အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday 27 November 2013

~~~****တိမ်တွေငိုတဲ့နေ့ ****~~~





ရှစ်တိုင်းရပ်လုံး၊ဂျိုးဂျိမ်းသံဖုံးလို့ ရယ်

အာကာနယ်ရစ်ကာသိုင်းပါလို့ 

အမုန်းမာန်တွေသူပျိုးပေါ့

အငြိုးတွေနဲ့ ပြိုတော့မယ်......

ဂျူလိုင်မှာ ခရေတွေကျဲလို့ ..

မိုးရေတွေချွဲချွဲစိုရင်း...

ခရေပင်ခြေရင်းက..အချစ်မှတ်တိုင်...

လက်တွေအတူဆုပ်ကိုင်ပြီး...

တိုင်တည်းဖူတဲ့သစ္စာ..ရှစ်ကမ္ဘာတိုင်..

မယိုင်လဲဘူးကွယ်ရယ်လို့ ...တို့ ပြုခဲ့ဖူးလည်း..

ဒီတစ်ကြိမ်မှာပြိုတဲ့မိုး....

သစ္စာတိုင်တွေရိုက်ချိုး...မေတ္တာစမ်းရေအိုင်လည်း..

ဂုဏ်ဒြပ်တွေရောလို့ ..အငြိုးတွေနှစ်ဆတိုး.

စိမ်းကားစွာရွာတဲ့မိုးရယ်မို့ ...

အသည်းတွေကျွမ်းရပေါ့လားကွယ်.....

ဂျူလိုင်ရယ် ဘယ်လိုပင်ဆိုစေဦး..

မိုးတွေးကို ကိုဘယ်တော့မှမမုန်းနိုင်..ဘူး

ရူးတယ်ပဲပြောချင်ပြောပေါ့...

ကို့ အတွေးမှာတော့...ခရေပင်အောက်က

တုန်ရီနေတဲ့နှုတ်ခမ်းပါးထက်က..ဂျူလိုင်မိုးရေစက်တွေပါ....


လေးစားလျှက်

ရင်ခုန်ရသူ




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Sunday 17 November 2013

တန်ဆောင်တိုင်အလှနဲ့  Discoည




....ကျွီ..................

အသံ၇ှည်ကြီးနားထဲစူးစူးရှရှ ဝင်ရောက်နေရာယူလိုက်၏။

အသံချဲ့ စက်ဂေါ်လံကြီးမှထွက်လာသော...အသံဖြစ်လေသည်။ထိုအသံရပ်သွားသည်နှင့်...တစ်ပြိုင်

နက်.......မေတ္တာနိသာကတော လောကီသမ္မာ ဗန္တု သုခံကတော မေတ္တာသီတလ ဒံသီဟိ သုခန္တု

ပုသိတာ ပစာ...ဟုအစိချီကာ..မေတ္တာပို့ ၍

ပေးတော်မူလာသော ရွာဦးကျောင်းဆရာတော် ဘုရား၏ မေတ္တာပို့  လင်္ကာသံထွက်ပေါ်လာလေ

သည်။အ၇ှင်ဘုရား သည်မေတ္တာပို့ ၍ပေးပြီးနောက်မှာ  တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာမြန်မာ

လူမျိုးတို့ေ၇ှးဘိုးဘေးဘီဘင်ကစလာခဲ့သော တန်ဆောင်တိုင် ပွဲများ ခင်းကျင်းကြပုံနှင့်

တန်ဆောင်မုန်းလတွင် ကောင်းမှုပြုရလေ့၇ှိသော ကထိန်ခင်းခြင်း၏ အကျိုးကျေးဇူးများကို ၇ှင်း

ပြပေးတော်မူ၏။အလှူမှာ ကထိန်..ဘုရားမှာစိန်...ကျောင်းမှာသိမ် ဆိုသည့်ပင် အလှူတို့ တွင်

ကထိန်အလှူသည် မည်မျှပင်မြတ်ကြောင်း..သို့ လောသို့ လော ရှင်းပြပေးလေသည်။

ထို့ နောက် တန်ဆောင်တိုင်ပွဲတော်ကို..ကျင်းပကြရန် ကာလသား လူငယ်မောင်မယ်၊သက်ကြီး၇ွယ်

အို လူကြီးသူမများကို ဆော်အော၍ ပေးပါသည်။သိုနှင့်  နောက်တစ်ရက်မှာ...ရွာသူကြီး ဦးလေး

ဦးမြင့်သိန်းက တန်ဆောင်တိုင်အတွက်တာဝန်ခွဲချပေး၇န်  သံချောင်းခေါက်ကာ တစ်အိမ်လျှင်တစ်

ယောက် တက်ရောက်ပေးဖို့ ဆင့်ခေါ်ပါသည်။ ဒီလိုနှင့် ညကိုရောက်လာခဲ့ပါသည်။ ကျနော်လည်း

အစောတလင်ပင် သူကြီးအိမ်သို့ ရောက်ခဲ့ပါ။ ကျနော်ရောက်သွားသောအခါ လူမစုံသေးပါ။


Saturday 9 November 2013

~~အမြတ်ကိုလိုလျှင် အရင်းစိုက်ပါ~~


နေရောင်တွေ...ပြိုးပြိုးပျက်ပျက်တောက်ပနေတဲ့ နွေခေါင်ခေါင် ပေတရာလမ်းမထက်တွင်

ဖိနပ်မပါခြေဗလာဖြင့် လျှောက်လှမ်းနေရသလို ဘဝကိုတိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ လူသားအချို့ မှာ

လောကဓံကို ရင်ဆိုင်အံတုဖို့ ခွန်အားတွေ မွေးမြူ စိုက်ထုတ်ရပါတယ်။အရာတစ်ခုကို ကျနော်တို့ ရ၇ှိဖို့ အတွက်

မျက်လှည့်ဆရာတစ်ယောက်လို ဟက်ချလောင်း ဆိုပြီး လုပ်လို့ ဘယ်အရာမှ မရနိုင်ပါ…

ထိုက်သင့်သောအရင်းနှီးတစ်ခုကို ကျနော်တို့ ပေးဆပ်ရပါမည်။ခရီးတစ်ခုကိုရောက်ဖို့  ကျနော်တို့ ရဲ့

ခြေထောက်တွေ လှမ်းပေးရပါတယ်...နေရာတင်ထိုင်နေရုံမျှဖြင့် ကျနော်တို့ လိုချင်သော ပန်းတိုင်

သို့ တည်းမဟုတ်ရည်းမှန်းချက် ကိုရောက်နိုင်လိမ့် မည်မဟုတ်ပါ။သို့ ပင် လှမ်းရုံမျှနှင့် ရောက်မည်လော...ရောက်တော့ရောက်ပေမည်။

လှမ်းသွားပုံချင်းမတူချေက အချိန်ကွာခြား၍သွားပေမည်ဖြစ်သည်။ဒေသတစ်ခုကို ကား၊ဆိုင်ကယ်၊မီးရထား၊ဆိုက်ကား၊မြင်းလှည်း အစရှိ

သဖြင့် သွား၍ရောက်နိုင်ပါတယ်။ ကားနှင့်သွားလျှင် အမြန်အစောတလင်ရောက်၍ မြင်းလှည်းဆိုက်ကားတို့ ဖြင့်

သွားလျှင်နောက်ကျမှာအသေချာပင်။ ထိုသို့ ကားနှင့် သွားဖို့ အတွက် ကားခအလုံလောက် ကျနော်တို့ မှာပါဖို့ လိုပါတယ်။

ကားခအလုံလောက်မပါလျှင် ကျနော်တို့ ဟာ မီရထား ဆိုက်ကားတွေနှင့်သွားရမည်...မီးရထားဆိုက်ကားနှင့် သွားလျှင်

ခ၇ီးပမ်းပင်ပန်းရပေမည်။ထိုနည်းတူစွာပင် အောင်မြင်သာ ပန်းတိုင်းကိုရောက်လိုပါလျှင် ထိုပန်းတိုင်နှင့်ပတ်သတ်သော…

ထိုအလုပ်နှင့်ပတ်သတ်သော ထိုကဏ္ဍနှင့်ပသတ်သတ်သော ပညာ ၊ဥစ္စာ၊အရင်းနှီးတို့  ကျနော်တို့ မှာရှိဖို့ လိုအပ်ပါတယ်။

ိအဲဒီလို ပညာဥစ္စာအရင်းနှီး တွေကိုကြိုတင်စုဆောင်းထားမှသာလျှင် ကျနော်တို့ လှမ်းချင်တဲ့
လမ်းကို ချောချောမွေ့ မွေ့ လျှောက်လှမ်းတိုင်မှာဖြစ်ပါတယ်။

အမြတ်များများရဖို့ အတွက် ကျနော်တို့ မှာ အရင်းများများ၇ှိဖို့ လိုပါတယ်....အရင်းမစိုက်ထုတ်နိုင်ပဲ
မည်သည့်အကျိုးအမြတ်ကိုမှ မျှော်ကိုးနေ၍မရနိုင်ပါ...

ပိုက်ဆံမရှိ၍ ခိုးဝှက်စားသောက် ရလျှင်ပင် ခိုးနည်းခိုးဟန် ခိုးသည့်ပညာကို တတ်ထားရပါသေး
သည်။တချို့ သောသူများသည် နေရာ၌ပင် နေချင်ပြီး ဟိုရောက်ချင်တယ် ဒီရောက်ချင်တယ်

ပြောနေတတ်ကြသည်။ ထိုသို့ ရောက်ချင်လျှင် သွားဖို့ လှမ်းဖို့ လိုအပ်ပါတယ်...သူများမ,ရွှေ့ လို့ 
ရောက်တညမျိုးဟာ..ကိုယ်ပိုင်ခွန်အား..ကိုယ်ပိုင်ဥာဏ် မရှိသူများသာဖြစ်ပေမည်။

ကိုယ်ပိုင်ခွန်အား ကိုယ်အစွမ်း၇ှိသူများသည် အရင်းစိုက်မှ သာလျှင်အမြတ်ကိုရပေမည်......


လေးစားလျှက်
ရင်ခုန်ရသူ




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Monday 4 November 2013

နေညိုညိုမှအလွမ်း...

 
 
ငါမျှော်နေတယ်...နင်မသိဘူး...

အတူရှိဖူးတဲ့...နေ့ ရက်တွေ..

မေ့ပျက်ဖို့ ခဲ..နက်နဲတဲ့ဆူး

ရင်မှားစူးခဲ့တော့...ရူးရတာပေါ့..

ထူးလို့ မလာတာသိပေမဲ့....အရိုးစွဲနေတဲ့အလွမ်းဓါတ်က..

ကမ်းစပ်ကလှိုင်းကြက်ခွပ်တွေလို..လှိုက်ဖိုနေဆဲ...

ချွဲစိုနေတဲ့ငါ့ခေါင်းအုံးလေး...မျက်ရည်ပုံးတွေသီလို့ ....

ရီညိုနေတဲ့ဆည်းဆာက...ပလီပလာတီတီတာတာတွေမဆိုပဲ...

ကြိုကျဲတဲ့ ဗျိုင်းအုပ်တသင်းကိုအဖော်ပြုရင်း....

လွမ်းဇာတ်ကို..ခင်းနေပါပေါ့လား......




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ
facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Followers