အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 16 November 2012

****ဖေဖေသို့လွမ်းတေး****

ဖေဖေ....သားရဲ့ဖေဖေ

သားလေးလူ့လောကထဲ

ရောက်လာချိန်ကစလို့

နေပူမရှောင်မိုးရွာမရှောင်

လှုပ်ရှားရုန်းကန်ခဲ့တယ်....

သားလေးလူပုံအလယ်

မျက်နှာမငယ်ရအောင်

ကြံဆောင်အားထုတ်

တကုတ်ကုတ်နဲ့

ကြိုးစားခဲ့တဲ့ဖေဖေ.....။

သားလေးအိပ်ယာဝင်တိုင်း

မယ်ဒလင်အိုလေးတီး

သီချင်းလေးညီးကာ

ချော့သိပ်ရှာတဲ့ဖေဖေ

သားရဲ့နားထဲ

အမြဲကြားလို့နေဆဲပါ.....။

သားလေးကျောင်းသွားတိုင်း

ဖေဖေမေးတဲ့စကားလေးတစ်ခွန်း

ဖေ့သားကြီးရင်ဘာလုပ်မယ်

သားအမြဲဖြေခဲ့တယ်

အဆိုတော်ကြီးလုပ်ပါမယ်.....။

ဖေဖေ....အခုသားလေး

တေးဆိုသမားလေးဖြစ်နေပြီ

သားချစ်ဖေဖေ

သားကိုခွဲခွာ

နှစ်(20)ကြာပေမဲ့

သားရဲ့ရင်ထဲ

အမြဲလွမ်းနေရလို့

ဖေဖေ....ဖေဖေ......

ဖေဖေရေ...............လို့

ကမ္ဘာတစ်ခုလုံးကြားအောင်

သားအော်ဟစ်နေမိတယ်ဖေဖေ

သားတို့ဆီကို

ဖေဖေပြန်မလာတော့ပေမဲ့

သားတို့မျှော်ဆဲ

မျှော်လင့်လို့နေမြဲပါ

ချစ်သောဖေဖေရယ်.........။

လေးစားလျှက်

***ရင်ခုန်ရသူ***

2 comments:

စံပယ်ချို said...

ကဗျာလေးဖတ်ပြီး ဖေဖေ့ကိုသတိရနေမိတယ်

မိုးနတ်ကြယ်စင် said...

ဖေကြီးကို သတိရလိုက်တာနော်.....

Followers