အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 18 February 2013

ချစ်ခြင်းလင်္ကာ

မြစ်တစ်စင်းနဲ့၊ချစ်ခြင်ဖွဲ့သီ

မဟီဗဓ္ဓု၊သက်သေပြုကာ

ဝဠာထက်မိုး၊နေခြည်ဖြိုးသို့

ရိုးပြလမင်း၊ကြယ်စုံလင်းဖြာ

ခ ပင်းလေးညှင်း၊သွေ့သွေ့လျှင်းသော်

ဇလ္လာထက်ဗွေ၊ကြာရွက်ထွေယမ်း

ကြာပန်းရနံ့၊သင်းပျံ့ဆွတ်ကြည်

ဟေသီကညှာ၊လုံမေလျာနဲ့

တူပြိုင်ဖက်ပြုံး၊ရာသက်လုံးပင်

မုန်းမခင်သာ၊ချစ်ခြင်းဖြာဝေ။ ။

မြစ်၏သဘော၊ကျယ်ပြောကွေ့ကောက်

တွန့်လိမ်ခေါက်ခက်၊ဖြောင့်မတ်ကြည်သာ

ဘယ်မှာရှိလိမ့်၊ဤမှုစိမ့်သော်

တုဖော်ဆိုငြား၊ချစ်တရားလည်း

ဖြောင့်သားမရှိ၊ခက်တတ်၏လေ။  ။

မြေမဟီသာ၊ပမာပုံဆောင်

အပူဆောင်ကြဉ်း၊နှင်းငွေ့ဆင်းလတ်

မိုးစက်ပက်ဖြန်း၊ငလျှင်ကြမ်းစုံ

အဖုံဖုံသာ၊သီးခံကာဖြင့်

ကြည်လင့်စဉ်ခါ၊ရှိပမာလား

တရားချစ်ခြင်း၊သီးခံခြင်းနှင့်

ချေညားတွင်က၊ချေရ၏လေ။

သူရိန်နေမင်း၊ပူရှိန်ပြင်းလို

မလိုမုန်းထား၊တိမ်လွှာသားငယ်

ပျက်ပြယ်ရပေ၊စိတ်မတွေပဲ

ခိုင်မြဲပင်လျှက်၊ကာကွယ်သည့်နှယ်

မေတ္တာနယ်မှာ၊ချစ်ကမ္ဘာလည်း

ခိုင်မြဲသစ္စာ၊တည်တံ့စွာလေ။ ။

သော်တာစန္ဒာ၊ငွေလဖြာဝင်း

စောင်းသံညှင်းဆ၊ရိုးပြလင်းလက်

ဆောင်ခန်းထက်နှယ်၊အေးချမ်းဖွယ်သာ

ဆောင်ပါလေလင့်၊ထောက်ချင့်နားလည်

ချစ်ကမ္ဘာမယ်၊အစဉ်ကွယ်လေ။ ။

လေညှင်းအသွဲ့၊ယိမ်းနွဲ့မြူးတူး

ကြာဖူးကြာငုံ၊ကြာချပ်စုံအောင်

ပြုံးရောင်တွေသန်း၊သင်းပျံ့ဖြန်းကာ

ပျော်ရွှင်စွာဖြင့်၊ထပ်ဆင့်လင်္ကာ

ချစ်မေတ္တာမှာ၊ကမ္ဘာတည်မျှ

လှပစေရည်၊ချစ်ကြည်စွာလေ။...။

လေးစားလျှက

1 comment:

မိုးနတ်ကြယ်စင် said...

ပျက်ပြယ်ရပေ၊စိတ်မတွေပဲ
ခိုင်မြဲပင်လျှက်၊ကာကွယ်သည့်နှယ်
မေတ္တာနယ်မှာ၊ချစ်ကမ္ဘာလည်း
ခိုင်မြဲသစ္စာ၊တည်တံ့စွာလေ

Followers