အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday 27 November 2013

~~~****တိမ်တွေငိုတဲ့နေ့ ****~~~





ရှစ်တိုင်းရပ်လုံး၊ဂျိုးဂျိမ်းသံဖုံးလို့ ရယ်

အာကာနယ်ရစ်ကာသိုင်းပါလို့ 

အမုန်းမာန်တွေသူပျိုးပေါ့

အငြိုးတွေနဲ့ ပြိုတော့မယ်......

ဂျူလိုင်မှာ ခရေတွေကျဲလို့ ..

မိုးရေတွေချွဲချွဲစိုရင်း...

ခရေပင်ခြေရင်းက..အချစ်မှတ်တိုင်...

လက်တွေအတူဆုပ်ကိုင်ပြီး...

တိုင်တည်းဖူတဲ့သစ္စာ..ရှစ်ကမ္ဘာတိုင်..

မယိုင်လဲဘူးကွယ်ရယ်လို့ ...တို့ ပြုခဲ့ဖူးလည်း..

ဒီတစ်ကြိမ်မှာပြိုတဲ့မိုး....

သစ္စာတိုင်တွေရိုက်ချိုး...မေတ္တာစမ်းရေအိုင်လည်း..

ဂုဏ်ဒြပ်တွေရောလို့ ..အငြိုးတွေနှစ်ဆတိုး.

စိမ်းကားစွာရွာတဲ့မိုးရယ်မို့ ...

အသည်းတွေကျွမ်းရပေါ့လားကွယ်.....

ဂျူလိုင်ရယ် ဘယ်လိုပင်ဆိုစေဦး..

မိုးတွေးကို ကိုဘယ်တော့မှမမုန်းနိုင်..ဘူး

ရူးတယ်ပဲပြောချင်ပြောပေါ့...

ကို့ အတွေးမှာတော့...ခရေပင်အောက်က

တုန်ရီနေတဲ့နှုတ်ခမ်းပါးထက်က..ဂျူလိုင်မိုးရေစက်တွေပါ....


လေးစားလျှက်

ရင်ခုန်ရသူ




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

No comments:

Followers