အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 4 November 2013

နေညိုညိုမှအလွမ်း...

 
 
ငါမျှော်နေတယ်...နင်မသိဘူး...

အတူရှိဖူးတဲ့...နေ့ ရက်တွေ..

မေ့ပျက်ဖို့ ခဲ..နက်နဲတဲ့ဆူး

ရင်မှားစူးခဲ့တော့...ရူးရတာပေါ့..

ထူးလို့ မလာတာသိပေမဲ့....အရိုးစွဲနေတဲ့အလွမ်းဓါတ်က..

ကမ်းစပ်ကလှိုင်းကြက်ခွပ်တွေလို..လှိုက်ဖိုနေဆဲ...

ချွဲစိုနေတဲ့ငါ့ခေါင်းအုံးလေး...မျက်ရည်ပုံးတွေသီလို့ ....

ရီညိုနေတဲ့ဆည်းဆာက...ပလီပလာတီတီတာတာတွေမဆိုပဲ...

ကြိုကျဲတဲ့ ဗျိုင်းအုပ်တသင်းကိုအဖော်ပြုရင်း....

လွမ်းဇာတ်ကို..ခင်းနေပါပေါ့လား......




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ
facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

1 comment:

စံပယ်ချို said...

လွမ်းဇာတ်ကို များများခင်းတော့
အလွမ်း ကဗျာတွေများများဖတ်ရတယ်လေ

Followers