အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday, 1 November 2012

ပေါင်းစပ်ခြင်းရဲ့သက်ရောက်မှု

ဆောင်းမနက်ရဲ့အေးစက်မှုတွေရယ်

ငွေနှင်းတို့ရဲ့တိုးဝှေ့မှုတွေရယ်

လေပြေညှင်းရဲ့ဆော့သွေးမှုတွေရယ်

ရိုးပြပြနေခြည်လေးရယ်

ကျေးငှက်တို့ရဲ့သီကျူးမှုတွေရယ်

ရေတံခွန်မှရေဆီးကျသံလေးတွေရယ်

အရာအားလုံးတို့ပေါင်းစုကာ

ဆောင်းဆိုသောအလှအပကို

ပီပီပြင်ပြင်ဖော်ထုတ်နေလေသည်။

အမြင်လေးတစ်ခု

အကြည့်လေးတစ်ခု

အပြုံးလေးတစ်ပွင့်

မျက်ဝန်းတစ်စုံ

ချိုသာတဲ့အပြော

ဖြူစင်တဲ့မနော

ညက်ညောတဲ့အသားရေ

ယဉ်ရှာတဲ့ကိုယ်နေဟန်

သည်အရာတွေအားလုံးပေါင်းစု

ငါ့ရင်ထဲကအချစ်ထုထည်တစ်ခုကို

ပီပီပြင်ပြင်ဖြစ်ပေါ်လာခဲ့ပြီ။

ဒီလိုအချိုးကျကျပေါင်းစပ်မှုတိုင်းရဲ့နောက်

သင့်တင်လျောက်ပတ်တဲ့အရာတစ်ခု

ပီပီပြင်ပြင်ဖြစ်ပေါ်စေတတ်သလား။

(တွေဝေလေလွင့်နေတဲ့အတွေး):-)

1 comment:

စံပယ်ချို said...

တွေဝေလေလွင့်နေတဲ့ အတွေးတွေကို
မတွေဝေ ပဲ မကြီးဂျက်လာရောက်ခံစားဖတ်ခဲ့ပါတယ်

Followers