အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 31 October 2013

မော်ဒန်ကဗျာရေးနည်း....

မော်ဒန်ကဗျာရေးချင်တယ်ရေးနည်းလေးပြောပြပါဦး..ဆိုတဲ့သူငယ်ချင်းရေ...
မော်ဒန်မှာတော့ကာရန်ပိုင်းတွေမလိုပါဘူးဗျာ...ဝင်္ကဝုတ္တိအလင်္ကာ(သွယ်ဝိုက်ရေးသားခြင်း)၊ဥပမာအလင်္ကာ
(ဥပမာပေးရေးသားခြင်း) ကိုဦးစားပေးရေး၇တဲ့သဘောပါ။။
။ဆိုလိုချင်တာကို....မြင်သာအောင်မဖော်ပြပဲ...ကဗျာကိုဖတ်တဲ့သူဟာ...
ကဗျာရေးသူဘာကိုဆိုလိုလဲဆိုတာ...ကိုယ်တိုင်တွေးယူရပါတယ်...ကဗျာဖတ်သူ
နားလည်ချင်မှလည်းလည်မယ်တခါတ၇ံမှာ...ဥပမာအနေနဲ့ 
ဒေါက်ဖိနပ်ကိုမစီးတတ်တဲ့ မိန်းကလေးငယ်လို
ငါဟာ ကမ်းပါးတစ်ခုမှာ ပြုတ်ကျခဲ့ရတယ်..အချစ်....
ဘာကိုဆိုလိုလည်းဆိုတော့   အချစ်ကိုနားမလည်ပဲချစ်ခဲ့မိတဲ့အတွက်...
အသည်းကွဲခံစားခဲ့ရတာကိုဆိုလိုတာပါ...
မော်ဒန်မှာ...စာလုံးရေ စာပိုဒ်ရယ်လို့  ကန့်သတ်ထားတာမရှိပါဘူး...
ကိုယ်စိတ်ကူးဥာဏ်ကောင်းသလို ချဲ့ကားသွယ်ဝှက်ရေးနိုင်ပါတယ်...
တချို့ ကလည်း...ရိုးရှင်းစွာရေးသားကြတယ်...
ခုခေတ်မှာက ကဗျာအမျိုးစိတ်တွေကများပြာလှပါတယ်..
ကဗျာဆိုတာကတော့...မိမိခံစားရတဲ့အရာကို..ဖော်ထုတ်ခြင်းတစ်ခုပါပဲ
မြန်မာကဗျာတွေမှာလည်း..ဆိုလိုချင်တာကို...ဒေါသမသက်ပဲ...နုရွလှပအောင်
တန်ဆာဆင်ယင်...ရေးသား ရပါတယ်...
မော်ဒန်မှာကတော့...ဒေါသထွက်နေရင်..အဲတာကိုရေးလို့ ရတယ်..
ပျော်ရင်လည်းတန်းချရေးလို့ ရတယ်...ဒါပေမဲ့မော်ဒန်သဘောကတော့
ဆိုလိုချင်တာကို...ဝင်္ကဝုတ္တိအလင်္ကာ(သွယ်ဝိုက်ရေးသားခြင်း)၊ဥပမာအလင်္ကလာ
(ဥပမာပေးရေးသားခြင်း)တို့ နှင့်ရေးသားရတဲ့သဘောရှိပါတယ်....
စိတ်ကူးကောင်းဖို့ လိုပါတယ်ခင်ဗျာ....
ဒါကလည်းကျနော်နားလည်သလောက်
ပြန်ပြောပြတာပါ...
ဒီလောက်ဆို သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်နော်...
အဆင်ပြေပါစေနော်...အာပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်

လေးစားလျှက်ပါ.....




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

1 comment:

စံပယ်ချို said...

ဟုတ်ပါ့နော်---ဒေါသထွက်လေ-ရေးလို့ကောင်းလေပဲ

Followers