ဆောင်းရဲ့မျက်ရည်
ဝေစီနှင်းစက်
အေးစက်စက်ဖြင့်
အတွေးဂယက်
အဆွေးဓါတ်ရယ်
မပျယ်လေတော့။

မြူနှင်းကြားက
လမ်းမထက်မှာ
ဖြေစရာမဲ့
ဖွေရှာခဲ့မိ
အတိတ်၏ရိပ်
ဆိတ်ဆိတ်သာတည်း။

မိုးရေပက်ဖြန်း
ဝဿန်ပန်းလည်း
လန်းမြဲနေမို့ 
တွေဖို့ ရည်မိ
အတိဖွင့်ဟ
လွမ်းသမျှကို
အချစ်လို့ ဆိုမယ်

နွေတစ်ကျော့ရယ်
လည်လာပြန်တော့
နွမ်းဖြော့အာရုံ
ဂိန်မာန်ဟုန်နဲ့ 
တွဲခဲ့ပါပြီ
မျှော်ရည်တမ်းတ
လွမ်းရလှပေါ့။...။
လေးစားလျှက်
No comments:
Post a Comment