အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday 15 October 2013

ငယ်လေးချစ်တဲ့မောင်

တွေးဖူးတယ်..

ဝေးရဦးမယ် ဆိုတဲ့ အသိ

နှလုံးသားထိအောင်ရိုက်ခတ်တော့...

ဖျော့တော့ခဲ့တဲ့..မေ့မျက်ဝန်း...

မျက်ရည်စ တွေ စွန်းခဲ့တုံးက...

အပြုံး.ကလေးနဲ့ သူ နှစ်သိပ်...

သူ့ ရဲ့ခံစားမှုတွေ မျိုသိပ်လို့ ...

မောင်တို့  ဘဝအတွက်..ခွဲရခက်ခက်..

မခွဲရက်လည်း...တွဲရက်တွေရှည်စေအရေး...

ခဏလေးဝေးရတာပါနော်တဲ့ .....

အဖော်မဲ့တဲ့...လွမ်းရက်တွေမှာ..

မောင်မပါပဲ..ခက်ခဲစွာဖြတ်သန်း...

ငယ်သိပ်ပင်ပန်းလှပြီမောင်....

နေရောင်ခြည်တွေ...မှေးမှိန်..

ကြယ်တွေတိမ်မြုပ်ခဲ့ရသလို...

ငွေလမင်းလည်းတစ်ကိုယ်ထဲပါမောင်...

ညသန်းခေါင်မှာ..ငယ်ယောင်ယောင်အော်မိတယ်...

မောင်ရယ်..အမြန်ပြန်လာပါတော့ကွယ်...

သိပ်လွမ်းတယ်....


လေးစားလျှက်...ရင်ခုန်ရသူ

No comments:

Followers