အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday, 18 May 2014

Nissan Navara နှင့် Nissan Pickup Manual Gear ကားများ... ကလပ်ပလိတ်(Clucth plate) နှင့် ဖလိုင်းဝှီး (Dual mass flywheel)လဲသော... အခါနှင့် ဂီယာဘောက်ချသောအခါ သိသင့်သောအချက်များ...

Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.

Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.
Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.


Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ's photo.

အထက်ပါ မော်ဒယ်မြင့်နစ်ဆန်းပစ်ကပ်ကားများ ဂီယာဘောက်ချရာတွင်...
ီယာဘောက်တွင် CKP (Crankshaft position sensor) ရှိသဖြင့်...
ကလပ်ပလိတ်လဲရာတွင်လည်းကောင်း ဖလိုင်းဝှီးလဲရာတွင်လည်းကောင်း...
သတိထားသင့်သောအချက်များကိုသိမှသာ အဆင်ပြေပါသည်...

မသိပါက CKP ဆင်ဆာကျိုး၍၎င်း ဖလိုင်းဝှီးအမှတ်မမှန်၍၎င်း...
အားလုံးတပ်ဆင်ပြီး၍ စက်ပြန်နိုးချိန်တွင် အင်္ဂျင်ချက်မီးလင်းကာ...
လီဘာအကုန်နင်းသော်လည်း အင်္ဂျင်အပတ်ရေ ၂၀၀၀ မကျော်ဘဲဖြစ်ကာ...
ဒုက္ခများ ရွာလည်တတ်ပါသည်...

ထိုသို့မဖြစ်စေရန် ဂီယာဘောက်မချခင် ဂီယာဘောက် Housing အုံတွင်...
ညာဘက်၌ အများအားဖြင့်ပါတတ်သော ပုံ(၁)ပါ CKP ဆင်ဆာကိုဖြုတ်ထားရန်
လိုအပ်ပါသည်...ဆင်ဆာအထိန်းနတ်ကိုဖြုတ်ပြီး...မီးပလပ်ကြိုးနဲ့တွဲကာ...
အသာထိန်းဖြုတ်ပါက ဖြုတ်ရလွယ်ပါသည်...ဖြုတ်ပြီးလျှင် ဆင်ဆာအား...
မီးပလပ်ကိုဖြုတ်၍ သိမ်းထားပါ...ထိုကဲ့သို့ မဖြုတ်ပါက...
ဂီယာဘောက်ချချိန်တွင် ဆင်ဆာကိုထိမိကာ ကျိုးသည်ကများပါသည်...
ထိုကဲ့သို့ကျိုးပါက ဂီယာပြန်ဆင်ပြီးချိန်တွင် လီဘာနင်းပါက...
အင်္ဂျင်အပတ်ရေ ၂၀၀၀ မကျော်တော့ဖြစ်၏...
ထို့ကြောင့် နစ်ဆန်းပစ်ကပ် Manual ဂီယာများ ဂီယာဘောက်ချပါက...
CKP ဆင်ဆာကိုဖြုတ်သိမ်းထားကာ အားလုံးတပ်ဆင်ပြီးချိန်မှ...
ပြန်တပ်သင့်ပါသည်...

ကျွန်တော်တို့ ဝပ်ရှော့သို့ရောက်လာသော နစ်ဆန်းပစ်ကပ်အများစုမှာ...
CKP ဆင်ဆာကျိုး၍ အသစ်ပြန်ထည့်သောအခါ အင်္ဂျင်အပတ်ရေ...
၂၀၀၀ ကျော်အောင်မတက်သောကားအများစုဖြစ်ပါသည်...

ထိုသို့ဖြစ်ရခြင်းမှာ ကလပ်ပလိတ်လဲရာတွင်...ဖလိုင်းဝှီးကိုဖြုတ်ကာ...
သန့်ရှင်းရေးလုပ်ခြင်း...ဖလိုင်းဝှီးအသစ်လဲပြီး ပြန်ထည့်ရာတွင်...
Flywheel timing ဖလိုင်းဝှီးတိုင်ပင်မှတ် မမှန်သောကြောင့်ဖြစ်ပါသည်...
အဆိုပါ Dual mass Flywheel များသည် ပုံ(၄) ပါအတိုင်းအတွင်းတွင်...
စပရင်များထည့်ကာ ကားထွက်ချိန်၌ ညက်ညောစေရန်နှင့်...
ဂျွိုင်းခရော့(Universal cross joint ) များကြာရှည်ခံစေရန်ထည့်သွင်းထားခြင်းဖြစ်ပါသည်....
အဆိုပါ ဖလိုင်းဝှီးမျိုးသည် Ford , Mazda များတွင်လည်းပါပါသည်...
ထိုဖလိုင်းဝှီးများသည် အတွင်းရှိစပရိန်များ ကျိုးပျက်ကုန်သောအခါတွင်...
ကလပ်နင်းလိုက်သည်နှင့် ဂီယာဟောက်ဇင်အုံထဲမှ...
ကတောက် ကတောက်နှင့်အသံအကျယ်ကြီးထွက်ပါသည်...
ကလပ်လွှတ်ဤ ကားထွက်သွားသောအခါ အသံမမြည်တော့ပါ...
ထိုသို့ဖြစ်၍ ဖလိုင်းဝှီးလဲရာတွင်၎င်း...ကလပ်ပလိတ်လဲသောအခါတွင်၎င်း...
နစ်ဆန်းကားများတွင် ဖလိုင်းဝှီးတိုင်ပင်ကို မှန်အောင်ထည့်ရန်အလွန်အရေးကြီးပါသည်...

ဖလိုင်းဝှီးအတွင်းဘက်တွင် ကရိုင်းရှပ်ရှိ...
ဖလိုင်းဝှီးအထိန်းပင် (Dowel pin) ထည့်၍ရသော အပေါက်လေးများ...
၃ ပေါက်မှ ၅ ပေါက်အထိပါတတ်ပါသည်...
ထိုအပေါက်လေးများတွင် တြိဂံပုံစံပါရှိသော အမှတ်ပါသော...
အပေါက်ကို ကရိုင်းရှပ်ရှိ ဖလိုင်းဝှီးအထိန်းပင်ပေါက်နှင့်...
တည့်အောင်ထည့်မှသာ တိုင်ပင်အမှတ်မှန်ကာ အင်္ဂျင်ပုံမှန်အတိုင်း...
လီဘာနင်းလျှင် အပတ်ရေတက်ပါသည်...
တိုင်ပင်မှတ်ကိုမကြည့်ဘဲ အခြားကားများကဲ့သို့ ထည့်လို့ရေသော...
အထိန်းပင်ပေါက်တွင်ထည့်ပါက လီဘာနင်းလျှင်...
အင်္ဂျင်ပတ်ရေ ၂၀၀၀ မကျော်တတ်ပါ...
တစ်ချို့နယ်များတွင် ဖလိုင်းဝှီးပျက်သောအခါ အသစ်သည်ဈေးကြီးသဖြင့်...
ဖလိုင်းဝှီးကို အသံမမြည်စေရန် ဂဟေဆော်ကာ အသေလုပ်တတ်ပါသည်...
ထိုသို့လုပ်ရာတွင် ဖလိုင်းဝှီးကိုမဖြုတ်ခင် CKP ဆင်ဆာ၏...
စင်ကနယ်ပြား(Signal Ring)ကို ဖလိုင်းဝှီးနှင့်နေရာမလွဲစေရန်...
သေချာအမှတ် မှတ်သားထား၍ ဖြုတ်ပြီးပြုပြင် ဂဟေဆော်ပါ...
ဖလိုင်းဝှီးအတွင်းဘက်တွင် အမှတ်ပြထားသော အပေါက်လေးကို...
ပုံ (၃) ပါ ဖလိုင်းဝှီးအထိန်းပင်တွင် ထည့်ရပါမည်...
ထိုသို့ မှတ်သားကာ သေချာပြု ပြင်ပါက အင်္ဂျင်အပတ်ရေ ၂၀၀၀ ကျော်အောင်
မတက်ခြင်းမှ ကင်းဝေးပါလိမ့်မည်...
ဝပ်ရှော့ဆရာများရော ကားရှင်များပါအဆင်ပြေကြပါစေ...

ပုံ(၁) CKP sensor ပုံ...
ပုံ(၂)CKP ဆင်ဆာတည်နေရာပုံ...
ပုံ(၃)Crankshaft Dowel Pin ပုံ...
ပုံ(၄)Dual Mass Flywheel ပုံ...
တို့ဖြစ်ကြပါတယ်...

မင်ဘာများ အန္တာရာယ်ကင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ...

Toetar Atoe (Oline ကားဝပ်ရှော့ Page)
 

No comments:

Followers