဲ့။ ခက်တာက မိဘတွေ ခမျာလည်း လင်ကိုယ်မယားနှစ် ယောက်လုံးဝန်ထမ်းတွေ။ တစ်လလုပ်တစ်လစား အလျဉ်မီရုံ။ အိမ် မှာကလေးထိန်းတွေ၊ အိမ်ဖော်တွေနဲ့မထားနိုင်တော့ သုံးနှစ် မပြည့်ခင် ကလေးကို နှစ်ဖက်မိဘအိမ်တစ်လှည့်စီ အကူအညီတောင်းထိန်းခိုင်း။ သုံးနှစ်ပြည့်တာနဲ့ မူကြိုကျောင်းပို့ကြရတော့တယ်။
အခုခေတ် ရန်ကုန်မြို့မှာ လူလာဖြစ်ရတဲ့ကလေးတွေဟာ အတော်သနားစရာ ကောင်းပါ တယ်။ လူဖြစ်မယ်မကြံသေးဘူး။ ကျောင်းအပို့ခံရပြီ။ အဘိုး၊အဘွား ရင်ခွင်မရှိ။ ညအိပ်ရာဝင်ပုံပြင်ဆို တာ ဘာမှန်းမသိ။ နေရတဲ့အိမ်ကို က စာကလေးအသိုက်လိုခေါင်း လွတ်ရုံ တစ်ဝဂူတိုက်ခန်းကျဉ်း လေးတွေ။ မူကြိုကျောင်းတွေ ကလည်း အစိုးရမူကြိုကလွဲရင် တိုက်ခန်းတွေထဲမှာဖွင့်ကြတာ များတယ်။ ဆိုင်၊ မဆိုင်တော့ မသိပေမယ့် တွေးမိတယ်။ အခုခေတ်လူငယ်တွေ  တစ်ကိုယ်ကောင်းဆန်လာတာ၊ မေတ္တာ တရားတွေခေါင်းပါးလာတာ၊ အတွေးအခေါ်တွေကျဉ်းမြောင်းလာတာ ဒီလိုတိုက်ခန်းထဲက မူကြိုတွေဆီမှာများ မြစ်ဖျားခံလာသလားလို့။
ကျွန်မတို့ငယ်ငယ်ကတော့ ကျောင်းဆိုတာ ငါးနှစ်ကျော်မှ တက်ရတာ။

ပညာရေးခရိုနီ

ဒီစာကိုရေးတော့မောင်ကဲကို ဆိုင်ရာလူတွေက ထောင်ထဲပို့ချင် ကြမယ်ထင်ရဲ့။ ကျုပ်ကျောင်း ဆရာ မောင်ကဲ စာပဲဆက်သင်ပါ ရစေဗျာ။ မပြောမပြီး မတီးမမြည် မို့ ပြောရတာပါ။ မောင်ကဲတို့ တက္ကသိုလ်ကျောင်းဆရာလော က,က ကြောက်စရာစကားတစ် လုံးအကြောင်းကို ပြောချင်လို့ပါ ခင်ဗျာ။
 အဲဒါက ဘာလဲဆိုတော့ ‘‘ဖာအကြောင်း’’ပါခင်ဗျ။
မောင်ကဲ ရိုင်းလိုက်တာလို့ မထင်ပါနဲ့။
 ‘‘ဖာတကာ့ ဖာထဲမှာ အကြောက်ဆုံးဖာ ဘာဖာလဲ’’လို့ ကျောင်းဆရာတွေကို ထပ်မေး လိုက်ပါဦးခင်ဗျ။
  ဆရာ၊ ဆရာမအားလုံး တညီတညွတ်တည်းဖြေပေးကြ မှာပါ။
‘‘ထရန် စဖာ’’
ဟုတ်ကဲ့ ဆရာ၊ ဆရာမတွေ အကြောက်ဆုံးဖာဆိုတာ ‘‘ထရန် စဖာ (transfer)’’ဆိုတာကြီးပေါ့ ခင်ဗျာ။
ထရံစ အပေါက်ကို ဖာသလို ဖာတာမို့ ထရန်စဖာလို့ခေါ်သလား အောက်မေ့ကြပါရဲ့။ ဟို တစ်ကွက် ဒီတစ်ကွက်။ အသစ်နဲ့ အဟောင်း သောင်းပြောင်းရောလို့ မွှေတာကိုးခင်ဗျ။
ကျောင်းဆရာဘဝဆိုတာ မင်းခယောက်ျားမို့ မိသားစုနဲ့ခွဲခွာ ပြီ ရောက်ရာအရပ်ကျရာတာဝန် ကျေပွန်ကြရပါသဗျ။
စေလိုရာစေဘဝ ‘‘သေချင် တဲ့ကျား တောပြောင်း’’လို့ ဆိုရ မလား။
‘‘ထားရာနေ စေရာသွားမို့ နွားနဲ့မခြား’’လို့ ပြောရမလား။
အမှန်ကတော့ တက္ကသိုလ် ဆရာဆိုတာ ‘‘ရေမျောကမ်းတင်’’ များသာ ဖြစ်တယ်ဆိုတာပါပဲ။
အဲ.. ဒါပေသိ ကျောင်းဆရာ လောကမှာ ဒူးနေရာဒူး၊ တော်နေ ရာတော်ဆိုတာထက် ‘‘ကတော်’’ နေရာကတော့ ‘‘အထူး’’ဖြစ်နေ တာ ခက်သကိုးခင်ဗျ။ အခု မေလ ထဲမှာ အဲဒီ ထရံစဖာတဲ့ ကိစ္စတွေ က ဆက်ကာဆက်ကာ လာတော့ မှာ ပေါ့ခင်ဗျာ။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့ကပဲ ပညာရေးဝန်ကြီး ဌာန ဝန်ကြီးရုံးကနေ ဒုတိယ ပါမောက္ခချုပ်တွေကို ပြောင်းရွှေ့ တာဝန်ချထားတဲ့ အမိန့်စာတစ် စောင်ထွက်လာပါသဗျ။ စာအမှတ်(၁) ပညာ ၂(ဃ)၂၀၁၄ (EC/၆) (၄၄၇၃)ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်စာကြီးက ပါမောက္ခချုပ်ရာထူးကို elected person မဟုတ် selected person များနဲ့သာခန့်စေသတည်း လို့ဆိုလိုကြောင်း မောင်ကဲတို့ ကျောင်းဆရာအပေါင်း ကောင်းကောင်းနားလည်လိုက်ကြသဗျ။ ခုလိုခန့်ထားရာမှာ  ဘယ်လိုစည်းမျဉ်းစည်းကမ်းများနဲ့  ရွေးချယ်ခန့်ထားသလဲဆိုတာတော့  မောင်ကဲတို့ကျောင်းဆရာများ လည်းမသိ။ သိခွင့်လည်းမရ။
မောင်ကဲတို့ သိထားတာက ပြည်ထောင်စုဝန်ကြီးတို့၊  ပညာ ရေးအာဏာပိုင်တို့နဲ့ ပုဂ္ဂိုလ်ရေး အရ နည်းလမ်းအမျိုးမျိုးနဲ့ပတ် သက်နေသူတွေ၊ လက်ညှိုး ထောင်ခေါင်းညိတ်အချို့တွေကို ရာထူးတိုးပေးလိုက်တယ်ဆိုတာပါပဲ။ အဲဒီအမိန့်စာကြီးမှာ ရာထူး တိုးမြှင့်ခြင်းခံတဲ့ တချို့သော ပုဂ္ဂိုလ်များရဲ့ အရည်အချင်းဟာ သာမန်မျှဖြစ်တယ်လို့ စီနီယာဆရာသမားများက ဆိုသဗျ။ တချို့များဆိုပေးထားတဲ့ရာထူးနဲ့ လားလားမှ မထိုက်တန်သူများပါ ပါတယ်လို့ ဆိုနေကြပါတယ်။
 ဒီတော့ ဒီရာထူးတွေကို ပြောင်းရွှေ့တာ၊  တိုးမြှင့်တာတွေ က ဒီမိုကရေစီခေတ်မှာ  ရီ(ရယ်) ချင်စရာဖြစ်နေပါသဗျ။  ဘာ ကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကို သွားနေရာမှာ လက်ရှိသမ္မတကြီး တောင် ရွေးကောက်ပွဲကနေ အဆင့်ဆင့်အရွေးခံရလို့ သမ္မတရာထူးကြီးရလာခဲ့တာလို့ဆိုသဗျ။  ဒါကြောင့်  ပညာရေးလောကမှာ လည်း ဒီမိုကရေစီစနစ်ကို ကျင့် သုံးစေချင်ကြတာ မောင်ကဲတို့ ဆရာအများစုဆန္ဒပါပဲ။
လက်ရှိမှာ မောင်ကဲတို့ တိုင်း ပြည်ပညာရေးက ချောက်ထဲထိုး ကျနေတာ မဟုတ်လားခင်ဗျ။ ကျ နေတာမှ မရပ်သေးဘူးခင်ဗျ။ ကျ တုန်း၊ ကျဆဲ၊ ကျမြဲပါခင်ဗျ။ ဒီလို အချိန်မှာ ငါးမျှားချိတ်လောက်နဲ့ ဆွဲလို့မရ။ အားကောင်းတဲ့ ကရိန်း ကြီးတွေနဲ့ ကျကျနန ဆယ်မရမှာ မဟုတ်လားခင်ဗျ။  အဲဒီတော့ လက်ရှိ တက္ကသိုလ်များရဲ့ အဓိပ တိ ပါချုပ်ဆိုတာကြီးတွေရဲ့ အခန်း ကဏ္ဍက အင်မတန်အရေးမကြီး ပေဘူးလားခင်ဗျာ။ ဒီတော့ ဒီလို ပါချုပ်ကြီးတွေကို  ဘယ်လိုခန့် သင့်သလဲ မောင်ကဲရဲ့ ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ တွေးကြည့်မိ ပါသဗျ။
နိုင်ငံတော်ရဲ့ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေ၊ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အင်တိုက် အားတိုက် ပါဝင်နိုင်မယ့် နိုင်ငံ အကျိုးနဲ့ ပညာရေးအကျိုးအ တွက် လုပ်ရဲ၊ ကိုင်ရဲ၊ တာဝန်သိ တဲ့၊ တာဝန်ခံနိုင်တဲ့၊ ထက်မြက် တဲ့၊ အရည်အချင်းရှိတဲ့သူတွေကို အများဆန္ဒ (stakeholder များ ဖြစ်တဲ့ ဆရာများ၊ ကျောင်းသား များရဲ့ဆန္ဒ)ကို အခြေခံကာ လွတ် လပ်တဲ့ ပညာရှင်များရဲ့ ဆုံးဖြတ် မှုနဲ့ ရွေးသင့်တယ်လို့ မောင်ကဲ တွေးမိပါတယ်။
  မောင်ကဲတို့ တက္ကသိုလ် လောကမှာ နယ်ကျောင်းက မြို့ ကျောင်းကို ပါမောက္ခချုပ်ရာထူး တူနဲ့ ပြောင်းရွှေ့ရရင် တာဝန်ပို ကြီးတဲ့နေရာကို အရည်အချင်းပို ရှိသူကို ရွေးချယ်ပေးပို့တာလို့ အဓိပ္ပာယ်ထွက်ပါတယ်။ ခုအခါ မှာ မောင်ကဲတို့အသိုင်းအဝိုင်းက လေးစားယုံကြည်ရသူ၊ ပါမောက္ခ ချုပ်ရာထူးနဲ့ ထိုက်တန်တယ်လို့ ထင်ကြေးပေးခံရသူတွေဟာ ရာ ထူးတိုးမြှင့်ခြင်းမခံခဲ့ရတာတွေ့ရ သဗျ။ ခုဟာက ရာထူးတိုးမပေး တဲ့အပြင် အပြစ်ပေးခြင်း (Puni-shment)ဆန်ဆန် တက္ကသိုလ် ကြီးများမှ နယ်တက္ကသိုလ်များဆီ ဘေးတိုက်ပြောင်းရွှေ့တာဝန်ချ ထားတာတောင် တွေ့ရသဗျ။
ဒါဟာ အာဏာရှင်အလိုကျ ဆောင်ရွက်ရာမှာ မပါခဲ့သူများကို ရာထူးတိုးချန်လှပ်ခံရတာလို့ မောင်ကဲတို့အသိုင်းအဝိုင်းက မှတ်ချက်ပြုကြလေရဲ့။ အမှန်တရားအတွက်ဆောင်ရွက်တဲ့ ပညာရှင်တွေဟာ အာဏာရှင် အလိုကျနေသူတွေမဟုတ်တာကြောင့် အာဃာတတွေထားခံရတယ်လို့ ကောက်ချက်ဆွဲရပါမယ်။
စပ်မိလို့ ဆရာတပည့်ဇာတ် လမ်းတစ်ပုဒ်ကို ပြောပြချင်သဗျ။ တစ်ချိန်တုန်းက နောင်ဝန်ကြီးတစ်ပါးဖြစ်လာမယ့် ပါရဂူကျမ်းကြီးကြပ်သူနဲ့ တပည့်ကျော်PhD Can-didate ပါမောက္ခတစ်ယောက်ရှိခဲ့ ဖူးပါသတဲ့။ ခုတော့ အဲဒီကျမ်း ကြီးကြပ်သူက ဝန်ကြီးတစ်ပါးဖြစ် လာတော့ တပည့်ကျော်ပါမောက္ခ ဟာ လုပ်သက်အလွန်နုနယ်နေ သေးတာတောင် လုပ်သက်ရင့် ပါမောက္ခများကို ကျော်လွန်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ရာထူးကို တိုးမြှင့်ပေးခြင်းခံခဲ့ရဆိုသဗျ။ ဒါ့အပြင်အမျိုးသားစီးမံခန့်ခွဲမှု ပညာကောလိပ်ကျောင်းအုပ်ကြီးရာထူးတာဝန်ကိုပါ ပူးတွဲခန့်အပ်ခြင်းခံလိုက်ရပါသတဲ့ခင်ဗျ။
ပုံပြင်ထဲက ပါမောက္ခလေး ကတော့ ခုအခါ နှစ်ရွာစားပေါ့ ခင်ဗျ။ အဲ.. မှားလို့ နှစ်ကျောင်းစား ခင်ဗျ။ ကျောင်းနှစ်ကျောင်း၊ တက္ကသိုလ်နှစ်ခုက တာဝန်ကို ဘယ်လိုများအံ့မခန်းစွမ်းစွမ်းတမံ ဆောင်ရွက်မလဲဆိုတာတော့ မောင်ကဲတို့ ကျောင်းဆရာလော က,က သိချင်လှသပေါ့ခင်ဗျာ။
ဒီပုံပြင်ဇာတ်လမ်းလေးဟာ ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးရုံးရဲ့ ၈-၅-၂၀၁၄ ရက်စွဲပါ စာအမှတ် (၁) ပညာ ၂(ဃ) ၂၀၁၄ (EC/၆) (၄၄၇၄) ထဲမှာ ပါတယ်ဆိုပဲခင် ဗျ။ ဒီပုံပြင်ဇာတ်လမ်းလေးက တိုင်းပြည်ရဲ့ ပညာရေးပြုပြင် ပြောင်းလဲမှုပုံရိပ်တွေကို များစွာ အကျည်းတန်အရုပ်ဆိုးစေတဲ့ လုပ်ဆောင်ချက်လို့ မောင်ကဲတို့ ကျောင်းဆရာလောက,က မှတ် ချက်ပြုနေကြပါတယ်ခင်ဗျ။
ဟုတ်ကဲ့ ခင်ဗျာ။ တိုင်းပြည် ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်များနဲ့အတူ တက္ကသိုလ် အသီးသီးမှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ်ဆရာများ သမဂ္ဂတွေ ဟာ တက္ကသိုလ်ပညာရေးကဏ္ဍ မှာ မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့ အစည်းများလို့ နားလည်ခံယူထား တဲ့၊ တက္ကသိုလ်ဆရာများသမဂ္ဂ ကို ကူညီပံ့ပိုးပေးတဲ့ ဒုတိယ ပါမောက္ခချုပ်အချို့ကိုကျတော့ မြိုင်ရပ်ကို နှင်စေသတည်းလို့ လည်း ကြားလိုက်ရပါတယ်ခင်ဗျ။
မြိုင်ရပ်ကို အနှင်ခံရသူများ ကတော့ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများဘက်ကနေ တရားမျှ တမှုကို ရှေးရှုလျက် ဥပဒေနဲ့ အညီ ဆရာ၊ ဆရာမများဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ တာ ဆရာအများ သိထားသဗျ။ ဒီလိုလုပ်ရပ်များကိုတော့ ပညာ ရေးအာဏာပိုင်တွေက သဘော ကျနှစ်မြို့ခြင်းမရှိကြောင်းကိုဖြင့် မောင်ကဲတို့လောက,က ကောင်းကောင်းသိထားပါသဗျ။
ခုတော့ ပညာရေးဝန်ကြီး ဌာနက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၅)မှာပါတဲ့ ‘‘နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုး ကို ကူညီဆောင်ရွက်မည်’’ဆိုတဲ့ အခြေခံမူကို ချမှတ်အကောင် အထည်ဖော်ရမယ့်အစား လူမှန် နေရာမှန် (Meritocracy)ကို တာဝန်ပေးအပ်မှုမပြုလုပ်တာ ကြောင့် တိုင်းပြည်ရဲ့ ပညာရေး အဆင့်အတန်းကတော့ ဒေသ တွင်း နိုင်ငံများထက် အောက်နား နောက်နားက ဓားမနောက်ပိတ် ခွေးဖြစ်နေဦးမှာ အသေအချာ ပေါ့ခင်ဗျာ။
သွားလေသူ ပညာရေးဝန် ကြီးလက်ထက်ကလည်း CPU ဆို တဲ့ စကားခေတ်စားခဲ့သဗျ။ CPU ဆိုတာ ကွန်ပျူတာက central processing unit လို့တော့ အထင်မှတ် မမှားကြပါနဲ့ခင်ဗျ။ C ဆိုတာ Chemistry၊ P ဆိုတာ Psy-chology၊ နောက်ဆုံး U ဆိုတာကတော့ Upper Myanmar ကို ပြောကြတာပါခင်ဗျ။ ဝန်ကြီးရဲ့ မေဂျာဖြစ်တဲ့ Chemistry၊ ဝန်ကြီးကတော်ရဲ့ မေဂျာဖြစ်တဲ့ Psy-chology နဲ့ အထက်မြန်မာပြည် Upper Myanmar က အပေါင်းအသင်းရောင်းရင်း တပည့်လက်သားများကို သွားလေသူကြီးကဝန်ကြီးဖြစ်သခိုက် ဖေးမကြည့်ရှုတော်မူခဲ့တာကိုးခင်ဗျ။
  ခုဝန်ကြီးလက်ထက်မှာ တော့ ‘‘စီးပွားရေးတစ်ခေတ်ဆန်း သစ်လာပြီ’’လို့ ဆိုရတော့မယ် ထင်ပါရဲ့ခင်ဗျ။ ဒီမင်း၊ ဒီစိုး၊ ဒီသူခိုး၊ ဒီမိုး၊ ဒီလှေ ဒီလူတွေနဲ့က တော့ဖြင့် တိုင်းပြည်ပညာရေး ချောက်ထဲက ဆွဲတင်ဖို့အရေး ဝေလာဝေးပါလို့ ပညာရေးလောကမှ ဆရာ၊ ဆရာမများကပြော ကြပါတယ်ခင်ဗျ။ မောင်ကဲတစ်ယောက် ခုလိုပြောနေတာတွေဟာ ပုဂ္ဂိုလ်ရေးအမြင်အပေါ် အခြေခံခြင်းမဟုတ်ပါဆိုတာတော့ အာမခံပါရဲ့ဗျာ။လွဲမှားနေတယ်လို့ထင်မြင်ယူဆလို့ထောက်ပြ ပြောဆိုရခြင်းပါ။
 တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးက တာဝန်ရှိသူ တွေအနေနဲ့ ပညာရေးဝန်ကြီးဌာန အာဏာပိုင်များရဲ့ တိုင်းပြည် ပညာရေးကို စေတနာမဲ့စွာ ရည် ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတွေကို အချိန်မီပြန်လည်ကုစားနိုင်ဖို့နဲ့ အများပြည်သူလူထုက အမှန်ဖြစ် ပျက်နေသမျှကို သိစေနိုင်ဖို့ တင် ပြနေခြင်းသာဖြစ်ပါတယ်ခင်ဗျ။
ခုကိစ္စမှာ မောင်ကဲအတွေး တစ်ချက်မှားနေတယ်ဆိုရင်တော့ မောင်ကဲ ထောင်ထဲမှာ နေရုံပေါ့ ခင်ဗျာ........
(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

ကျောင်းဆရာ မောင်ကဲ

ပြင်ချင်ချင်၊ မပြင်ချင်ချင် ရွေးကောက်ပွဲ ကော်မရှင် ပြင်ဖွဲ့ပါ

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏လွတ်လပ်မှုနှင့် တရားမျှတမှုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သမာသမတ်ရှိမှု၊ကြားနေမှု၊ဘက်မလိုက်မှုတို့နှင့် များစွာဆက်စပ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြားနေအဖွဲ့အစည်းတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိလျှင် လာမည့်ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် စိုးရိမ်ရေမှတ် အလွန်တွင်ရှိနေမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်စွဲပါ အမိန့်အမှတ်- ၃/၂၀၁၁ ကို ထုတ်ပြန်လျက် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ (က)နှင့် ပြည်ထောင်စုအစိုးရအ ဖွဲ့ဥပဒေပုဒ်မ၁၆(ခ)(၃)အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ ခန့်အပ်မှုသည် အခြေခံ ဥပဒေ၏ ဘောင်ထဲတွင်ရှိသော် လည်း နိုင်ငံရေးရှုထောင့်မှ ကြည့် လျှင် အရုပ်ဆိုးအကျည်းတန်လွန်း သည်ဟု သုံးသပ်နိုင်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး သည် ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်း စား)ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့် မြင့်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တံတား ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။
  အဆိုပါ မှတ်တမ်းများ အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် နိုင်ငံရေးလွဲချော်မှုကြီးပင် ဖြစ် သည်။ အဆိုပါ လွဲချော်မှုကြီးကို ကြိုတင်စီမံ၊ ပြင်ဆင်ဆောင်ရွက် ခဲ့သည်ဆိုလျှင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ နောက်ကွယ် မှ နိုင်ငံရေးကောက်ကျစ်မှုတစ်ခု ဟုပင် သတ်မှတ်နိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈(ခ)အရ နိုင်ငံတော်သမ္မတ သည် ဦးတင်အေးကို ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိ သော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး၊ အတွေ့အကြုံရင့်ကျက်သူအဖြစ် လည်းကောင်း သတ်မှတ်လျက် ပုဒ်မ ၃၉၈ (က)အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း နှင့် နိုင်ငံတော်သမ္မတသည် ပြည် ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးကို သမာသမတ်ရှိ ရှိ ကြားနေရန် မြင့်မြင့်မားမား လိုအပ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဥက္ကဋ္ဌအ ဖြစ် ခန့်အပ်မှုသည် မြန်မာ့ဒီမိုက ရေစီအပြောင်းအလဲကို နောက် ကျောမှဓားနှင့် ထိုးခြင်းဟုပင် ကောက်ချက်ပြုနိုင်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့ စည်းထားသော ပြည်ထောင်စု လွှတ်တော်အနေဖြင့် ကြားလူ မဟုတ်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်နိုင်ရန် အတည်ပြုထောက်ခံ ခဲ့ခြင်းသည်လည်း မီးကျိုးမောင်း ပျက်နိုင်ငံရေး၏ ပြယုဂ်ပင် ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် သမာသမတ်ရှိသော ကြား လူတစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ် တာ ၀န်ပေးခန့်အပ်နိုင်ရေး နိုင်ငံတော် သမ္မတကို တိုက်တွန်းအဆိုပြုရန် ပျက်ကွက်ခဲ့ခြင်းနှင့် လွှတ်တော် အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တိုင်းရင်းသားနိုင်ငံ ရေးပါတီများအပါအ၀င် နိုင်ငံ ရေးအတိုက်အခံများ၏ တရားဝင် ကန့်ကွက်သံများကို မကြားရခြင်း တို့သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ ဆိုးကွက်များပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ်ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်နှင့် ဦးညွန့်တင်တို့ကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်တွင် တာဝန်ပေးခန့်အပ်ခဲ့ပြီး ဦးဝင်းကိုအား ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့သည်။ အဖွဲ့ဝင်များအားလုံးသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သော   ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်များဖြစ်သည်။
တပ်မတော်အငြိမ်းစား အရာရှိတစ်ဦးဖြစ်သော ဦးတင်ထွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိအတွင်းရေးမှူးဖြစ်သည်။
 အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်၊ လေ့လာဖွယ်ဖြစ်သည်။ သမ္မတ ဆူဟာတိုပြုတ်ကျပြီးနောက် ၁၉၉၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၅၃ ဦးဖြင့်အောက်လွှတ်တော်၏ ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဟောင်းသည် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ လူထုတောင်းဆိုမှုကြောင့် လူသိများသော လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ၊ တရားလွှတ်တော်တရားသူကြီးဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အပါအ၀င် ကြားလူငါးဦးကို ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များဖြင့် ၂၀၀၁ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အောက်လွှတ်တော်သည် ငါးနှစ် သက်တမ်းရှိသော ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းရန် ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ရေး ကော်မတီမှ မဲဆန္ဒပေးရွေးချယ် ရန်တို့ပါဝင်သော ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အင်ဒိုနီးရှားရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးတွင် တက္ကသိုလ်ကထိက တစ်ဦးနှင့် ရွေးကောက်ပွဲပြုပြင် ရေးဆိုင်ရာ အင်န်ဂျီအို၏ အမှု ဆောင်ညွှန်ကြားရေးမှူးတစ်ဦးတို့ ပါဝင်လျက်ရှိသည်။

Friday 30 May 2014

အလွမ်းသပ်သောည



ဒီည..ကြယ်ရောင်တွေ ဖြိုးဖြိုးဖြ
လရောင်က ရွှေချထားသလို
လေတွေပျိုတဲ့ည..သိပ်ကိုလှ...

အိမ်တံခါးဝမှာ
တိမ်ဖျားစ ကိုငေးကြည့်ရင်း..
လေညှင်းက ရင်ကိုရိုက်..
ကော်ဖီခါးခါး တစ်ကြိုက်နဲ့ 
ရဲ့ တဲ့တဲ့ စာအုပ်လေးကို
ကပိုကရို လှမ်ကြည့်မိတယ်...

အပြာရောင် မင်စက်တစ်ချို့ ..
ခုန်ပေါက်လို့ ပြေးလွှားရာ
စာသားတွေနောက်ကို
ဒီမျက်လုံးတွေကလိုက်လို့ 
နင့် တင့်တင့်ရင်အစုံက
မျက်ရေစို့ စေခဲ့တယ်...

သူရယ်ကိုရယ် လမင်းကြီးရယ်
အသိမကြွယ်တဲ့ စွယ်တော်ရွက်လေးရယ်
ချစ်တယ်ဆိုတာ ခါခါပြော
မမောတမ်းပေါ့ကွယ်
လမင်းကြီးကိုသက်သေထား
စွယ်တော်သားမှာ ကဗျည်းတင်
ချစ်တဲ့စိတ်တွေ ချည်ငင်ရစ်
သူ့အချစ်ဟာ ကိုသာထင်
ကို့ အချစ်ကသူသာပင်.....

ချစ်ပင်ပျိုးလို့  ချစ်မိုးရွာ
ချစ်သူ ရင်ခွင်မှာ..
ကဗျာတွေ သီကာကြွေး
အနမ်းနွေးနွေး ယုယပေးလို့ 
ချစ်သူလည်းပျော် ကိုလည်းပြုံး
ချစ်လက်စမဆုံး....

တွေးလို့ မဆုံး ပြုံးတုံးမှာ
လမင်းကြီးက ပိုလို့  သာ
ကြယ်တာရာတွေပိုလို့ လင်း
လေးညှင်းက အေးစိမ့်လာ
စာအုပ်ကလေးအသာပိတ်..
တိတ်ဆိတ်မှုကိုစားသုံး
မျက်လုံးလေးခဏမှိတ်လို့ ပေါ့..

ဒီည..ကြယ်ရောင်တွေ ဖြိုးဖြိုးဖြ
လရောင်က ရွှေချထားသလို
လေတွေပျိုတဲ့ည..သိပ်ကိုလှ...

Thursday 22 May 2014

METRO Activator KMS v1.2_2014.02.15 Download Free(6.16 MB)



activator ဆိုတာနဲ့  ဘာအတွက် သုံးရတယ်ဆိုတာ အထူးရှင်းပြနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်
ဒီကောင်းလေးက ဘာတွေကို active လုပ်ပေးနိုင်သလဲဆိုရင်
Windows Vista (32/64 bit)
Windows 7 (32/64 bit)
8 Windows (32/64 bit)
8.1 Windows (32/64 Bits)
Windows Server 2008
Windows Server 2008 R2
Windows 2012
Windows 2012 R2
Office 2010 Edition VL
Office 2013 Edition VL
 
Edition ပိုင်းတွေကတော့

8.1 Windows Single Language
8.1 Windows Core
8.1 Windows Core N
8.1 Windows Pro WMC
Windows 8.1 Embedded Industry Pro
Windows Server 2012 R2 Standard
Windows Server 2012 R2 Datacenter.
တွေကို လိုင်စင်ရ activated လုပ်ပေးနိုင်ပါတယ်..
 
အသုံးပြုပုံကလည်း လွယ်ကူပါတယ်
 မိမိ active လုပ်ချင်တဲ့  office software လား windows လား 
ဆိုင်ရာ နဲ့ ပတ်သတ်တဲ့  Activation of 2013 Office" / "Office 2010 activation" / "Windows activation" button ပေါ်မှာ ကလစ်နှိပ်ပြီး အသုံးပြုနိုင်ပါတယ်..

ကဲ လိုအပ်တဲ့ သူငယ်ချင်းတွေက    ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ   
 
အဆင်ပြေပါစေဗျာ....


Devastation Game PC Download(512 MB)



ကဲ ပစ်တာခတ်တာ ဝါသနာပါတဲ့ သူငယ်ချင်တွေအတွက် Devastation Game လေးနဲ့မိတ်ဆက်လိုက်ပါတယ်။ ပစ်တာခတ်တာ ဘယ်လိုတွေ ဆိုတာတော့
ပြောမပြတော့ဘူး သုံးကြည့်လိုက်ပေါ့နော်...
ဒီကောင်လေးကို full ဖြစ်အောင် crack ဖိုင်ပါထည့်ပေးထားပါတယ်...
ပထမဆုံး ဆော့ဝဲ ဖိုင်ကို ဒေါင်းလုဒ်ယူပါ။
WINRAR နဲ့ ဒေါင်းလုဒ်၇လာတဲ့ဖိုင် Devastation - (Www.ApunKaGames.Net) ကို ဖွင့်ပါ။
ပြီးရင် ၂ချက်ကလစ်နဲ့ setup ဖိုင်ကို(extract)လုပ်ပါ။

ext ract လုပ်တာ ဘယ်မှာရောက်လဲဆိုတော့ programs files ဒါမှမဟုတ် program files (x86)မျာရောက်ပါမယ်..
ပြီးရင် crack+serial ဖိုင်ကို copyယူ ပြီး extract ခုပ်ထားတဲ့ ထဲမှာ Paste ချပါ..။
ဒါဆို full ဖြစ်ပါပြီ။
Desktop ပေါါ် က Devastation icon ဖွင့်ပြီး ကစားနုင်ပါပြီ။။။

ဒီနေရာမှာဒေါင်းလုဒ်ယူပါ            

RAR Password=apunkagames



Wednesday 21 May 2014

ချစ်သူစုံတွဲတွေ ရေရှည်မြဲဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက်


ချစ်သူတွေ ဖြစ်လာတဲ့အခါ အချိန်တွေကြာလာလေ တစ်ယောက်အကြောင်း တစ်ယောက်သိလာရလေပါပဲ။ ဒီလိုအချိန်မှာ အချစ်တွေ ဟောင်းမသွားပဲ အမြဲသစ်နေအောင် ဘယ်လိုထိန်းရမလဲဆိုတဲ့ အချက်လေးတွေက အရေးပါလာပြီပေါ့။ နှစ်ဦးကြား တည်မြဲတဲ့ ဆက်ဆံရေးရှိနေအောင် ထိန်းသိမ်းချင်တဲ့သူတွေအတွက် ဆက်ဆံရေးခိုင်မြဲစေမယ့် လျှို့ဝှက်ချက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။


၁။ ချစ်သူစုံတွဲတွေ လေ့ကျင့်ခန်း အတူတူလုပ်ခြင်းဟာ နှစ်ဦးသား သံယောဇဉ်ကြိုး ပိုမိုခိုင်မြဲအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ လေ့လာတွေ့ရှိချက်တွေအရ GYM အတူတူ ဆော့တာပဲဖြစ်ဖြစ်၊ အတူတူ ပြေးတာပဲဖြစ်ဖြစ်၊ jogging တူတူခုန်တာပဲဖြစ်ဖြစ် ချစ်သူနဲ့အတူ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ စုံတွဲတွေဟာ ဘယ်တော့မှမခွဲမခွာနေကြရလေ့ရှိပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်အရသာမက စစ်တမ်းကောက်ချက်အရပါ ခုချိန်ထိ မှန်ကန်နေဆဲအချက်လို့ သိရပါတယ်။
၂။ချွေးစိုခြင်းဟာ နှစ်ဦးသားအတွက် ဆက်စီကျစေပါတယ်။ တစ်ဦးနဲ့တစ်ဦး မြင်နေကျပုံစံတွေ မဟုတ်ဘဲ ချွေးစိုစိုနဲ့ လေ့ကျင့်ခန်းလုပ်ထားတဲ့အလှဟာ ချစ်သူတွေအတွက် အမြင်ဆန်းစေတဲ့အပြင် ဆက်စီလည်း ဖြစ်ပါတယ်တဲ့။
၃။ကိုယ့်ရဲ့ခန္ဓာကိုယ်က အဆီပိုတွေကို မှန်ကန်စွာဖယ်ရှားနိုင်တာ၊ diet လုပ်နိုင်တဲ့သူတွေဟာလည်း ချစ်သူအပေါ် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အဓိက အချက်ကတော့ ကိုယ့်အသွင်အပြင်ပြောင်းသွားတော့ ကိုယ့်ချစ်သူကို အမြင်မရိုးစေတော့ဘူးပေါ့။
၎။အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုအရှိဆုံးအရာက အပြုံးပါ။ ဒီအချက်ဟာ ချစ်သူစုံတွဲတွေကြားထဲမှာလည်း အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်အဖြစ် ရှိနေတာပါ။ ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ ချစ်သူကို လူတိုင်းတန်ဖိုးထားချင်ကြပါတယ်။
၅။အမျိုးသားတွေအတွက်ကတော့ ကျန်းမာရေးကောင်းဖို့ကလည်း အရေးကြီးပါသတဲ့။ ကျန်းမာရေးချူ ချာတဲ့ ချစ်သူရည်းစားကို ရထားတဲ့အမျိုးသမီးဟာ ဘယ်လောက်ထိ စိတ်ပျော်ရွှင်ရမှာတဲ့လဲ။ ဒါ့ကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့လိုပါတယ်။
Ref:yourtango.com
http://www.trend.com.mm/2014/05/19/relationships-3093

ကျားကကြောက်ရတဲ့ မြေခွေး




ကျားကကြာက်ရတဲ့ မြေခွေး

တစ်ခါတော့ ကျားတစ်ကောင်ဟာ အမဲလိုက်ရင်းနဲ့ မြေခွေးတစ်ကောင်ကို အရှင်ဖမ်းမိလိုက်ပါတယ်။အဲဒါနဲ့ မြေခွေးကို စားမလို့ပြင်တဲ့အခါ မြေခွေးက စကားထပြောသတဲ့
"အို အသင်ကျား ကျုပ်ဟာ အသင်စားလို့မရဘူး ဘာလို့လဲဆိုတော့ ကျုပ်ဟာ မိုးနတ်မင်းလွှတ်လိုက်တဲ့ သားရဲကောင်တို့ရဲ့ ဘုရင်ဖြစ်လို့ပဲ"
ကျားက ထရယ်လိုက်တယ် ပြီးတော့ " ကောင်းပြီ မင်းကိုယ်မင်း သားကောင်တွေရဲ့ ဘုရင်လို့ဘယ်လိုသက်သေပြမလဲ "

မြေခွေးကတော့ " ကျုပ် တောအတွင်း လမ်းလျှောက်သွားမယ် ခင်ဗျားကျုပ်နောက်ကလိုက်ခဲ့ ကျုပ်ကိုမြင်ရင် တောကောင်တွေအားလုံး ကြောက်လန့်ပြီးထွက်ပြေးကြလိမ့်မယ်"
ကျားကလဲ သဘောတူလိုက်တယ်။ ပြီးတော့ မြေခွေးနောက်က လိုက်တယ်။ မြေခွေးသွားတဲ့လမ်းတစ်လျှောက်က ယုန်တွေ၊သမင်တွေ ၊ဒရယ်တွေဟာ မြေခွေးကို မြင်တာနဲ့ ထွက်ပြေးကြတယ်။ တကယ်တော့သူက မြေခွေးကို ကြောက်တာမဟုတ်ဘူး၊ကျားကို မြင်လို့ ပြေးကြတာပါ။
နောက်ဆုံးတော့ မြေခွေးက ဘယ်လိုလဲ ယုံပြီလား လို့ပြောပြီး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကိုရွှေကျားကြီး ကြောက်ကြောက်နဲ့ တောထဲကို တစ်ချိုးထဲ လှည့်ပြေးပါတော့တယ်. . .
ပုံပြင်လေးကတော့ ဒါပါပဲ
ပုံပြင်ကို ဖတ်ရင်း သင်ခန်းစာတစ်ခုခု ရကြပါစေ
မောင်စိုင်း

Blue Stacks(App player on PC)

အားလုံးမင်္ဂလာပါ သူငယ်ချင်းတို့ ...ပုံလေးမြင်လိုက်တာနဲ့  တချို့ ဆို တော်တော်များများသီပြီးနေလောက်ပါပြီ...
အခုတင်ပေးမှာလေးကတော့ ဖုန်းတွေမှာ အသုံးပြုတဲ့ ဆော့ဝဲတွေ အပလီကေးရှင်းတွေကို
ကွန်ပျူတာ ပေါ်မှာသုံးလို့ ရအောင် ပြုလုပ်ပေးတဲ့  app player ဖြစ်ပါတယ်..
နာမည်ကတော့ BlueStscks လို့ ခေါ်ပါတယ်...ဖုန်းမှာဆော့ ကားဂိမ်းတွေ...ဆိုင်ကယ်ဂိမ်းတွေ
 candy game/ viber/tengo/what app/face book/ အစရှိတာတွေ အကုန်သုံးလို့ ရပါတယ်...ဖုန်းတစ်လုံးထပ်ရလိုက်သလိုပါပဲ...
သုံးဖူးတဲ့သူတွေလည်းတော်တော်လေးရှိနေလောက်ပါပြီ...ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့သူတွေ အတွက်
တင်ပေးလိုက်ပါတယ်...လိုချင်တာကိုတော့...play storeကနေ installလုပ်ပေါ့နော်...ဖုန်းမှာသုံးသလိုပဲပေါ့
 ကဲအောက်ကလင့်မှာဒေါင်းလိုက်နော်.....

                                    
အဆင်ပြေပါစေဗျာ....

Monday 19 May 2014

အချိန် နှစ် မိနစ်နဲ့ ဘဝအမောတွေကို သက်သာစေမယ့် နည်းလမ်းလေးများ



အရမ်းကို ပင်ပန်းနွမ်း နယ်နေ တယ်လို့ ခံစားနေရ ချိန်မျိုးမှာ ပင်ပန်းမှုနဲ့ မောပမ်းမှုတွေကို ပြေပျောက်စေဖို့ အချိန် နှစ် မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိပါတယ်။

အကြင်နာပေးပါ
နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အ ကြင်နာပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင်ကျွမ်းစေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှုတွေအရ ဆိုပါတယ်။

သာယာလှပသော ကားချပ်များကို ကြည့်ပါ
ရေတံခွန်လို၊ စမ်းချောင်းလေးတွေ လို၊ တောတောင်လေးတွေလို၊ ကြယ်တံ ခွန်လေးတွေလို ကားချပ်တွေကို စက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့ သင့်စိတ်ကို ကြည်လင်လာ စေတယ်လို့ ဆိုပါတယ်။

ဖိအားပေးပါ
မျက်လုံးနှစ်လုံးကြားက မျက်ခုံးနေ ရာကို သင့်လက်ချောင်းလေးတွေနဲ့ ဖိနှိပ် ပေးတာကြောင့် သင့်စိတ်ကို သက်သာ ရာ ရစေတယ်လို့ဆိုပါတယ်။ တစ်ကြိမ်မှာ တစ်မိနစ်၊ တစ်နေ့ကို နှစ်ကြိမ်လောက် ဖိနှိပ်ပေးပါ။

သန့်ရှင်းသပ်ရပ်သော အိပ်ရာ ဖန်တီးပါ
သေးငယ်တဲ့ အိပ်ရာမျိုးလေးပဲဖြစ် ပါစေ သန့်ရှင်းသပ်ရပ်ပြီး ဓာတ်မတည့်မှု ကင်းအောင်ပြင်ဆင်ထားတာကြောင့် အဲ လိုအိပ်ရာမျိုးမှာ နှစ်မိနစ်လောက် လဲ လျောင်းလိုက်ရင် စိတ်ကြည်လင်ကာ၊ အမောပြေစေပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးများနှင့် ကစားပါ
ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ နှစ်မိနစ်လောက် ကစားလိုက်တာ ကြောင့် သင့်စိတ်ကို ပျော်ရွှင်လာစေပါ တယ်။

ခြေထောက်ကို နှိပ်နယ်ပါ
လက်ဖဝါးနှစ်ဖက်နဲ့ သင့်ခြေဖဝါးတွေကို နှစ်မိနစ်လောက် နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုဖြစ်စေတာကို သက်သာစေနိုင် တယ်လို့ ဆိုပါတယ်။

ယုံကြည်မှုကို မှတ်သားပါ
ဘာသာရေးအရဖြစ်စေ သင်ယုံကြည်အားထားရာ ကျေးဇူးတော်တစ်ခုခုကို မှတ်သားလိုက်ပြီး၊ အဲဒီ့အတိုင်းလိုက် နာလိုက်တာကြောင့် ဘဝအမောကိုပြေ စေတယ်လို့ Harvard ဆေးတက္ကသိုယ် မှ လေ့လာမှုတွေကဆိုပါတယ်။

ပခုံးကို နှိပ်နယ်ပါ
ပခုံးနေရာကို သင့်လက်ချောင်းတွေ နဲ့ နှစ်မိနစ်လောက် နှိပ်နယ်ပေးတာကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ အချဉ်ဓာတ်သုံးပါ အရမ်းကို ပျင်းရိငြီးငွေ့နေတယ်လို့ ခံစားနေရချိန်မျိုးမှာ သံပရာသီးတစ်လုံး ကို ခြမ်းလိုက်ပြီး သင့်ပါးစပ်ထဲကို အရည် ညှစ်ချလိုက်ပါ။

အခန်းတွင်း အစိမ်းရောင်အပင်စိုက်ပါ
ရုံးခန်းမှာဖြစ်စေ၊ သင့်အိပ်ခန်းမှာ ဖြစ်စေ အစိမ်းရောင်အပင်လေးတွေ စိုက် ထားတာကြောင့် သင့်စိတ်ကို ကြည်လင် လန်းဆန်းစေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိခဲ့ပါတယ်။အခန်းတွင်းမှာ အပင်လေးနှစ်ပင် လောက်တော့ စိုက်ထားပါ။

ခုန်ပါ
လေ့လာမှုတွေအရ ၁၅ စက္ကန့် လောက် ဆက်တိုက် ခုန်ပေါက်လိုက်တာ ကြောင့် စွမ်းအင်ပါဝင်တဲ့ အချိုရည်တစ် လုံးသောက်လိုက်သလိုပဲ လူကိုလန်းဆန်း သွားစေတယ်လို့ဆိုပါတယ်။

ထမင်းမစားမီ ရေသောက်ပါ
ရေသောက်တာကြောင့် ရေဓာတ် ခန်းခြောက်မှုကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်ပါတယ်။ ဗာ ဂျီးနီးယားမှ လေ့လာမှုအရ ထမင်းအနပ် ကြီးမစားခင်မှာ ရေ နှစ်ခွက်လောက် သောက်ပေးတာကြောင့် ခန္ဓာကိုယ်အလေး ချိန်ထိန်းကာ စားနေသူတွေအတွက် ပိုထိ ရောက်တယ်လို့ ဆိုပါတယ်။

လက်ဆေးပါ
စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားနေရချိန်မျိုးမှာ လက်ဆေးတဲ့ ဘေစင် ကိုသွားပြီး ဆပ်ပြာနဲ့ရေကိုသုံးကာ အမြှုပ် များများထအောင် လက်ကို ပွတ်သပ်ပြီး ဆေးကြောလိုက်ပါ။ နှစ်မိနစ်လောက် စိတ် ကျေနပ်တဲ့အထိ လက်ကို ဆေးလိုက်တာ ကြောင့် သင့်လက်ကို သန့်စင်စေတဲ့အပြင် စိတ်ကိုပါ လန်းဆန်းသွားစေပါတယ်။

လှေကားထစ် အနည်းငယ် တက်ပါ
လေကားထစ် အနည်းငယ်ကို တက်ပေးတာဟာ သင့်ခြေထောက်က သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် ခေါင်းကြည်စေတဲ့ အာနိသင်လည်းရှိပါတယ်။ နှစ်မိနစ် လောက် လှေကားထစ်မှာ လမ်းလျှောက် ပေးတာကြောင့် သင့်စိတ်ကိုကြည်လင် သွားစေပါတယ်။ တစ်ပတ်မှာ မိနစ် ၁၅၀ လောက် လှေကားတက်ပေးသင့်ပါတယ်။

လမ်းလျှောက်ပေးပါ
လေ့လာမှုတွေအရ လူတွေဟာ သူ တို့ရဲ့ အချိန်တွေထဲက ၇၀ ရာခိုင်နှုန်းဟာ ထိုင်နေတာနဲ့ အချိန်ကုန် တတ်ကြတယ် လို့ဆိုပါတယ်။ အလုပ်ကြမ်းလုပ်နေရသူ တွေသာ လှုပ်ရှားမှုရှိကြပြီး အထိုင်များတဲ့သူ တွေက တစ်နေ့ကို နှစ်မိနစ်လောက် ခြေကျင် လမ်းလျှောက်ပေးတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်လို့ ဆိုပါ တယ်။
Good Health

အိမ်ထောင် သည်များ အစားသင့် ဆုံး သစ်သီး ငါးမျိုး







အိမ်ထောင် သည်များ အစားသင့် ဆုံး သစ်သီး ငါးမျိုး





အိမ်ထောင်ရေး မှာ သာယာ ကြည်နူးဖွယ် ရာ အဆင်ပြေ တဲ့ ဘဝမျိုး ရရှိအောင် အောက်ပါ သစ်သီး ငါးမျိုးကို စားပေးသင့်ပါတယ်။
(၁) သလဲသီး
အိမ်ထောင်သည်တွေ အစားသင့်ဆုံး သစ်သီး တွေထဲမှာ သလဲသီးကလည်း ပါဝင်နေပါတယ်။ လေ့ လာမှုတစ်ခုအရ သလဲသီးဟာ သွေးတိုးကို ကျစေ ပြီး နှလုံးရောဂါအန္တရာယ်ကိုလည်း လျော့ကျစေတယ် လို့ သိရပါတယ်။ သလဲသီးဖျော်ရည်ကို သောက်တာ က ဆန္ဒအားကိုကောင်းစေတယ်လို့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။ အကြောင်းကတော့ သလဲသီး စားတဲ့အခါ ခန္ဓာကိုယ်ထဲမှ နိုင်ထရစ်အောက်ဆိုက် ထွက်အောင် ကူညီပေးတာကြောင့် သွေးကြောတွေ ကို ကျယ်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေလို့ ဖြစ်ပါတယ်။ သလဲသီးကို ဖျော်ရည်အဖြစ်ဖျော်ပြီး အေးခဲအောင် ပြုလုပ်ကာ သောက်နိုင်ပါတယ်။
(၂) သဖန်းသီး
သဖန်းသီးတွေက အမျိုးသားရော အမျိုးသမီး မှာပါ လိင်စိတ်အားကောင်းစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သဖန်းသီးမှာ အမိုင်နိုအက်စစ် ပါဝင်မှု မြင့်မားလို့ပါပဲ။ အမိုင်နိုအက်စစ်ဟာ ပုံမှနှ်နထ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပြီး ခန္ဓာကိုယ် ထဲမှာ နိုက်ထရစ်အောက်ဆိုက်အဆင့်ကို တိုးစေပါ တယ်။ သဖန်းသီးဟာ အာရုံခံစားမှုနဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့အတွက် အိမ်ထောင်ရေးမှာ အဆင် ပြေရတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
(၃) ထောပတ်သီး
ထောပတ်သီးဟာ အိမ်ထောင်သည်တွေ စားသင့် တဲ့ သစသ်ီး ပါ။ အကြောင်း ကတော့  ထောပတသ်ီး မှာ ဖောလစ်အက်စစ် မြင့်မားစွာပါဝင်တာကြောင့် ပရိုတင်းဓာတ်တွေကို ချေဖျက်ကာ စွမ်းအင်အထွက် တိုးစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B ၆ လည်း ကောင်း ကောင်းပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင် ပြီး တိုးလာတဲ့စွမ်းအင်ဟာ ကျားဟော်မုန်းတက်စတို စတီရုန်းကို အထွက်တိုးစေပါတယ်။ ထောပတ်သီးမှာ ပိုတက်စီယမ်ပါဝင်မှုလည်း မြင့်မားတာကြောင့် အိမ် ထောင်သည်အမျိုးသမီးတွေ စားသင့်တာဖြစ်ပါတယ်။
(၄) ငှက်ပျောသီး
တစ်နေ့တာကိုစတင်တဲ့ နံနက်ခင်းမှာ ငှက်ပျော သီးကို စားပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ ဘရိုမီလိန်း အင်ဇိုင်းဟာ အိမ်ထောင်သည်တွေရဲ့ စိတ်ဆန္ဒကို တိုးမြင့်စေပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ် ပါဝင်မှု အမြင့်မားဆုံးသစ်သီးထဲမှာ တစ်မျိုးအပါ အဝင်ဖြစ်ပြီး ဗီတာမင်ဘီပါဝင်တာကြောင့် စွမ်းအင် အဆင့်ကို တိုးမြင့်စေပါတယ်။
(၅) စွန်ပလွံသီး
စွမ်းအင်လျော့ကျမှုနဲ့ လိင်စိတ်ဆုံးရှုံးမှုတို့ကို တွန်းလှန်နိုင်ဖို့ စွန်ပလွံသီးကို စားပေးနိုင်ပါတယ်။ အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စွမ်းအင်ကို တိုးစေနိုင်ပါတယ်။
Good Health

Adobe Photoshop Lightroom 5.3 Final Download with Serial Number




ဓါတ်ပုံပြင်ရတာ ဝါသနာပါသူတွေအတွက် ဆော့ဝဲအသစ်ဆန်းလေးတစ်ခုဖြစ်တဲ့..
adobe ကဆန်းသစ်ထားတဲ့ Lightroom လေးနဲ့  မိတ်ဆက်ပေးလိုက်ပါတယ်...
ဒီကောင်လေးက ဓါတ်ပုံပြင်ရင် လွယ်ကူရိုးရှင် သေသပ်လှပစွာ ဖန်တီးနိုင်ပါတယ်..
မိမိဥာဏ်စွမ်းရှိရင်ရှိသလိုအသုံးပြုလို့ ရပါတယ်....ကဲအများကြီးမရှင်းနေတော့ဘူးဗျာ..
လက်တွေသုံးကြည့်လိုက်ရင်ပိုသိနိုင်တယ်...စိတ်ဝင်စားတဲ့သူငယ်ချင်းတွေမိတ်ဆွေတွေ..
ဒီမှာဒေါင်းလိုက်တော့ဗျာ

Download Free Adobe Photoshop CS5 Extended Full Version





 

ကဲသူငယ်ချင်းတွေကို အဟောင်းလေးပဲ တင်ပေးလိုက်ပါတယ်..
အဟောင်လေးပေမဲ့ အကောင်းလေးဆိုတာသိပြီးသားပဲလေ..ဖိုတိုရှော့တွေ ဆို မသိသူမရှိသလောက်ပေါ့
full version လေးပါ..သုံးရတာအဆင်ပြေတယ်...လိုအပ်သူတွေ ဒေါင်းလိုက်ပေါ့နော်။

ဒေါင်းဖို့ ဆိုတော့ကာ  ဒေါင်းလုဒ်ဖိုင်ကို Torrent ဖိုင်နဲ့  တင်ပေးထားတဲ့ အတွက်.. Utorrent ဆော့ဝဲရှိထားဖို့ လိုပါတယ်...လိုတယ်ဆိုတော့ မရှိတဲ့သူတွေက



ဖိုတိုရှော့ကိုတော့    ဒီနေရာမှာဒေါင်းလိုက်နော်  ကဲအဆင်ပြေပါစေဗျာ....

Sunday 18 May 2014

Download Microsoft Office 2013 Full [32 & 64 bits]





ကဲ microsoft  ဆိုတာနဲ့လူတိုင်းသိပီးသားဖြစ်နေပြီ ရှင်းမပြတော့ဘူးနော်...
၂၀၁၃ full version လေး တင်ပေးလိုက်တယ်....
window 7 နဲ့  windows 8မှာ အလုပ်လုပ်တယ် လိုအပ်တဲ့သူတွေအောက်မှာဆွဲ
လိုင်စင်အတွက် activator ပါတယ်...

Microsoft Office 2013 in (for 32 bit) (Activator included):
https://mega.co.nz/#!Sd9AhC7C!uOxg180p9D4QebraVMupXyyicOXFg3zH1xiV043focg

Microsoft Office 2013 (for 64-bit) (Activator included):
https://mega.co.nz/#!yEVjHDIL!1dBDzyQF6LYga5t_YFkUfoqH603Fi-oHr-gyX5hf6rE

The 2013 office Activator (x 32 and x 64) for windows 8 and 8.1
https://mega.co.nz/#!3UFwkR5J!oLXRQrBNC14Gy2VzZH9SWNlwQMqOYQUBLNCtBxcUMjw

Nissan Navara နှင့် Nissan Pickup Manual Gear ကားများ... ကလပ်ပလိတ်(Clucth plate) နှင့် ဖလိုင်းဝှီး (Dual mass flywheel)လဲသော... အခါနှင့် ဂီယာဘောက်ချသောအခါ သိသင့်သောအချက်များ...

Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.

Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.
Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.


Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.

အထက်ပါ မော်ဒယ်မြင့်နစ်ဆန်းပစ်ကပ်ကားများ ဂီယာဘောက်ချရာတွင်...
ီယာဘောက်တွင် CKP (Crankshaft position sensor) ရှိသဖြင့်...
ကလပ်ပလိတ်လဲရာတွင်လည်းကောင်း ဖလိုင်းဝှီးလဲရာတွင်လည်းကောင်း...
သတိထားသင့်သောအချက်များကိုသိမှသာ အဆင်ပြေပါသည်...

မသိပါက CKP ဆင်ဆာကျိုး၍၎င်း ဖလိုင်းဝှီးအမှတ်မမှန်၍၎င်း...
အားလုံးတပ်ဆင်ပြီး၍ စက်ပြန်နိုးချိန်တွင် အင်္ဂျင်ချက်မီးလင်းကာ...
လီဘာအကုန်နင်းသော်လည်း အင်္ဂျင်အပတ်ရေ ၂၀၀၀ မကျော်ဘဲဖြစ်ကာ...
ဒုက္ခများ ရွာလည်တတ်ပါသည်...

ထိုသို့မဖြစ်စေရန် ဂီယာဘောက်မချခင် ဂီယာဘောက် Housing အုံတွင်...
ညာဘက်၌ အများအားဖြင့်ပါတတ်သော ပုံ(၁)ပါ CKP ဆင်ဆာကိုဖြုတ်ထားရန်
လိုအပ်ပါသည်...ဆင်ဆာအထိန်းနတ်ကိုဖြုတ်ပြီး...မီးပလပ်ကြိုးနဲ့တွဲကာ...
အသာထိန်းဖြုတ်ပါက ဖြုတ်ရလွယ်ပါသည်...ဖြုတ်ပြီးလျှင် ဆင်ဆာအား...
မီးပလပ်ကိုဖြုတ်၍ သိမ်းထားပါ...ထိုကဲ့သို့ မဖြုတ်ပါက...
ဂီယာဘောက်ချချိန်တွင် ဆင်ဆာကိုထိမိကာ ကျိုးသည်ကများပါသည်...
ထိုကဲ့သို့ကျိုးပါက ဂီယာပြန်ဆင်ပြီးချိန်တွင် လီဘာနင်းပါက...
အင်္ဂျင်အပတ်ရေ ၂၀၀၀ မကျော်တော့ဖြစ်၏...
ထို့ကြောင့် နစ်ဆန်းပစ်ကပ် Manual ဂီယာများ ဂီယာဘောက်ချပါက...
CKP ဆင်ဆာကိုဖြုတ်သိမ်းထားကာ အားလုံးတပ်ဆင်ပြီးချိန်မှ...
ပြန်တပ်သင့်ပါသည်...

ကျွန်တော်တို့ ဝပ်ရှော့သို့ရောက်လာသော နစ်ဆန်းပစ်ကပ်အများစုမှာ...
CKP ဆင်ဆာကျိုး၍ အသစ်ပြန်ထည့်သောအခါ အင်္ဂျင်အပတ်ရေ...
၂၀၀၀ ကျော်အောင်မတက်သောကားအများစုဖြစ်ပါသည်...

ထိုသို့ဖြစ်ရခြင်းမှာ ကလပ်ပလိတ်လဲရာတွင်...ဖလိုင်းဝှီးကိုဖြုတ်ကာ...
သန့်ရှင်းရေးလုပ်ခြင်း...ဖလိုင်းဝှီးအသစ်လဲပြီး ပြန်ထည့်ရာတွင်...
Flywheel timing ဖလိုင်းဝှီးတိုင်ပင်မှတ် မမှန်သောကြောင့်ဖြစ်ပါသည်...
အဆိုပါ Dual mass Flywheel များသည် ပုံ(၄) ပါအတိုင်းအတွင်းတွင်...
စပရင်များထည့်ကာ ကားထွက်ချိန်၌ ညက်ညောစေရန်နှင့်...
ဂျွိုင်းခရော့(Universal cross joint ) များကြာရှည်ခံစေရန်ထည့်သွင်းထားခြင်းဖြစ်ပါသည်....
အဆိုပါ ဖလိုင်းဝှီးမျိုးသည် Ford , Mazda များတွင်လည်းပါပါသည်...
ထိုဖလိုင်းဝှီးများသည် အတွင်းရှိစပရိန်များ ကျိုးပျက်ကုန်သောအခါတွင်...
ကလပ်နင်းလိုက်သည်နှင့် ဂီယာဟောက်ဇင်အုံထဲမှ...
ကတောက် ကတောက်နှင့်အသံအကျယ်ကြီးထွက်ပါသည်...
ကလပ်လွှတ်ဤ ကားထွက်သွားသောအခါ အသံမမြည်တော့ပါ...
ထိုသို့ဖြစ်၍ ဖလိုင်းဝှီးလဲရာတွင်၎င်း...ကလပ်ပလိတ်လဲသောအခါတွင်၎င်း...
နစ်ဆန်းကားများတွင် ဖလိုင်းဝှီးတိုင်ပင်ကို မှန်အောင်ထည့်ရန်အလွန်အရေးကြီးပါသည်...

ဖလိုင်းဝှီးအတွင်းဘက်တွင် ကရိုင်းရှပ်ရှိ...
ဖလိုင်းဝှီးအထိန်းပင် (Dowel pin) ထည့်၍ရသော အပေါက်လေးများ...
၃ ပေါက်မှ ၅ ပေါက်အထိပါတတ်ပါသည်...
ထိုအပေါက်လေးများတွင် တြိဂံပုံစံပါရှိသော အမှတ်ပါသော...
အပေါက်ကို ကရိုင်းရှပ်ရှိ ဖလိုင်းဝှီးအထိန်းပင်ပေါက်နှင့်...
တည့်အောင်ထည့်မှသာ တိုင်ပင်အမှတ်မှန်ကာ အင်္ဂျင်ပုံမှန်အတိုင်း...
လီဘာနင်းလျှင် အပတ်ရေတက်ပါသည်...
တိုင်ပင်မှတ်ကိုမကြည့်ဘဲ အခြားကားများကဲ့သို့ ထည့်လို့ရေသော...
အထိန်းပင်ပေါက်တွင်ထည့်ပါက လီဘာနင်းလျှင်...
အင်္ဂျင်ပတ်ရေ ၂၀၀၀ မကျော်တတ်ပါ...
တစ်ချို့နယ်များတွင် ဖလိုင်းဝှီးပျက်သောအခါ အသစ်သည်ဈေးကြီးသဖြင့်...
ဖလိုင်းဝှီးကို အသံမမြည်စေရန် ဂဟေဆော်ကာ အသေလုပ်တတ်ပါသည်...
ထိုသို့လုပ်ရာတွင် ဖလိုင်းဝှီးကိုမဖြုတ်ခင် CKP ဆင်ဆာ၏...
စင်ကနယ်ပြား(Signal Ring)ကို ဖလိုင်းဝှီးနှင့်နေရာမလွဲစေရန်...
သေချာအမှတ် မှတ်သားထား၍ ဖြုတ်ပြီးပြုပြင် ဂဟေဆော်ပါ...
ဖလိုင်းဝှီးအတွင်းဘက်တွင် အမှတ်ပြထားသော အပေါက်လေးကို...
ပုံ (၃) ပါ ဖလိုင်းဝှီးအထိန်းပင်တွင် ထည့်ရပါမည်...
ထိုသို့ မှတ်သားကာ သေချာပြု ပြင်ပါက အင်္ဂျင်အပတ်ရေ ၂၀၀၀ ကျော်အောင်
မတက်ခြင်းမှ ကင်းဝေးပါလိမ့်မည်...
ဝပ်ရှော့ဆရာများရော ကားရှင်များပါအဆင်ပြေကြပါစေ...

ပုံ(၁) CKP sensor ပုံ...
ပုံ(၂)CKP ဆင်ဆာတည်နေရာပုံ...
ပုံ(၃)Crankshaft Dowel Pin ပုံ...
ပုံ(၄)Dual Mass Flywheel ပုံ...
တို့ဖြစ်ကြပါတယ်...

မင်ဘာများ အန္တာရာယ်ကင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ...

Toetar Atoe (Oline ကားဝပ်ရှော့ Page)
 

Toyota Hilux Surf နဲ့ Prado တို့ရဲ 1KZ-TE အင်္ဂျင်မနိုးတိုင်းမှာ အဖြစ်အများဆုံး ဖြစ်တဲ့ fuel Injector Pump ရဲ့မီးလိုင်းအပြစ်များ


Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.
Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.
 Toyota Hilux Surf နဲ့ Prado တို့ရဲ 1KZ-TE အင်္ဂျင်မနိုးတိုင်းမှာ အဖြစ်အများဆုံး
ဖြစ်တဲ့ fuel Injector Pump ရဲ့မီးလိုင်းအပြစ်တွေကိုမျှဝေမှာပါခင်ဗျား...
1KZ တွေမှာ ကားနိုးမရတဲ့အခါ တွေမှာ...
ဆီလိုင်းက ပန့်အဝင်အထိလည်း အပြစ်မရှိဘူး...
ပန့်လည်းကောင်းတယ်...
ECU Control Box ကိုလည်း မီးအကုန်ဝင်လို့...
Engine ချက်မီးလည်း လင်းနေတယ်...
OBD scanner နဲ့စစ်သော်လည်း ဘာအပြစ်မှ မတွေ့ကာ...
Diagnostic မှာ E1 နဲ့ TE1 ကို မီးကြိုးနဲ့ ဆက်ပြီး စစ်သော်လည်းပုံမှန်...
၁ ချက်သာပြနေတတ်ပြီး မနိုးတဲ့ အခါတိုင်းမှာ ဒီပန့်က...
Spill Control Valve(SCV) ကိုဝင်တဲ့ မီးကြိုးမီးမလာတာကို အများဆုံး...
ကြုံဖူးပါတယ်...

ဒီအင်္ဂျင်ရဲ့ ECU မီးလိုင်းဖွဲ့စည်းပုံမှာ သိပ်အများကြီးမရှိပါဘူး...
အင်င်္ဂျင်မီးကြိုးတွေဖြစ်တဲ့ Timing control valve ,
Throttle position sensor စတဲ့ မီးပလပ်တွေ ဖြုတ်ထားသော်လည်း...
ကားနိုးပါတယ်...Lever လီဘာနင်းရင် မတက်ပဲ...အင်္ဂျင်သံမမှန်တာသာရှိပါတယ်...
ဒါကြောင့် ဆီလိုင်းအပြစ်လည်းမရှိဘူး...
ပန့်လည်းကောင်းတယ်...
ECU ဘောက်လည်းကောင်းတယ် မောင်းလာပြီး အိမ်မှာရပ်ထားပြီးမှ... မနိုးတာဆိုရင် ဒီ (SCV) မီးလိုင်း မီးမဝင်လို့...
မနိုးတာကျိန်းသေသလောက်ပါ...
ဒီလိုအများဆုံး ဖြစ်တာကလည်း Remove Control Box...
ထည့်ထားတဲ့ကားတွေမှာ တံခါးသော့ဖွင့်လို့ ရသော်လည်း...
ဘောက်ချို့ယွင်းချက်ရှိတဲ့အခါ ဒီမီးလိုင်းကို မီးမရောက်တော့ပါဘူး...
နောက်တစ်ချက်က ကြွက်ကိုက်လို့ဖြစ်တတ်တာပါ...

ဒီ (SCV) ဘားရဲ့အလုပ်လုပ်ပုံက သော့ဖွင့်လိုက်ရင် EFI main relay ကနေ...
အနက်ရောင်မီးကြိုးကို အပေါင်းဝင်ပါတယ်...
အနီရောင်မီးကြိုးကတော့ ECU control box ကနေ...
Eingine speed sensor , Throttle position sensor , Mass air flow sensor,TCV , THA ,THW , THF , စတာတွေကနေ ပေးပို့တဲ့...
အချက်အလက်တွေကို တွက်ချက်ပြီး ဗို့အားအနည်းအများ...
ထိန်းပို့ပေးတဲ့ SPV မီးကြိုးကနေ မီးအနုတ်အားကိုထုတ်ပေးတာပါ...

ဒီလိုမနိုးဘူးဆိုရင် တကယ်ကျွမ်းကျင်တဲ့နေရာမှာ မပြင်မိရင်...
ဒီမီးကြိုးက မီးမလာလို့ဆိုတာတော့ သိကြပါတယ်...
အဲ့ဒီတော့ မီးကြိုးကို ဖောက်ပြီး မီးတိုက်ရိုက်ပေးပြီးနိုးကြပါတယ်...
မီးပေးတာ အပေါင်း အနုတ်မှန်ရင် နိုးပေမယ့်...
အင်္ဂျင်အပတ်ရေ အကုန်ထိ တစ်ခါတည်းတက်ပါတယ်...
မီးကြိုး အပေါင်း အနုတ်ထည့်တာ မမှန်ရင် ECU ဘောက် တစ်ခါတည်း...
ရှော့ဖြစ်ပြီး ပျက်သွားတတ်ပါတယ်...
အများဆုံးကလည်း မှားပြီး မီးကြိုးဆက်တတ်ကြပါတယ်...
(SCV) မီးကြိုးမှာ တစ်ပင်က အနီရောင်ဖြစ်ပြီး တစ်ပင်ကအမဲရောင်ပါ...
1KZ ပန့်မီးကြိုးတွေဟာ အနီရောင်ဆို အနုတ်ဖြစ်ပြီး အမဲရောင်ဆို...
အပေါင်းကြိုးပါ...
တစ်ခြား ဘော်ဒီပိုင်းမီးလိုင်းတွေက အနီရောင်ဆို အပေါင်းဖြစ်ပြီး...
အနက်ရောင်ဆိုအနုတ်ဖြစ်တာမို့ ပန့်ကြိုးနဲ့ ပြေင်းပြန်ပါ...

ဒါကြောင့် တော်တော်များများက ပန့်မီးကြိုးကိုလည်း ဘော်ဒီမီးကြိုးနဲ့...
တူတူထင်ပြီး မီးကြိုးတိုက်ရိုက်ဆက်ပြီး အနီကိုအပေါင်း အနက်ကိုအနုတ်...
မီးပေးလိုက်တော့ ECU ဘောက်ပျက်ကုန်ကြတာ အများဆုံးကြုံဖူးပါတယ်...
SPV မီးကြိုးကို အပေါင်းသွားပေးလိုက်လို့ ရှော့ဖြစ်ပြီး ပျက်သွားတာပါ...

(SCV) မီးကြိုးတွေမီးမလာတာဟာ အများဆုံးက Remove control box က
အနက်ရောင်မီးကြိုးကိုဝင်တဲ့ အပေါင်းမီးဖြတ်ထားလို့ရယ်...
ကြွက်ကိုက်လို့ရယ် မလာတာများပါတယ်...
ကွန်ထရိုးမီးဖြတ်ထားတဲ့နေရာရှာပြီး ဆက်ပေးလိုက်ရင်တန်းနိုးပါတယ်...
ကြွက်ကိုက်ထားတာဆိုလည်း ကြွက်ကိုက်တဲ့နေရာရှာပြီး ပြန်ဆက်ပေးလိုက်ရင်
ရပါတယ်...ဒါကြောင့် ဒီကားတွေကို မီးလာ မလာစမ်းတဲ့အခါ မီတာ...
မီးလုံးအသေးထည့်ထားသောကြိုးနဲ့သာစမ်းပါ...တိုက်ရိုက်မီး လုံးဝမပေးပါနဲ့...

နောက်တစ်ခုက ဒီပန့်တွေမှာ နိုးတဲ့ အခါ စက်သံကြမ်းပြီး...
မီးသံအရမ်းထွက်နေရင် Timing control valve (TCV) မကောင်းလို့...
ဒါမှမဟုတ် အဲ့ဘားကို မီးမဝင်လို့ပါ...မီးမဝင်ရင် မီးကြိုးလိုက်သာပြင်လိုက်ရင်
စက်သံမှန်သွားပါတယ်...မီးဝင်တယ်ဆိုရင်တော့ ဘားအသစ်လဲလိုက်ရင်...
စက်သံမှန်သွားပါတယ်...
စလိုး(slow) နဲ့ အင်္ဂျင်အဆွဲအပြုကို Throttle sensor မှာချိန်လို့ရပါတယ်...
ဒါကြောင့် 1KZ တွေပန့် (SCV) မီးမလာလို့ မနိုးရင် မီးကိုတိုက်ရိုက်ဆက်ပြီး...
မစမ်းကြပါနဲ့လို့ အကြံပြုချင်ပါတယ်ခင်ဗျား...

ပုံစာများ...
ပုံ(၁)Injector pump ရှိ
Spill control valve(SCV)
Timing control valve (TCV)
Correction resistors တည်နေရာပြပုံ...
ပုံ(၂)SCV မီးပလပ်နှင့် မီးကြိုး အရောင်များပုံတို့...
ဖြစ်ကြပါတယ်...

မင်ဘာများ အန္တာရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျား...
အရမ်းညနက်ပြီး အိပ်ချင်နေလို့ ဖတ်လို့မကောင်းရင်...
အဆင်မပြေခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါခင်ဗျား...

#Atoe

air cond comprssor နှင့်ပတ်သတ်သော






ဒီနေ့ကျနော်မျှဝေပေးချင်တာလေးကတော့..car.air.condနဲ့ပါတ်သက်ပြီးအမြဲတမ်းကြုံ
တွေ့နေရတဲ့..ကားအသုံးပြုသူများအတွက်..စိတ်မသက်သာ
စရာဖြစ်စေတဲ့အတွေ့ကြုံလေးပါခင်ဗျ....
...ကျနော်တခုကြိုပြောချင်တာက...မိမိချွေးနဲစာနဲ့
ဝယ်ယူခဲ့ရသောပစ္စည်းတခု...၃နှစ်ခံရမည့်နေရာမှာ
၃ရက်နဲ့ပျက်စီးသွားလျှင်....မည်သူမဆိုစိတ်မချမ်းမသာ
ဖြစ်ကြရပေမည်...ဲ
ဒီကားလေးကတော့honda civic I.VTEC...2000ccကားလေးပါ
ခင်ဗျ.....ကျနော်စစ်ဆေးကြည့်လိုက်တော့air.cond..compressor..ပျက်နေပြီး...low pressure..high..pressure
မမှန်တဲ့အတွက်.....ECU...မှair..cond..အလုပ်လုပ်ခြင်းကို
ဖြတ်တောက်ထားတာကြောင့်Air..cond.မအေးတာပါခင်ဗျ..
ဒါနဲ့ကားownerကိုရှင်းပြတော့...ပြီးခဲ့တဲ့တပတ်လောက်ကမှ
တခြားဝပ်ရှော့တခုမှာAir.cond..compressorလဲလှယ်ထားကြောင်းဘောင်ချာစာရွက်
နဲ့အတူထုတ်ပြလာပါတယ်...

ဒါနဲ့ကျနော်စစ်ဆေးနေကြအတိုင်း..high pressureဘက်မှ
Gas အနည်းငယ်ကိုထုတ်ကြည့်လိုက်တော့...systemအတွင်းgasနဲအတူလှည့်ပတ်စီးဆင်းနေတဲ့refrigerant...oil..ကမည်းနက်ညစ်ညမ်းလွန်းနေပြီး...စေးပျစ်မှု
ပါဝါလည်းကုန်ခန်းနေပါတယ်...အဲဒီrefrigerant oilကိုအမှီပြုပြီး..eingineတလုံးကဲ့သို့. compressorကအလုပ်လုပ်နေရတာပါ...eingineတလုံးလိုပဲ့eingine oil..မကောင်းတော့ပဲဆက်လက်
အသုံးပြုနေမိပါကအချိန်တိုအတွင်း...ကြိုးကြေပျက်စီးသွား
နိုင်သလို..compressorလည်းထိုနည်းအတိုင်းပါပဲ့ခင်ဗျ..
...ဒါနဲ့air.cond gasကို...circulationစက်နဲ့ပြန်လည်သိမ်းဆည်းထားပြီး.....Air .cond
ပိုက်လိုင်း...low..pressure...high ..pressure..ပိုက်လိုင်းတွေကိုဖြုတ်ကြည့်လိုက်တော့အရမ်းမည်းနက်နေပြီး ..အရမ်းလည်းညစ်ညမ်းနေတာကိုတွေ့လိုက်ရပါတယ်ခင်ဗျ....တကယ်ပျက်နေတာကcompressorတလုံးတည်းပါ...တကယ့်လို့..ဒီလိုအခြေနေမျိုးမှာcompressorတလုံးတည်း
သာလှဲလှယ်မိပါက...မည်မျှပင်ပစ္စည်းကောင်းသော်
လည်း...အချိန်တိုအတွင်းမှာပျက်စီးသွားမှာအသေချာပါ...
ဘာကြောင့်လဲ့ဆိုတော့...air.cond system တခုလုံးအတွင်းမှာ
ရှိနေကြတဲ့...ညစ်ညမ်းနေတဲ့အရာအားလုံးက...air.cond
Gasနဲ့အတူ...compressorထဲကိုပြန်လည်ရောက်ရှိလာကြလို့
ပါပဲ...
ဒါကြောင့်air cond compressor ..လှဲလှယ်ရမည့်အခြေနေ
မျိုးနဲ့ကြုံတွေ့လာခဲ့ရင်...systemတခုလုံးကိုအတတ်နိုင်ဆုံး
ဆေးကြောသန့်ရှင်းပေးပြီး..မှသာလှဲလှယ်သင့်ကြောင်း
ပါခင်ဗျ......system တခုလုံးဆေးကြောသန့်ရှင်းပြီးတဲ့အပြင်
Air.cond fitter..(Receiver /dryer)ပုံ(၁)ကိုတခါတည်းလှဲလှယ်ပေးပြီးrefrigerant oil
အသစ်ထည့်ပြီး...မှသာ...မိမိလိုအပ်သောair.condအအေး
စံချိန်နဲ့...ရေရှည်ခိုင်နိုင်မှာဖြစ်ပါကြောင်းအကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျ.....အသေးစိတ်ရှင်းပြမည်ဆိုလျှင်ရှည်လျားလွန်းလှတာမို့လို့
တကယ်ထိေ၇ာက်မည့်...အကြောင်းရာလေးမျှသာရှင်း
ပြပေးနိုင်တာခွင့်လွတ်ပါခင်ဗျ....အားလုံးစိတ်ချမ်းသာ
ကိုယ်ချမ်းသာဖြင့်...ဘဝကိုဖြတ်သန်းနိုင်ကြပါစေခင်ဗျ..့
 credit by= Kyaw Soe
 

Friday 16 May 2014

AutoCAD 2013 Free 32Bit and 64Bit With Crack Full Version



AutoCAD 2013 New Features
Strike Thru Text:
A new strikethrough style is provided for Mtext, Mleaders, Dimensions, Tables and ArcText offering increased flexibility for representing text in your documents.
Autodesk 360 Connectivity:
A tight connection with Autodesk 360 allows you to synchronize files.  This includes syncing drawings and folders with your online account directly from within AutoCAD software. www.muhammadniaz.blogspot.com  You can export and attach files directly to your single sign-on account and share files with others via your Autodesk online account.
Customization and Support File Sync:
You can easily share and access your AutoCAD customization preferences and support files to travel with you as you move from one machine to the next.
Social Media Sharing:
Share your AutoCAD designs with your social world using built-in connections for Facebook and Twitter.
System Requirements:
Processor: Intel Dual Core 2.0GHz
RAM: 2GB
Size: 1.24GB
ဒေါင်းလုဒ်ဆွဲဖို့  torrent ဖိုင်ကိုအောက်လင့်မှာ အရင်ဒေါင်းလုဒ်ဆွဲ..
Instructions:
This is Torrent Download file. You must be Install µTorrent in your System.
1. Autodesk AutoCAD 2013ကို install လုပ်ပါ
2. ဒီမှာ Serial  number 666-69696969, 667-98989898, 400-45454545 066-66666666
3. ဒါက Product Key 001E1 
4. ပြီးရင် Crack folder ကိုသွား Copy Crack file and Paste into install Directory.လုပ်
ဒီအောက်ကလင့်မှာ autoCADကို ဒေါင်း


Download AutoCAD 2013 Free 32Bit and 64Bit with Crack Full Version

Microsoft Windows 7 Ultimate SP1 (x86/x64) Mac OSX Edition 2013(4.358 GB)


Minimum Requirement :
Processor : 2 GHz or faster processor
Memory : Recommended 1 GB RAM
Hard disk space : 20 GB
Media drive : DVD/CD authoring requires a compatible optical drive
Video card : DirectX 9 graphics processor with WDM 1.0 or later driver Software
screen shot;

window 7 Ultimate SP1 မှာပါဝင်တာတွေကတော့
This New Version Includes :
Boot Screen Mac OSX - New Eye catching themes - New icon sets - New Sound schemes - New Registry settings - Hang time ratio improved - Added best shortcut styles - Improved application interface - Added RUN on start menu - Add change theme - Add change wallpaper - Add desktop icon settings - Advanced user accounting - Clear type view - Copy to Move to on right click - Disable Autorun Drive - Disable UAC - Disable Tool Tips - Don't mark new applications - Enable AVALON effects - Enable Clear Type Tuning - Enable DVD in media player - Enable Glass Effect(WDM) without graphics card - Enable MP3 Encoding on right click - Enable slow motion windows effects - Enable status bar in notepad - Get rid of windows mail splash - Give your self permission to modify all - Grant full admin control - DiLshad Sys Site direct link from right click (Firefox needed) - Removed Action center Icon - Windows speed tweaking - Wait to kill service - 2000 - Low level hooks time out - 1000 - Hang application time out - 1000 - Menu show delay - 0 - No low disk space warning - Process Schedule 1st Program - Mouse Speed Increased - Hang Ratio Decreased - Fast Shut Down And Login - Down Power After Shut Down - Touch Screen Feature Added - Grant Admin control on Right Click - Add Admin Tools on Desktop Context Menu - Add manage on Desktop Context Menu - Add Move to Folder on Desktop Context Menu - Add Copy To Folder on Desktop Context Menu - Add Task Manager on Desktop Context Menu - Add Take Ownship on Desktop Context Menu - Add Register and Unregister to .dll OCX Context Menu - 500ms Delay Aero - Larger Taskbar Previews - Removed Action center icon - small Taskbar Icon - Removed mail Splash - Detailed Shut Down And Login - Blocked Negative DNS Entery - turn Off System Beep - Turn off low Disk

Installation Guide:
1. Unrar
2. Burn ISO
3. Install
4. Activate the windows using loader / activator
5. Enjoy
::..Download Links..::
Mirror:

Mirror:
အောက်မှာ RARဖိုင်တွေ ဖြည့်ဖို့  password ပေးထားပါတယ်
user: memberkoskomputer
Passwrod: koskomputer
Rar Password: koskomputer

Followers