အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 3 November 2012

***မိုး***

မိုးရေစက်တွေမြေမှာခပြီ

ချောင်းရေယဉ်လဲလျံလျံစီးဆင်း

သပြေညိုတို့အသီးတွေဖြိုင်

ကိုတောင်သူတို့လယ်တောသို့ဆင်း

ဖားငယ်တသင်းကအုန်းအုန်းညံ

ကောင်းကင်ယံကဥဩဆွဲ

မိုးခေါ်ငှက်လည်းပျော်ရွှင်မြူး

ကြည်းနူးရတဲ့ဒီရာသီက"မိုး"တဲ့လား

ဒါဆိုဒီရာသီက

ငါ့နှလုံးသားကိုအစပျိုး

နိုးထစေဖို့သူလှမ်းခေါ်

အချစ်းလမ်းပေါ်မှာသူနဲ့

တွဲကာလျှောက်ဖူးခဲ့

မေ့မရတဲ့ဒီရာသီ

ငါသိနေပါတယ်

"မိုး"ဆိုတဲ့သူ

မိုးရာသီတိုင်းမိုးစက်များနဲ့

တို့ကိုသတိရတမ်းတလွမ်းနေမှာပါ။

မိုးရာသီနဲ့"မိုး"ရဲ့အလှ

လိုက်ဖက်လွန်းလှခဲ့ဖူး

အခုလည်းပဲ"မိုး"နဲ့မိုး

ခွဲမရနိုင်အောင်ရှိနေမှာပါနော်။

လေးစားလျှက်

ရင်ခုန်ရသူ


1 comment:

စံပယ်ချို said...

မိုး တဲ့လား

Followers