အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 26 October 2012

ဖုန်းမောင့်မေပျို

ခြေတစ်လှမ်းရယ်

ကုဋေတစ်သန်းတန်ပေတဲ့

ခါးသေးလို့ရင်ချီ

ပဒုမ္မနီအလား

အသားတော်ဝါဝါညက်ကယ်

လှမျက်ခြယ်သူဇာပျို

မူယာပိုလွန်တင့်ဆန်း

ပတုန်းရောင်ကေသာမြမှ

စပယ်ကုံးလေးမြန်းလို့ဆင်

နန်းပျိုပင်ထင်မှတ်ရ

ရွှန်းလဲ့တောက်ပ

ရွှေသမင်မ

မျက်လုံးလှရယ်

ညွှတ်သွယ်နှုတ်ခမ်း

စိမ့်စမ်းနှယ်အေးမြ

မေ့အပြုံးလှဝယ်

သွေဖယ်မရ

ဘဝင်မှာတသသမို့......။


သက်ထားကြင်သူ

ဖုန်းမောင့်ပျိုဖြူရယ်

အလွမ်းနယ်မှာ

ကျွမ်းတကယ်အသည်းနဲ့

မှန်းရွယ်ကာဆိုချင်ပ

ချိန်ရာသီဂိမာန်လတွင်

မောင့်အလာလမ်း

ခင်လှမ်းလို့ကြိုစေလို

ချစ်သူပျို......။


လေးစားလျှက်


***ရင်ခုန်ရသူ***

No comments:

Followers