အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 20 October 2012

လွမ်းသူသိစေ

ဟေမာန်ကနှောင်း၊ရာသီပြောင်းမယ်

ထနောင်းပွင့်တို့၊မြေသို့ခပြီ

ရွှေဂျိုးဖြူစုံ၊ကူပုံရယ်ဆန်း

အလွမ်းခန်းကို၊ဖွင့်လိုပြန်ပေါ့

နွေတစ်ကျော့သို့၊ရောက်လို့လာပြီ

ရော်ရည်မှန်းဆ၊လွမ်းရပြီ။

ဝေယံကကြောင်း၊ဇာခြည်နှောင်းရယ်

သတင်းရယ်ဝေး၊စာခွေလေးလည်း

ကျိုးပြီခေါက်ရိုး၊စထက်တိုးတာ

ဝေဒနာလွမ်း၊အသည်းကျွမ်းလု

ချယ်ရီရယ်ဖူး၊လေအလူးမှာ

သင်းရနံ့ဖြာ၊တောင်တန်းပြာနဲ့

ဗွေသီလျှမ်းမြ၊လွမ်းရပြီ။

(အဖြည့်ခံရတု)

လေးစားလျှက်

ရင်ခုန်ရသူ

1 comment:

အလင်းရိုင်း said...

ဝေဒနာလွမ်း၊အသည်းကျွမ်းလု

ချယ်ရီရယ်ဖူး၊လေအလူးမှာ

သင်းရနံ့ဖြာ၊တောင်တန်းပြာနဲ့

ဗွေသီလျှမ်းမြ၊လွမ်းရပြီ။

ကဗျာလေးက လွမ်းစရာပဲနော် ... :)

Followers