တိမ်ပြာတစ်ချက်
လွှမ်းခြုံခတ်တိုင်း
ရစ်သိုင်းကာရွာ
သည်းထန်စွာဖြင့်
ငါးတို့လည်းပျော်
ဖားတကျော်ကျော်
အော်ကာမြည်ကြွေး
ကြည်နူးတေးတို့
သို့သော်ငါ့မှာ
အခါခါရွာတိုင်း
ရင်တွင်းလှိုင်းများ
လှုပ်ရှားကာသာ
ဘယ်ကိုတမ်းတ
လွမ်းနေရသည်
ငါမသိရလေပြီ။
(ဝေးနေရတဲ့ခံစားမှု)
ရင်ခုန်ရသူ
No comments:
Post a Comment