အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 30 May 2014

အလွမ်းသပ်သောည



ဒီည..ကြယ်ရောင်တွေ ဖြိုးဖြိုးဖြ
လရောင်က ရွှေချထားသလို
လေတွေပျိုတဲ့ည..သိပ်ကိုလှ...

အိမ်တံခါးဝမှာ
တိမ်ဖျားစ ကိုငေးကြည့်ရင်း..
လေညှင်းက ရင်ကိုရိုက်..
ကော်ဖီခါးခါး တစ်ကြိုက်နဲ့ 
ရဲ့ တဲ့တဲ့ စာအုပ်လေးကို
ကပိုကရို လှမ်ကြည့်မိတယ်...

အပြာရောင် မင်စက်တစ်ချို့ ..
ခုန်ပေါက်လို့ ပြေးလွှားရာ
စာသားတွေနောက်ကို
ဒီမျက်လုံးတွေကလိုက်လို့ 
နင့် တင့်တင့်ရင်အစုံက
မျက်ရေစို့ စေခဲ့တယ်...

သူရယ်ကိုရယ် လမင်းကြီးရယ်
အသိမကြွယ်တဲ့ စွယ်တော်ရွက်လေးရယ်
ချစ်တယ်ဆိုတာ ခါခါပြော
မမောတမ်းပေါ့ကွယ်
လမင်းကြီးကိုသက်သေထား
စွယ်တော်သားမှာ ကဗျည်းတင်
ချစ်တဲ့စိတ်တွေ ချည်ငင်ရစ်
သူ့အချစ်ဟာ ကိုသာထင်
ကို့ အချစ်ကသူသာပင်.....

ချစ်ပင်ပျိုးလို့  ချစ်မိုးရွာ
ချစ်သူ ရင်ခွင်မှာ..
ကဗျာတွေ သီကာကြွေး
အနမ်းနွေးနွေး ယုယပေးလို့ 
ချစ်သူလည်းပျော် ကိုလည်းပြုံး
ချစ်လက်စမဆုံး....

တွေးလို့ မဆုံး ပြုံးတုံးမှာ
လမင်းကြီးက ပိုလို့  သာ
ကြယ်တာရာတွေပိုလို့ လင်း
လေးညှင်းက အေးစိမ့်လာ
စာအုပ်ကလေးအသာပိတ်..
တိတ်ဆိတ်မှုကိုစားသုံး
မျက်လုံးလေးခဏမှိတ်လို့ ပေါ့..

ဒီည..ကြယ်ရောင်တွေ ဖြိုးဖြိုးဖြ
လရောင်က ရွှေချထားသလို
လေတွေပျိုတဲ့ည..သိပ်ကိုလှ...

No comments:

Followers