အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 5 October 2013

****ထက်သန်စိတ်ထား မွေးကြည့်ပါ****




                      မိတ်ဆွေ...ကောင်းသောအလုပ်ကိုလုပ်ရန် သင်ဘာကိုတွေးကြောက်နေပါသလဲ...

ကြောက်စိတ်ကိုဖျောက်ပါ...အားငယ်စိတ်ကိုဖျောက်ပါ...

ထိုအလုပ်ကိုစလုပ်တော့မည်ဆိုလျှင် စိတ်ကူးကောင်း..အတွေးခေါ်ကောင်း..တွေနှင့်

စဉ်းစားစုရုံးထားနှင့်ရမည်.။..ဆိုလိုသည်မှာ...အိမ်ရှင်မ တစ်ယောက်သည်...ဟင်းအမယ် တစ်မျိုးကို

ချက်ပြုတ်မည်ဖြစ်ပါက..ထိုဟင်းလျာနှင့်စပ်အပ်လိုက်ဖက်သော...ဆီ၊ဆား၊ငပိ၊ငရုပ်၊.....အစရှိသဖြင့် လိုအပ်သော

အရာများကို...သေချာစဉ်းစားစီစဉ် စုရုံးထာခြင်းသကဲ့သို့ ပေ။

အလုပ်လုပ်ရာတွင် အာရုံစူးစိုက် စိတ်ဝင်စားမှုရှိပါစေ....

မိမိကိုယ်ကို ယုံကြည်ပါ.... တစ်စုံတစ်ခုကို ဖြစ်မြောက်အောင်ဆောင်ရွက်မည်ဟူသော

ရည်မှန်းချက်ရှိရပါမည်...မိမိတွင် ထိုအရာကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်သော

အစွမ်းအစရှိသည်ဟု ယုံကြည်မည်ဆိုလျှင် မိမိစိတ်သည် ထက်သန်နိုးကြွ လာပေမည်။

သင်ကြောက်၍ မလုပ်လျှင် ထိုအရာသည် အဘယ်မှာဖြစ်လာမည်နည်း...

သင်ဟာ"လောကကြီးထဲမှာ ကိုယ့်အားကို ကိုးပြီး ရပ်တည်နိုင်လောက်အောင် ကျနော်ဘာမှသိပ်မသိသေးဘူးထင်တာပဲ"

မသိသေးတဲ့ဟာတွေအတွက် လုံးဝစိုးရိမ်ကြောင့်ကြ ဖြစ်မနေပါနှင့်၊ကိုယ်တကယ်သေချာပေါက်သိထားတဲ့

အရာတွေတောင်မှ လက်တွေ့ မှာ ကိုယ်ထင်တာနဲ့  တခြားစီဖြစ်နေတဲ့အခါမှ တကယ်

ဒုက္ခေ၇ာက်တာ....

                 စိတ်ပညာဆရာကြီး ဝီလျံဂျိမ်းစ် ကဆိုထားတာလေးပြောပြချင်ပါတယ်..

"သင်သည် တစုံတရာ အရည်အချင်းကို ရရှိလိုလျှင်ဆိုပါစို့ .....သင့်တွင် ထိုအရည်အချင်းရှိနှင့် ပြီး

နေဘိသကဲ့သို့  ပြုမူဆောင်ရွက်လိုက်ပါ"ဟုဆရာကြီးက ဆိုထားတယ်.....ထိုအရာကို ဥပမာအနေဖြင့်ပြောရလျှင်...သင်ဟာရှက်တတ်ကြောက်တတ်သူ၊ပရိတ်သတ်ရှေ့ မထွက်ရဲသူ

တစ်ဦးဖြစ်တယ်....အဲတာကိုဖျောက်ချင်တယ်ဆိုပါစို့ ဗျာ...

သင့်ကိုယ်သင် မရှက်တတ် မကြောက်တတ်သူ၊ပရိတ်သတ်ရှေ့ ထွက်ရဲသူ၊ပြောရဲဆိုရဲသူ

တစ်ဦးအဖြစ် မြင်ယောင်လိုက်ပါ...။စိတ်ထဲကခံယူလိုက်ပါ၊။ယုံကြည်လိုက်ပါ၊။

ထို့ နောက် ထို့ နောက် မရှက်သူ မကြေက်သူ ရဲတင်းသူတစ်ယောက်ပုံစံမျိုးအတိုင်းဆောင်ရွက်

ကြည့်ပါ။ အစပိုင်းတွင် ပီပီပြင်ပြင်အောင်မြင်မည်မဟုတ်ပါ။ဒါပေမဲ့ နည်းနည်းတော့တိုးတက်လာပါလိမ့်မည်။

ထိုနည်းအတိုင်း မိမိကိုယ်ကို ရဲတင်းသူတစ်ယောက်အနေနှင့် ဆက်ကာဆက်ကာဆောင်ရွက်သွားမယ်ဆိုလျှင်

တဖြေးဖြေးရဲတင်းသူတစ်ယောက်ဖြစ်လာ မည်ဟု ဆရာကြီးကပြောခြင်းဖြစ်ပေသည်...

                               ဆရာကြီးဝီလျံဂျိမ်းစ်၏ အဆို ကို မှန်ကန်ကြောင်း သက်သေထူခဲ့သူ တစ်ယောက်အကြောင်း

နည်းနည်းလောက်ထပ်ပြောပြချင်ပါသည်....သူ့ နာမည်က ဖရန့်ဘက်တဂါ ဖြစ်သည်။

ဘက်တဂါဟာ အာမခံလုပ်ငန်းတစ်ခုမှာ အကြီးအကျယ်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်တယ်၊

စီးပွားရေး အောက်ခြေမှ ထိပ်တန်းသို့ ရောက်အောင် ကြိုးပမ်းလာခဲ့သော သူ၏ဘဝဖြစ်စဉ်ကို

ရေးသားသော How I Raised Myself from Failure to Success in Selling အမည်ရှိစာအုပ်တွင်

ဘက်တဂါက သူငယ်စဉ်က ကြေးစားဘေ့စ်ဘောသမား ဘဝတွင်ရှိခဲ့သည့် အလွန်အဖိုးတန်သော

သင်ခန်းစာတစ်ခုကိုဖော်ပြထားပါသည်..

ဘက်တဂါ ကစားသမားကောင်းတစ်ယောက်၏ ကျွမ်းကျင်မှုအရည်အချင်းတို့ နှင့် ပြည့်စုံသူ

တစ်ယောက်ဖြစ်လေသည်။ဘေ့စ်ဘော ကစားရာတွင် ပါရမီပါသော ပုဂ္ဂိုလ် ဟုဆိုရပေမည်။

သို့ သော်သူသည် တနေ့ တခြား ဘေ့စ်ဘောကစား ရာမှာ စိတ်ပါဝင်စားလျော့ပါးလာသည်။

အများတကာအားတက်သရော ကစားနေချိန် သူကစိတ်ထက်သန်မှုမရှိပဲ ဝတ်ကျေတန်းကျေ

သာ ကစားနေကြောင်းသိသာနေသည်။ဒါနဲ့ သူ့ အသင်းမန်နေဂျာက သူ့ ရဲ့အရည်အချင်းကိုနှမျောလှ

သော်လည်း အသင်းတွင်ဆက်ထားရန်မဖြစ်နိုင်တော့၍ အသင်းမှဘက်တဂါကိုထုတ်ပယ်ခဲ့ရသည်..

ဘက်တဂါကလည်း တခြားလုပ်စရာမရှိသဖြင့် နောက်ထပ်ဘေ့စ်ဘောအသင်းတစ်ခုတွင်

အရင်ထက် လျော့ပေါ့သော အခကြေးငွေနှင့် ဝင်ရောက်ကစားပြန်သည်။ထုံးစံအတိုင်း

ကစားချင်သလိုလို မကစားချင်လိုလိုနှင့် အားတက်သရော မရှိတရှိ ပင်ဖြစ်နေသည်။

တစ်နေ့ မှာ ကြေးစားဘေ့စ်ဘော ကစားသမားဟောင်း တစ်ဦးက သူ့ ကိုပွင့်ပွင့်လင်းလင်းမေး

လာသည်။"ဘက်တဂါ မင်းဘေ့စ်ဘောကို သဘောမကျလို့ လားကွ။ မင်းယာကျွမ်းကျင်မှုအပိုင်းကတော့ အပြည့်အဝပဲ ဒါပေမဲ့စိတ်ဝင်စားမှုအပိုင်း

စိတ်ထက်သန်မှုအပိုင်းကတော့ လုံးဝကင်းမဲ့နေတယ်၊စိတ်ဓာတ်မရှိပဲဘေ့စ်ဘောလောကမှာ

နာမည်ကြီးလာစရာအကြောင်းမရှိဘူး။ ဘေ့စ်ဘောမှ မဟုတ်ပါဘူးလေ ဘယ်ကိစ္စမှာမှ ဖြစ်မြောက်

အောင်မြင်မှာမဟုတ်ဘူး။စိတ်ပါလက်ပါရှိရမယ်ကွ...အဲဒါဟာအောင်မြင်ရေးအတွက် အဓိက

လိုအပ်ချက်ပဲ..."


"ခင်ဗျားပြောတာကျနော် သဘောပါက်ပါတယ် ..ဒါပေမဲ့စိတ်ကမှမပါတာ ကျနော်ဘယ်လိုလုပ်ရမှာလဲ..

စိတ်ထက်သန်မှုဆိုတာဈေးထဲလိုက်ဝယ်လို့ ရတဲ့ အရာမှမဟုတ်တာ...အဲတာမျိုးဆိုလည်းအကောင်း

သား....တချို့ က စိတ်ထက်သန်တယ်၊တချို့ ကစိတ်မထက်သန်ဘူး..ကျနော်ကမထက်သန်တဲ့

လူစားထဲမှာပါနေတယ်၊အဲတာကျနော်ဘာတတ်နိုင်မှာလဲ" ဘက်တဂါကပြန်၍ ဆင်ခြေပေးလိုက်

သည်။

"မဟုတ်ဘူးကွ မင်းမှားနေပြီ။ တကယ် မတက်ကြွပေမဲ့ ကစားချင်စိတ် ပြင်းပြထက်သန်

နေသလို တမင်တကာမွေးပြီးလုပ်ကြည့်စမ်းပါ။ ကစားကွင်းမှာ စိတ်ထက်သန်နေရင်ဘယ်လို

အမူအရာမျိုးရှိသလဲ၊အဲဒီအတိုင်း ဟန်ဆောင်ပြီးလုပ်ကြည့်ရင်း ခဏကြာတော့စိတ်ထက်သန်မှု

တကာယ်ဝင်လာလိမ့်မယ်...စိတ်တကယ်ပါလာပြီဆိုရင်တော့ ဘာလိုသေးလဲကွာ...နဂိုပါရမီရှိ

ပြီးသားလူပဲ၊ဘေ့စ်ဘော လောကမှာ ထိပ်တန်းရောက်သွားမယ်"ဟု ဘေ့စ်ဘောကစား သမား

ဟောင်းကပြောလိုက်သည်။
များမကြာမီမှာ ဘက်တဂါ အတွက် မိတ်ဆွေကြီး၏ အကြံပေးချက်အတိုင်း လက်တွေ့ 

စမ်းသပ်ရန် နယူးဟေဗင် ကလပ်အသင်းက ငှားယမ်းသဖြင့် ပွဲကောင်းတစ်ပွဲ ကစားခွင့်ကြုံလာ

သည်။မိတ်ဆွေကြီးရဲ့အကြံ ပြုချက်ကိုစိတ်ထဲ စွဲမှတ်ပြီး ကစားကွင်းထဲ ဆင်းလိုက်သည်နှင့်

စိတ်အားထက်သန်စိတ်မွေးလိုက်သည်..မကြာမီအချိန်တွင် ဘက်တဂါဟာ ကစားကွင်းထဲမှာ

စိတ်အားထက်သန်ထက်ကြွကာာကစားကွင်းထဲ လှုပ်ရှားသွက်လက်ပြေးလွှားလျှက်ရှိတော့သည်။။

ပွဲအစမှအဆုံးတိုင် ဘက်တဂါ မကြုံစဖူး ထူးခြားစွာ ထက်သန်နိုးကြားလျှက်ရှိသည်။

ဘောလုံးပစ်ပေးချက် ရိုက်ချက်များမှာလည်း အလွန်အားပြင်းပြီး လက်လည်းဖြောင့်လျှက်၇ှိသည်။

စင်စစ်မိမိကိုယ်ကို ပြန်လည်ကုစားလိုသောစိတ်ကလည်းထက်သန်နိုးကြားနေပေသည်။နောက်တစ်

နေ့ ထုတ်ထုတ်ဝေသည့် နယူးဟေဗင်သတင်းစာတွင် ဘက်တဂါဆိုသော ဘေ့စ်ဘော ကစားသမား

အကြောင်းဝေဝေဆာဆာဖော်ပြထားလေသည်။ဘက်တဂါသည် ကစားကွင်းထဲတွင် အသွက်လက်

အတက်ကြွဆုံးကစားသမားတစ်ယောက်အဖြစ် အများတွေ့ မြင်အသိမှတ်ပြုခဲ့ကြသည်။

တချိန်တည်းတွင် သူ့ ကိုယ်သူလည်း လူသစ်တစ်ယောက်ပမာခံစားရလာသည်.။ထက်သန်မှုက

ပေးသောအကျိုးကျေးဇူးသည် သည်မျှနှင့်ရပ်မနေပါ...သူ့ ကို အာစိန်လူဗီကာဒီနယ် ဘေ့စ်ဘောအသင်း

က တွေ့ ရှိရွေးကောက်သွားပြီးနောက် များမကြာမီပင် သူဟာ အမျိုးသာလက်ရွေးစင် ဘေ့စ်ဘော

ကစားသမားအဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်၊။

သို့ ဖြစ်၍ မိတ်ဆွေတို့ လည်း ဘက်တဂါလိုပဲ စိတ်ကျနေရာကနေ စိတ်အားထက်သူအဖြစ်

ကိုပြောင်းလဲနိုင်းပြီး မိတ်ဆွေတို့ ရဲ့ အောင်မြင်မှု ပန်းတိုင်တွေကို ရောက်အောင် စိတ်ပါလက်ပါ

ဆောင်၇ွက်နိုင်ပါစေလို့ တိုက်တွန်းရင်း............

ကိုးကား။........။စနစ်တကျတည်ဆောက်ထားသော စိတ်၏အစွမ်းသတ္တိများ စာအုပ်မှ

လေးစားလျှက်

ရင်ခုန်ရသူ

No comments:

Followers