ဟေမာန်လဝယ်၊မြူနှင်းငယ်ဖြင့်
တင့်တယ်ပေဟန်၊နန်းယုဂန်စွန်း
နေခြည်သွန်းရယ်၊ရွန်းရွန်းငယ်ပေါ်
ဆွေငယ်ဖော်ရယ်၊ရင်ဝယ်မျှော်တမ်း
ရည်ရော်လွမ်းလို့၊ဝေးသူမို့ပိုင်
ဗျာဖို့လို့ယိုင်၊ရွှေလည်တိုင်ငယ်
မှိုင်မှိုင်ရယ်လူး၊အသဲဦးညှာ
မြသက်လျှာကို၊ရင်မှာရှိုက်ငို
တောမြိုင်ညိုလယ်၊ဘယ်ကိုရယ်မှန်း
ဖုန်းမောင်လွမ်းရ၊မှန်းစမပီ
ရွှေရင်စည်ကွဲမတတ်သော်။
ဝေယံစမယ်၊ရွှေစံပယ်ငုံ
သင်းတယ်ရနံ့၊လွင့်လွင့်ပျံ့စွာ
ဝင်းဖန့်မျက်နှာ၊လပမာနှယ်
လေသာပြူတင်း၊သူ့ရုပ်ဆင်းကို
အလင်းရွှေအို၊လရောင်ပြိုခါ
ဝင်းစိုစွာတည်း၊ရှုမငြီးပါ
မြသီးမြငုံ၊ဝန်းရံစုံလို့
ရင်ဖုံမှာသမ်း၊ရေစိမ့်စမ်းနှယ်
အေးချမ်းစွာပ၊အပြုံးလှသည်
ရွှေပင်စည်ခဲမတတ်သော်။
ရွေရံလှကြွယ်၊နှမငယ်ကို
အောင်သွယ်နှယ်ပြု၊မယ်ထွေးနုကို
ပေါင်းစုဝေဖြာ၊ရွှေပေလွှာထက်
မင်စာခြယ်ကာ၊ဆင့်သီကာကမ်း
ဝေဒနာလွမ်း၊မြစ်ယံကမ်းမှာ
ထွေလျှမ်းစိတ်စဉ်၊မျှော်တွေးယှဉ်ကာ
ငွေစင်စနှယ်၊နှင်းထုလယ်မှာ
သွေဖယ်မပြီး၊စစ်ခရီးနယ်
ချစ်ကြီးသူမောင်၊လွမ်းပြေအောင်ကွယ်
စာဆောင်ရယ်နှင်း၊စစ်တလင်းမှာ
ဆွေခင်ညီတွဲရမတတ်သော်။
လေးစားလျှက်
No comments:
Post a Comment