ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ဘလော့ဂါတို့ရေ
အကိုလေးအိမ် ကဗျာနန်းကို
ဖိတ်ခေါ်ချင်ရဲ့ လှမ်းပါကွဲ့။
အိမ်တံခါးမှာ မင်္ဂလာဟု
နှုတ်ပြုကြိုဆို မြှူချိုချိုနဲ့
အိမ်အတွင်းသို့ မြန်းပါခဲ့လျှင်
တရားသံအေး သီချင်းနွေးကို
နားဆင်ပါလှည့်သာယာကွဲ့။
အိမ်မိုးယံမှာ အသည်းဖြာကျဲ
လိပ်ပြာတွဲလို့ ချစ်ပွဲဖြိုင်နဲ့
တသွင်ပါလှည့် ဆန်းတယ်ကွဲ့။
အိမ်ရဲ့ဟန်ပန် ကဗျာဆန်တူ
ကဗျာသံလည်း ကူကူဝေမို့
ခံစားပါလှည့် ဝေဖန်ကွဲ့။
ခင်တဲ့မိတ်ဆွေ စိတ်မတွေငဲ့
တုံ့ပြန်လှည့်ကာ မန်ဘာလေးဝင်
ဖေ့ဘွတ်တွင်လည်း likeလေးတွဲလို့
အားပေးပါလှည့် အစဉ်ကွဲ့။
commentဘောက်မှာ တီတာလေးရေး
ခင်မင်မှုအလေးထားလို့ ကြံပြုအားပေး
ဆေးတခွက်နဲ့ ဆင်တယ်ကွဲ့။
chatခန်းလေးမှာ ချစ်စရာ
လက်ဆောင်စကား ချန်လို့ထားခဲ့
ရုပ်ပြောင်လေးလည်း တူယှဉ်တွဲလျှင်
စိတ်မှာရွှင်ပြ ကြည်နူးရကွဲ့။
စာပေချစ်သူ များသူသူငါ
ဘလော့ဂါတွေ မြတ်နိုးထွေနဲ့
အကိုလေးအိမ်လှ မြန်းကြွဖို့စဉ်
ဖိတ်ပါတယ်ကွဲ့ လှမ်းလာခဲ့။
2 comments:
အလည်လာခဲ့ပါတယ် အကိုတော်ရေ :P
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့လေး
အဲဟုတ်ပါဘူးလေ.....မှားလို့
အားတဲ့အချိန်တိုင်းရောက်ဖြစ်တယ်...
ခုတလောမအားနေလို့ ပျောက်နေတာနော်
ရှေ့လ ဆိုရင်အားပြီ
Post a Comment