အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday, 2 May 2014

ယဉ်ကျေးမှုဆိုတာ.

ယဉ်ကျေးမှုဆိုတာ...
----------------------

တစ်ခါတရံမှာ ကိုယ်လက်မခံနိုင်တဲ့ ဂီတ၊ ယဉ်ကျေးမှုတချို့တွေ့တဲ့အခါ ကိုယ့်ကိုယ်
သိပ်ရှေးရိုး ဆန်နေသလားလို့ ပြန်ဆန်းစစ်မိပါတယ်။ ငါဟာ(conservative)တစ်
ယောက်များ ဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်တွေးမိပါတယ်။တကယ်တမ်းခံယူထားမိတာ
က ကိုယ့်ယဉ်ကျေးမှု၊ ဂီတဆိုတဲ့ စည်းမျဉ်းအပေါ်လေးစားမှု၊ တန်ဖိုးထားမှုနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ မြန်မာဂီတနဲ့ ကမ္ဘာ့ဂီတမှာ မြန်မာ့ဂီတကို ပိုသဘော
ကျမိပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာ့ဂီတကို ကာလပေါ်၊ ခေတ်ပေါ်တေးဂီတ
အထိကြိုက်နှစ်သက်ခဲ့ပါတယ်။ အနောက်တိုင်း ဂီတတွေကိုလည်း နှစ်သက်မိတာရှိ
သလို မနှစ်သက်မိတာတွေလည်း ရှိပါတယ်။ (Mono) သီချင်းတွေကို အာပေးပါတယ်။ (Rock)ဆို မကြိုက်ပါဘူး။ (Mono)သီချင်းတွေကို ကြိုက်ရတဲ့ အကြောင်းက မြန်မာ့ဂီတ
နဲ့ ဆင်တူနေလို့ပါ။ (Pop) လည်းကြိုက်ပါတယ်။ တချို့ဟာတွေမကြိုက်တာလည်း ရှိပါ
တယ်။ ကမ္ဘာမှာ (Pop)ဘုရင်လို့နာမည်ကြီးတဲ့ မိုက်ကယ်ဂျက်ဆင်ကိုလည်း ကြိုက်တဲ့
သီချင်းတွေရှိသလို မကြိုက်တဲ့သီချင်းတွေလည်း ရှိပါတယ်။ ဂီတအကြောင်းတွေကို
ထည့်သွင်းပြောရရင် ကျယ်ပြန့်သလို အငြင်းပွားစရာလေးတွေလည်း ပါနိုင်တာမို့ ကျွန်တော်ချန်လှပ်ပါ့မယ်။ ကိုယ်ကြိုက်ရာကိုယ်နားထောင်ပေါ့။ ခံစားမှုပုံသဏ္ဍန်တူနိုင်
တာမဟုတ်လို့ပါ။

ကျွန်တော်အနေနဲ့ မြန်မာ့ဂီတကို ကမ္ဘာ့ဂီတတွေထက် တန်ဖိုးထားလေးစားမိတဲ့
အချက်တွေက မြန်မာသီချင်းတွေ ကမ္ဘာကျော်ချင်မှကျော်ပါမယ်။ ဒါပေမဲ့ မြန်မာနဲ့
ကိုက်ညီတဲ့ ဓလေ့တွေ ရေးစပ်ပုံတွေ၊ သံစဉ်ဖန်တီးမှုတွေက မြန်မာနဲ့ ကိုက်ညီပါတယ်။
ယဉ်ကျေးတဲ့ ဓလေ့စရိုက်တွေ ပါသလို ခနဲ့တဲ့သရော်တဲ့ အသုံးနှုန်းတွေ မြန်မာတွေနဲ့
ကိုက်ညီမှုရှိပါတယ်။ မြန်မာသီချင်းတွေ နားထောင်ခဲ့ရသလောက်တော့ ရိုင်းစိုင်းတဲ့
အသုံးနှုန်း မိုက်ရိုင်းလောက်အောင် မပါတဲ့ယဉ်ကျေးမှုတွေ ရှိနေပါတယ်။ ကိုလွှမ်းမိုး
တို့သီချင်းတွေ မှာဆိုရင် ရန်ကုန်မှာမွေးတဲ့ကျွန်တော့်ကို အညာမှာမွေးတဲ့နွားက မကြည်သလိုစိုက်လို့ကြည့်ဝင်ခွေ့တယ်....လို့ပြောတာ။ ဒီနေရာမှာ တစ်ဘက်က ရိုင်း
တယ်လို့ထင်ရပေမဲ့ သူ့ရေးတာ နွားကိုပဲရည်ညွှန်းတာပါ။ ခနဲ့တာပါ။ ဒဲ့မဆော်ပါဘူး။
ကိုစိုးလွင်လွင်ဆိုရင်လည်း ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး။
နောက်ဆုံးမှာ သူခံယူတာ သူချဆိုတယ်။ အားနည်းချက်ရှာနေတတ်တဲ့ လူတွေနဲ့
မဆက်ဆံချင်တော့ဘူး။ ဟုတ်တာပဲ...လူတွေကအပြစ်ပဲမြင်နေတတ်ကြတာကို...။
မြန်မာတေးလောကရဲ့ (Own Tune) သမားတွေရေးခဲ့ရာ၊ ဆိုခဲ့ရာတွေမှာ ရိုင်းစိုင်း
သွား အောင်တော့ မလုပ်ခဲ့ကြပါဘူး။ အကုန်လုံးကို ခြုံပြောရရင် မြန်မာ့ဂီတကို
တီထွင်ဖန်တီးသွားသူတွေ တေးသီးချင်းရေးစပ်သီဆိုသွားသူတွေ ပြဇာတ်၊ အငြိမ့်အ
ထိ တန်ဖိုးထားပါတယ်။ ကောက်နုတ်ပြရရင်လည်း တွံတေးသိန်းတန်ရဲ့ထွေးညို၊
လေးနွယ် ဒီလိုသီချင်းတွေဆိုရင် အံ့မခန်းပါ။ ရေးစပ်သူရဲ့ စေတနာ၊ ဆိုသူရဲ့ ကျပေါက်
ပညာပေးတာ ခေတ်အဆက်ဆက်ထိတောင် မှတ်သားစရာ။ ထည့်ပြောရမဲ့ အနုပညာ
ရှင်တွေမနည်းပါဘူး။

နောက်ပိုင်းတော့ အဲ့ဒီလိုအနုပညာရှင်တွေပျောက်ကွယ်သွားပါ တယ်။ ဘာ့ကြောင့်လဲ
ဆိုတော့ စနစ်ကြီးကအသေချာ ဖန်တီးလိုက်လို့ပါ။ ကျွန်တော်တို့ဗမာတွေ အင်္ဂလိပ်
ခေတ်မှာတောင် အင်္ဂလိပ်ကို တော်လှန်ဖို့ ကဗျာ၊ တေးသီးချင်း၊ လင်္ကာတွေစပ်လို့ရခဲ့
သေးသဗျ။ လွတ်လပ်ရေးရပြီးမှ တောက်လျှောက် ငါတို့လာမထိ နဲ့ကွ.... ဆိုခွင့်ပိတ် သကွာ။ ၅နှစ်နား၊ ၂နှစ်၊ ၃နှစ်၊ ၄နှစ်နားတွေပါ ဖြစ်ကုန်တယ်။ ခေတ်စနစ်ကို ထင်ဟပ်
ဖို့ ဘာကဗျာမှမစပ်နဲ့ ဘာစာမှမရေးနဲ့ ဘယ်သီချင်းမှလည်းမရေးနဲ့ ဆိုပြီး လုပ်ခဲ့ရာမှာ
ဂီတ၊ စာပေ၊ ယဉ်ကျေးမှုတွေ မြောင်းထဲရောက်သွားတယ်။ အစဉ်လာရှိတဲ့ ဂန္ဓ၀င်တေး
လောကကြီးလည်း ပျင်းရိဖွယ်ဖြစ်သွားတယ်။ အဲ့ဒီနောက်မှာ အနုပညာရှင်တွေ ဖန်တီးသူတွေ အဆင့်တန်းတွေက နိမ့်ကျသွားတာ ပြောမဆုံးပေါင် တောသုံးထောင်။
စနစ်ပျက်နဲ့ အုပ်ချုပ်လိုက်တာမှာ ကျန်တဲ့ ကဏ္ဍတွေ အဖတ်ဆယ်လို့မရအောင် ဘေး
ထွက်ဆိုးကျိုးတွေပါလာတယ်။ မြန်မာဟာ ကမ္ဘာမှာ အနိမ့်ဆုံးစားရင်းဝင်သွားတာ
ဖိနှိပ်ချုပ်ချယ်မှုကနေ ကျန်တဲ့ကဏ္ဍတွေအကုန် တစ်ခုချင်းစီ ကမ္ဘာကိုဘာနဲ့မှ ရင်ပေါင်တန်းလို့ မရတော့ဘူးဖြစ်သွားတာ။ ကဏ္ဍတစ်ခုထဲအဖြေရှာကြည့်ရင် အုပ်ချုပ်
ရေးယန္ဓယားကနေ ကျန်တဲ့ကဏ္ဍတွေအကုန်ဖျက်ဆီးပစ်လိုက်တာ။


ပညာရေးကနေ ချုပ်ချယ်လိုက်တာမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ သဘင်၊
ဂီတ၊ စာပေ အကုန်ကုန်ရော..... စုတ်ပြတ်သွားတာ။သူတို့နဲ့လွတ်အောင်လုပ်ရ
တာကိုး....။ မလွတ် ရင်ထောင်ချ၊ ပိတ်ပစ်။ ငါတို့ကိုမထိရင်ပြီးကောဆိုတော့
အနုပညာရှင်တွေရဲ့ အပိုင်းမှာပါ အနုပညာစစ်စစ်ထုတ်ပြမရတော့ဘူး။ ဟိုဟာရှောင်
ဒီဟာရှောင်.... ရုပ်ရှင်ဆိုချစ်ကြိုက်ကွဲညား....ချစ်ကြိုက်ကွဲညား.....။စာပေမှာဆိုရင်.....
နတ်.... ဗေဒင်ရေး... ဂမ္ဘီရ ရေးကြစမ်းဟုတ်မဟုတ် တော့မသိဘူး။လူတွေအတော်
ဖတ်ကြတယ်။ ဗေဒင်ဆရာတွေ ကြီးပွားကုန်ပြီး ပြည်သူတွေစိတ်ကူးယဉ်ဆန်လာ
တယ်။ မွဲကလည်းမွဲတော့ လူမစွမ်းနတ်မမလားပေါ့။ ဖြတ်လမ်းယုံကြည်မှုတွေ
နဲ့ေ၀၀ါးကုန်တယ်။ မိတ်ဆွေတစ် ယောက်ပြောပြတာဆိုရင် ငါတော့ဗေဒင်စာအုပ်၊
ယတြာစာအုပ်တွေထုတ်လိုက်တာ ချမ်းသာသွားတယ်။ တိုက်ကောကားကော
ရလိုက်တယ် ပြောတယ်။ အဲ့ဒီတော့ ......ပြန်မေးမိတယ်။ မင်းဒီလိုလုပ်လိုက်တာတွေ
က တကယ်ဖြစ်လာမှာလာ.....။ တကယ်ဖတ်တဲ့သူတွေအကျိုးစီးပွားတွေရလာမလား
ဆိုတော့ အဲ့ဒါငါမသိဘူး..... ငါကစီးပွား ရေးသမား မြတ်ချင်လို့လုပ်တာဆိုတော့......
..။ မြန်မာပြည်က ဆင်းရဲသား ကျပ်တည်းသူတွေများတယ်လေ....။ ချမ်းသာချင်ဖြစ်ချင်
ကြတော့ ဖြတ်လမ်းဆန်တဲ့ ဗေဒင်ကို ယုံလာပြီးအားကိုးလာသူ လူတန်းစားတွေ
များလာတယ်။ ဈေးပေါပေါနဲ့ ရောင်းရမဲ့ နည်းသာကြံ ကွက်တိပဲ...။ အုပ်ရေလေး
ငါးသောင်းတဲ့။ ဒါစာပေဘက်ကို ကြည့်ပြီးပြောတာပါ။

ရုပ်ရှင်မှာဆိုရင် ဆင်ဆာဆိုတာကြီးရှောင်ရတဲ့ ပြသနာ သိပ်ကြီးပြန်တယ်။ ဒါရိုက်တာ
ကပြချင်တာတစ်မျိုး ဆင်ဆာထိလို့ ဖြတ်လိုက်ရလို့ အခန်းတွေက တစ်သီကြီးနဲ့ ဇာတ်
ကားထွက်တော့ ငပေါကားကြီးဖြစ်သွားကော။ သရုပ်ဆောင်တွေကလည်း ပိတ်ခံရမှာ
ကြောက်တာနဲ့ ဟိုဟာလေးလည်းမလုပ်ရဲ၊ ဒီဟာလေးလုပ်လိုက်ရင် ငါ့ကိုဘယ်နှနှစ်
ပိတ်ပစ်မလဲကြောက်လာတယ်။ အာဏာပိုင်နဲ့ လွတ်အောင်လုပ်ရတော့ ဟာသကား၊
အချစ်ကားတွေ ရိုက်တာအေးတယ်ဆိုပြီး ဖြစ်သွားကြရတယ်။ သရုပ်ဆောင်တွေလည်း
ကြောက်စရာမလို။ ဘာမှလည်းရှော့မဖြစ်တော့ ဒါတွေချည်းပြန်ပြန်ရိုက်နေရတဲ့ ဒါရိုက်
တာတွေဖြစ်ကုန်တယ်။ တစ်ခါလာလည်း မြန်မာရုပ်ရှင် ဒါတွေချည်းပါဘဲဆိုပြီး ဘယ်သူ
မှမကြည့်တော့ဘဲ အင်္ဂလိပ်ဇာတ်ကားတွေ၊ ရုပ်ရှင်တွေဘက်လှည့်သွားကြတော့ အတု
ယူတွေမှားကုန်တယ်။ နိုင်ငံခြားဇာတ်ကားဆိုရင် ဘာအခန်းတွေပါတယ် သိကြမှာ။
ဒီတော့နောက်ဆက်တွဲမှာ မြန်မာ့အနုပညာဆိုရင် ဟာကွာ .....မွဲပြာပုဆိုးတွေ၊ ချစ်
ကြိုက်ကွဲညား ဒါတွေချည်း မကြည့်တော့ဘူး။ နိုင်ငံခြားကားတွေပဲကြည့်လာတော့ သူ
တို့ ဓလေ့နဲ့ကိုယ့်ဓလေ့နဲ့ မတူတာသတိမရတော့ဘဲ ကြည့်ပါများတော့ နေသားကျလာ
ပြီး အတုယူကုန်တယ်။ အဲ့ဒီမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ လမ်းလွဲပြီး သွေဖီကုန်တယ်။

ဂီတဘက်ပြန်ကြည့်တော့လည်း သီချင်းစာသားတောင်ဆင်ဆာတင်ရတဲ့ စနစ်နဲ့ သွား
ရတယ်။ ဆင်ဆာထိရင်... (တစ်နည်း) ငါတို့ထိရင် ဖြုတ်ဆိုတော့ သီချင်းရေးဆရာတွေ
လည်း မရေးရဲတော့ဘူး။ သေလောက်အောင်တစ်လကိုးသီးတင်း လေးနက်တဲ့
အဓိပ္ပါယ် စာကြောင်းတွေရှာ ခံစားမှုတွေနဲ့ ပလူပျံအောင်ရှာလည်း ဖြုတ်ခံရရင်သေတာ
ပဲ။ အဲ့ဒီတော့ သူတို့လည်း အေးရာအေးကြောင်း အချစ်သီချင်းတွေသာစပ်ကွာဆိုပြီး
ဖြစ်ကုန်တာ။ အားလည်းမစိုက်တော့ဘူး။ အချစ်သီချင်းရေး.... အချစ်သီချင်းဆို လွတ်
တယ်။ ဒီလိုနည်းနဲ့ သွားလိုက်ရာက မြန်မာသီချင်းတွေမှာ ခံစားမှုရသထက် စိတ်ဓါတ်
ခွန်အား၊ အသိပညာတွေ တက်လာမဲ့ သီချင်းတွေ ရဲရင့်လာမဲ့စိတ်တွေကို ရှေ့ဆောင်
လမ်းမပြပေးနိုင်တော့ဘဲ အချစ်.....အချစ်တွေနဲ့ လုပ်လိုက်တာ နှလုံးသားခံစားမှု ရသ
ကလွဲပြီး ဘာမှအသိပညာမရတော့ဘူးဖြစ်သွားတယ်။ အရင်က အင်္ဂလိပ်ခေတ်ကလို
တို့ဗမာဘာညာသွားအော်ရင် ဖမ်းထည့်ခံရမှာကိုး....။ မျိုးချစ်စိတ်ဓါတ်တေးထက်
တပ်ချစ်စိတ်ဓါတ်တေးတွေပဲ ဖြစ်လာခဲ့တယ်။ တပ်မတော်သာလျှင်နိုင်ငံအကျိုး
ကို ပေးဆပ်နိုင် လိမ့်မည်....။ တပ်မတော်ဂုဏ်ရောင်ထွန်းပြောင်ဖို့ရာ.... ကြည့်လဲပြောကြဗျာ.... ပြည်သူကဖွတ်ထက် မွဲသထက်ညစ်စုတ်နေပြီ။ လောဘီလို့
သိပ်နားကြားပြင်းကပ်တယ်။ စာသားပြောင်းကြည့်ပါ့လား....။ တပ်မတော်သာလျှင်
တပ်ပိုင်မြေနဲ့ သိမ်းဆည်းနိုင်လိမ့်မည်ဆိုတာမျိုး.......။ လော်ဘီသီချင်းတွေ ပုံလာပေမဲ့
ပြည်သူကိုအသိပညာပေးတဲ့ တကယ်နိုင်ငံတကာတန်းဝင်တဲ့ သီချင်းစာသားမျိုးတွေ
စပ်ခွင့်မရဘူး။ ငြိတာနဲ့ တီးမယ်တွေဆိုတော့ ......။

အဲ့ဒီနောက်မှာ သီချင်းရေးဆရာခပ်ပေါ့ပေါ့တွေထွက်လာပြီး။ အချစ်အကြောင်းက
လွဲပြီး ပြည်သူကို အသိပညာပေးနိုင်တဲ့ သီချင်းရေးဆရာတွေငတ်ကုန်ပြီး ဖားနိုင်တဲ့
သီချင်း ရေးနိုင်သူ၊ဆိုတဲ့သူတွေ နေရာရလာတော့တယ်။ ဟိုအဆိုတော်လည်းအချစ်၊
ဒီအဆိုတော်လည်း အချစ်။ ဟိုသီချင်းရေးဆရာလည်း အချစ်။ ဒီသီချင်းရေးဆရာလည်း
အချစ်တွဖြစ်ကုန်တယ်။ အဲ့ဒီလိုသီချင်းတွေကနေ မြန်မာပြည်လူဦးရေသန်း(၆၀)
ကျော်လာတာ သူတို့ကြောင့် ဖြစ်လိမ့်မယ်။ ဒီကြားထဲ နိုင်ငံတကာကပေါ်သမျှ
သီချင်းတွေ ဘာလာလာ အကုန်ကို (copyright) တော့တာပဲ။ တီးလုံးကပါပြီး
သား။ ကော့ကိုကိုယ်စပ် တဲ့စာသားနဲ့ လိုက်အောင်ပြန်ညှိ ဒီလို။ တချို့ကဒဲ့ ကို ကော်ပီ
လုပ်ပြီးသံစဉ်ပါမပြင်ဘဲ ဆိုတယ်။ ဆိုတဲ့သူကနိုင်ငံခြားသီးချင်း ပြန်စပ်ပြန်ရေးပြီး
ဆိုမှတော့ တချို့ပရိသတ်က နိုင်ငံခြားသီချင်းက ပိုကောင်း တယ်ဆိုပြီး နိုင်ငံခြားက
မူရင်းခွေပဲနားထောင်တော့တယ်။ တချို့သူများသီချင်းကူးချပြီး ကော်ပီပြန်ရေးတဲ့
သီချင်း ဆိုရင်တောင် မူရင်းကော်ပီ ရေးသူကို မူပိုင်ခွင့်ကြေးပေးရတယ်ဆိုလား....။
(ဒီကဏ္ဍတွေထည့်မပြောလိုပါဘူး)

အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ယဉ်ကျေးမှုအဆင့်တန်းနဲ့ ပတ်သတ်ရင် စာပေ၊ ဂီတ၊
ရုပ်ရှင်ကစလို့ ဘာတစ်ခုမှ ကမ္ဘာနဲ့ချီရင်ပေါင်တန်းဖို့ မရှိတဲ့အခါကျတော့ နောင်မျိုး
ဆက်တွေက ယဉ်ကျေးမှုရှိဖို့ စာပေအဆင့်တန်း၊ ဂီတအဆင့်တန်း၊ ရုပ်ရှင် အနုပညာ
ဒီအပိုင်းတွေမှာ အဘက်ဘက်က နိမ်ကျသွားတာကြီးက အဓိကပင်မဂယ်ပေါက်ပဲ။
အဲ့ဒီနောက်မှာ ကိုယ့်ယဉ်ကျေးမှုတွေဖြစ်တဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်တွေ ဖိနှိပ်ခဲ့တဲ့အတွက်
ယနေ့ခေတ်လူငယ်တွေ တိုင်းတစ်ပါးယဉ်ကျေးမှုတွေအပေါ် အထင်ကြီးစိတ်တွေ။တိုင်း
တစ်ပါးယဉ်ကျေးမှုတွေ ခံယူကျင့်သုံးလာတာက ဦးဆောင်သူတွေ အသုံးမကျမှု၊ ပညာ
မတတ်မှုတွေပဲ။ တတ်ယောင်ကားတွေနဲ့ ဟိုဝန်ကြီးထလုပ်၊ ဒီဝန်ကြီးထလုပ်။ တတ်တဲ့
သူတွေနေရာပေးရအောင်လည်း နေရာမပေးနိုင်ကြဘူး။ နေရာကလည်းလိုချင်။ ဆရာ
ကလုပ်ချင်တဲ့စိတ်ကပါနေတော့ စိတ်ပျက်ဖွယ်ရာ။ ဗဟိုဦးစီးစနစ် ကြီးထားသရွေ့
တိုင်းပြည်မှာဖြစ်ပေါ်လာသမျှတွေက အားလုံးက လက်သည်တရာခံတွေချည်း။

ဒီတော့ကျွန်တော်တို့အနေနဲ့က ယဉ်ကျေးအောင်သေအောင်ပြောနေလည်း
ယဉ်ကျေးမှု ထိန်းကြပါပြောနေလည်း ဖြစ်လာမှာမဟုတ်ဘူး။ အသိပညာပေးနိုင်ရင်
တောင်တစ်ယောက်နှစ်ယောက်ပဲ။ ယနေ့ကာလ အတာသင်္ကြန်မှာ မြင်တွေ့ရတာ
အတော်စိတ်ပျက်ဖွယ်တွေ။ လူငယ်တွေကြည့်လိုက်ရင် ကျားကော၊ မကောမူနေရော။
ယဉ်ကျေးပါပါးစပ်က ဥပဒေတွေနဲ့ သွားတားလို့မရတော့ဘူး။ သူတို့မှာ သရုပ်ပျက်တွေ
ကို အမြစ်တွယ်နေပြီ။ ဥပဒေထုတ်ပြီးတားလို့လည်းမရတော့ဘူး။ DJ ပွတ်လိုက်ရင်ကို
ပဲ ထကတော့တာ။ ဒါကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်မကိုက် ဘယ်သူမှ မစဉ်းစားတော့ဘူး။
SOUNG BOX က အုန်း....ဒိုင်းဆိုရင် ပဲစိတ်တွေကကြွနေပြီ။ မြူးတာကိုအနောက်
တိုင်း တီးကွက်တွေက။ ကရင်းမြူး .... မြူးအောင်သောက်။ သောက်ပြီးထပ်မြူး....။ အသိ
တရားတွေလွတ်... ချကြကိုင်ကြ။ ထပ်ထည့်ပြောချင်တာက မန်းတောင်ရိပ်ခိုသီချင်းဖွင့်
လို့ ကချင်မူးချင်တဲ့သူ၊ မြူမှောင်ဝေကင်း ဖွင့်လို့ ကချင်ကဲချင်သူ မရှိပါဘူး။ မဏ္ဍပ်တိုင်း
မှာ ကလေးတွေမြူးအောင်တီးလုံးတွေ အနောက်တိုင်းဆန်ဆန်တွေ ဖွင့်တယ်။ တီးလုံး
တွေက ၀ုန်းဒိုင်းဆန်လာတယ်။ စိတ်တွေကလည်းကြွ ကချင်လာ ချွတ်ချင်လာ.....။
လူငယ်တွေကို ဖျက်ဆီးနေတာ တရာခံတွေမျက်ဝါးထင်ထင်ရှိလာတယ်။ (စာသိပ်ရှည်ပြီမို့ နားကြပါဦးစို့)

ကျွန်တော်ဥယျာဉ်မှူးပါ။

အပိုင်း(၂)တွင်ဆက်လက်ဖတ်ရှု့ပါ။

၁၅.၄.၂၀၁၄
 — 

No comments:

Followers