အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 13 September 2013

တေးထပ် ကဗျာရေးစပ်နည်း

တေးထပ် စပ်နည်း (၁)

တေးထပ်ဆိုသည်ကား ၀ါကျကာရန် အသွားအလာ အထပ်များစွာပါ၍ ပဋ္ဌမအပိုဒ်- ၆-ပိုဒ် ၊ ဒုတိယအပိုဒ်- ၆-ပိုဒ်နှင့် တတိယအပိုဒ်-၆-ပိုဒ်ပါရှိသည်။

ပထဋ္ဌမအပိုဒ် ၆-ပိုဒ်တွင် ...

အခံ လေးပိုဒ်နှင့် အအုပ် နှစ်ပိုဒ်

ဒုတိယအပိုဒ် ၆-ပိုဒ်တွင် ...

အတက် နှစ်ပိုဒ်၊ အခံ နှစ်ပိုဒ်၊ အအုပ် နှစ်ပိုဒ်

တတိယအပိုဒ် ၆-ပိုဒ်တွင် ...

အခံ လေးပိုဒ်၊ အအုပ် နှစ်ပိုဒ် ထားပြီ နောက်ကာရန် ၀ါကျ အဓိပ္ပါယ် ပြေပြစ်ချောမောစွာ (၁၈)ပိုဒ်တိတိ အထပ်များစွာ ထား၍ စပ်သွားသော တေးသီချင်းမျိုးကို ဆိုလိုသည်။

တေးထပ်စပ်နည်း ဥပဒေ

၁) အစလေးပိုဒ် (လေးပါဒ) အခံထား၍ နောက် နှစ်ပိုဒ် (နှစ်ပါဒ) အုပ်ရသည်။

၂) အလယ်နှစ်ပိုဒ် (နှစ်ပါဒ)မှာ တက်၍ နှစ်ပိုဒ်ခံ နှစ်ပိုဒ်အုပ်နှင့် အုပ်ရလေသည်။

၃) အဆုံးမှာလည်း အစကဲ့သို့ပင် လေးပိုဒ်ခံ၍ နှစ်ပိုဒ်နှင့်ပင် အုပ်ရလေသည်။

အာဒိ ၀စနံ လေးပိုဒ်ခံ၊ အမှန် နှစ်ပိုဒ်အုပ်( ၆-ပိုဒ်)

နှစ်ပိုဒ် တက်ပြန် နစ်ပိုဒ်ခံ အမှန် နှစ်ပိုဒ် အုပ် (၆-ပိုဒ်)

အာဒိဝစနံ ရှေးနည်းပြန် အမှန် နှစ်ပိုဒ်အုပ် (၆-ပိုဒ်)

စုစုပေါင်း ၆x၃= ၁၈- ဖြစ်လေသည်။

အပိုဒ်ရေ (၁၈)ခုရှိရာတွင် နား၏တန်ဆာ  ၀ါစာသိလိဋ္ဌဖြစ်စေဖို့ငှာ အောက်တွင် ဘော်ပြသည့် အတိုင်း အက္ခရာအလုံးရေကို ပိုင်းခြားပြထားသည်။

၁-အပိုဒ်၌ အက္ခရာ ၅-လုံး ၆-လုံးထားသည်။
၂-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၃-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၎-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၅-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၆-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၇-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၈-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၉-အပိုဒ်၌ အက္ခရာ ၈-လုံးထားသည်။
၁၀-အပိုဒ်၌ အက္ခရာ ၅-လုံးထားသည်။
၁၁-အပိုဒ်၌ အက္ခရာ ၈-လုံးထားသည်။
၁၂-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၁၃-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၁၄-အပိုဒ်၌ အက္ခရာ ၆-လုံး ၇-လုံးထားသည်။
၁၅-အပိုဒ်၌ အက္ခရာ ၆-လုံးထားသည်။
၁၆-အပိုဒ်၌ အက္ခရာ ၄-လုံးထားသည်။
၁၇-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။
၁၈-အပိုဒ်၌ အက္ခရာ ၇-လုံးထားသည်။ စသည်ဖြင့်လိုရာ အဓိပ္ပါယ်သို့ရောက်အောင် ရေးစပ်ရလေသည်။ ထို့ကဲ့သို့စပ်ဆိုရာ၌ ၀မ်းတွင်းကာရန်များကို အလုံးကောင်းနှင့် မိအောင် ထပ်နိုင် ဟပ်နိုင်ပါက တေးထပ်   ကောင်းဟု ခေါ်ဆိုပေသည်။ 


တေးထပ်စပ်နည်း (၂)

တေးထပ် ရိုးရိုး စပ်နည်းများကို  နည်းနာများကို ဆက်လေ့လာပါ။

၁) စလေဆရာကြီး ဦးပုည ရေးသား စီမံအပ်သော ရိုးရိုးတေးထပ်စပ်နည်း

ပဋ္ဌမအခံ အအုပ် -၆-ပိုဒ် ....

၁= တေးထပ်စာ “ဥာဏ်ဆ“လို့၊

၂= “ကြံကြ “ တော့ စပ် “ပုံ“

၃= ဆယ့်ရှစ်ပိုဒ်တွေ့ “ကြုံ“လျှင်၊

၎= အားလုံး “စုံ“ ပြီ (မြဲ)။  (အာဒိဝစနံ ၄-ပိုဒ်ခံခြင်း)



၅= အစက“ခြောက်လုံးတယ်“ကွယ်၊

၆= “နောက်ဆုံးဝယ်“ ခုနှစ်နှင့် (ဘဲ)။  (အမှန်-၂-ပိုဒ်ခံခြင်း)

ဒုတိယ အခံ အအုပ် -၆-ပိုဒ် ....

၇= အ-အာနှင့် “ဤသဒ္ဒါ“ကို၊

၈= “တည်ရာမှာ“ မှတ် “စွဲ“၊ (အမှန် နှစ်ပိုဒ် တက်ခြင်း)

၉= အဓိပ္ပါယ်ဘယ် မ “လွဲ“ စေနှင့်။

၁၀= ဥာဏ်ခဲလို့ စပ် (ပါ)။ (နှစ်ပိုဒ် ခံခြင်း)

၁၁= စကားပို- “လွန်မထပ်“ စေနှင့်၊

၁၂= “ပြန်ဂဟပ်“ ကောင်းမြတ်နှင့် (သာ)။ (အမှန် ၂-ပိုဒ် အုပ်ခြင်း)


တတိယ အခံအအုပ် ၆- ပိုဒ် .....

၁၃= တော်သုံးတဲံ “ထိုကဗျာ“၊

၁၄= “လိုတာ“ “ချန်မချွင်း“ စေနှင့်၊

၁၅= “ဥာဏ်သွင်း၍ “အဖြာဖြာ“

၁၆= နှိုင်းဆ “ခါ (ခါ)“။ (အာဒိဝစနံ -၄-ပိုဒ်ခံခြင်း)

၁၇= တေးတက “မြတ်ကြောင်းဖြာ“သည်၊

၁၈= “တတ်ကောင်း (စွာ)“ သင် စမ်းကွဲ့လေး။ (အမှန်-၂ပိုဒ် အုပ်ခြင်း။

အထပ်ပါ တေးထပ်၏ ကာရန်များနှင့် အခံ+အအုပ်များကို  သိသာစေရန် ဖော်ပြပေး ထား၍ သေချာလေလာကြည့် ကျက်မှတ်ကြပါ။

သို့သော အထက်ဖော်ပြပါအတိုင်း မချွတ်မယွင်း မူသေမူရင်းကြီးထားပြီး နောက်ဆုံး လှေနံဓားထစ် ဆိုဘိသကဲ့သို့ အမြဲအစွဲ တထစ်ကျ မမှတ်သားအပ်ပေသေးချေ။ မိမိး ဥာဏ်စွမ်းရှိသမျှ အလုံးကောင်း အလုံးယဉ်စသည်များတို့နှင့် ထပ်နိုင် ဟပ်နိုင်သမျှ စပ်ထပ်၍ ရေးသွားပါက ထိုပ်ထပ်ပင် ပြေပြစ်ချောမော ပြီးလျှင် သာလွန်ပိုမို ကဲမောက်၍ ကောင်းပေလိမ့်မည်။

ဆရာကြီးဦးပုည၏ မျှောက်ပင့် တေးထပ်ကို ကြည့်ပါ။

၁= ကြက်သရေ တက်နေလင့်၊

၂=  စက်ငွေပွင့် သော်တာ၊

၃= မျက်ရွှေပွင့် နှော်ဇာလို၊

၎= မော်တကာ ခေါင်ဆုံး၊

၅= မန်းနဂရ-နန်းမြလယ်မှာ၊

၆= စန်းလနှယ် နှိုင်းထောက်တဲ့ ဘုန်း။



တေးထပ်စပ်နည်း (၃)

ဆရာဥိးပုည၏ တေးထပ်စပ်နည်း

၁) တေးထပ်တေးထပ်နှင့်၊ ရေးစပ်ကြ သူငှာ၊ တွေးကပ်လှ နမူနာမှာ၊ အချူအချာ လွန်ပေါ။ ယခုခေတ်-ပြုသစ်စာမှာ၊ ရှုချပ်စရာ ရွေးမျှ မနှော။ သို့မို့ကြောင့် ကျွန်ုပ် ညီငယ်၊ မဟုတ်သည် နယော။
နှုတ်ဝသီ သဘောမှာ အဟောသိ ပယ်ပါ။ သပြေမှာ စလေနည်းကိုလှ၊ ဆွေမှီလို့ ပြုသင့်သည်သာ။ စပ်မှုန်း ရေးလိုပါလျှင်၊ တေးကိုသာရအောင် ကျက်ပါတော့၊ ခက်လှဘူး မျိုးသိင်္ဂါ၊ စိုးရိမ်နှင့်ဗျာ။ ဖြိုထိန်းတဲံ ကိုစိန်လွှာငယ်၊ မိုးထိန်ဝါ တောက်ပါလိမ့်လေလး။

အချုပ်တန်း ဆရာဘေ၏ တေးထပ်စပ်နည်း

၂) တေးထပ်ကို ဥာဏ်ဆလို့၊ ကြံကြတော့ လုံးစုံ၊ စံရဘို့ ကုံးခြုံမယ်၊ နှုတ်ငုံလို့ မှတ်စွဲ။ စ-ဆဋ္ဌ- ပဉ္စာ၊ ဆုံးအုပ်မှာ ခုနှစ်နှင့်ဘဲ။ ဒွေး-တိ-ပဉ္စ၊ လေးနှစ်ဖြာ၊ တေးထပ်မှာရမြဲ၊ ရေးစပ်ခါ ဥာဏ်မနဲစေနဲ့၊ အန်ခဲလို့ ကြံပါ။ သည်-နှင့် ကိုသဒ္ဒါနည်းသာပ၊ ကွာမလှည်း ပုဒ်ဗျည်းသာ။ ဆုံးလေးက ဆယ့်ရှစ်ဖြာ၊ ရော့ မသာ ညီတိမှ၊ လူက၀ိပညာရှင်၊ နားသူတို့ဝင်၊ ခက်နိုင်မျှ တေးစပ်အင်ကို၊ ရေးမှတ်လျှင်- ရကြစေလေး။

ဦးကျော့၏ တေးထပ်စပ်နည်း

၃) တေးထပ်ကို ဥာဏ်ဆလို့၊ ကြံကြတော့ စပ်ပုံ။ ဆယ့်ရှစ်ပိုဒ် တွေ့ကြုံလျှင်၊ အလုံးစုံ ပြည့်မြဲ၊ အစက ခြောက်လုံးချီ ဆုံးလေပြီး ခုနှစ်နှင့်ဘဲ။ ၍-ဤ-သည်-ကို မှာ၊ သဒ္ဒါကို မှတ်စွဲ၊ အဓိပ္ပါယ် ဘယ်မလွဲစေနှင့်၊ ကြံခဲ၍ စပ်ပါ။ သတ်ခြောက်ထွေ စပ်ခြောက်ပါး၊ မမှားအောင် ကြည့်ကြလေပါ။
 ပေါရာဏကထာကို၊ အခါခါ ဥာဏ်ရှု့လို့၊ ဧချင်းစု လင်္ကာတွေ၊ ကြွမ်းကျတော့လေလ။ တေးထပ်ရိုး-သူ့အနေမှာ၊ စပ်ကြလေ ဥာဏ်သွားနှင့်လေး။

ဤကဲ့သို့ တေးထပ်ရိုးရိုးမှတပါး စာရေးဆရာကြိးများတို့၏ ဥာဏ်ကစားသည်အလျောက်၊ တေးထပ်ရိုးရိုး ကိုပင် ချဲ့ထွင် အညွှန့်အဖူး စိတ်ရှိတိုင်း ကွန်မြူး၍ ကာရန် အထပ်ထပ် ပြန်ဂဟပ် နေဘ အလုံးတွေပေါ
ပေါနှင့် စပ်သွားသော တေးထပ်များလည်း ရှိသေး၏။ အချိုးစားမှာမူ တေးထပ်ရိုးရိုးကဲ့သို့ပင် ဖြစ်ချေ၏။
ရှစ်ဆယ်ပေါ်တေးထပ်၊ တေးထပ်ကြီး၊ တေးထပ်ဆန်းသုံးချက်ညီတေးထပ်ဟူ၍ အများပြားရှိသေး၏။ ၄င်းတေးထပ်များကိုလည်း မှတ်သား နည်းယူဘို့ရန် အောက်တွင် ထည့်သွင်း ဖော်ပြရေးသားပါဦးအံ့။

စလေ ဆရာကြီး ဦးပုည၏ မျှောက်ပင့် ရှစ်ဆယ်ပေါ် တေးထပ်

နန်းရံ တရာ- ပဏာခ၊ မန်းမန္တလ ဘွေရိပ်စံ၊ စန်းစန္ဒရ ငွေဗိမာန်လို၊ ပင်ရွှေထိပ်ပန်းယာဉ်မျာ့ပန်း။
ဂုဏ်ထူး ကေလျော့- တကြော့မှန်ငယ်၊ မဟော့သက်နှံ- တော်လေး အမရငြမ်း။ ကပို့ကရို့ သူ့အမူငယ်၊ ဇမ္ဗူ့ မတူ-ပြိုင် သူလျှမ်း၊ အမူ့အယူ-လှိုင်ကြူပန်းသို့၊ ဆန်းဆိုသမျှ ခေါင်ထက်ခေါင်၊ ရှု့လေ ယဉ်လေ သူငေး၊ ခင်လေးခင်ခင့်-ယဉ်လေးယဉ်ယဥ့်- ယဉ်ထက်ပါတဲ့နှောင်၊ ပန်းချီရှုံးတဲ့ ဘုန်းခေါင်ငယ်၊ တကြော့ထုံးနှောင်- ကေသီကျော့နှင့်။ သုံးတောင်ထွာကြော့ ရော့ကေခိုင်၊ ပိတုံးမင်း ညွန့်ဆိုင်၊ စံပုံရှားတဲ့ သိကြားမှိုင်ငယ်၊ သနားပိုင်ပိုင် ခံစမ်းချင်လှလေး။


ရေးသားသူ--ကိုလင်္ကာ

No comments:

Followers