အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday 8 October 2013

***နွေး...သိပါစေ***




နွေး....တွေးမိတိုင်းလည်း

ငါမျက်ရည်တွေဝဲနေမိတယ်..

နွေး...အဆွေးကမ္ဘာမှာ

မဖြေသာ...နာကြင်နေဆဲပါ...

နွေး....ဝေးလို့ သွားကြပေမဲ့

ထားခဲ့တဲ့သစ္စာတရားတွေ...အရောင်တောက်နေဆဲပါ...

နွေး.....နှင်းမြူတွေလည်းဖွေးပြ

နင်ထိုးပေးခဲတဲ့ အနီရောင်စွယ်တာလေး...ငါ့ကိုနွေးထွေးစေဆဲပါ..

နွေး.....တို့ အတူပြေးခဲ့တဲ့လမ်းမလေး....

ခရေပန်းတွေမွှေးလို့ နေပြီ...

နွေး.....နင်ပေးခဲ့တဲ့ အနမ်း...

ငါ့ရင်မှာလွှမ်းမိုးနေဆဲပါ...

နွေး....."ငါ့ကိုပဲအမြဲချစ်ပါနော်"လို့  အမူလေးနဲ့ နင့်စကား

ငါ့နားထဲမှာကြားလို့ နေဆဲပါ...

နွေး....ရယ်

နေ့ ရက်တွေကုန်ခမ်း...လောကလမ်းပေါ်မှာ

နင်မပါတဲ့ ငါ့ဘဝ....ခါးသီးလှပါတယ်...

"ငါမရှိလည်း နင်အသက်ရှင်နိုင်ရမယ်နော်"ဆိုတဲ့..

အမှာစကားတစ်ခွန်း...

ငါ့ရင်မှာမျက်ရည်မိုးတွေသွန်းစေခဲ့တယ်...

နွေး..ရယ်

ဘယ်ကမ္ဘာပဲရောက်ရောက်....နင်တစ်ယောက်တည်းသာ

သစ္စာတွေနဲ့ ...မေတ္တာတွေဖွဲ့ လို့ ...

တို့ ချစ်ပါရစေနော်...

နွေး...ရယ်

ဒီနေ့ ဆို...ငါ့ကိုနှုတ်ဆက်ခဲ့တာ...

တစ်နှစ်တောင်ပြည့်ခဲ့ပြီနော်...

အဖြူရောင် အုတ်ဂူလေးပေါ်မှာ...

နင်ကြိုက်တဲ့  နှင်းဆီအဝါလေးနဲ့ ...

ငါရောက်နေခဲ့ ပြီ...လေ..

No comments:

Followers