အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 14 February 2013

မေမေ့အားပေးသံ

အမေ့သားလေး

လုလင်သွေး

ရှေ့ရေးဘယ်ပုံတွေး.....။

လောကလမ်းဝယ်

လျှောက်စဉ်မယ်

အားရယ်မငယ်မာန်ဝင့်ကြွယ်.....။

ကြုံမယ်ဒုက္ခော

လူ့သဘော

ထူပြောလှပေတယ်.....။

အမောင်လျှောက်လမ်း

မဆုတ်တမ်း

တက်လှမ်းရပေမည်.....။

လဲရင်ပြန်ထ

ဇွဲမချ

မှန်းဆပန်းတိုင်ဆီ....။

အောင်မြင်ဖို့ရေး

ရှုမျှော်တွေး

အားမွေးမေ့သားလေး.....။

လေးစားလျှက်

ရင်ခုန်ရသူ

3 comments:

မိုးနတ်ကြယ်စင် said...

မေမေ့ကိုတောင် သတိရမိတယ် ရင်ခုန်ရယ် :)

စံပယ်ချို said...

အမေနဲ့ဝေးနေသူတယောက်မျက်ရည်ကျစေတယ်

naythaR said...

အရမ်းလွမ်းတယ် အမေကို

Followers