အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 24 November 2012

***လွမ်းလို့နေမှာပေါ့***

ဟိုး.....အရင်ကပေါ့ဗမာနဲ့ပလောင်နဲ့
ကြက်တိုက်ကြမယ်လို့ချိန်းကြတာပေါ့
အဲတော့ဗမာကဥာဏ်များတယ်ဆိုတော့
တဇပြင်ကလင်းတကြီးကို
ဖမ်းထားတာပေါ့
ပလောင်ရောက်လာတော့
ကြက်ချင်းတိုက်ကြတာပေါ့
စဉ်းစားကြည့်ပါဦး
ကြက်နဲ့လင်းတနဲ့တိုက်မှတော့
ကြက်ဘယ်လိုနိုင်မှာလဲ
ဒီတော့ပလောင်က
"ဗမာနင့်ကြက်ကြီးငါ့ကိုရောင်းပါ့လား"တဲ့
ဗမာကလည်း"ခင်ဗျားလိုချင်ရင်
ကျုပ်မရောင်းချင်ပေမဲ့ရောင်းပါ့မယ်"တဲ့
သူကခပ်တည်တည်ပြောလိုက်သေးတယ်လေ
ဒီလိုနဲ့
ပလောင်ကလင်းတကြီးတောင်ပေါ်ယူသွားတာပေါ့
တောင်ပေါ်ရောက်တော့လင်းတကြီးကတမှိုင်မှိုင်နဲ့ပေါ့
ကောက်ဆန်လဲမစားဘူးပေါ့လင်းတကိုဗျ
ဒီလိုနဲ့ပလောင်ကဗမာနဲ့
တနေရာမှာတွေ့တော့
"ဗမာနင့်ကြက်ဖကြီးက
အောက်အီးလည်းမတွန်
ကောက်ဆန်လည်းမစားဘူး"တဲ့
ဗမာကဘာပြောလိုက်လည်းဆိုတော့
(ဗမာပြည်ကို)"လွမ်းလို့နေမှာပေါ့"တဲ့

ရယ်ရွှင်နိုင်ကြပါစေ

လေးစားလျှက်

***ရင်ခုန်ရသူ***

No comments:

Followers