အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday, 26 October 2012

ပန်းခရေဘဝ

အညိုမှာ အဖြူသက်

** *တလှပ်လှပ်နဲ့* **

ပွင့်ဖတ်လေးတွေစီ လို့


**ပင်ယံမှာဝင့်* *

** *အမြင့်ထက်စံ* **

သဏ္ဍန်ကသေးသေး

သင်းပျံ့ရနံ့လေးမွှေးကြူလို့ပေါ့

အဆင်းလှမခန့်ညား

မြေခလို့ကြွေသွားလျှင်တောင်

ဘုရားမှာကပ်

လှကညာဆံနွယ်ထက်မှာ

သူငါလုယက်ပန်ဆင်

** *ဘဝင်ငယ်မရှိ* * *

ဘယ်သူသိနိုင်ပါ့မလဲ

** * *သြော်..* * *

နေဝင်ချိန်ရောက်

ငြှိုးငယ်ခြောက်တော့

**စွန့်ပစ်ခြွေချ**

အနေမလှတော့လည်း

ခရေပန်းကတော့

သင်းပျံ့နေဆဲပါကွယ်...

No comments:

Followers