အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 6 October 2012

မိအေးသို့စာတစ်ဆောင်

မိုးစက်တို့ဖွေး

ကွင်းလယ်ပြေးကာ

ပျော်ရွှင်စွာနဲ့ကြည်နူးခဲ့

စာအံသံလေး

ကျယ်ကျယ်ပေးခဲ့ဖူး

ရွာဦးကတို့ကျောင်းတော်နဲ့

ကြာဖြူကြာနီ

စုံအညီရယ်ပွင့်

ကန်တော်ဝင့်မှာနင်နဲ့ငါ

ခူးကာပေးဖူးကြာပန်းထူးနဲ့

ရာသီတိုက်စား

ဒီရေလားသို့ရယ်

ကုန်လွယ်လွန်လာခဲ့

ပညာတွေစုံ

အရာရှိဂုဏ်တက်

မိအေးသက်ရေ

လွမ်းနေမိခဲ့လည်တံရှည်နဲ့

ပလွေသံညှင်း

လယ်တောတွင်းမှာလ

ဖားသူငယ်ကအုန်အင်

ကျွမ်းအရင်ငယ်ကကြောင်း

ပြန်ပြောင်းကာသတိရမိခဲ့

လူပုံသဲ့နဲ့

ကမ်းခဲ့စာငယ်

မင်ရည်ရယ်လူးပေလွှာဖူးနဲ့

မြန်းခဲ့ပါတော့မိအေးရေ။

လေးစားလျှက်

ရင်ခုန်ရသူ


No comments:

Followers