စံပယ်ဖြူလေးခေါင်းမှာဆင်
နံ့သာတင်လူးပါးဖူးဖူးထက်
ပါးချိင့်လေးကဘယ်ညာခွက်တယ်
လှမျက်ခြယ်မဟာဆန်သူမို့
ခါသေးလို့ရင်ကချီ
ပဒုမ္မဏီယဉ်ပျိုလှရယ်
ခင်နှမငယ်ရင်ဝယ်စွဲငြိ
အသည်းထိအောင်ရိုက်ခတ်ပူ
မောင့်ရင်မှာဗလောင်ဆူလို့။
စင်ရော်ငှက်ပျံသန်းပုံ
မျက်ခုံးတစ်စုံရင်ခုန်မူး
ညွှတ်ဖူးသွယ်သွယ်နှုတ်ခမ်းစွယ်နဲ့
ကြိုးကြာပျိုမသံသာလှလို
သောတချိုချိုခွန်းဆိုစကား
ကြားရပီတိဂွမ်းဆီထိနှယ်
မျက်လုံးစူးရဲညှို့တတ်လွန်းတယ်
ဖယောင်းသွန်းတဲ့မင်းဆံနွယ်ရှည်
ပိတုန်းရောင်စီခွေးထုံး
မိန်းမတို့ဘုန်းရှုမဆုံးတယ်။
ဟော့ဒီကမ္ဘာလယ်မှာ
ဘယ်ကညာတွေဘယ်လောက်ချော
ကျယ်ပျောတဲ့ဒီရင်ခွင်မှာ
မင်းသာလျှင်အလှဆုံးမို့
ညှို့အားတွေသုံးတတ်လွန်းတယ်
ဘယ်လိုမျက်ကွယ်ပြုနိုင်ပါ့မယ်
ညှို့ရှင်ဘုရင်မလေးရယ်။
လေးစားလျှက်
ရင်ခုန်ရသူ
http://yinkhoneyathu.blogspot.com/
4 comments:
အိုးးးးးးးးးးးး
ကုန်ပါပြီ ကုန်ပါပြီ
တင်စားချက်တွေ...
လှလိုက်တဲ့ ညှို့ဘုရင်မလေးရယ် :)))
အပ်ါကတယောက်ပြောသလိုပါပဲ တင်စားချက်ကတော့
ကုန်ပါပြီကွယ် မျက်စိထဲမြင်ကြည့်တယ် အဲဒီလိုအလှမျိုးကိုလေ ခုလက်ရှိအနေအထားမှာတော့
ဝတုတ်ပြဲစိန်နဲ့ ရှေ့မရှိနောက်ပြားတွေပဲမြင်နေရတယ်
ကိုယ်တိုင်ကလဲပျားချပ်ချပ်ပါပဲလေ
အဲလိုအလှဘုရင်မလေးကိုတော့ တွေ့ဖူးချင်သေးတယ်နော်
သိမ်သိမ်မွေ့မွေ့ကို တင်စားထားတာပဲ...
အပေါ်က ဂျက်..ဘာတွေပြောတာပါလိမ့်နော်...လူကြီး နားရှက်ပါဘိတော့တယ်း)
အတာ
Post a Comment