အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 4 October 2012

အတူလွမ်းမယ်ဆည်းဆာ

အာကာယံမှာ၊ခင်းကာဖြန့်ဖြူး

ဝတ်လွှာဖူးငယ်၊ဆေးမင်ခြယ်ပုံ

ရောင်သွေးစုံတယ်၊ပန်းလယ်ကွန့်မြူး

ရနံ့ဦးရယ်၊သင်းပျံ့တွယ်ငြိ

ပေါင်းဆုံမိရာ၊ဆည်းဆာလှမှာ။

နေဝန်းနီနီ၊ကမ်းရပ်ဆီမှာ

လွမ်းကာနှုတ်ဆက်၊စည်းချက်ဖောက်လွှဲ

မစဲငိုသံ၊လှိုင်းလုံးထန်ကြား

ရောယှက်သွားပြန်၊အရံလေညှင်း

သူဆောင်ကျဉ်းတယ်၊ပန်းနံ့ရယ်လည်း

ဝမ်းနည်းသလို၊ရှိုက်ငိုငိုနဲ့

ဝတ်လွှာရဲ့လယ်၊မျက်ရည်ငယ်တို့

တွဲလို့နေပြန်၊ဆည်းဆာယံရယ်

အလွမ်းနယ်ကြူး။

အချစ်ဦးမို့၊ရူးတယ်လို့ထင်

ဆင်ခြင်ကြည့်သေး၊အတွေးလေးက

ရူးချင်ကရူး၊အသဲဆူးလည်း

လွမ်းမြဲလွမ်းလျှက်၊ပေါင်းဖော်ဖက်ငယ်

ဆည်းဆာလယ်မှာ။

လေးစားလျှက်

ရင်ခုန်ရသူ


No comments:

Followers