မျောက်ထောင်ချောက်
အာဖရိကက လူတွေအသုံးပြုတဲ့နည်းလမ်းလေးပါ။တွတ်ပီကာတွန်းထဲမှာလဲ ပါဖူးပါတယ်။ဒါပေမယ့် သိပ်တော့မတူပါဘူး။
အရင်ဆုံး အုန်းသီးတစ်လုံးကို မျောက်လက်ဝင်နိုင်အောင်
အပေါက်ဖောက်ရပါတယ်။ပြီးရင်တော့ အထဲကို အပေါက်လောက်အရွယ်အစားရှိတဲ့
လင်းလက်တောက်ပြောင်တဲ့ ကျောက်ခဲတစ်မျိုး(အာဖရိကတွင်တွေ့ရသည့်
ကျောက်အရိုင်းတုံး)ကို ထည့်ထားရပါတယ်။ပြီးရင်တော့ သစ်ပင်မှာ
အဲဒီအုန်းသီးကို တွဲလောင်းချိတ်ခဲ့ရပါတယ်။
မျောက်တွေက အလွန်စူးစမ်းတတ်ပါတယ်။သူတို့က အုန်းသီးကိုတွေ့တော့ အထဲက
အပေါက်ထဲကို ချောင်းကြည့်ကြပါတယ်။အထဲမှာ လင်းလက်တဲ့ ကျောက်ခဲလေးကိုတွေ့တော့
လှမ်းပြီးဆွဲယူတော့တာပါပဲ။
အထဲကကျောက်ခဲကို ကိုင်ထားပြိးတော့ ဆွဲထုတ်တဲ့အခါမှာ လက်ကကြပ်နေပြီးတော့
ဆွဲထုတ်မရဖြစ်နေပါတယ်။အဲဒီတော့ မျောက်ကအော်ဟစ်ပါတယ်။အဲဒီအချိန်မှာ
မုဆိုးတွေရောက်လာကြပါတယ်။
မျောက်က အမျိုးမျိုး အော်ဟစ်တယ်၊လက်ကိုထုပ်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့်
သူလွတ်မြောက်ဖို့အတွက် ဒီတန်ဖိုးမရှိတဲ့ကျောက်ခဲကိုလွှတ်ချရမယ်ဆိုတာကို
သူမတွေးမိပဲ ကျောက်ခဲကို ဆုပ်ကိုင်ရင်း လက်ကိုဆွဲထုတ်ပါတယ်။ဒါပေမယ့်
နောက်ဆုံးတော့ မုဆိုးရဲ့ရိုက်ချက်နဲ့ ထိုမျောက်သေဆုံးရပါတယ်။မျောက်က
သေသွားတာတောင် လက်ထဲကကျောက်ခဲကို ဆုပ်ကိုင်ထားပါသေးတယ်တဲ့။
ဒီအဖြစ်အပျက်လေးကို သိစေချင်လို့ပြောပြတာမဟုတ်ပါဘူး။ဒီအဖြစ်အပျက်မှာ သင်ခန်းစာလေးတစ်ခုပါပါတယ်။ဖတ်ရှုရင်းနဲ့ မြင်တတ်ကြပါစေ။
ဒီအဖြစ်အပျက်လေးကို သိစေချင်လို့ပြောပြတာမဟုတ်ပါဘူး။ဒီအဖြစ်အပျက်မှာ သင်ခန်းစာလေးတစ်ခုပါပါတယ်။ဖတ်ရှုရင်းနဲ့ မြင်တတ်ကြပါစေ။
No comments:
Post a Comment