သူရိန်နေမင်း၊ရောင်အဆင်းက
နီညိုညိုဝါ၊ပြာကာရယ်လူး
အလှထူးတဲ့၊နေ့ရဲ့ဆည်းဆာ
ရွာအရှေ့ဦး၊ဖြောင့်ဖြူးလမ်းသာ
ကညာတစ်သင်း၊ရေခပ်ဆင်းရန်
ရွက်ရန်ရေအိုး၊ဆောင်သယ်ပိုးကို
လူပျိုတစ်သိုက်၊ခါးတောင်းကျိုက်နဲ့
ထိုးကွင်းလဲ့များ၊ကိုယ်စီကြွားကာ
မဟာဒူးပြ၊ခြင်းအလှကို
သူကတစ်မျိုး၊ငါကတစ်သွယ်
မင်းသားနှယ်က၊လုံမေလှတို့
ကြည့်လိုပင်ငေး၊ရေခပ်လမ်းလေး
သတင်းမွှေးမို့၊တို့ရွှာအလှ
မေ့မရနိုင်၊ရှုမဝနိုင်
ဆည်းဆာထက်တိုင်း၊ရှုတိုင်းမဝ
ရေဆိပ်ကပျို၊မူဟန်ပိုပို
မြှူချိုမျက်နှာ၊ဝင်းဖန့်စွာနဲ့
လိုက်လို့တုပြိုင်၊ဘယ်သူနိုင်မယ်
ဆည်းဆာနဲ့သူ၊ထပ်တူလှလွန်း
ဘယ်စာကဗျာ၊ဖွဲ့ကာမမှီ
ရေခပ်ဆိပ်နဲ့ဆည်းဆာပန်းချီ။
လေးစားလျှက်
ရင်ခုန်ရသူ
1 comment:
ရေခပ်နေသူတွေအလှတွေ ကိုကဗျာလေးဖတ်ပြီး
ကွင်းကွင်းကွက်ကွက်ကြီးမြင်ခဲ့ရတယ်
Post a Comment