အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday 27 February 2013

လယ်သူမလေးသို့ လွမ်းစာစီ

ဆွေးနီနီလင်း၊နံနက်းခင်းမှာ

သီချင်းသာကျွေး၊ကညုာထွေးငယ်

လှရေးကြွယ်မူ၊မောင့်လယ်သူမေ

နှင်းမြူချေလှိုင်၊ရိုးတွေပြိုင်ပြိုင်

ဝါလှိုင်လှိုင်ထွေး၊တောမြိုင်လေးမှာ

နံ့ဖွေးသာဖြူ၊တောရွာသူမို့

အမူတို့ကင်း၊ရိုးလို့ရှင်းတယ်

စံပယ်တူလို့ဖြူသမို့။

အေးလီလီညှင်း၊လေတစ်သင်းရယ်

လယ်ကွင်းကျယ်မှာ၊ယိမ်းဘယ်ညာလူး

ကျေးသာမြူးခုန်၊နွေဦးသုန်ထက်

သစ်ခြုံရွက်ခါ၊တစ်ခက်ဖြာရေး

မြေမှာပြေးဆော့၊အတွေးသော့လည်း

ရိလျှော့ရဲရ၊အသည်းမှဒဏ်

မေ့ရရန်ခဲ၊အပြန်လဲလဲ

ရင်ထဲစွဲလွမ်း၊အမြဲတမ်းပင်

ကံရယ်ကြူလို့မြှူသမို့၊။

ဖေးချီချီမင်း၊ထိုလယ်ကွင်းမှ

ယမင်းလှစင်၊လုံမခင်ရယ်

အကြင်နယ်ဝေး၊တကယ်ဆွေးရ

ဟိုး...ဝေးကနေ၊တွေးစလေကာ

စာပေလွှာတွင်၊ကဗျာထွင်ရေး

စုတ်မင်ရေးကို၊မြလေးပိုလှ

အလိုကျအောင်၊ဘဝနောင်တွဲ

မယ်မောင်နွှဲရန်၊စဉ်မြဲရန်ကို

မကွယ်တူလို့ချူသမို့။

လေးစားလျှက်

ရင်ခုန်ရသူ

2 comments:

စံပယ်ချို said...

အကြင်နယ်ဝေး၊တကယ်ဆွေးရ
ဟိုး...ဝေးကနေ၊တွေးစလေကာ
စာပေလွှာတွင်၊ကဗျာထွင်ရေး
စုတ်မင်ရေးကို၊မြလေးပိုလှ------
ရေးလှတွှံ စာတွေ ကဗျာတွေကိုလဲ သက်ဆိုင်သူဖတ်မိပ့စေတော့နော်

မိုးနတ်ကြယ်စင် said...

မြေမှာပြေးဆော့၊အတွေးသော့လည်း
ရိလျှော့ရဲရ၊အသည်းမှဒဏ်
မေ့ရရန်ခဲ၊အပြန်လဲလဲ
ရင်ထဲစွဲလွမ်း၊အမြဲတမ်းပင်
ကံရယ်ကြူလို့မြှူသမို့....

Followers